အလုပ်ကိုယ်စီနဲ့ မအားမလပ်တဲ့ ရွာသူ ရွာသားတွေ တစ်ခါတစ်ခါ ဆုံဖို့ ခက်ခဲပါတယ် … အားလုံး အားမယ့် အချိန်ကို ညှိကြရတယ် ..ရှိသမျှ အချိန်လေးစုပြီး ခဏဆုံကြတဲ့အခါ အမှတ်တရ စာကြောင်းလေးတွေ ရေးဖြစ်ခဲ့တယ်ပေါ့…. ။  …… ဘယ်သူတွေ ဘာရေးခဲ့လဲ … သိချင်လျှင်တော့ စာဆုံးတဲ့ အထိ ဖတ်ကြည့်ကြပါနော် …. ။

 

 

ပျော်တတ်ပြီး စိတ်ထားကောင်းကြတဲ့ အဖွဲ့သားတွေပါဆိုတဲ့ ဦးဦးပါလေရာ ….

အမှတ်တရရှိနေမယ့် ရွာသားတွေပါ …

အဆင်ပြေကြလျှင် ခဏခဏတွေ့ကြတာပေါ့ …

အလှူတန်းတွေလည်း ထပ်လုပ်ရင်းနဲ့ပေါ့ဆိုတဲ့ ….  nozomi

 

 

အားလုံးမင်္ဂလာပါ ..

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းမှုတွေ များစွာနဲ့ အောင်မြင်မှူတွေ ရရှိပိုင်ဆိုင် နိုင်ကြပါစေဆိုတဲ့ …….. ဆူး

 

online ပေါ်မှာလည်း ပျော်ပျော်ပါးပါးပါပဲ ။

အပြင်မှာလည်း အရမ်းခင်ဖို့ကောင်းတဲ့ ရွာသူရွာသားတွေပါ ။ အခုလို အပြင်မှာဆုံတွေ့ ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ် ခင်ဗျာ ဆိုတဲ့ ….  ET

ဒီနေ့တွေ့ဆုံရတာ ကြည်နူးစရာပါ ….

အလှူကိစ္စအတွက်လည်း စီစီဖြစ်ကာ အရမ်းမုဒိတာဖြစ်မိပါတယ် ဆိုတဲ့   ….. AKKO

 

MG ရွာသားများတွေ့ဆုံပွဲ အမှတ်တရ….

ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးပေါ့နော် … ဆိုတဲ့ … မမ

 

လေထဲမှ မိတ်ဆွေ အဖြစ်မှသည်

မျက်မြင်မိတ်ဆွေ အဖြစ်သို့

ထိုမှ တဆင့် ထာဝရမိတ်ဆွေအဖြစ်သို့ ရောက်နိုင်ကြပါစေ….ဆိုတဲ့ ….  ပဒုံမ္မာ (နာမည်လေး note pad ပေါ်က ဆေးဗူးကြီးပေါ်ရောက်နေလို့ … ဆေးဗူးကြော်ငြာသလိုဖြစ်မှာ စိုးလို့ …ကွယ်ထားလိုက်တယ် …  )

ကျွန်တော်ရန်ကုန်ရောက်တဲ့အခိုက် … ညီလေးအင်ဇာဂီမွေးနေ့တိုက်ဆိုင်ပြီး မန်းဂေဇက်မိသားစုများ ပျော်ရွှင်စွာ တွေ့ဆုံ ၊ ကြုံတောင့်ကြုံခဲ ပျော်ရွင်စရာကောင်းသောနေ့ ရက် ၊ မေ့မရသော နေ့ရက် …. ဆိုတဲ့ ….. ကိုပေါက်

MG ရွာသားတွေ တွေ့ဆုံပွဲက ပျော်ရွှင်စရာတွေ အတိပါပဲ …. စည်းစည်းလုံးလုံး ညီညီညွတ်ညွန်နဲ့ပေါ့ …လေလှိုင်းပေါ်က ခင်မင်မှုကနေစခဲ့တဲ့ … MG ရဲ့ အမှတ်တရလေးပေါ့ … ဆိုတဲ့ …. နွယ်ပင် …

               

 

ဒီအဖွဲ့တွေ ဆုံဖြစ်လျှင် ဒီလောက်ပျော်စရာကောင်းမယ်လို့ တခါမှ မတွေးခဲ့မိဘူး … နာဒယ်… ဆိုပြီး …  ၀ိတ်ချဖို့လည်း အရွန်းဖောက်ရေးသွားတဲ့ ……….. ချာတူးလန်

ဒီနေ့တွေ့ဆုံပွဲရောက်မှပဲ သိရတော့တယ် …

ရွာသူရွာသားတွေ အားလုံးဟာ လူသိမများချင်လို့ ရုပ်ရှင်မရိုက်ခဲ့တာကိုး

ရုပ်ရှင်ရိုက်လျှင် အောင်မြင်နိုင်လောက်အောင် ရုပ်ချောတဲ့သူတွေချည်းပဲ ဆိုတဲ့ …….  Foreign Resident …

 

 

တွေ့ဆုံကြုံကွဲ ဓမ္မတာ မမှန်ခင်လေး .. စည်းလုံးကြတာပေါ့ ဆိုတဲ့ …..  M- lulin

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!