လွှတ်ပေးတာ ကာလုံ မဟုတ်ဘူး .. သမ္မတကြီး ပေးတာပါ …

ေမွာ္ဆရာJanuary 13, 20121min35145

နိုင်ငံရေးသမားတွေကို လွှတ်ပေးတာ ဆိုင်းငံပြစ်ဒဏ်တွေနဲ့ဆိုတော့ အပြည့်အဝ လွှတ်တာ မဟုတ်ဘူးလို့ ဆိုကြပါတယ် …။ ဒါပေမယ့် အလဲဗင်းကတော့ ဟောသည်လို ရေးပြထားပါတယ် ..။
ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ‘ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်’ ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။
အခုလို လွှတ်ပေးတဲ့ အချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှာလဲ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းများအရ သိရှိရပါတယ် …။
ကမှော့်အမြင်နဲ့ပြောရမယ်ဆိုရင် သမ္မတကြီးဟာ သူ့လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို တတ်နှိုင်သမျှ ထုတ်သုံးပြီး ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာလို့ ဆိုလိုက်ချင်ပါတယ် .. ။ ပြည်သူတွေရှေ့ သမ္မတကြီး ဦးသိန်းစိန် မားမားမတ်မတ် ရပ်ခဲ့သလို .. ကျွန်တော်တို့ ပြည်သူတွေကလဲ သမ္မတကြီးနောက်က ညီညီညွတ်ညွတ် လိုက်သင့်ပြီလို့လဲ ထင်ပါတယ်..။
ဒီတော့ ပြည်သူ့ဘက်ကို အများကြီးပြန်ကြည့်တဲ့ .. ပြည်သူ့လိုအင်ကို ဖြည့်ဆည်းပေးတဲ့ ဦးသိန်းစိန်ကို ပြည်သူ့ဘက်က ပြည်သူ့ သမ္မတကြီး လို့ပဲ ဆိုလိုက်ပါရစေ …။

45 comments

  • windtalker

    January 13, 2012 at 2:00 pm

    မှော်ဆရာ ပြောတာ အမှန်ပါဘဲ
    ဒါနဲ ့ဘယ်က ခေးမ လေး ကို ခေါ်ဆော့နေတာတုန်း
    ပုံကို ကြည့်ရတာ အသဲယားလိုက်ဒါအေ

    • Diamond Key

      January 13, 2012 at 3:00 pm

      ဟုတ်ပါ့ ကိုပေရေ၊ မတော် လက်နှစ်ဖက်မှာ ချည်ထားတဲ့ကြိုး ပြတ်ကျလို့ကတော့ ခေးမလေး အောက်ကို ဘုတ်ကနဲပဲ။ :mrgreen:

  • ငပေါက်ဖော်

    January 13, 2012 at 2:19 pm

    နာတို ့သမဒကြီးကို ထိရဲထိကြည့် မီးပွင့်တွားမကွ..
    ညှင်း.ညှင်း.ညှင်း..
    ကိုကိုသိန်း
    ကိုသိန်းနောက်မှာ သများတို ့ရှိတယ်နော်..
    ဒါကြောင့်လဲ တစ်ခုခုဆို ကိုသိန်းကိုပဲသများတို ့က အားကိုးနေရတာကလား.

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 2:35 pm

    ကျုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ချထားဘူးတာလေး
    တေးထားတယ်ဗျ
    သမ္မဒဂျီးနဲ့ သူမ တွေ့ဆုံတဲ့အချိန်မှာ သမ္မဒကြီးဆီမှာ ပွင့်လင်းမှု့အချို့တွေ့တယ်ဆိုတာလေးပါ
    အဖွားကြီးကတော့ အကြောင်းမဲ့မပြောလောက်ဘူးမှတ်ယူပါတယ်
    ရံခါကြတော့လည်း အူကြောင်ကြောင်တော့အနိုင်သား
    အဖွားကြီးကိုယ်တိုင်က လွှတ်ပေးပါတော့လို့ ထပ်အော်ရတာဘဲမဟုတ်လား
    သူလည်း အကြပ်အတည်းထဲက ရုန်းကန်နေတာလား
    ခေတ်သစ်သရုပ်ဆောင်မှု့တွေလား
    ဘာလား
    ညာလား
    သာရကာလား
    စစ်အုပ်စုတွေရဲ့ အာဏာရှင်စရိုက်ဆိုးကြီးတွေက
    ကျုပ်တို့ဆဲတာထက် အဆပေါင်းပိုတယ်ဆိုတာလေး သတိချပ်ကြဘို့ပါ
    ဘာဘဲဖြစ်ဖြစ်
    လွှတ်ပေးတာလေးတော့ ကြံဖန်ပြီးကျေးဇူးတင်ရဦးမှာဘဲ

