ပိုပြီးတက်ကြွလာတဲ့ “အင်အားတွေ” နဲ့ “ကျသွားတဲ့မာနတွေ”ကို မြင်နေရလို့ ကောင်းလေစွ။

thit minJanuary 13, 20125min50536

Image Detail

ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ)

Acknowledgement

Special thanks to “KoAungZaya (Myanmar Cupid Community Forums)

-Source:news-eleven.com/

-Source: Weeklyvoice

-Source: Eleven Journal and Eleven Media Group

-Photo..The voice weekly

-Source: 7Day News Journal

-ဓာတ်ပုံများ – ဧရာဝတီ

http://mmcpcommunity.net/showthread.php?13046-tGefvdkif-ay-rS-owif-rsm-%284%29/page2

Special thanks and Credit to 7day news and Eleven Media Group


 ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ အင်အားပါတဲ့အပြုံးနဲ့ တက်ကြွတဲ့အမူအရာ။။


Myanmar is set to free prominent democracy activist Min Ko Naing

 ခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ အားမာန်ပြည့်တဲ့ မျက်နှာ။

သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကိုမင်းကိုနိုင်၏ ပြောကြားချက် – Eleven Weekly ဂျာနယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်

ကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။
ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။
ရှေ့ဆက်ပြီး ဒီမိ်ုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊
သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မ ရှိဘူး။
သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဝင်ဖို့ မဝင်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။
ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့။

 ဦးခင်ညွန့်

http://www.youtube.com/watch?v=HVrrRVwUDoI&feature=player_embedded

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြောကြားချက် – The Voice ဂျာနယ်
အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊ သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်မှာစိုးတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။ စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။ မိသားစုနဲ့ ရ နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။
အခုကတော့ ဘုရားတရား အလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ်။



ဒီနေ့ လွတ်ငြိမ်းချမ်းသာသွားတဲ့ ဦးခင်ညွန့်နဲ့ သား ဇော်နိုင်ဦး (ဓာတ်ပုံများ – ဧရာဝတီ)

http://www.youtube.com/watch?v=IiXD4MrN884&feature=player_embedded

” နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။
မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ
မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။
အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ
ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့
စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။
အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး
တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်” ဟု
ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

“လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့
ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက်
ကောင်းမယ်လို့ မြင်ပါတယ်” ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့
ဆက်လက်ပြောကြားခဲ့သည်။

Source:news-eleven.com/

——————————
အစိုးရသစ်၏ စတုတ္ထ အကြိမ်မြောက်
လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ နံနက်ပိုင်းတွင် လွတ်မြောက်လာသူ
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ” အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊
သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။
တစ်ကိုယ်ကောင်းဆန်သလို ဖြစ်မှာစိုးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်တော်ထဲ
ရောက်သွားမှာကို ကြိုဆိုပါတယ်။ စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။
မိသားစုနဲ့ ခုနစ်နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။ အခုကတော့
ဘုရားတရားအလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ် ” ဟု ၎င်း၏ အိမ်ရှေ့တွင် ရောက်ရှိနေသော
သတင်းထောက်များကို ခြံဝတွင် ငါးမိနစ်ခန့် တွေ့ဆုံခိုက် ပြောကြားခဲ့ကြောင်း၊
ထို့နောက် ဦးခင်ညွန့်သည် ၎င်း၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သားတစ်ဦးတို့နှင့် အတူ
ဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း The Voice Weekly သတင်းထောက်က
သတင်းပေးပို့သည်။

Source: Weeklyvoice

————–

နိုင်ငံရေးသို့ ဝင်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍
“အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်”ဟု
ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။
အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၎င်းက “အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး
နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ
တွေ့ရတာ။ သားက အခုမှရောက်တာ။”ဟု ပြောကြားခဲ့ပါသည်။

Source: eleven
Photo..The voice weekly
အခုလွတ်လာတဲ့အတွက် စိတ်ထဲမှာပျော်တော့ပျော်တာပေါ့။
မိသားစုတွေလည်း ပျော်တယ်။ ဆွေမျိုးသားချင်းတွေလည်း ပျော်ကြတယ်။ ဒါပေမဲ့
ကျန်တဲ့တပည့်တွေရှိသေးတယ်။ မလွတ်သေးတဲ့ တပည့်တွေနဲ့ လွတ်သင့်လွတ်ထိုက်သူတွေ
ကျန်သေးတယ်။ အားလုံးလွတ်ရင်တော့ပိုကောင်းတာပေါ့။ လွတ်ပါစေလို့လည်း ဆုတောင်းတယ်။
ကျွန်တော်တို့ချည်းပဲ လွတ်မြောက်လာတယ်ဆိုတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ စိတ်ထဲမှာ
မထင်စေချင်ဘူး။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့်
ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် အချိန်ကာလ တစ်ခုအတွင်းမှာ အားလုံး
လွတ်မယ်လို့ထင်ပါတယ်။´
လက်ရှိအစိုးရအပေါ်သုံးသပ်ပေးပါ။
`လက်ရှိအစိုးရက ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း
တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ
လက်ရှိသမ္မတကြီးရဲ့ဆောင်ရွက်ချက်တွေ ဒီနှစ်ခုစလုံးဟာ တိုင်းပြည်အနာဂတ်အတွက်
ကောင်းမယ်လို့ထင်ပါတယ်´

ရှေ့ဆက်ပြီး ဘာလုပ်ဖို့ရှိသလဲ။

`အိမ်မှာပဲ မိသားစုတွေနဲ့
အေးအေးဆေးဆေးနေချင်သေးတယ်။ သားတွေနဲ့မတွေ့ရတာ ရနှစ်ရှိပြီ။ အခုမှ
သားကြီးနဲ့တွေ့ရတာ´

နေအိမ်အကျယ်ချုပ်အတွင်း ဘာတွေလုပ်နေလဲ။

`ဘုရား၊ တရားပဲလုပ်တယ်။ ပြီးတော့ မာလီလုပ်တယ်။
ခြံထဲမှာ သစ်ပင်တွေ စိုက်တယ်။ ပန်းပင်တွေ
စိုက်တယ်´

