ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ (၈)ဈေးအနီးတွင် မနေ့က (30.5.2010) ညနေပိုင်း အချိန် ၂နာရီခွဲနှင့် ၃ နာရီကြားလောက်တွင် အသက် (၁၇) အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါသည်။

ဝိုင်းအုံကြည့်ရှုနေကြသော လူအများဆီမှ စကားသံများအရ ဖြစ်ပွားပုံမှာ ရေနစ်သေသော လူငယ်မှာ မွေးရာပါ ၀က်ရူးပြန်ရောဂါ ရှိသည်ဟူ၍၄င်း၊ မိခင်မရှိတော့ ဟူ၍၄င်း၊ မိုးရွာနေစဉ် ဘော်လုံးထွက်ကန်ကြပြီး ဘော်လုံးက ယခုမှ အသစ်တူးဖေါ်ထားသော (၁၀) ပေ ကျော် အနက်ရှိသည့် မြောင်းကြီးသို့ ကျရောက်သွား၍ ဆယ်ယူရာမှ အရှိန်လွန်ပြီး ပြုတ်ကျသွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
ထိုလူငယ်နှင့်အတူ ကစားဖေါ်များက ထိုလူငယ်အား ကယ်ဆယ်ရန် လူကြီးသူမများ၊ ရပ်ကွက်ကိုပါ အကူအညီတောင်းခံခဲ့ပြီး တာဝန်သိပြည်သူတစ်ဦးမှ နှစ်ကြိမ်တိုင်တိုင် ရေငုပ်ရှာဖွေခဲ့ရကြောင်း သိရပြန်သည်။
သေဆုံးသွားသော ထိုလူငယ်၏ ရုပ်အလောင်းကို ရဲများ၊ မီးသတ်များက စစ်ဆေးပြီး ဦးကျော်သူ၏ နာရေးကူညီမှုအသင်းမှ ကားနှင့် တင်ဆောင်သွားသည်ကိုလည်း သိရှိရပါသည်။
အများအပြောအရ ထပ်မံ၍သိရှိရသည်မှာ ထိုကောင်လေး ရေနစ်သော နေရာမှာ ယမန်နှစ်က လူသတ်မှုဖြစ်ခဲ့သော အိမ်ရှေ့တွင် ဖြစ်သည်ဟုလည်း သိရှိရပါသည်။

About chitkay

myosithu minn has written 26 post in this Website..