ရွာသူ ၊ ရွာသားများရဲ့ အမှတ်တရ စာကြောင်းလေးများ

etoneJanuary 16, 20123min27532

 

အလုပ်ကိုယ်စီနဲ့ မအားမလပ်တဲ့ ရွာသူ ရွာသားတွေ တစ်ခါတစ်ခါ ဆုံဖို့ ခက်ခဲပါတယ် … အားလုံး အားမယ့် အချိန်ကို ညှိကြရတယ် ..ရှိသမျှ အချိန်လေးစုပြီး ခဏဆုံကြတဲ့အခါ အမှတ်တရ စာကြောင်းလေးတွေ ရေးဖြစ်ခဲ့တယ်ပေါ့…. ။  …… ဘယ်သူတွေ ဘာရေးခဲ့လဲ … သိချင်လျှင်တော့ စာဆုံးတဲ့ အထိ ဖတ်ကြည့်ကြပါနော် …. ။

 

 

ပျော်တတ်ပြီး စိတ်ထားကောင်းကြတဲ့ အဖွဲ့သားတွေပါဆိုတဲ့ ဦးဦးပါလေရာ ….

အမှတ်တရရှိနေမယ့် ရွာသားတွေပါ …

အဆင်ပြေကြလျှင် ခဏခဏတွေ့ကြတာပေါ့ …

အလှူတန်းတွေလည်း ထပ်လုပ်ရင်းနဲ့ပေါ့ဆိုတဲ့ ….  nozomi

 

 

အားလုံးမင်္ဂလာပါ ..

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကံကောင်းမှုတွေ များစွာနဲ့ အောင်မြင်မှူတွေ ရရှိပိုင်ဆိုင် နိုင်ကြပါစေဆိုတဲ ့…….. ဆူး

 

online ပေါ်မှာလည်း ပျော်ပျော်ပါးပါးပါပဲ ။

အပြင်မှာလည်း အရမ်းခင်ဖို့ကောင်းတဲ့ ရွာသူရွာသားတွေပါ ။ အခုလို အပြင်မှာဆုံတွေ ့ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ် ခင်ဗျာ ဆိုတဲ့ ….  ET

ဒီနေ့တွေ့ဆုံရတာ ကြည်နူးစရာပါ ….

အလှူကိစ္စအတွက်လည်း စီစီဖြစ်ကာ အရမ်းမုဒိတာဖြစ်မိပါတယ် ဆိုတဲ့   ….. AKKO

 

MG ရွာသားများတွေ့ဆုံပွဲ အမှတ်တရ….

ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးပေါ့နော် … ဆိုတဲ့ … မမ

 

လေထဲမှ မိတ်ဆွေ အဖြစ်မှသည်

မျက်မြင်မိတ်ဆွေ အဖြစ်သို့

ထိုမှ တဆင့် ထာဝရမိတ်ဆွေအဖြစ်သို့ ရောက်နိုင်ကြပါစေ….ဆိုတဲ့ ….  ပဒုံမ္မာ (နာမည်လေး note pad ပေါ်က ဆေးဗူးကြီးပေါ်ရောက်နေလို့ … ဆေးဗူးကြော်ငြာသလိုဖြစ်မှာ စိုးလို့ …ကွယ်ထားလိုက်တယ် …  )

ကျွန်တော်ရန်ကုန်ရောက်တဲ့အခိုက် … ညီလေးအင်ဇာဂီမွေးနေ့တိုက်ဆိုင်ပြီး မန်းဂေဇက်မိသားစုများ ပျော်ရွှင်စွာ တွေ့ဆုံ ၊ ကြုံတောင့်ကြုံခဲ ပျော်ရွင်စရာကောင်းသောနေ ့ရက် ၊ မေ့မရသော နေ့ရက် …. ဆိုတဲ့ ….. ကိုပေါက်

MG ရွာသားတွေ တွေ့ဆုံပွဲက ပျော်ရွှင်စရာတွေ အတိပါပဲ …. စည်းစည်းလုံးလုံး ညီညီညွတ်ညွန်နဲ့ပေါ့ …လေလှိုင်းပေါ်က ခင်မင်မှုကနေစခဲ့တဲ့ … MG ရဲ့ အမှတ်တရလေးပေါ့ … ဆိုတဲ့ …. နွယ်ပင် …

               

 

ဒီအဖွဲ့တွေ ဆုံဖြစ်လျှင် ဒီလောက ်ပျော်စရာကောင်းမယ်လို့ တခါမှ မတွေးခဲ့မိဘူး … နာဒယ်… ဆိုပြီး …  ဝိတ်ချဖို့လည်း အရွန်းဖောက်ရေးသွားတဲ့ ……….. ချာတူးလန်