    • Thel Nu Aye

      January 13, 2012 at 5:26 pm

      တကတဲ။ ဘာပုံကြီးတုန်း။ မြို့မေတ္တာခံယူမလို့လား။

      • Khin Latt

        January 13, 2012 at 7:51 pm

        ဒါ ဘဘု ရဲ့ ယတြာ ပါ သဲနုရေ။
        ဘကြီးဘု ကို အမြင်မမှားပါနဲ့။ 🙂

  • inz@ghi

    January 13, 2012 at 2:37 pm

    ကာချုပ် ငထုံ(ရှာရှေနဲ့ …ငထုံနဲ့ ထိုင်း အတူတူဗျဲ.) သွားနေတဲ့ အင်ဖော်မေးရှင်းအတွက် ..ကျေးကျေးပါကမှော်ရေ…
    ဒါနဲ့ ..ဘကြီးစိန် လုပ်ပေးတာဆိုတာ ကျနော်တို့ သိကြပါတယ်ဗျာ….
    ဘယ်သူက ကာချုပ်လို့ ပြောနေလို့လဲ ဟင်င်င်
    😀

    ဇဂါးမစပ် အဗေတာ မိုက်တယ်မလား …
    အဗေတာလေးတွေချိန်းပီး ဂုဏ်ပြုချင်ကြဝူးလားဟင်င်င်

    ခင်တဲ့ …
    စိန်ဇာဂီ

    • မှော်ဆရာ

      January 13, 2012 at 2:43 pm

      ကိုဂီက အရင် စချိန်းပြပါ …
      နောက်က လိုက်ပါ့မယ် …
      ပုံ
      မှော်ဆရာသိန်း … :mrgreen:

      • inz@ghi

        January 13, 2012 at 2:48 pm

        ပြောင်းထားတယ်လေကွယ် ..အသိန်းရယ် …
        မြင်ရဝူးလား ??

        • မှော်ဆရာ

          January 13, 2012 at 2:50 pm

          စိုင်လေးပဲ တွေ့တယ် စိန်စိန် ..
          တို့သမ္မတကတော့ ဆံပင်မကောက်ဘူးထင်တယ် … 😛

        • inz@ghi

          January 13, 2012 at 2:57 pm

          သကြားဆာဗီ သဂျီးဆာဗာက မျက်လှည့်ပြတယ်ထင့် …
          wp-admin ထဲက ဘယ်ဘက်ထောင့်က ကောမန့်လစ်ထဲမှာကြည့်ရင် တော့
          ပြောင်းသွားပါဘီဂျာ …

          တို့ ဘဘရဲ့ အားနည်းချက်ကို တို့ ..ခုလိုချိန်မှာ ဘယ်ကြည်စယ်ရက့်ပါ့မလဲ
          အသိန်းရယ်..

          ပုံ
          စိန်ဇာဂီ

  • FattyCat

    January 13, 2012 at 2:44 pm

    ဆိုလိုချင်တာက ထောင်ထဲမှာ ညောင်းနေမှာစိုးလို့ ခဏ အပြင်ထုတ်ပေးတာလားဟင်…

    • မှော်ဆရာ

      January 13, 2012 at 2:49 pm

      သတင်းလေးတွေကို နဲနဲဆက်စပ်ကြည့်ရင် ဆိုလိုချင်တာလေး သဘောပေါက်လိမ့်မယ် .. ကြောင်ဝတုတ်ရေ ..

  • pooch

    January 13, 2012 at 2:47 pm

    ဟုတ်တယ် ဦးသိန်းစိန်လွှတ်ပေးတာလို့ပြောနေကြပါတယ်
    သူ့အလိုအရ ဆို လွှတ်တာကြာပြီလို့တောင် ပြောပါတယ်.. သူ့မှာလည်း ဖိအားတွေ ရှိပုံရပါတယ်..
    ဒီလောက်ဆို ကျမတို့တွေလည်း သူ့ကို ယုံကြည်သင့်ပါပြီ..