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ သုံးသပ်ပေးပါ။
`ဒေါ်အောင်ဆန်းစုကြည်က အခု ရွေးကောက်ပွဲဝင်မယ်။ ပြီးရင်
လွှတ်တော်ထဲရောက်မယ်။ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို
ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်တဲ့ သူတစ်ယောက် ရောက်သွားရင် နောင်အနာဂတ်မှာ
တိုင်းပြည်အတွက် တကယ် အကျိုးရှိတဲ့ပုဂိ္ဂုလ် ပါတော့ကောင်းပါတယ်။ ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ပုံတွေကိုထောက်ခံပါတယ်´

၂၀၁၅ မှာ
နိုင်ငံရေးပါတီဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။`၂၀၁၅ မှာ
နိုင်ငံရေးပါတီဖွဲ့ဖို့လည်း မရှိပါဘူး။´

ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

`တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ထင်တယ်။
လက်ရှိအစိုးရကလည်း စစ်အစိုးရမဟုတ် တော့ဘူး။ ဒီမိုကရေစီအစိုးရဆိုတော့
ဒီမိုကရေစီရဲ့ကျင့်စဉ်နဲ့သွားတော့မယ်။ ပြည်သူကလည်း ဒီမို ကရေစီကျင့်စဉ်တွေနဲ့
လုပ်ရပ်တွေကိုပဲ အားပေးနေတယ်။ လိုလားနေတယ်။ အဲဒီ့လိုလားချက်တွေ အတိုင်း
ဖြစ်လာမယ်လို့ထင်တယ်။ တစ်ဖက်ကလည်း ဒေါ် အောင်ဆန်းစုကြည်က ပူးပေါင်းပါဝင်နေပြီလေ။
အဲဒါ အားပဲ။ အဲဒီ့အားတွေပေါင်းလိုက်ရင် တိုင်းပြည် အနာဂတ်က
ကောင်းလာမယ်လို့ထင်တယ်´

`ရှေ့ဆက်တော့ အေးအေးဆေးဆေးပဲနေဦးမယ်။ ဘာမှ
မစဉ်းစားသေးဘူး။ နောက်တစ်ခုက တိုင်းပြည်အတွက် ငြိမ်းချမ်းရေးပဲရစေချင်တယ်။ အခုလည်း
လုပ်တော့လုပ်နေကြပါတယ်။ လက်ရှိသမ္မတကြီးရဲ့ ဆောင်ရွက် ချက်တွေက
အင်မတန်ကောင်းတဲ့ဆောင်ရွက်ချက်တွေဖြစ်တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနဲ့
ပေါင်းလိုက်ရင် တိုင်းပြည်အနာဂတ်က ပိုကောင်းလာမယ်´

၁၉၈၈ ကနေ ၂၀၁၄
ကာလအတွင်း အပစ်အခတ်ရပ်စဲရေးမှာ one of the keep player အဖြစ် ပါဝင်ခဲ့တဲ့အခါ
အဲဒီ့အကြောင်းနဲ့ ဒီဘက်အပိုင်းမှာ လုပ်နေတဲ့
ခြားနားချက်လေး။

`အဲဒါတွေက ပြန်လေ့လာရဦးမယ်။ အပြင်နဲ့
အဆက်အသွယ်ပြတ်နေတာ။ အပြင်မှာ ဘယ်လိုအခြေ အနေတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။
နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ကောင်းတဲ့ဦးတည် ချက်မရှိဘဲ
မကောင်းတဲ့ဦးတည်ချက်တွေဖြစ်လာရင် အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် နိုင်ငံတ
ကာက လုပ်ဆောင်လာရင် မီဒီယာကတစ်ဆင့် လူထုဘက်ကနေ ရပ်တည်မှာပါ။´

Source: 7Day News Journal

ဝမ်းသာလို့တင်မိပါသည်။
 အားလုံးကိုလေးစားလျှက်

36 comments

  • ငပေါက်ဖော်

    January 13, 2012 at 4:43 pm

    ခုလိုမြင်ရကြားရတာ..မင်္ဂလာရှိလှပါပေ့ ကိုသစ်ရေ
    ဒါတွေဟာ ကျနော်တို ့တိုင်းပြည် အတွက် ကောင်းသော အင်အားတွေ၊မျှော်လင့်ချက်တွေပါဗျာ..
    ခုလို လွတ်မြောက်လာတာကို အတိုင်းမသိ ဝမ်းသာပါကြောင်း…

    ဦးသိန်းစိန်ကြီးလဲ သည့်ထက်တိုး၍ ပြည်သူ ့အသံအတိုင်း လက်ခံဆောင်ကျဉ်းပေးနိုင်တဲ့ ပထမဆုံး သမ္မတကောင်းကြီးတစ်ဦးဖြစ်ပါစေခင်ဗျား..

  • kai

    January 13, 2012 at 5:04 pm

    “လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့
    တွေ့ပြီးပြီ။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့
    ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက်
    ကောင်းမယ်လို့ မြင်ပါတယ်” ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့
    ဆက်လက်ပြောကြားခဲ့သည်။

    တော်တော်အံ့ဩစရာနော….
    ဒေါ်အောင်ဆန်းစုကြည်က.. သူ့မိသားစု..သူ့ဘဝကိုစွန့်.. သူ့လုပ်ကြံသူတွေအကုန်လုံးကို ခွင့်လွှတ်ပြီး.. …တာဝန်ခံလုပ်သွားတယ်လို့.. မြင်နေမိတယ်..။

    • manawphyulay

      January 13, 2012 at 5:21 pm

      အင်း ဆက်လက်တော့ စောင့်ကြည့်နေရဦးမှာပါပဲ… ဒီလိုသာ ပြည်သူတွေအတွက် စဉ်းစားပေးလာမယ်ဆိုရင်တော့ အနာဂတ်ကြီးက မကြာခင်အချိန်အတောအတွင်းမှာ လှပလာတော့မှာပါ။

