၁၀-၁၂-၁၁ နေ့ မနက် ၆း၃၀ လောက်မှာ နိုးနေသည်။ ဟိုတယ်မှာ ဘရိတ်ဖတ်စ် စားဖို့မပါ။    စားမယ်ဆိုရင် ၁၄၈ ဟောင်ကောင်ဒေါ်လာပေးရမည်ဖြစ်သည်။                                                                                                                            ကိုယ်က မနက်စာလဲ များများစားနိုင်မည်မဟုတ် ဒါကြောင့် ဟိုတယ်မှာ မစားဘဲ အခန်းထဲမှာပင်စားရန် ခေါက်ဆွဲခြောက်စသည့်၊ ကိတ်မုန့်ပေါင်မုန့်များ         ၀ယ်ထားပေးရန် နဂိုထည်းက ပြောထားသည့်အတွက် အခန်းထဲမှာ အဆင်သင့်ရှိသည်။ ရေနွေးကြိုရုံသာလိုသည်။ ရေနွေးအိုးခလုပ် နှိပ်လိုက်သည်။

လူကတော့ သွားတိုက် မျက်နှာသစ်ကာ ရေနွေးဖြင့် ကန်ထဲ စိမ်လိုက်သည်။ ၁၅ မိနစ်လောက်တော့ စိမ်လိုက်သည်။ အညောင်းအညာပြေသွားသည်ဟု ထင်ရသည်။ ရေချိုးပြီးတော့ မနက်စာအတွက်ခေါက်ဆွဲဗူးထဲ ရေနွေးထည့်လိုက်သည်။ ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။

ကိုယ်တိုင်ဖျော်ကော်ဖီ (သောက်ကြဦးမလား)

အဆင်သင့်ဖြစ်တော့ မနက်စာ စားလိုက်သည်။ စားပြီး မှတ်တမ်းရေးကာ တီဗီသတင်းလိုင်း ဖွင့်လိုက်သည်။ အခန်းအပြင်ဘက်တွင်လည်း south china morning post သတင်းစာကို အိတ်ဖြင့်ချိတ်ထားသည်ကို တွေ့ရသည်။ တည်းခိုဖူးသမျှဟိုတယ်များတွင် ဒီဟိုတယ်က သတင်းစာတော့ နေ့တိုင်း အခမ်းရှေ့ချိတ်ပေးသည်။ သောက်ရေကတော့ မပေး။ ၀ယ်သောက်ရသည်။ သတင်စာက မဖတ်လဲဖြစ်သည် ရေက မသောက်လို့မရ။ အဲဒါတစ်ခုတော့ မကြိုက်။ နောက်တစ်ခု ကြုံရသေးသည် သတိပေးစာများ ခဏခဏပို့သည်။ fire alarm လုပ်မှာတို့၊ ရေကူးကန်းဆေးမှာတို့၊ ဟိုတယ်အပြင်ဘက်မှန်များ သန့်ရှင်းရေးလုပ်မှာတို့ စသည့် သတိပေးစာများပို့သည်ကို ကြုံတွေ့ခဲ့ရသည်။ အတွေ့အအကြုံသစ်တွေပါဘဲ။ ကိုယ်ကတော့ သူတို့ပြောသည့်အချိန် ဟိုတယ်မှာ မရှိ၊  မနက် ၉-နာရီခွဲကျော်လောက်ကထွက်သွားတာ  ညကိုးနာရီကျော်မှ ပြန်ရောက်လေ့ရှိသည်။

          လုပ်စရာကိစ္စများပြီးတော့မိတ်ဆွေလာခေါ်တော့မည်ဖြစ်၍ အဆင်သင့်ပြင်ဆင်ကာ စောင့်နေလိုက်သည်။ ၉ နာရီ ခွဲခန့်တွင် ရောက်လာသည်။ အဓိက အလည်အပတ်လာရန်ခေါ်သော မိတ်ဆွေအိမ်သို့ သွားရန်ဖြစ်သည်။ ဟိုတယ်မှ ထွက်ကာ A21 ဘတ်စ်ကား စီးကာ မိတ်ဆွေအိမ်သို့ သွားဖြစ်သည်။ မိတ်ဆွေက အိမ်ရာ တစ်ခုမှာ နေထိုင်တာဖြစ်သည်။ ထိုမိတ်ဆွေက အိပ်အောက်ရောက်အောင်ဆင်းကြိုနေသည်။ သူနေသည်က အထပ် ၂၀ တွင်ဖြစ်သည်။ အိမ်ရှေ့က ပန်းခြံတွင်လျှောက်ပတ်ကြည့်ပြီး အိမ်ပေါ်သို့ ဓာတ်လှေကားဖြင့်တက်ကြသည်။