  • ကချင်ကိစ္စ ကချင်ကိစ္စ ကချင်ကိစ္စ
    လုပ်ကြပါအုံးဗျ …
    ———————————————–
    ဒီနေ့က မင်္ဂလာရှိတဲ့နေ့ပဲ
    ချစ်သူသက်တမ်း (၁၀)လပြည့်နေ့မှာ
    နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတဲ့
    သမ္မတကြီးကို ကျေးဇူးများစွာတင်ရှိနေမှာဖြစ်ပါတော့တယ် ….

  • Diamond Key

    January 13, 2012 at 3:07 pm

    ဆြာမှော်ရေ………. နော်တို့သမးဂျီးကတော့ ဆက်လုပ်စရာတွေ လုပ်နေပြီ။ ကျန်တာလေးတွေ ဆက်လာဖို့ပဲ ရှိမယ်ထင်တယ်။ သူ့လုပ်ပိုင်ခွင့် သုံးပြီးတော့ ……… ၅၀၀ဝ SIM လိုကိစ္စလေးတွေကနေ ကြီးမားတဲ့ အချိန်းအပြောင်းတွေ…………………. 😀

  • Diamond Key

    January 13, 2012 at 3:07 pm

    ဆြာမှော်ရေ………. နော်တို့သမဒဂျီးကတော့ ဆက်လုပ်စရာတွေ လုပ်နေပြီ။ ကျန်တာလေးတွေ ဆက်လာဖို့ပဲ ရှိမယ်ထင်တယ်။ သူ့လုပ်ပိုင်ခွင့် သုံးပြီးတော့ ……… ၅၀၀ဝ SIM လိုကိစ္စလေးတွေကနေ ကြီးမားတဲ့ အချိန်းအပြောင်းတွေ…………………. 😀

  • True Answer

    January 13, 2012 at 3:14 pm

    အေးဗျာ သမ္မတကြီးရော- လွှတ်ပေးဖို ့ တိုက်တွန်းပေးသူ၊ လွှတ်ပေးဖို့ ဆောင်ရွက်ပေးသူ အားလုံး ကျန်းမာပျော်ရွှင်ပါစေဗျာ

  • kyeemite

    January 13, 2012 at 3:29 pm

    အရေးထဲမောင်ကင်းက ကြော်ငြာဝင်နေသေးတယ်…မှတ်ထားကြ ရွာသားတို့..

  • manawphyulay

    January 13, 2012 at 3:55 pm

    လွတ်ငြိမ်းချမ်းသာခွင့်လို့ ရဲရဲကြီး သတင်းစာမှာတပ်တာဟာ ဒီနေ့နဲ့မှ ကိုက်ညီပါတယ်။ ပထမတစ်ခါတုန်းက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့နေရာမှာ အစားထိုးရေးရမှာ နှစ်ကြီးသမားများ လျှော့ပေါ့ပေးတယ်လို့ပဲ ခေါင်းစဉ်တပ်ရပါမယ်။

  • nature

    January 13, 2012 at 4:20 pm

    ဒီသတင်းကြားရတာဝမ်းသာပါတယ်။ ဘာပဲပြောပြော အထဲမှာနေရတာထက်စာရင် အပြင်မှာနေရတာက ပိုလွတ်လပ်ပြီး ပိုစိတ်ချမ်းသာပြီး မိသားစုနဲ့နွေးနွေးထွေးထွေးနေနိုင်မယ်ထင်တာပဲ။

  • cobra

    January 13, 2012 at 4:34 pm

    ဟုတ်ပါတယ်ဒီနေ့လည်း
    အင်းစိန်ထောင်ရှေ့မှာ
    သမ္မတကြီးကျန်းမာပါစေချမ်းသာပါစေလို့ဆုတောင်းပေးကြပါတယ်