    • thit min

      January 13, 2012 at 5:23 pm

      တွေးတတ်ရင် ဆတ်ဆတ်ခါ စရာတွေချည်းပါ။
      အမေစုကသူ့ဖမ်းခဲ့တဲ့သူတွေအပါအဝင် အားလုံးရဲ့လွတ်မြောက်ရေးကို (ကျောသားရင်သားမခွဲတဲ့စိတ်ဓာတ်နဲ့)
      လုပ်ပေးခဲ့တာမျိုးပါ။။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~
      ဗိုလ်မှူးစန်းပွင့်ဆိုတာ ကိုဇာဂနာကို ခေါင်းဆောင်ပြီးဖမ်းခဲ့သူလို့ကြားဘူးပါတယ်။
      ကိုဇာဂနာထောင်ထဲမှာရှိနေတုန်းဘဲ သူလဲဝင်လာ(ထောင်ကျ)တယ်တဲ့။
      ကိုဇာဂနာက ထောင်ဝင်စာ မျှကျွေးခဲ့တယ်လို့ဆိုတယ်။ အဲဒီအတောအတွင်းကိုဇာဂနာလွတ်လာ
      တော့ ဗိုလ်မှူးစန်းပွင့်မိသားစုကိုသွားပြီး တတ်နိုင်သလောက် အားပေးကူညီခဲ့တယ်လို့ ကြားဘူးတယ်။
      ကိုယ့်ကိုနှိပ်စက်ထားသူကို မေတ္တာပြန်ထားနိုင်တဲ့ အားကောင်းတဲ့စိတ်ဓာတ်ကတပိုင်းပေါ့နော်။
      ဟိုဘက်ကစဉ်းစားလိုက်ရင် “ငါအလှဲ့မှာ ဆိုးပေမဲ့ သူ့အလှဲ့မှာကြတော့”လို့စဉ်းစားကြည့်စမ်းပါ။
      မျက်ရည်ကျသွားမယ်။ အဲဒီလိုလူတွေဗျာ။ လေးစားတယ်။ဂုဏ်ယူတယ်ဆိုတာထက်ပိုပြောချင်တယ်။
      တကဲ့ “ဆုကြီးပန်” သူရဲကောင်းတွေရဲ့ လွတ်မြောက်ခြင်းဟာ လူသားစိတ်ရှိသူတိုင်းရဲ့
      နှလုံးသား ကိုတုန်လှုပ်ပါတယ်ဗျာ။

  • koyinmaung

    January 13, 2012 at 5:34 pm

    သံဝေဂ ရစရာတွေပါ အာဏာဆိုတာရေပွက်ပမာ
    ဆိုရိုးရှိနေတာဘဲအဟုတ်လား….

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 6:00 pm

    ကျုပ်ကတော့ NLD အနေနှင့် ဦးခင်ညွှန့်ကို ကြိုဆိုသင့်တယ်လို့ထင်တယ်
    သေခြာဆန်းစစ်ကြရင် သာကီတွေဘဲဗျာ
    ဒီနေရာမှာမှ သံဝေဂမရရင် ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး

    • မိုက်ကယ်ဂျော်နီချီးဘတ်

      January 13, 2012 at 6:02 pm

      ပြောသာပြောတာပါ နိုင်ငံရေးကို သံဝေဂနှင့်
      သွားအမျိုးစပ်လို့တော့မရဘူး
      အမျိုးမစပ်ရင်လည်း
      ဦးကျိုးအောင်နင်းတာတွေတို့
      လက်စားခြေတာတွေဖြစ်လာနိုင်တာမို့
      ဒီအချိန်မှာ အားသာသူတွေဖက်က
      ငဲ့ညှာကြပြီး ရှေ့ဆက်ကြဘို့ ဘယ်သူမှ မကြားတဲ့အိမ်သာထဲကနေ
      အော်ပါတယ်ဗျို့

      • ငပေါက်ဖော်

        January 13, 2012 at 6:10 pm

        ကဘုန်းကျော်လို ကုန်းအော်ရင်တော့ အီအီးတွေထွက်.လိပ်ပါထွက်လိမ့်မဗျ
        လျှော့အော်နော့
        😯
        ဗုံ၊
        လိပ်အခွင့်ရေးဆိုင်ရာ လိပ်အမတ်ဂျီး

  • kotun winlatt

    January 13, 2012 at 6:10 pm

    ဝမ်းသာစရာပါဗျို့….
    အားလုံးစည်းလုံးညီညာစွာနဲ့
    ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးသို့
    ငြိမ်းငြိမ်းချမ်းချမ်း တက်လှမ်းနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်ဗျာ…

  • Thel Nu Aye

    January 13, 2012 at 6:14 pm

    ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးနှစ်ဦးဖြစ်သူ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့ လဲလွတ်လာတယ်လို့ကြားတယ်။

  • alinsett

    January 13, 2012 at 7:17 pm

    ကိုသစ်မင်းနဲ ့အတူ ကျွန်တော်လည်း ဝမ်းသာမိပါတယ်။

    သတင်းကောင်းလေး ပါးပေးလို ့ကျေးဇူးပါပဲ။

  • yaungchikha

    January 13, 2012 at 7:31 pm

    ဒီနေ့ကတော့ မင်္ဂလာသတင်းကြားရတာပါပဲ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ကောင်မွန်တဲ့ နိုင်ငံတော်တိုးတက်ရေး တည်ဆောက်မှု့တွေမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်ကနေ တက်တက်ကြွကြွပါဝင်ကြရင်း ခေတ်မှီတိုးတက်တဲ့ နိုင်ငံဖြစ်ပါစေလို့ ……….