ဒီနေ့တွေ့ဆုံပွဲရောက်မှပဲ သိရတော့တယ် …

ရွာသူရွာသားတွေ အားလုံးဟာ လူသိမများချင်လို့ ရုပ်ရှင်မရိုက်ခဲ့တာကိုး

ရုပ်ရှင်ရိုက်လျှင် အောင်မြင်နိုင်လောက်အောင် ရုပ်ချောတဲ့သူတွေချည်းပဲ ဆိုတဲ ့…….  Foreign Resident …

 

 

တွေ့ဆုံကြုံကွဲ ဓမ္မတာ မမှန်ခင်လေး .. စည်းလုံးကြတာပေါ့ ဆိုတဲ့ …..  M- lulin

 

32 comments

  • windtalker

    January 16, 2012 at 4:30 pm

    အမှတ်တရများသည် နောက်တစ်ချိန်ကြ ရွှေထက်အဖိုးတန်လာမည် ။

  • zaw min

    January 16, 2012 at 4:44 pm

    တွေ့နိုင်သူတွေ တွေ့ကြပါ၊တွေ့ကြပါ…
    စောင့်လို့တော့ နေလိုက်အုံး မမုန်းသရွှေ့တော့ စောင့်လိုက်အုံး…

  • စိန်ပေါက်ပေါက်

    January 16, 2012 at 4:46 pm

    သများလဲ ရေးပေးမယ်..လှလှဂလေးရေးပေးမယ်..
    မောင်ပေကျောက်အောင်ရင် ဘီယာလာတိုက်ပါ

  • mandalarthu

    January 16, 2012 at 4:52 pm

    အခုလို စာလေးတွေရေးထားခဲ ့ ကြတာ အမှတ်တရနဲ ့ပျော်စရာကြီးဘဲ။
    တို ့လဲ တကြောင်းလောက်တော ့ရေးထားခဲ ့ချင်လိုက်တာ…..နော်။

  • manawphyulay

    January 16, 2012 at 5:09 pm

    နာလည်း ပါဘူး။ အမှတ်တရတွေပါပဲ။ ပထမ တွေ့ဆုံပွဲတုန်းက ရေးပေးထားတာတွေ သိမ်းထားပါတယ် ရွာသူရွာသားအပေါင်းတို့ရှင်….

    • etone

      January 17, 2012 at 10:11 am

      အစ်မ မနောရေ … နီးစပ်ရာကို ဖုန်းနဲ့လှမ်းပြီး ချိတ်ကာ ကမန်းကတန်း ကွန်ဖမ်းဖြစ်သွားတာမို့ ပါ … ။ အဲ့နေ့ မနက်ကမှ … နေရာနဲ့ အချိန်ကို သေချာ ကွန်ဖန်းပြန်လုပ်ကြရတာမို့လို့ .. လက်လှမ်းမမှီလိုက်တာ… ဖုန်းနံပါတ်ပေးထားပါ .. နောက်တကြိမ်ဆုံကြလျှင် လှမ်းချိတ်လို့ရအောင်ပေါ့ … ။

  • ကျနော်လာစဉ်အခို်က်
    တွေ့ဆုံနိုင်အောင်
    စီစဉ်ပေးသော
    ရွာထဲမှ မိတ်ဆွေများကို ကျေးဇူးတင်ပါ၏
    ကိုပေါက်လာရင် ရွာက လူတွေစုဖြစ်အောင်စုမယ်နော်။

  • ရွှေဘိုသား

    January 16, 2012 at 5:29 pm

    အင်း ဒို့များလည်း တစ်ခါလာလည်း မလာနိုင် တွေ့ဆုံပွဲဆိုနောက်ရောက်ရောက်နေတာ
    အလှူကျရင်တော့ သွားနိုင်မယ်လို့ မျှော်လင့်ပါရဲ့

  • MaMa

    January 16, 2012 at 5:39 pm

    စိတ်ကူးကောင်းတဲ့ အီတုံး။ ဒီလိုမှန်းသိရင် ကိုယ်ကအရင်ဦးအောင် ရေးခိုင်းပြီး တင်ပါတယ်။ 😀
    မတင်ထားတဲ့ ပါစင်နယ်ရေးပေးထားတဲ့ စာတွေရှိနေတယ်ဆိုတာ သိနေတယ်နော်။
    (နှုတ်ပိတ်ခ မပေး၍ဖော်ကောင်လုပ်လိုက်သည်။)