  • zaw min

    January 13, 2012 at 4:35 pm

    ဘယ်သူကပဲ လွှတ်ပေးပေး လွှတ်ပေးဖို့က အဓိကပဲလေ…ပြည်သူတွေလေးစားယုံကြည်မူကိုတည်ဆောက်မယ်ဆိုရင် ဒီလိုပဲပြည်သူတွေရဲ့ ခံစားချက်တွေကို အစိုးရအနေနဲ့သိရှိနားလည်ဖို့ကအရေးကြီးဆုံးပဲလေ…လက်ရှိအစိုးရအပေါ်မှာ ပြည်သူတွေလက်ခံယုံကြည်အောင် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ဆက်သွားမယ်ဆိုရင်….အကောင်းဆုံးပါပဲလို့မြင်ပါတယ်…

  • Thel Nu Aye

    January 13, 2012 at 4:42 pm

    သမ္မတကြီးကပြည်သူတွေတင်မြှောက်ထားတာ မဟုတ်ပေမဲ့အခုကတော့ပြည်သူကို ကိုယ်စားပြုနိုင်ကြောင်း သက်သေကောင်းကောင်းပြလိုက်နိုင်တာမို ့ရှေဆက်ပြည်သူ့ဘက်က အနှောက်အယှက်ကင်းကင်း ရပ်တည်နိုင်အောင်သမ္မတကြီးကို အပြည့်အဝထောက်ခံအားပေးရင်း သမ္မတကြီးနောက်ကနေရပ်တည်နေပါကြောင်း။

  • kai

    January 13, 2012 at 4:45 pm

    အင်း…
    အခုမြင်ကြရတဲ့.. အကျိုးရလဒ်တွေဟာ…
    ဒေါ်အောင်ဆန်းစုကြည် ဘဝရင်းပြီး… လုပ်ပေးတာတွေလို့ပဲ..ရိုးရိုးလေး မြင်မိပါတယ်..။ 😆
    ==
    လွတ်လာတဲ့လူတွေထဲ.. ဦးခင်ညွှန့်နဲ့သူ့လူများဖမ်းခဲ့တဲ့.. အမျိုးကောင်းသားတွေဘယ်နှယောက်များပါမလည်းမသိဘူးနော်..
    အခုတော့လည်း တူူတူပြန်လွတ်မြောက်ကြလို့…။ 👿

  • ဦးဦးပါလေရာ

    January 13, 2012 at 6:26 pm

    ဒါပါနဲ့ဆို နှစ်လှမ်းလှမ်းပြီးပါပြီ။
    အရင်ကထက်စာရင် နီးလာတယ်လို့တော့ ကြံဖန် အကောင်းမြင်ကြည့်ပါတယ်။
    ယူအက်စ်နဲ့ အနောက်အုပ်စုရဲ့ သဘောထားအမှန်ကို
    စောင့်ကြည့်လို့လဲရပါပြီ။(………လို့ ကြပ်လိုက်သလိုပါပဲ။အပြန်အလှန်ပေါ့။)

  • ဆူး

    January 13, 2012 at 7:02 pm

    ဝေးကွာနေတဲ့ မိသားစုတွေ ဆုံဆည်းကြလို့ သိပ်ပျော်နေကြမှာပါ။
    လွတ်မြောက်လာတဲ့ မိသားစုတွေ ကောင်းစွာ ဆုံဆည်းနိုင်ကြပါစေ။
    လွတ်မြောက်သူတွေလည်း ကျန်းမာရေးတွေ ကောင်းကြပါစေ။ ကျန်းကျန်းမာမာနဲ့ မိသားစုတွေ ပျော်ပျော်ရွင်ရွင်နေနိုင်ကြပါစေ။

    လွတ်ပေးတဲ့သူတွေလည်း ကျန်းမာကြပါစေ။

  • small cat

    January 13, 2012 at 7:46 pm

    ဘယ်သူကပဲ လွှတ်ပေးပေး
    ဘာကြောင့်ပဲ လွှတ်ပေးပေး
    ဘယ်လောက်ကြာကြာပဲ လွှတ်ပေးပေး
    အခုလောလောဆယ် လွတ်သူများအတွက်
    အလွန်ကို ဝမ်းသာကျေနပ်မိပါကြောင်း……….

    အိုင်ဝမ်းသာ မောသန်း အိုင်ကန်ဆေး………..