  • windtalker

    January 13, 2012 at 7:33 pm

    ဒါဆိုရင် မကြာခင်မှာ “ ဆန်ရှင် ” တွေ ပျောက်ကွယ်တော့မှာ အမှန်ပဲပေါ့နော်

  • Khin Latt

    January 13, 2012 at 7:46 pm

    အရင်ကလို သူများကို အပြစ်ပုံလို့ မရတော့ ဘဲ တိုင်းပြည် နဲ့ လူထု တိုးတက်ဖို့ ကိုယ့်လက်ထဲ ကို တာဝန် ရောက်လာပြီ ဆိုတာ သိကြရပါမယ်။
    အရင် အတိတ်အဟောင်း တွေကို သင်ခန်းစာ ယူဖို့အတွက်သာ ထားပြီး အနာဂါတ်အတွက် လက်ရှိ ကောင်းဖို့ အတွက် သာ စိတ်ထဲ ထားသင့်သည်ဟု ထင်ပါတယ်။
    ရေသာခိုအပျင်း စိတ် တွေ၊ အချောင်ရလိုစိတ်တွေ၊ ကိုယ့်တစ်ဘို့ ထဲ ကြည့်တဲ့စိတ် တွေ၊ အာဃတတွေ နဲ့ သူများကို အပြစ်ပုံချင် စိတ် တွေ လျှော့ပြီး ကိုယ့်ကိုယ်ကို သက်လုံကောင်းဖို့ ပြင်ထား ရန် လိုပါသည် ဟုလဲ ထင်ပါတယ်။

    အခု တိုင်းပြည် ပြန်လည်ထူထောင်ရေး ပွဲ စပါပြီ။
    သူတို့ ဖက် က ဖြေလိုက် တဲ့ ကြိုး ဆိုတာကို ကိုယ်က အချက်ကျကျ တက်ညီလက်ညီ သတိ နဲ့ ဆွဲနိုင်မှ ဆိုတာ သိရပါမယ်။
    အဲဒီ ကြိုး နဲ့ ဆင်းရဲတွင်း ထဲမှ ကိုယ့်ပြည်သူလူထု တွေ လွတ်မြောက်ရန် အတွက် ကြိုးကိုင် မည့်သူများ အချင်းချင်းပြန် မတွန်း မတိုက် မိဖို့ လဲ လိုပါတယ်။

    ကျွန်မ ကတော့ အဲဒီ စတုဒီသာအလှူပွဲ ကြီး အတွက် ကိုယ် ဘယ်နေရာ မှာ ပါဝင် လုပ်ဆောင်နိုင်သလဲ စမ်းစစ်ကြည့်မိပါသည်။
    အခုချိန် မှာတော့ မဏ္ဏပ် အတွင်းမှ ပြင်ဆင် ချက်ပြုတ် နေသူ များ အတွက် မဏ္ဏပ်အပြင်က နေ တုတ်တစ်ချောင်း နဲ့ ကျီးခြောက် ၊ ခွေးခြောက်၊ ယင်ကောင်မောင်း တော့ လုပ်နေ နိုင်ပါသည်ရှင့်။ 😉

    ဘာဘဲဖြစ်ဖြစ် ဒီနေ့ကတော့ ကျွန်မ တို့ ရဲ့ မျှော်လင့်ချက် တွေကို ရှင်သန်လာစေတဲ့ နေ့ပါဘဲ။

    သမ္မတကြီး ဦးသိန်းစိန် ကိုရော သူ့ကို ပံ့ပိုးပေးကြတဲ့ အစိုးရ အဖွဲ့ဝင် များကိုရော၊ သူတို့ ကို ယုံကြည်ပေးခဲ့ တဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ် ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုရော ပြည်သူလူထု အားလုံး ကိုယ်စား ကျွန်မ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာ ဦးညွတ် ကန်တော့ ပါတယ်။

    • htoosan

      January 13, 2012 at 9:19 pm

      မလတ် ရဲ့စကားကိုဘဲ ……..ditto…. လိုက်တော့မယ် 😀 😀

  • MaMa

    January 13, 2012 at 9:45 pm

    မြန်မာပြည်ရဲ့ သမိုင်းကြောင်း အလှည့်အပြောင်းမှာ ကောင်းသော ပြောင်းချင်းတွေနဲ့ စတင်လာတာမို့ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါတယ်။
    သိက္ခာရှိသော အေးချမ်းတည်ငြိမ်သော ပြောင်းလဲခြင်းများနှင့် မြန်မာပြည်ကို မြင်လိုပါတယ်။

  • padonmar

    January 13, 2012 at 10:37 pm

    ကိုသစ်ရေ
    တချိန်တုံးက သတင်းစာရှင်းလင်းပွဲလုပ်တော့ ဗိုလ်ချုပ်ခင်ညွန့်က ဒေါ်စုဆီ သူ့ခင်ပွန်းကပို့တဲ့ပစ္စည်းတွေထဲမှာ ချောကလက်ကဘယ်နှစ်တောင့်ဆိုပြီးဖတ်ပြတာ မြင်ယောင်ပါသေးတယ်။

    နောက်ဆုံးတော့ ခွင့်လွှတ်သည်းခံမှု သဘောထားကြီးမှုဟာ အရာရာကို လွှမ်းမိုးနိုင်ပါလားဆိုတာ သက်သေပါပဲ။

    ကိုမင်းကိုနိုင်ဟာ လေးစားဖွယ် လူတော် တစ်ယောက်ဖြစ်သလို
    ဗိုလ်ချုပ်ခင်ညွန့်ဟာလည်း လူတော်တစ်ဦးပါပဲ။
    ပြည်သူလူထုကောင်းစားရေး အတွက် မတူညီတဲ့ ဆန့်ကျင်ဘက်များပေါင်းစည်းနိုင်မယ်ဆိုရင်
    တိုင်းပြည်အတွက် လှပတဲ့ အနာဂတ်လေး မကြာမီ တည်ဆောက်နိုင်ကြမယ်လို့ မျှော်မှန်းပါတယ်။