  • htet way

    January 16, 2012 at 6:20 pm

    ကျွန်တော်လည်းအဲ့ဒီနေ့က…တက်ခဲ့..ပါတယ်
    စာသား..လေ..မပါ သွား…ဘူး..နော်..။အင်းကံဆိုးပေစွ

  • fatty

    January 16, 2012 at 7:01 pm

    တို့လဲမရေးလိုက်ရပါလားဟေ့ ကံဆိုးပေစွ

    • etone

      January 17, 2012 at 8:27 am

      ဦးဖက်နဲ့ ကိုထက်ဝေးရေ …. စာအုပ်က တပတ်တော့လည်သွားတော့ .. အားလုံးရေးလိုက်ပြီးပြီမှတ်လို့ … ပြန်ရောက်မှ ကြည့်လိုက်တော့ …. တချို့လူတွေ မပါဘူးဖြစ်သွားတယ် ….. ။ ဆောရီးပါနော့ … ။ 🙁

  • မမအိတုံရဲ့(၇၇၇)မြောက်ပို ့စ်သည်လဲ မှတ်မှတ်ရရ ပိုဖြစ်သွားတာပေါ့ဗျ။ကျနော်လဲ အလှုူငွေထည့်ဝင်ရင်း
    လာမယ့် မတ်လလောက်မှ မိတ်ဆွေ၊မောင်နှမများနဲ ့တွေ ့ဆုံချင်ပါတယ်ဗျာ။

  • water-melon

    January 16, 2012 at 7:32 pm

    တိမ်ခြေ ငယ်ရှင်းပါလို့
    မြူနှင်းငယ်စိုစို
    လပြာသိုမှာ
    နွယ်ခွါညိုမြိုင်မြိုင်နှင့်
    လှိုင်လှိုင်သင်းတဲ့လ-မှာ ရွာသူရွာသားတွေနဲ့အတူ အလှူတစ်ခု ပြုခဲ့မိတဲ့ ဖရဲကျေးဇူးတင်ပါတယ်။
    ဖရဲဘဝမှာ ခင်မင်မှု နွေးထွေးမှု တို့ကို MG မှာရရှိခဲ့ပါတယ်။
    နောက်လည်းစုံပါအုန်းမယ်။ မန်းလေးလာရင် ဖရဲသီးကျွေးမယ်။
    (အပေါ်က ကဗျာက မဟာအတုမင်းကြီး စပ်ထားတာပါ)

  • မန်းလေးလာရင်ကျွေးမယ်ဆိုတော့ မန်းလေးမှာနေတဲ့သူတွေကိုတော့ မကျွေးဘူးပေါ့။
    အဲဒီနေ့ကဖရဲသီးတွေ အများကြီးရိုက်လာတယ် ။
    သဘောပေါက်။

  • weiwei

    January 16, 2012 at 9:39 pm

    အဲဒီနေ့က မအားဖြစ်တာ ကံကောင်းသွားတယ် … နို့မို့ဆို လက်ရေးမလှတာ လူတွေသိတော့မှာ … 😛
    တွေ့ဆုံပွဲတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်းရင်းနှီးနှီးဖြစ်ကျန်ခဲ့တာ အမှတ်တရတွေပါပဲ …
    စာကြောင်းနဲ့မရေးပဲ ရင်ဘတ်နဲ့ပဲ ရေးလိုက်တယ် …

    ၇၇ရ ပို့စ်တောင်ရှိသွားပြီဆိုတော့ မနဲဘူးပဲ … အပုဒ်ပေါင်း ထောင်သောင်းမက ရေးနိုင်ပါစေ …

    ကိုဘလက်တစ်ယောက် အီးတုံးကို မတူးရဲဘူးမဟုတ်လား … ၇၇ရ ပုဒ်ဖတ်ရမှာ ကြောက်လို့လေ … 🙂

    • ဟုတ်တယ်နော် မမဝေရေ.. ကိုဘလက်ချောကြီးကတော့ မမအိတုံရဲ့ပို ့စ်တွေကို
      ဆက်လက်တူးဖော်ရမှာ။ကြောက်နေတယ်ထင်ပေါ့နော် များလွန်းလို ့။ဟီးးး

    • etone

      January 17, 2012 at 8:33 am

      အဟဲ မဝေ …. ဘောပင်နဲ့ စာအုပ်အမြဲဆောင်ထားတယ် ….. ။ ထင်းခွေမကြုံတော့ရေခတ်ကြုံဦးမှာပေါ့ …. ဟဲဟဲ … ဘယ်ပြေးမလဲ မိဝေသဲ :mrgreen:

  • ဦးဦးပါလေရာ

    January 16, 2012 at 11:04 pm

    အော် .. ဒီလိုရေးကြတယ်လား..။
    မသိပါဘူးဗျာ ၊ အဘဖေါက သူရေးပြီးသားကို ရေးဦးမလားမေးပြီးလာထိုးပေးတော့
    ခပ်တိုတိုခပ်မြန်မြန်ရေးလိုက်တယ်။
    ကိုယ်နဲ့ သူနဲ့ နှစ်ယောက်ပဲ ရေးတယ်မှတ်တာ
    သူများရေးတာတွေ သတိတောင်မထားမိလိုက်ဘူး။
    တွေ့တဲ့လူ ဖမ်းဆွဲပြီး လေပစ်နေတာနဲ့ ပတ်ဝန်းကျင်တောင်မေ့တယ်..:)

  • Burmese or Chinese

    January 17, 2012 at 7:24 am

    တွေ့ကြပါ၊တွေ့ကြပါ…………

  • Novy

    January 17, 2012 at 9:11 am

    မနိုလဲ မရေးလိုက်ရဘူး
    နောက်တစ်ခေါက်တွေ့မှ တစ်မျက်နှာလောက်ရေးလိုက်မယ်
    ဝလုံးတွေ

  • ဂျက်ကီချီးပေ

    January 17, 2012 at 9:58 am

    ခင်ဗျားတို့မျက်နှာလဲ ကျုပ်မကြည့်ခြင်ဘူး
    ကျုပ်မျက်နှာလဲ ကျုပ်မကြည့်ခြင်ဘူး

    • ဂျက်ကီချီးပေ

      January 17, 2012 at 9:58 am

      ဂျက်ကီချီးပေ

  • etone

    January 17, 2012 at 10:05 am

    အမှန်ကလေ …. အဲ့ဒီစိတ်ကူးကို ကျွန်မရတာမဟုတ်ဘူး ….. AKKO ကရတာ …
    သူပဲ စာအုပ်ထုတ် ၊ ဘောလ်ပင်ထုတ်ပြီး … သူအရင်ရေးတာ …. 😆

    ကျွန်မက သူ့စာအုပ်ကိုယူ….ဓါတ်ပုံရိုက်ပြီး ပို့စ်တင်ရုံပဲ .. ဟီးဟီး … ။

  • M-Lulinရွှေ

    January 17, 2012 at 10:27 am

    အန်တီ အိတုံ .. အနော် ရေးထားတာ လဲ မပါဘူး 🙁

    • etone

      January 17, 2012 at 1:39 pm

      စိန်တွေ ရွှေတွေ ဇယ်တောက်တမ်းကစားနေတဲ့ ရွာထဲက ဒါ့ပုံဆြာကြီးရေ .. မှားတာရှိလျှင် ဝန္ဒာမိပါ ….. ဟီး …….. တင်တုန်းက တယောက်ကျန်ခဲ့မှန်း အခုမှ သိတယ်… 😀

  • နွယ်ပင်

    January 17, 2012 at 12:32 pm

    လက်ရေးမလှတာတွေ လူတွေသိကုန်ပါပြီ … 😛
    နောက်တစ်ခါတွေ့ရင် လက်ရေးလှလှလေးနဲ့
    ရေးဖို့ အခုတော့ အလုပ်မှာ လက်ရေးလှအောင်
    “ဝ” လုံးအရေးကျင့်နေလို့ မအားဘူးဖြစ်နေတယ် ဟီး 😀

    • Moe Z

      January 17, 2012 at 1:23 pm

      မမနွယ်ပင်ရေ လက်ရေးလှကျင့်ဖို့စာအုပ်လေးတွေ ပို့ပေးရမလား 😛

  • Shwe Tike Soe

    January 17, 2012 at 1:15 pm

    ဘာမှန်းလဲမသိဘူးဗျ မအိတုံကြီးကလဲ ကျွန်တော်တောင်မရေးလိုက်ရဘူး.. အဟင့်
    ကိုဂီအတွက်ရေးခိုင်းတာမှတ်ပြီးတော့ ထပ်မရေးဖြစ်တာ.. ဒီကလက်ရေးကအလှနော့ ဟိဟိ

  • awra-cho

    January 17, 2012 at 3:44 pm

    ဒို့ တွေက အေရိယာ ပြင်ပလေ၊ ငေးနေရုံပဲ။ နိုင်ခြံဂါး တော့မ ထင်ကျနဲ့။

Leave a Reply