  • memeseku

    January 13, 2012 at 7:48 pm

    ကိုfatty cat ရေ..ကျနော်တော့အကိုပြောသလို……ပဲထင်လိုက်မိသေးတယ်…..(နောက်တာနော်.)
    တကယ်တမ်းဆို…. ဦးသိန်းစိန်ကရော ဘယ်သူလဲ…… သူသာ အခုသမ္မတမဖြစ်ရင် သူလဲ…စစ်အစိုးရအုပ်စုဝင်ထဲကလူဆိုပြီး ….တော့ပြောကြဦးမှာပဲ……. သူကစစ်တပ်ထဲမှာ နှစ်၃ဝလောက်…… ကျင်လည်ခဲ.တာ….. .သူလဲအရင်ကဒီပုတ်ထဲကဒီပဲပဲ…… သူကအခ ုဘာလို့ပြောင်းလဲသွားတာလဲ…….. ရလဒ်ကကောင်းပေမယ့်…. သူတို.ရဲ.အပြစ်တွေကိုမြန်မာလူမျိုးပီပီ….. ပြီးပြီးရောဆိုပြီးမထားလိုက်ကြပါနဲ့……. သူတို.ကပဲတိုင်းပြည်ကို….. နှိပ်ဆက်ခဲ.တာပါ……… သူတို.ဒီလောက်လုပ်ပေးရုံနဲ.တော့…. မကျေသေးဘူးနော်…. အခုမှအကြွေးကစဆပ်တာ…
    မယုံကြပါနဲ. စောင်.ကြည်.ကြပါ……. ကိုယ်.အင်အားက ိုစုစည်းပြီး ကျစ်လစ်အောင ်လုပ်ထားဖို. အကောင်းဆုံးအချိန်ပါပဲ…… လိုလဲလိုအပ်နေပါပြီ…….. သူတို.ရဲ.ဂွင်နော်ဒါက…. ကိုကြီးသိန်းကကြိုးကိုင်နေတာ…. အနောက်အုပ်စုဆီက လိုချင်တာတွေရှိနေလို့……… မျောက်ပြဆန်တောင်းသဘောနဲ့……….. တောင်းစားဖို.ဂွင်ဆင်နေတာ

    • Khin Latt

      January 13, 2012 at 8:00 pm

      ဒီအချိန် မှာတော့ အပြန်အလှန် ယုံကြည်မှု ထားပြီး လုပ်မှ အားလုံး (မည်သူမဆို) Win-Win Situation ရမှာပါ။ မဟုတ်ဘဲ အာဃာတ တွေ ဆက်ထား မယ်ဆိုရင်တော့ ဒီလို အခြေအနေမျိုး ကနေဘယ်တော့မှ ရှေ့တက်လို့ ရမှာမဟုတ် ပါဘူး။
      အားလုံး စည်းလုံးဖို့ နဲ့ ညီညွတ် ဖို့ သာလိုတာပါ။
      တစ်ဖက် က လဲ သူတို့ရဲ့ အခြေအနေ မှန်ကို သိစပြုလာပြီ ဟု ယုံကြည်ပါကြောင်း။

      ဘာဘဲ ဖြစ်ဖြစ် ဒီနေ့ ကတော့ မြန်မာနိုင်ငံ ရဲ့ မင်္ဂလာရှိသော သမိုင်းဝင် နေ့တစ်နေ့ ဖြစ်ခဲ့ပါပြီ။
      🙂

  • memeseku

    January 13, 2012 at 8:53 pm

    မေ.လွယ်ပျောက်လွယ်သော…မြန်မာလူမျိုးများတို.သတိရှိကြပါ…..

  • memeseku

    January 13, 2012 at 9:10 pm

    တိုက်ပွဲဝင်ရင်းနဲ.အသက်ပေးသွားတဲ.အာဇာနည်တွေအတွက်စစ်အာဏာရှင်တွေကိုထိုက်တန်တဲ.ပေးဆပ်မှူ
    ကိုတောင်းရဦးမယ်…

    • မှော်ဆရာ

      January 13, 2012 at 10:09 pm

      ဒေါ်အောင်ဆန်းစုကြည်သာ အဲဒီလို အတွေးမျိုး ရှိခဲ့ရင် .. အခုလို ပျော်စရာအချိန်တွေ ရှိမလာနှိုင်ဘူးလို့ ပြောရင် လက်ခံမလား …
      ဒေါ်စုတောင် ဒီလို အတွေးမျိုး မရှိရင် ကျွန်တော်တို့ကရော …… ❓