    • ကြောင်ကြီး

      January 14, 2012 at 10:18 am

      ဒါတင်ဘယ်ကမလဲ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ် သေခါနီး နောက်ဆုံးအချိန်မှာ သူ့အမျိုးသားကို ပြည်ဝင်ခွင့်ပေးပါလို့ မေတ္တာရပ်ခံခဲ့တာကို လစ်လျူရှုခံခဲ့ရတယ်။ အဲဒီတုန်းက သတင်းစာထဲမှာ လိမ်လည်ပြီး ပြည်ဝင်ခွင့်ရအောင် ကြံနေတယ်နဲ့ စွပ်စွဲရေးသားခဲ့ကြသေးတယ်။ ပြီးခဲ့တာတွေ ပြီးပါပြီလေ၊ လက်စားချေ သင်ပုန်းချေ ရေးထက် အဲဒီပေးဆပ်မှုတွေကို အနာဂတ် မြန်မာပြည် တရားဥပဒေစိုးမိုးရေး အာမခံချက်ရှိဖို့ အရင်းအနှီး အဖြစ်ပြောင်းလဲနိုင်အောင် လုပ်ရမယ်။ ပြောချင်တာ သင်ပုန်းချေဖို့ တရားဥပဒေစိုးမိုးရေး အာမခံချက် ဥပဒေပြဌာန်းချက် လိုက်နာဆောင်ရွက်ချက် ပြုပြင်ပြောင်းလဲမှုများနဲ့ လဲလှယ်ပေးရမယ်။ ဒါမှ အသက်ဆုံး ဘဝပျက် အနှိပ်စက် အဆင်းရဲ မတရားအလုပ်ခံခဲ့ရသူများ အချိန်ကာလများအတွက် တရားမျှတမှု ရှိမှာပေါ့။ အနာဂတ်ကာလအတွက်လည်း သင်ခန်းစာယူစရာ လေးစားလိုက်နာစရာ ဖြစ်သွားပါမယ်…။

  • ဦးဦးပါလေရာ

    January 13, 2012 at 11:35 pm

    အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကြီးမှု့ အမြင်ကျယ်မှု့ အစွဲကင်းမှု့ က ပေါက်ဖွားလာတာလို့ ယုံကြည်ပါတယ်။

    ဒီအချိန်မှာ ကွင်းထဲမှာ လူစုံပါပြီ။

    ပန်းတိုင်တခုထဲဆီ တည့်တည့်သွားနိုင်ဘို့ အရေးကြီးတာပါပဲ။

  • zaw min

    January 14, 2012 at 12:32 am

    မေတ္တာရောင်ပြန်ဟက်ပါတယ်…ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်စွန့်လွှတ်အနှစ်နာခံတတ်သူဆိုတာ ကမာ္ဘကသိပါတယ်။ကျုပ်တို့မြန်မာလူမျိုးတွေအကုန်လုံးသိဖို့လည်းလိုပါလိမ့်မယ်။။
    မနေ့ကဆိုတာ အိမ်မက်မျှသာ
    မနက်ဖြန်ဆိုတာ
    စိတ်ထဲက ပုံရိပ်အလား။
    ဒါပေမယ့် ဒီနေ့ကိုသာ
    ကောင်းကောင်းနေသွား။
    မနေ့ကတိုင်း
    ကြည်နူးစရာ
    အိမ်မက်ဖြစ်သလို
    မနက်ဖြန်တိုင်း
    မျှော်လင့်ချက်ပြည့်တဲ့
    ပုံရိပ် ဖြစ်မယ်။
    ဒီနေ့ကိုသာ
    ကောင်းကောင်းကြည့်နေသွား။
    (The Salutation to the Dawn based on a Vedic Hymm မှ ဒေါ်အောင်ဆန်းစုကြည် ထုတ်နုတ်ဘာသာပြန်ပါသည်။)

  • kai

    January 14, 2012 at 2:51 am

    အနောက်နိုင်ငံတွေမှာဆိုရင်တေ့ာ.. ဒါမျိုးနေ့တွေ.. “ပန်းစည်း”တွေ ရောင်းကောင်းတာပေါ့…။ 🙂
    =
    စကားအတင်းစပ်..
    ဦးခင်ညွှန့်သားနောက်တယောက် မတွေ့ပါလား..။
    မလွှတ်ဖူးထင်တယ်..။

    • thit min

      January 14, 2012 at 9:21 am

      ဆရာခိုင်ရေ ကိုရဲ(သားငယ်)လည်းအိမ်မှာရှိတယ်ဗျ။လွတ်နေပြီးသားလို့ယူဆရပါရဲ့။
      “တချိန်လုံးအိမ်မှာ ဦးခင်ညွန့်ကရှိနေခဲ့တာပါတဲ့၊ ၂၀၀၅ ဂျူလိုင်ဗီဒီယိုကအမှုစစ်ဖို့ခေါ်
      သွားရုံပါတဲ့”။
      http://www.youtube.com/watch?v=IiXD4MrN884&feature=player_embedded

  • Khin Kha

    January 14, 2012 at 9:35 am

    ဦးခင်ညွှန်ကနေအိမ်မှာဘဲကန့်သတ်မှု့နဲ့နေရတာလို့သိရတယ်။
    ဘာဘဲပြောပြောအချုပ်အနှောင်နဲ့ နေရတာကနေလွှတ်မြောက်လာကြတာတော့ကောင်းတာပေါ့။

  • aungnng87

    January 14, 2012 at 12:54 pm

    ကိုသစ်မင်းရဲ့ဒီခေါင်းစဉ်ကိုဖတ်ပြီးသင်ခန်းစာနဲ့သံဝေဂတွေရတယ်။

  • ရွှေဘိုသား

    January 14, 2012 at 2:59 pm

    သူကြီးရယ် ကျနော်တို့လည်း မနေ့က အလုပ်ကလူတွေနဲ့ လွတ်လပ် ခြင်းပါတီ လုပ်လိုက်ပါသေးတယ်
    ဘာမှတောင် မသိတော့ဘူး နောက်နေ့ကျတော့ အခုတောင် ရီဝေဝေ နဲ့

  • ba gyi

    January 14, 2012 at 5:55 pm

    ကိုမင်းကိုနိုင်တို့၊ကိုကိုကြီးတို့အပါအဝင် ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေလွတ်မြောက်ကြတာကိုဝမ်းသာကြသလို၊ ဦးခင်ညွန့်တို့လိုမုဆိုးမှသား
    ကောင်ဖြစ်ပြီးထိန်းသိမ်းခံရသူတွေလွတ်မြောက်တာကိုလည်း၊ပြည်သူအများစုဝမ်းသာပိတိဖြစ်ပေးကြတာကိုပါတွေ့မြင်ရပါတယ်။ ဒါဟာ ကျနော်တို့ပြည်သူပြည်သားတွေရဲ့၊ကဗ္ဘာပေါ်မှာ အလွန်ရှားပါးသောအာဃာ တချေ ဖျက်တတ်တဲ့ စိတ်ထား နဲ့၊ သင်ပုန်းချေလွယ်ပြီးကိုယ် ချင်းစာပေးတတ်တဲ ့ကောင်းမြတ်သော မြန် မာ့စိတ် ထားကိုဖေါ်ပြရာရောက်တာ အလွန်ပိတိဖြစ်၊ဂုဏ်ယူစရာပါပဲခင်ဗျား၊ လွတ်မြောင်အောင်ဆောင် ရွက်ဦးဆောင်ပေးကြသူ များရဲ့ ညီညွတ်မှု သင်္ကေတအဖြစ်လည်း ထင်သာမြင်သာ ရှိလှပါကြောင်း။ သမိုင်းမှာ ကောင်းမြတ်တဲ့မှတ်တမ်းအဖြစ် တည်မြဲနိုင်ကြပါစေလို့။

