“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”

1 အင်းလျားရဲ့ လှညနေ အပြာမှာ ပန်းနုစွက် လှိုင်းကြက်ခွပ်တွေက ကမ်းကိုတဖျပ်ဖျပ်နဲ့........

2 ရေပြင်ကကျယ်ကျယ် ဆည်းဆာအရိပ်မှာ တိမ်အရောင်တွေ ဖြာသန်းနေပုံက ဘိလပ်ပြန်သန်းရဲ့ လှေကလေးကို လှော်မည ဘေးမသန်းဘဲ အေးချမ်းတော့မည်ဆိုတဲ့ သီချင်းစာသားလေးကို နားထဲမှာ အလိုလိုကြားမိသယောင်ယောင်

3 ညောင်းရင်စောင်းကြည့်ရအောင် ကျနော်က တော့ ကန်ဘောင်ပေါ်လှဲအိပ်ပြီးခလုပ်နှိပ်လာတာလေ

4 ပန်းကလေးတွေရှိနေတဲ့လမ်းကလေး အဝေးမှာ ပန်းနုရောင်ဆည်းဆာ လေ.........ခပ်လှမ်းလှမ်းမှာက ချင်ချောင်းရိပ်သာ

5 တောင်ဘက်ကန်အကွေ့ကမြင်ကွင်း ချင်းချောင်းရိပ်သာဘုံကျောင်းက ၀ိုးတ၀ါး

6 ဒီပုံလေးက တော့ လက်ဆော့ တာအစစ်ပါဘဲ.......

7 ဆည်းဆာချိန်ဆိုတာ အရုပ်ဆိုးသူတောင်လှသတဲ့အဲတော့......

8 အတော်လေးလှပသော ချစ်စရာ့ဆည်းဆာပါ

9 ဆည်းဆာရိပ်နဲ့ကန်ရေပြင် မြင်သူဘ၀င် မှာ အလွမ်းတွေဆင်နေသလိုဘဲနော်

10 ရင်ဖိုလှိုက်မောအောင်လှတယ်လို့ထင်ပါတယ်။

11 ဒီပုံကတော့ ညီလေး ဂီဂီရဲ့ သင်ခန်းစာအတိုင်း ရိုက်ကြည့်တာပါ

“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”(5)

 

6-1-12 နေ့ညနေခင်းရောက်တော့ လူက အဝေးတစ်နေရာရောက်နေပါတယ်။

အဲတော့ အင်းလျားညနေခင်းကို မှီအောင် အပြေးအလွှားလာခဲ့ရပါတယ်။

ဘတ်စ်ကားမှတ်တိုင်ကို မလွန်အောင် ခေါင်းထွက်ထွက်ကြည့်ရပါတယ်။

ကုက္ကိုင်းမှတ်တိုင်လဲရောက်ရော မြန်မြန်လေးဆင်းပြီး အင်းလျားပေါ်တက်လာတော့

ကြည်နူးဖွဲ့ဆင်နေကြတဲ့စုံတွဲလေးကို မြင်ရတော့ အဆိုတော်ကြီးမာမာအေးရဲ့

“အင်းလျားမှာဆုံစို့မောင်ရယ် ……လှညနေအေးအေးဝယ်” ဆိုတဲ့သီချင်းတစ်ပိုင်းတစ်စက

ခေါင်းထဲရောက်လာပါတယ်။

အင်းလျားကန်ညနေခင်းကတော့ လှပပါတယ်။

ဒါတောင် ကျနော်ရောက်တဲ့နေ့ က တိမ်အခင်းက သိပ်မလှပါဘူး။

ညနေရင့်လေ တိမ်အရောင်တွေက ညို့မိုင်းလို့လာလေ ပိုပိုလှလေပါဘဲ။

ခဏလေးရောက်ခဲ့ရတဲ့ အင်းလျားရဲ့လှပတဲ့ညနေခင်းကတော့

ကျနော့်အတွက် မမေ့နိုင်စရာ……………..

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(14-1-12)

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။