  • nature

    January 13, 2012 at 10:00 pm

    သူကြီးပေးထားတဲ့ကတိမမေ့နဲ့နော်။ 🙂

  • nature

    January 13, 2012 at 10:10 pm

    ဒီနေ့ကတော့ တကယ့်ကို surprise ပါပဲ။ 13 Jan 2012 Fri ကတော့မြန်မာပြည်မှာမကြုံစဖူးထူးကဲတဲ့ surprise နေ့တနေ့ ပါပဲ။

  • three colors

    January 13, 2012 at 10:15 pm

    အာဃာတ တွေထားနေရင် ဘယ်ပြီးတော့မလဲ၊ နိုင်ငံတိုးတက်အောင်လုပ်ဘို့အချိန်ရောက်ပြီ ၊ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းနဲ့၊
    ကလေးတွေ နေခဲ့။

  • memeseku

    January 14, 2012 at 9:44 am

    အင်း…..တို.လူမျိုးကတော.မေတ္တာရှေ့ထားတတ်တာဂုဏ်ယူစံထားလောက်ပါပေတယ်ကွယ်….
    ရင်လေးမိတယ်…..
    စေတနာဖြင့်…….
    မည်သူ.ကိုမှထိခိုက်စေလိုသောရည်ရွယ်ချက်မပါပါကြောင်း…

  • memeseku

    January 14, 2012 at 9:52 am

    နောက်တစ်ခုကကိုမှော်ဆရာရဲ.ကွန်မန်.လေးပေါ.
    ဆွေးနွေးပေးတာကျေးဇူးပါ…… ဒေါ်အောင်ဆန်းစုကြည်ရဲ. ခွင်.လွတ်စိတ်မျိုး လူတိုင်းရှိစရာ မလိုပါဘူး…..
    ဒါနိုင်ငံရေးပါ….. .တစ်ဖက်ကရှေ့တိုးသလို တစ်ဖက်က ပြတ်ပြတ်သားသား တုန်.ပြန်စရာရှိတာတွေကို တုန်.ပြန်ရမယ်….. အန်တီစုလ ဲဒီလိုအတွေးရှိမယ်လို. ယုံကြည်ပါတယ်… အကောင်းမြင်တာ ကောင်းပါတယ်…. ဒါပေမယ်. လုပ်စရာရှိတာကို မငဲ့ကွက်ပ ဲပြတ်သားသင့်တယ်ဆိုတဲ. ခံယူချက်လေးကို ပြောချင်တာပါ…..
    သွေးထိုးတဲ. အတွေးစိုးစိမျှမရှိပါ။