    • MaMa

      January 16, 2012 at 9:50 am

      ထောက်ခံပါတယ် ဘကြီးရေ။
      သင်ပုန်းချေတယ်ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ဟာ ကျယ်ဝန်းနက်ရှိုင်းလှပါတယ်။
      (ကိုယ်တိုင်တောင် လုပ်နိုင်ဖို့ အင်မတန် ခဲယဉ်းပါတယ်။)
      သင်ပုန်းချေနိုင်တဲ့ စိတ်ဓာတ်ရှိတဲ့ ကြီးကျယ်မြင့်မြတ်သူတွေကိုလည်း လေးစားပါတယ်။ ကြည်ညိုပါတယ်။
      လူထုကို ဦးဆောင်မယ့်လူတွေရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေနဲ့အတူ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ လူထုရဲ့ ကြည်ညိုလေးစားမှုကို ရရှိပြီး မှန်ကန်စွာ ဦးဆောင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
      လူထုထဲက လူထုတစ်ယောက်အနေနဲ့ ဒီမိုကရေစီနှင့် ထိုက်တန်သော လူထုဖြစ်အောင်လည်း ကြိုးစားကြပါစို့……

  • ကို သစ်မင်းကခုလို share လုပ်ပေးတာကျေးဇူးတင်ပါတယ်။

    ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။
    (ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ)
    ဒါလေးအတွက်လဲ ရှဲရှဲပါဗျာ။ကိုသစ်မင်းရေ

  • thit min

    January 14, 2012 at 7:04 pm

    ကော်မန့်ပေးသူများအားလုံးကို လွန်စွာကျေးဇူးတင်ပါတယ်ခင်ဗျား။

    တက်ကြွားကြွကြွမြင့်လွန်းလှလည်း လျှောကျနောက်ဆုံးရှိချေ၏။
    ကောင်းတာမကောင်းတာတပိုင်းထားအုန်း၊သူလိုလူတောင်ဒီလိုဖြစ်ရင်
    ကျနော်တို့ခင်ဗျားတို့ အနေအထားတွေက မာန်တက်စရာအကြောင်းမရှိဘူးလို့စဉ်းစားဘို့ကို
    မျက်ဝါးထင်ထင် “သူ” ပြသွားခဲ့တယ်။
    ဒီမိုကရေစီတောင်းဆိုသူတွေကို ပြင်းပြင်းထန်ထန်အရေးယူခဲ့သူက
    ဗီဒီယိုကလစ်ထဲမှာ “ဒီမိုကရေစီလား၊သိပ်ကောင်းတာပေါ့၊နိုင်ငံတကာကကျင့်သုံးနေတဲ့စနစ်ဘဲ၊ပြည်သူတွေရဲ့
    လိုလားချက်လဲဖြစ်တယ်လေ၊ပြည်သူတွေလိုလားတာကိုလိုက်လျှောပေးရမှာပေါ့”တဲ့။
    ဪ ပြောတတ်သွားရှာပြီ။
    ဟုတ်တယ်ဗျ။
    ဒီမိုကရေစီသာရှိရင် ခင်ဗျားလဲသူများတွေကို လွယ်လွယ်ကူကူဖမ်းလို့မရသလို၊
    ခင်ဗျားကိုယ်တိုင်လဲ ဒီဘဝမရောက်ဘူးဆိုတာ သိပြီပေါ့နော်၊ ကိုယ့်လက်ပူတော့ပူမှန်းသိပြီပေါ့။
    ကောင်းပါတယ် အားလုံးအတွက်တော့ နမူနာယူစရာသင်ခန်းစာဖြစ်တယ်ဗျာ။

  • char too lan

    January 15, 2012 at 11:12 am

    ဗိုလ်ချုပ်မိန့်ခွန်းကိုပဲ ဆွဲပြောလိုက်တော့မယ်
    “လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးနဲ့တန်တဲ့စည်းကမ်းရှိရမယ်
    လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်လုံးညီညွတ်မှုရှိရမယ်” တဲ့………
    စိတ်ကောင်းထားနိုင်ကြပါစေဗျာ………..

  • maungmoenyo

    January 16, 2012 at 7:38 am

    နိုင်ငံရေး “ဈာဉ်” ဆိုတာပျောက်ခဲပါတယ်။ လေ့လာကြည်ရသလောက် ခေတ်အဆက်ဆက် မြန်မာနိုင်ငံရေးသမိုင်းတွေကြည့်ရင် ရာထူးကဖယ်ရှားခံရပြီးရင် သို့မဟုတ်အနားယူကြရပြီးရင် သတင်း စုံစုံမြုတ်သွားလေ့ရှီပါတယ်။ ဒီလိုမြုတ်သွားကြပေမဲ့ သူတို့အတွေး အခေါ် အယူအဆ နိုင်ငံရေးဝါသနာဟာပိုလို့တောင်ရှင်သန်ကြီးထွားလာကြပါတယ်။ မကြေနပ်ချက်တွေရှိရင် အာဃာတ ပိုကြီးလာတတ်ပါတယ်။ ဒါပေမဲ့ ခုလက်ရှိမြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေမှာ ယခင်အနားယူသူတွေကို ခေါ်ယူတာဝန်ပေးတာတွေ၊ အကြံယူတာတွေရှိနေပါတယ်။ ဗိုလ်ခုျပ်ကြီးဟောင်းခင်ညွန့်ဟာလဲ တနေ့မှာ နိုင်ငံရေးမျက်နှာစာမှာပြန်မပေါ်လာဘူးမယ်လို့ ဘယ်သူပြောနိုင်မလဲ။
    (သွားလေသူဝန်ကြီးချုပ်ဟောင်း သခင်နုကို လွန်ခဲ့သော နှစ်(၄၀)လောက်က ရန်ကုန်မြို့လယ်တနေရာမှ အမြို့မြို့အနယ်နယ်အနှံ့ ရခိုင်လေဘေးအတွက် အလှူခံထွက်စဉ်က သူဘယ်လောက်နိုင်ငံရေးစိတ်မကုတ်သလဲ ဆိုတာကို သူပြောပုံဆိုပုံတွေကြည့်ပြီးမြင်ရပါတယ်။)
    လူသာသေမယ် နိုင်ငံရေး ဈာန်ဆိုတာတော့ ဘယ်တော့မှမသေဘူးခင်ဗျ။

