ရွှေသဘာဝ ဓာတ်ငွေ ့ထွက်ရှိလာမှုကို ပြည်ထောင်စုအစိုးရ၏ စီမံခန် ့ခွဲမှု

ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ ့လုပ်ကွက်များ
A-1 နှင့် A-3 မှထွက်ရှိသည့် SHWE GAS များအနက်(ဓာတ်ငွေ ့ကုဗပေ ၁၂ ဘီလီယံ
ကုဗပေ)ကို တရုတ်နိုင်ငံသို ့နှစ်စဉ်ရောင်းချရန် ရည်ရွယ်ထားသည်။
ထိုရောင်းချမှုမှ (ပိုက်လိုင်းဖြတ်သန်းခနှင့် ဓာတ်ငွေ ့ရောင်းချမှု)နှစ်တနှစ်လျှင် အမေရိ
ကန်ဒေါ်လာ ၁ ဘီလီယံ(ဒေါ်လာသန်းတစ်ထောင်)ရရှိမည်ဖြစ်သည်။ဓာတ်ငွေ ့ဈေးကို
ကမ္ဘာ့ ပေါက်ဈေးနှင့်အညီဖြစ်စေရန်(၃ လလျှင်တစ်ကြိမ်)ညှိနှိုင်းမည်ဟု DAEWOO ကုမ္ပဏီ
က ၂၀၀၈ ခုနှစ်တွင် ကြေညာထားသည်။
သဘာဝဓာတ်ငွေ ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို ့တွင် စတင်ပြီး တရုတ်ပြည်သို ့(မြန်မာ-ယူနန်)နယ်စပ်တွင် ရွှေလီမြို ့မှတဆင့် ဝင်ရောက်မည်ဖြစ်။တရုတ်
နိုင်ငံ ကွမ်ကျိုး နှင့်ကွမ်ချီး ပြည်နယ်များထိ မိုင်ပေါင်း ၁၇၅၃ မိုင်ရှည်လျားမည်ဖြစ်သည်။
ထို ့အတူ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ ့ဖြိုးရေးကောင်စီ၊ယခု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ တို ့အတွက်လည်း ပမာဏအတိုင်းအတာ
တစ်ခုထိ အကျိုးအမြတ်ရှိပြီးလည်းဖြစ်ပါသည်။
၂၀၁၁ ခုနှစ် စက်တာဘာလ(၁၉)ရက် ပထမအကြိမ်အမျိုးသားလွှတ်တော်/ဒုတိယ
ပုံမှန်အစည်းအဝေးတွင် အမှတ်(၂)လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုးက အောက်ပါအချက်များကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
(၁)ရွှေစီမံကိန်းမှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ ့များကို ရွှေစီမံကိန်းလုပ်ငန်းအဖွဲ ့ဝင်
များနှင့် တရုတ်နိုင်ငံတို ့အကြား သဘာဝဓာတ်ငွေ ့ဝယ်ယူရေးစာချုပ်ကို သဘောတူလက်
မှတ်ရေးထိုးထားခဲ့ပြီး ကတိကဝတ်ပြုပြီးလည်းဖြစ်သည်။
(၂)ယင်းစာချုပ်မှာ မြန်မာနိုင်ငံက ပမာဏမည်မျှသုံးစွဲမည်/တရုတ်နိုင်ငံသို ့မည်မျှရောင်းချ
မည် တို ့ကို စီမံကိန်းကာလ နှစ် ၃ဝ အတွက် ကတိကဝတ်ပြုထားပြီးဖြစ်သည်။
(၃)ရခိုင်ကမ်းလွန် ရွှေစီမံကိန်း မှသဘာဝဓာတ်ငွေ ့များကို နိုင်ငံတော်၏ သဘာဝဓာတ်
ငွေ ့သုံးစွဲမည့် စက်မှုလုပ်ငန်းများသို ့ဦးစားပေးပို ့လွှတ်မည်။
(၄)ရွှေစီမံကိန်းမှ ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန်အတွက် တနေ ့လျှင်
သဘာဝဓာတ်ငွေ ့ကုဗပေ သန်း(၁၀၀)ကို ပြည်တွင်း (၃)နေရာတွင် ရယူရန်စီစဉ်ထားသည်။
ကို htoosan ရေ ဒီအချက်(၄)ချက်နဲ ့ပတ်သက်ပြီးတော့ The Voice Weekly
Journal Vol.7,No.19 Monday;April 25 May 1 st 2011 ရန်ကုန် ဧပြီ ၅။ တွင်အောက်ပါအတိုင်းဖော်ပြထားသည်။

