အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင်ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ(IT) မဟာဘွဲ့တက်ရောက်သင်ကြားရန်အတွက် ပညာသင်ဆုခေါ်ယူခြင်း

manawphyulayJanuary 13, 20121min903

အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင်ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ(IT) မဟာဘွဲ့တက်ရောက်သင်ကြားရန်အတွက် ပညာသင်ဆုခေါ်ယူခြင်း

(၁) လျှောက်ထားသူများသည်

v မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်ဖြစ်ရမည်။

v အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ကွန်ပျူတာနှင့်ဆိုင်သော ဘွဲ့ရရှိပြီး မဟာဘွဲ့သင်တန်းတက်ရောက်ရန် အဆင့်မှီသူ ဖြစ်ရမည်။

v (၁.၁.၂၀၁၂) နေ့တွင် အသက်(၃၅)နှစ်ထက် မကြီးသူဖြစ်ရမည်။

(၂) လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ

v ပညာအရည်အချင်းအထောက်အထားများ (ဘွဲ့လက်မှတ်မိတ္တူ၊ Transcript မိတ္တူ )

v မှတ်ပုံတင်မိတ္တူ၊

v အသင်းဝင်ကဒ်ပြားမိတ္တူ၊

v အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ ထောက်ခံစာ

v ဓါတ်ပုံ(၂)ပုံ) တို့ကိုပူးတွဲတင်ပြရမည်။

(၃) လျှောက်လွှာပိတ်ရက်မှာ (၁၀.၁.၂၀၁၂) နေ့ ဖြစ်ပါသည်။

(၄) လျှောက်လွှာများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးများတွင် လျှောက်ထားနိုင်ပါ သည်။လျှောက်လွှာများကို MCPA အသင်းရုံးများတွင် လည်းကောင်း၊ MCPA Website (www.mcpamyanmar.org)တွင် လည်းကောင်းdownload ရယူလျှောက်ထားနိုင်ပါသည်။

(၅) လျှောက်ထားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စစ်ဆေးသော အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမည်။ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာကျွမ်းကျင်မှုစာမေးပွဲကို (၂)နာရီကြာ စစ်ဆေးမည်။

(၆) အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာအင်ဖိုတက်ခ်၌ (၁၅.၁.၂၀၁၂)နေ့ နံနက်(၉းဝ၀) နာရီတွင် လာရောက်ဖြေဆိုရမည်။

(၇) အရည်အချင်းစစ်ရေးဖြေအောင်စာရင်းကို (၁၉.၁.၂၀၁၂)နေ့တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်။

(၈) အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို (၂၁.၁.၂၀၁၂)နေ့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည်။

(၉) နောက်ဆုံးအောင်စာရင်း (Final Result)ကို (၂၃.၁.၂၀၁၂)နေ့တွင် ထုတ်ပြန်ကြေငြာမည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်မြို့နယ်၊ ဖုန်း ဝ၁- ၆၅၂၂၇၆ နှင့် ဝ၉-၇၃၀၈၈၃၀ဝ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

3 comments

  • zinmyotun

    January 13, 2012 at 1:07 pm

    လြှောကျလှာ​ပိတျ​ရကျ​မှာ (၁​၀.၁.၂​၀​၁​၂) နေ့ ဖွဈ​ပါ​သညျ။

    It is late for all interested candidate.

    • zinmyotun

      January 13, 2012 at 1:08 pm

      လျှောက်လွှာပိတ်ရက်မှာ (၁၀.၁.၂၀၁၂) နေ့ ဖြစ်ပါသည်။
      တင်ရင် ရသေးလား..

      • manawphyulay

        January 13, 2012 at 3:29 pm

        ဟုတ်ပါတယ်။ ဒီနေ့မှအသင်းဝင်အတွက် စုံစမ်းလို့သိရတာမို့ပါ။

Leave a Reply