    • thit min

      January 16, 2012 at 7:48 am

      ဆရာရေ ဒါဆိုရင်တော့
      ကဗျာဆရာနေရဲနီရဲ့ ကဗျာလေးကိုပြန်ပြပေးရတော့မှာပါဘဲ။
      Credit to ဆရာနေရဲနီ and
      http://www.demowaiyan.co.cc/2012/01/blog-post_7680.html
      ——————————
      သူ့အလှည့် ကိုယ့်အလှည့်

      (ကဗျာရှင် နေရဲနီ)

      ဒုတိယကမ္ဘာ စစ်ပြီးတော့

      နူရင်ဘတ်စစ်ခုံရုံးက

      နာဇီတွေကို

      ထိုသူများသည် စစ်ရှုံးသောကြောင့် မဟုတ်ဘဲ

      စစ်ဖြစ်စေရန် ဖန်တီးခဲ့သောကြောင့် ဆိုတဲ့

      အကြောင်းပြချက်နဲ့ သေဒဏ်ပေးခဲ့ကြတယ်။

      ကြိုးမိန့်ကို အတည်ပြုဘို့ လက်မှတ်ထိုးပေးရတဲ့အတွက်

      ဘယ်တော့မှ နောင်တမရဘူးလို့ ဝင်စတန်ချာချီ ကပြောခဲ့တယ်။

      နာဇီတွေ ကြိုးစင်ပေါ်တက်တဲ့အခါ

      သေရတော့မယ် ဆိုတာသိထားလေတော့

      တချို့က ပြော့ခွေယိုင်နဲ့လို့

      ကြိုးစင်ပေါ်ကို တွဲတင်ရတယ်

      တချို့က ရုန်းကန်တွန်းထိုးလို့

      အတင်းချုပ်ပြီး ဆွဲတင်ရတယ်

      တချို့က ရူးသွပ်အော်ဟစ်လို့

      ခုန်ပေါက်ကန်ကြောက်ပြီး တက်သွားကြတယ်။

      ဒါပေမဲ့နာဇီတွေ တန်ခိုးထွားစဉ်အခါက

      သူတို့ကြိုးပေးခဲ့တဲ့ တော်လှန်ရေးသမားတွေလိုမျိုး

      ကြိုးစဉ်ကိုခေါင်းမော့ ရင်ကော့ပြီး တက်သွားတဲ့ လူတစ်ယောက်မှ မပါဘူး။

      တော်လှန်ရေးသမားတွေရဲ့ တောက်ခေါက်သံဟာ

      ယနေ့ထက်တိုင် လွင့်ပျံ့နေဆဲ။

      ဆက်ဒန်ဟူစိန်ကြီးကိုမိတော့ သူ့လက်ထဲမှာ

      ကျည်အပြည့်နဲ့ ပစ္စတိုတစ်လက်

      အာဏာအတွက် သားမက်ကိုတောင် အရှင်မထားခဲ့တဲ့လူက

      တိုက်ပွဲမှာ သေနတ်ကျည်ဆန်နဲ့

      ရဲရဲဝံ့ဝံ့ ဂုဏ်အသရေရှိစွာ မကျဆုံးရဲလေတော့

      ကြိုးစင်ထက်မှာ မချိမဆန့် အသက်ထွက်ရရှာတယ်။

      အာဇာနည်အဖြစ် ရဲရဲဝံ့ဝံ့ အသေခံသွားမယ်လို့ ပြောခဲ့တဲ့ မိုမာကဒါဖီ

      ရေဆိုးထုတ်တဲ့ ပြွန်ခေါင်းထဲကနေ

      လေးဘက် ထောက်ထွက်လာပြီး

      ရွှေသေနတ်လေးကမ်းပေးလို့ သူ့ကိုမပစ်ဘို့ကပြောသတဲ့

      တော်လှန်ရေးသမားတွေ ဝိုင်းရိုက်လိုက်ကြတာ

      သွေးသံရဲရဲနဲ့ ခွေးသေဝက်သေ သေရတယ်။

      ဦးကြည်မောင် ခင်ဗျားတိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ

      ကျုပ်က ခင်ဗျားထက် ပိုချစ်တယ်လို့ပြောခဲ့တဲ့

      တချိန်တုန်းက အတွင်းရေးမှူးတစ်

      နောက်တော့ ဝန်ကြီးချုပ်

      ဦးတဲ့သူဆော် လျင်တဲ့သူစား

      ဘက်တူရင် ဗိုလ်မထား

      ခွက်စောင်းခုတ်တဲ့ အာဏာလုပွဲမှာ

      သူ့ရွာကို မြေလှန်ခံရတော့

      တောခွေးတွေ ယုန်သူငယ်ဘဝ ရောက်သလို

      သူ့တပည့်တပန်း အပေါင်းလည်း

      တချို့လည်း ထောင်ထဲမှာသေ

      တချို့လည်း ဘဝတွေပျက်

      ဟိုအတန်း မီးလောင်သလို

      အုံးအုံးကြွက်ကြွက်ညံလို့

      သူလည်း နရသိန်ဘုံနန်းမှာ

      မဟေသီနဲ့ အတူစံရပေမဲ့

      သိပ်မကြာပါဘူး ဇာတိသရုပ် ပေါ်လာတယ်။

      ခလေးတွေရဲ့ပညာရေး

      မိသားစုရဲ့ စားဝတ်နေရေး

      ဟိုအရေး ဒီအရေးတွေ

      စတာတွေအတွက် တနိုင်တပိုင်

      သစ်ခွပန်းရောင်းလို့ ဖြေရှင်းနေရပါတယ်။

      ထို့အတွက် ထောက်ထားညှာတာသင့်ပါသည့် အကြောင်း