စွယ်တော် ခရမ်းပြာပွင့်တွေနဲ့ (ဟောင်ကောင်ရဲ့သင်္ကေတပန်းဟုဆိုသည်) (၁)

စွယ်တော်ပန်းခရမ်းရောင် (၂) (ပန်းကြိုက်သူများအတွက်)

တခြား မိတ်ဆွေများကိုလည်းတွေ့ရသည်။ နေ့လည်စာကို တပျော်တပါးစားကြသည်။ နေ့လည်စာပုံတွေကိုတော့မတင်တော့ပါ။ လူတွေပါနေလို့။ ပြီးတော့ ရွာသားတွေသွားရည်ကျမှာစိုးလို့ (ခင်လို့ နောက်တာ)။ နေ့လည်စာစားပြီး တခြားလည်ပတ် မည့်နေရာသို့ လာကြိုသည့် ဟောင်ကောင်သားမိတ်ဆွေကခေါ်သွားသည်။

          မြေအောက်ရထားစီးကာသွားကြသည်။ ဆင်းသည့်ဘူတာကိုတော့ မမှတ်မိတော့။ ရထားကဆင်းပြီး အပြင်ထွက်ကာ ဟောင်ကောင်ပန်းခြံထဲ            ၀င်ကြသည်။ ပန်ခြံကတော့ သိပ်တော့ ကျယ်ကျယ်ဝန်းဝန်းမဟုတ်။ သေချာတော့ ပြင်ထားသည်။ ပန်းတွေကို တကူ:တက လှပအောင် ပြင်ပြီး ရေကန်ထဲ ချထားသည်။

ဟောင်ကောင်ပန်းခြံထဲမှာ (၁)

ဟောင်ကောင်ပန်းခြံထဲမှာ (၂)

 ဟောင်ကောင်ပန်းခြံထဲမှာ (၃)

 ဟောင်ကောင်ပန်းခြံထဲမှာ (၄)

 ဟောင်ကောင်ပန်းခြံထဲမှာ (၅)

 ဟောင်ကောင်ပန်းခြံထဲမှာ (၆)

 ဟောင်ကောင်ပန်းခြံထဲမှာ (၇)

 ဟောင်ကောင်ပန်းခြံထဲမှာ (၈)

 ဟောင်ကောင်ပန်းခြံထဲမှာ (၉)

ပန်းခြံထဲတွင်လူအချို့က ထိုင်နေကြသည်။ အချို့ဓာတ်ပုံရိုက်နေသည်။  မိတ်ဆွေက တိုးရစ်ကြီး ကျွန်ုပ်ကိုဓာတ်ပုံရိုက်သည်။ ကျွန်ုပ်ကင်မရာပါယူပြီးရိုက်ပေးသည်။ (လူကလဲ တော်တော်ဟန်းဆန်းဖြစ်တာဆိုတော့ ရိုက်ချင်စရာပေါ့၊ ဟဲဟဲ နောက်တာပါ၊ တကယ်ပါ။) ကျန်ုပ်က ရှုခင်းပုံများရိုက်လိုသည်။ ကင်မရာက သူ့ဆီရောက်နေတာဆိုတော့ ရိုက်ဖို့ မေ့သွားသည်။ ဒီပို့စ်ထဲမှ တချို့ပုံများသည်၊ ကျွန်ုပ်မိတ်ဆွေ၏လက်ရာများဖြစ်သည်။  ဓာတ်ပုံရိုက်ပြီး ပန်းခြံမှထွက်ကာ အဓိကသွားမည့်နေရာကိုခေါ်သွားသည်။

          သွားမည့်နေရာက the peak tram  လို့ခေါ်တဲ့ တောင်ထိပ်ပေါ်သို့ ဓာတ်ရထားဖြင့်တက်ကာ ဟောင်ကောင် ရှုခင်းကို အပေါ်စီးမှ ကြည့်ရသည့်နေရာဖြစ်သည်။  (လိုက်ကြမလား၊ လိုက်မယ်ဆိုကြိုပြော-လက်မှတ်ဝယ်ရမှာ)။

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.