ယင်းသဘာဝဓာတ်ငွေ ့လိုင်းကို မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ဒေသခံများအ
တွက် လျှပ်စစ်နှင့်အခြား စွမ်းအင်များလွယ်လင့်တကူ သုံးစွဲနိုင်ရန် ရည်ရွယ်ထားသည်။ယင်း
ဓာတ်ငွေ ့ပိုက်လိုင်းကို ရွှေသဘာဝလုပ်ကွက် မှသွယ်တန်းကြောင်းကို နေပြည်တော်ရှိ စွမ်း
အင်ဝန်ကြိီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက Voice Weekly သို ့ပြော
ကြားသွားသည်။(ရခိုင်ပြည်နယ် အတွက်မပါဝင်သေးပါ)

5 comments

  • mgmgmone

    January 13, 2012 at 7:03 pm

    ဒီကြေညာချက်တွေနဲ ့ရခိုင်ပြည်သူတွေကို အသိပေးထားတာ ပါတီရဲ ့ လက်ကမ်းစာစောင်တွေ
    ထဲကမဟုတ်ပါလား စာရေးသူ။

  • htoosan

    January 13, 2012 at 10:21 pm

    ကိုသန်းထွန်းဦးရေ.. အဲ့ဒီ့ သတင်းမဟုတ်ပါ ။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးမှာ ဖတ်လိုက်ရတာပါ ။
    ယခု link တစ်ခုတင်ပေးလိုက်ပါတယ် . ကွန်နက်ရှင်နှေးနေလို့ တစ်ပုဒ်လုံးရရင်လည်းတင်လိုက်ပါ့မယ်။ ကျွန်တော်ဖတ်လိုက်ရတာ ဒီသတင်းလည်းမဟုတ်ပါ။ သို့သော် ဒီသတင်းမှာလည်း ကျွန်တော် ပြောသလို ပါပါတယ် ။
    http://mizzimaburmese.com/news/inside-burma/8868-2012-01-12-12-17-49.html

    “ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ကိုရီးယား Daewoo International Corporation တို့အကြား ၂ဝ၁၁ နှစ်ကုန်ပိုင်းက သဘောတူညီမှုရရှိခဲ့သည်ဟု ဝန်ကြီးဌာန အရာရှိတဦးအား ကိုးကား၍ ပြည်တွင်းဂျာနယ် တချို့တွင် ရေးသားဖော်ပြခဲ့ကြသည်ကို ရည်ရွယ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။”

  • htoosan

    January 14, 2012 at 10:08 am

    http://mizzimaburmese.com/news/inside-burma/8868-2012-01-12-12-17-49.html

    ကမ်းလွန်ဓါတ်ငွေ့ သုံးခွင့် ရမရ ရခိုင်ပါတီ စောင့်ကြည့်မည်
    ကျော်ဇံဦး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
    အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

    ရခိုင်(မဇ္ဈိမ) ။ ။ ရခိုင်ကမ်းလွန်မှ ထွက်ရှိမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိမည်ဟု ကြားသိရသော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုအား စောင့်ကြည့်ရဦးမည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။

    “ဒီကိစ္စကို ကျနော်တို့တောင်းဆိုလာတာ ကြာပါပြီ။ ရခိုင်ကထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင်ပြည်သူတွေ သုံးစွဲခွင့် ရှိမရှိ ဆိုတာကို လွှတ်တော်မှာ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့တယ်၊ ပယ်ချခဲ့တယ်။ ခုနောက်ပိုင်း ကြားမိတာကတော့ ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲခွင့် ရရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်လာပါတယ်။ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ရခိုင်ပြည်နယ်အတွက် ဘယ်လိုအသုံးချမလဲဆိုတာကို” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က မဇ္ဈိမကို ပြောသည်။

    ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် မြန်မာ့
    ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ကိုရီးယား Daewoo International Corporation တို့အကြား ၂ဝ၁၁ နှစ်ကုန်ပိုင်းက သဘောတူညီမှုရရှိခဲ့သည်ဟု ဝန်ကြီးဌာန အရာရှိတဦးအား ကိုးကား၍ ပြည်တွင်းဂျာနယ် တချို့တွင် ရေးသားဖော်ပြခဲ့ကြသည်ကို ရည်ရွယ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
    ၂ဝ၁၂ နှစ်ဆန်းတရက်နေ့က ကျောက်ဖြူတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင်လည်း ဒေါက်တာအေးမောင်က “မကွေးဘက်က ပြန်သွယ်ပြီးတော့ ရခိုင်ကို ပြန်ခွဲဝေပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့က ကျောက်ဖြူ ကပဲ ပေးနိုင်မလားလို့ တောင်းဆိုထားတာ ရှိပါတယ်။ လာမယ့် လေးနှစ်တာ ကာလမှာ ရခိုင်ပြည်ဒေသ ဖွံ့ဖြိုးဖို့ အတွက် တရုတ်ပြည် အပါအဝင် မြန်မာ အစိုးရဆီကိုလည်း တင်ပြချင်ပါတယ်။ လူထု၏အသံ၊ လူထု၏ဆန္ဒ၊ လူထု၏ ကျေနပ်နှစ်သိမ့်မှု မရှိဘဲ မည်သည့်လုပ်ငန်းမှ မအောင်မြင်ပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သေးသည်။

    ရခိုင်ပြည်နယ် အတွင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်ခဲ့ပြီး ရွှေဂက်စ်ဖြင့် ရခိုင် တပြည်နယ်လုံး လျှပ်စစ်မီး ရရှိရေး ကော်မတီလည်း ပေါ်ပေါက်လာခဲ့သည်။

    ရခိုင်ကမ်းလွန်မှ ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်တွင် တရုတ်ပြည်သို့ ပို့လွှတ်မည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း မှုမှာ ရခိုင်ဘက်မှ ၆၅ ရာခိုင်နှုန်း ပြီင်္းစီးနေပြီဖြစ်ကြောင်း (OGT) ဓာတ်ငွေ့ သန့်စင် စက်ရုံတွင် ဝင်ရောက် လုပ်ကိုင်နေသူ တဦးက မဇ္ဈိမကို ပြောသည်။

    “ကမ်းလွန်ကလာတဲ့ ပိုက်လိုင်းဟာ ကုန်းတွင်းကို ရောက်နေပါပြီ။ နတ်ကျောက်အနီး Landfall Area ကနေ (OGT) ဓာတ်ငွေ့သန့်စင်စက်ရုံ ဘက်ကို သွယ်တန်းနေပါပြီ အဲဒီကတဆင့် ကလာဘာ တောင်ဘက်ပေါ့။ ပြီးရင် အမ်းဘက်သို့ သွယ်တန်းမှာပါ” ဟု ပြောသည်။

    ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ပိုက်လိုင်းသည် စုစုပေါင်း ၇၉၂.၅ ကီလိုမီတာ ရှည်လျားမည်ဖြစ်ရာ ကျောက်ဖြူ၊ အမ်း၊ ပဒါန်း၊ စကု၊ရေနံချောင်း၊ (မကွေး)၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး၊ ဘီးလင်း၊ ပြင်စာ၊
    ပြင်ဦးလွင် (မန္တလေး)၊ နောင်ချို၊ ဂုတ်ထိပ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဟိုင်း၊ ပင်းပက် မိုင်းဝှီး၊ နမ့်ခမ်း (ရှမ်းပြည်နယ်) တို့ကို ဖြတ်သန်းမည် ဖြစ်သည်။

    ဓာတ်ငွေ့ကို တနှစ်လျှင် ၁၂ ဘီလီယံ ကုဗမီတာ တင်ပို့နိုင်မည် ဖြစ်သည်။ ယင်းအနက် တရုတ်နိုင်ငံသို့ ၁ဝ ဘီလီယံ ကုဗမီတာ တင်ပို့မည် ဖြစ်သည်။

    ပိုက်လိုင်း ဖြတ်သန်းမှု အနေအထားမှာ ရခိုင်ပြည်နယ်တွင်း ၁၃၄.၅ ကီလိုမီတာ၊ မကွေးတိုင်းတွင်း ၁၅၀.၉ ကီလိုမီတာ၊ မန္တလေးတိုင်းတွင်း ၂၃၈.၆ ကီလိုမီတာနှင့် ရှမ်းပြည်နယ်တွင်း ၂၆၈.၅ ကီလိုမီတာ အသီးသီးရှိသည်။

  • aungnng87

    January 14, 2012 at 1:06 pm

    အေးလေ..ဒို့လဲကိုထူးဆန်းပြောသလိုကြားမိတာဘဲ.။

  • ဟုတ်ကဲ့ပါ ကိုထူးဆန်းရေ ခုလို ဝေမျှပေးလို ့
    ကျေးဇူးတင်ပါတယ်ဗျာ။ကိုထူးဆန်းက တော်
    လေးကို လေ့လာထားတာဘဲဗျ။

Leave a Reply