      မနှစ်ကတော့ သဲ့သဲ့ ကြားလိုက်မိပါရဲ့။

      ခုတဖန် လွတ်လာပြန်တော့လည်း

      ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်တဲ့။

      ဟိုအရင် တန်ခိုးထွားစဉ်က

      ပုလင်းတူဘူးဆို့ ဆရာအရှင်နဲ့ပေါင်းပြီး

      ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းနဲ့

      NLD ကိုချောင်ပိတ်ကြိုးတုပ်ပြီး

      နွံအတွင်းဇွတ်အတင်း ဆွဲနှစ်ခဲ့ပေမဲ့

      နွံကိုထိုးဖောက် ထွက်လာတဲ့ ပတ္တမြားအရောင်က

      ပွတ်လေပြောင်လေဖြစ်ပြီး အရောင်ပိုတောက်ခဲ့တယ်။

      ခွပ်ဒေါင်းတွေကို ယှဉ်ပြိုင်ဘို့အတွက်

      သူ့ကိုယ်သူ တိုက်ကြက်လို ကြိုးပမ်းခဲ့ပေမဲ့

      ဆရာသမားနဲ့မှ ခွပ်လတ်ချမိလေတော့

      တိုက်ကြက်မဖြစ်ဘဲ အသားစားကြက် ဖြစ်ရရှာတယ်။

      သူပို့ခဲ့တဲ့ တော်လှန်ရေးသမား ခွပ်ဒေါင်းတွေ

      တန်ခိုးအနန္တထွားပါတဲ့ ပုဒ်မ ၅(ည) နဲ့အတူ

      မဆုံးနိုင်တဲ့ အကာလ ညများစွာကို ယုံကြည်ချက်ပြင်းစွာ ကျော်ဖြတ်ရင်း

      စစ်ခွေးတိုက်ကို ပို့မလား

      အစာငတ်ခံ ဆန္ဒပြရမှာလား

      မတရားမှုကို ဆန့်ကျင် အံတုပြီး

      မြန်မာပြည်ဒီမိုကရေစီအတွက်

      ခွပ်ဒေါင်းတို့ရဲ့ သွေးဟာ ရဲရဲနီနေတုန်း

      အတောင်တွေက တဖျပ်ဖျပ်ခတ်နေဆဲ

      နှုတ်သီးဖျားက ချွန်မြထက်နေမြဲ

      ကမ္ဘာမကြေဘူးဟေ့ သီချင်းသံ မိုးယံတိုင်နေဆဲ။

      ကြွေတလှည့် ကြက်တခုန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ

      အတုံ့အလှည့် ဝဋ်လည်တယ်ဆိုတာ ဒါပါဘဲ။

      ပတ္တမြားမစစ်လို့ နွံနစ်ခဲ့တာ

      အချိန်ကာလက စကားပြောခဲ့တယ်

      အာဃာတကင်းစွာနဲ့ သူ့စကားကိုကြိုဆိုပါတယ်။

      နေရဲနီ
      ကဗျာရှင် နေရဲနီအား ကျေးဇူးတင်ပါသည်။

      • kai

        January 16, 2012 at 8:37 am

        နားလည်သလောက်… နဝတ..နအဖ တို့ရဲ့ လုပ်ရပ်တွေကို.. အခြေခံဥပဒေနဲ့ အကာအကွယ်ပေးထားတယ်….
        ဆိုတော့.. ထိတို့ခွင့်မရှိပါဘူး..
        =
        ဒါပေမဲ့..
        ဦးခင်ညွှန့်က.. နအဖကိုယ်တိုင် အပြစ်ပေးထားတာခံခဲ့ရတာမို့.. အဲဒီအခြေခံဥပဒေအကာအကွယ်ယူလို့ ရ/မရ မသိပါဘူး..
        မရရင်တော့.. မြန်မာ့သမိုင်းမရိုင်းရအောင်… တရားရေး (justice ) တင်သင့်တယ်ထင်မိပါတယ်..။
        ပုဂ္ဂိုလ်ရေးမပါ… မြန်မာ့သမိုင်းအတွက်သက်သက်ပါ…။

        နောက်တခုက… justice တင်သည်ဖြစ်စေ…မတင်နိုင်သည်ဖြစ်စေ….
        ဦးခင်ညွှန့်အနေနဲ့.. သူရဲ့ရက်စက်တဲ့.. လုပ်ရပ်တွေ.. အမှားတွေကို.. ကာယကံရှင်တွေဖိတ်ပြီး.. တရားဝင်ကမ္ဘာသိ.. ဝန်ချတောင်းပန်သင့်တယ် ထင်မိပါတယ်..။
        တောင်းပန်ခြင်း..ကြေအေးခြင်း အလေ့အကျင့်ကို.. မြန်မာ့သမိုင်းမှာကျန်ရစ်အောင် လုပ်ပေးသင့်တယ်..။

        • ကြောင်ကြီး

          January 16, 2012 at 10:46 am

          သဂျီးကို တောင်းပန်ပါဒယ်။ ကျုပ်ကို သဂျီး ပြန်တောင်းပန်ပေးပါ..။ 🙄

  • maungmoenyo

    January 16, 2012 at 8:23 am

    ဪ…”အာဏာ”။ “စံ” ကြတုန်းတော့ ဘဝကိုမေ့ (မမေ့ဘူးပြောကြပေမဲ့ မေ့ကြသူတွေချည့်ပါ။)…။ ခံတဲ့အချိန်ကတော့ ကျောကော့နေအောင်ခံကြပေါ့။ ဒါဘဲဟဲ့..နိုင်ငံရေးလောကဓံ…။

Leave a Reply