    • မှော်ဆရာသိန်း

      January 14, 2012 at 12:20 pm

      အေးအေးချမ်းချမ်း ကိုယ့်အမြင်ကို ဖော်ထုတ်သွားလို့ ကျေးဇူးတင်ပါတယ် …
      ဒေါ်စုလိုလူ တစ်ယောက်ထဲ ရှိလို့ တိုင်းပြည် ဒီလောက်ပဲ တိုးတက်တာပါ ..
      ဒေါ်စုလိုလူ ၁ဝ ယောက်လောက်ဆို ဒီထက် ၁ဝ ဆ တိုးတက်ပါလိမ့်မယ်..
      ဒေါ်စုကို ကြိုက်ရင် .. လက်ခံရင် .. ကြည်ညိုရင် .
      သူ့လို လူမျိုးဖြစ်အောင် ကြိုးစားသင့်ပါတယ် … ငြိမ်းချမ်းရေးဆိုတာ အရမ်းအရေးကြီးပါတယ် …။
      နောက်တစ်ခုက ထိုက်သင့်တဲ့ ပြစ်ဒဏ်ဆိုတာ ဘယ်အတိုင်းအတာထိလဲ …
      ကိုယ်ပြုသောကံ ကိုယ်သာ ခံရပါတယ် …
      ဥပမာတစ်ခုပြောမယ်နော်…
      မင်းကိုနိုင် ကို ပြည်သူတွေ ကြိုဆိုတာနဲ့
      ထောက်လှမ်းရေးဟောင်းတွေကို ကြိုဆိုတာနဲ့
      ဦးနေဝင်းရဲ့သား ဇွဲနေဝင်းကို ကြိုဆိုတာနဲ့ … တူသလား ဆိုတာ ပြန်ကြည့်သင့်တယ် …
      ဘယ်လောက်အထိတောင် ကွာခြားသလဲ …
      ထောင်ထဲကနေ ခေါင်းမော့ထွက်သလား ၊ ခေါင်းငုံ့ထွက်သလား …
      ကျွန်တော်ဆိုရင်တော့ လူတွေကြားထဲမှာ ခေါင်းငုံ့နေရတာဟာ သေတာထက်တောင်ဆိုးတယ်လို့ ယူဆပါတယ် …။
      သူတို့ ပြုတဲ့ကံတွေကို သူတို့ ခံနေရပါပြီ … ဝဋ်ဆိုတာ လည်တတ်တဲ့ သဘောရှိပါတယ်..
      သူများအကုသိုလ်က ကိုယ့်အကုသိုလ် မဖြစ်ဖို့နဲ့ .. ရရှိထားတဲ့ ငြိမ်းချမ်းရေးလေး မပျက်စီးသွားဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ် …။
      ဂဠုန်ဦးစောရဲ့ အမျိုးအနွယ်တွေ အပေါ်မှာ ဒေါ်ခင်ကြည် ဘယ်လို ခွင့်လွှတ်ခဲ့တယ်ဆိုတာလဲ
      ထင်ရှားတဲ့ဥပမာအနေနဲ့ ရှိပါတယ် ..။
      စကားမစပ် …. စာရေးရင် ဘားလေးကို ပုတ်ပုတ်ပြီး ရေးစေချင်တယ် .. နို့မို့ဆို စာတွေက နောက်တစ်ကြောင်းကို မဆင်းပဲ ဘေးကို အတန်းလိုက်ကြီးထွက်သွားပါလိမ့်မယ် … 😛

  • ဂျက်ကီချီးပေ

    January 14, 2012 at 12:31 pm

    တစ်ယောက်တစ်ပေါက်နဲ့ ဘာမှန်းကိုမသိဘူး
    ဆန်ဈေးတက်လို့ကတော့
    ခင်ဗျားကြီးတို့ရွာကို မီးရှို့မယ်
    ခင်ဗျားကြီးတို့ သဂျီးသမီးကို ပြန်ပေးဆွဲမယ်

  • thit min

    January 14, 2012 at 2:45 pm

    ကိုမှော်ရေ့
    ဒီလိုတွေ့လို့ဗျ။
    ကာ လုံ ကပြောနေတာနော်။
    ဘယ်ဟာ ဘယ်လိုဘဲဖြစ်ဖြစ်လွတ်တာလိုရင်းဆိုပေမဲ့ ကောင်းတယ်လို့လဲဆိုရော
    “ငါလုပ်တာ၊ ငါလုပ်ထားတာ” ဆိုတဲ့ သဘောဆောင်မလားဘဲ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦးလွတ်မြောက်၊၊ထောင်ထဲတွင်၂၀ဝနီးပါးကျန်နေ
    နိုင်ငံရေး အကျဉ်းသား NLD ပေးပို့စာရင်း အခြေခံ လွတ်ပေးဟုဆို
    The Voice Weekly
    ရန်ကုန်၊ ဇန်နဝါရီ ၁၄

    နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပေးပို့ သော စာရင်းကိုအခြေခံ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နေပြည်တော်တွင် ပြောကြားလိုက်သည်။

    NLD က ပေးပို့သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၆၀၄ ဦးရှိပြီး ၁၀ရ ဦးကို ကနဦး သုံးကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးပြီးဖြစ်ကြောင်း၊ ၅၁ ဦးမှာ စိစစ်နိုင်ခြင်းမရှိသေးဘဲ နောက်ဆုံးလွတ်ပေးရန် ၄၃ဝ ဦး ကျန်ရှိနေသေးကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ၃၀၂ ဦးလွတ်ပေးခဲ့ပြီး ကျန်ရှိ ၁၂၈ ဦးမှာ ဖောက်ခွဲရေးကဲ့သို့သော အကြမ်းမှု ဆိုင်ရာ ပုဒ်မ များဖြင့် တရားစွဲဆိုဖမ်းဆီးထားသဖြင့် လွတ်ပေးနိုင်ခြင်းမရှိသေး ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

    ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်ပေးခဲ့သော အကျဉ်းသားဦးရေမှာ ၆၅၁ ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး၊ ထောက်လှမ်းရေးဆိုင်ရာမှ ၁၀ဝ ကျော်နှင့် ကျန်ရှိသော သူများမှာ အကောက်ခွန်ကဲ့သို့သော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

    ယခုကဲ့သို့ လွတ်ပေးခြင်းသည် မည်သူ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းချက်ကြောင့်မဟုတ် ဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ လွတ်ပေးသင့်လွတ်ပေးထိုက်သဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံးမှ ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

    “အခုထိ KNU ကလည်း လွတ်ပေးပါလို့ မတောင်းဆိုသေးဘူး”ဟု ၎င်းက ဆိုသည်။

    ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကမာ္ဘကျော် တာလီဘန်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်စည်းရုံးခဲ့သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ၎င်းက ပြောကြားသည်။

    • မှော်ဆရာသိန်း

      January 15, 2012 at 9:24 pm

      ဘာပဲပြောပြော … ဦးသိန်းစိန်ကတော့ မင်းလောင်းမှန်လို့ ဖုတ်သွင်းရထားဆိုက်သွားပြီလို့ ပြောရမယ် ထင်တယ် ဆရာသစ်ရေ ….
      ဦးသိန်းစိန်ရဲ့ သမိုင်းကြောင်းကောင်းသွားပြီလို့လဲ ပြောလို့ရပါရဲ့ …

  • mgmaung

    January 15, 2012 at 7:01 pm

    ယခုသမ္မတကြီးရဲ့ သဘောဆန္ဒဖြင့်လွှတ်ပေးခံရသူတွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလို့ နားလည်မိတယ်/
    လွတ်လပ်စွာယုံကြည်ခွင့်ဟာ လူတိုင်းမှာရှိသင့်တာပဲ/
    သူတို့ယုံကြည်မှုဟာ တစ်ပါးသူတွေ မထိခိုက်အောင် အစိုးရက ညှိနှိုင်းပေးဖို့လိုတာပါ/
    အဲဒါကို ကိုယ်ယုံကြည်ချက်နဲ့ မတူလို့ ထောင်သွင်းအကျဉ်းချတာတွေကတော့ မဖြစ်သင့်တော့ဘူးပေါ့/
    နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတယ်ဆိုရင် ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကော မလွှတ်သင့်ဘူးလာ?
    အထူးသဖြင့်ဗုဒ္ဓတရားအပေါ် မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ ယုံကြည်မှုမတူညီလို့ထေရဝါဒကို ထိခိုက်တယ်ဆိုကာ ထေရဝါဒသံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့ ဖမ်းဆီးစေခိုင်းမှုကြောင့် မြစ်ကြီးနားထောင်တွင် သက်တော် ၇၃-နှစ်ခန့်ရှိနေပြီဖြစ်သော ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ (ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ) ထေရဝါဒအခေါ် မိုးပြာဆရာတော်သည်လည်း ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟု ကြားသိရပါသည် နိုင်ငံတော်သမ္မတကြီးခင်ဗျာ/
    ထိုကဲ့သို့ ဘာသာရေးယုံကြည်ချက် မတူမှုကို အကြောင်းပြု၍ မဟနမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်တာတွေ ထက် ထောင်တွင်း အကျဉ်းချခိုင်းစေခြင်းတို့လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဗုဒ္ဓဘာသာ၏ လမ်းစဉ်မဟုတ်ပါ/
    သို့အတွက်ကြောင့် ဘာသာရေးယုံကြည်ချက်မတူညီသော အယူဝါဒများ၏ ဖိနှိပ်ခြင်းခံနေရတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတကြီးမှ စေ့စပ်ငြိနှိုင်းပေးခြင်းဖြင့် ဗုဒ္ဓသာသနာရဲ့ အကျိုးကိုလည်း ထပ်မံဆောင်ရွက်ပေးမည်ဆိုလျှင် ထေရဝါဒဗုဒ္ဓဘာသာကော၊ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအတွက်ပါ အကျိုးများမည်ဟု ထင်မြင်မိပါသည်။

    • မှော်ဆရာသိန်း

      January 15, 2012 at 9:25 pm

      သမ္မတကြီး ကြားပါစေဗျာ …

Leave a Reply