“လမင်း ညအခင်းနဲ့ အင်းလျား……………….”

1 ဆည်းဆာပျောက် ညရောက်ခါနီးစပ်ကူးမတ်ကူး အချိန်လေးပါ

2 လမင်းနဲ့ပြိုင်မယ်ဆိုတဲ့ ဓါတ်တိုင်က မီးနှစ်ပွင့်

3လမင်းအဆင်းဖြူဖြူ ပန်းကလေးက ၀ါဝါ လမင်းကို ဦးစားပေးတော့ ပန်းကလေးကခပ်ဝါးဝါး

4 ငွေလမင်း အဆင်းဝင်ကြည်ကြည် စက္ကူပန်း အရောင်အသွေးက နီနီ

5 ပန်းအ၀ါနဲ့အရွက်စိမ်းစိမ်းကြားက ငွေလမင်းဖြူဖြူ

6စက္ကူပန်းက နီတြာတြာ လရောင်က ဖြူ ၀ါဝါ ခုလပ်နှိပ်သူက ယောင်ချာချာ

7 အနီးအဝေး လမင်းနဲ့ ပန်းပွင့် မျှတတဲ့ပုံလေးပါ

8 အနီးကမူံပြီး အဝေးကထင်းနေတဲ့ငွေလမင်း

9 အပွင့်ဝါးလေး နှစ်ခိုင် ငွေလမင်းနဲ့အပြိုင်အဆိုင်

10 အစိမ်းမြမြ သစ်ရွက်နဲ့ အပွင့်ဝါ၀ါ ငွေလမင်းကတော့့ ငွေအဆင်းပေါ့

11 ပန်းလေးဝါ၀ါ နဲ ငွေလမင်း ကျနော်အကြိုက်ဆုံးပံလေးပါ။

“လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့အင်းလျား……………….”အမှတ်(6)

အင်းလျားရဲ့ ညနေခင်းအလှလေးတွေကိုရိုက်နေရင်းက နေ၀င်လုလုအချိန်ကိုရောက်သွားပါတယ်။

အနောက်ဘက်နေ၀င်ချိန်ကိုဘဲ မဲတင်းပြီးရိုက်နေတာ။

အညောင်းဆန့်ရင်းနဲ့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မိတော့ လမင်းက ထိပ်ဖျားမှာ ၀ိုင်းဝိုင်းစက်စက်။

အဲတော့လဲ လမင်းပုံတွေ ကို ရိုက်မိပြန်ပါတယ်။

အပွင့်လင်းဆုံးပြောရရင် မန်းလေးမှာတုံးက ဒီလိုလှပင်တဲ့လမင်းပုံမရဘူးပါဘူး။

အခုဒီတစ်ခေါက်အင်းလျားရဲ့ညနေခင်းမှာမှ ကျနော်လိုချင်လှတဲ့ ငွေလမင်းပုံကို ရလိုက်ပါတယ်။

ငွေလမင်းပုံလေးတွေအများကြီးလက်ဆော့ထားပါတယ်။

ဒီရန်ကုန်ကမှတ်တမ်းလေးတွေပြီးရင် မန်းလေးက မှတ်တမ်းတစ်လှည့်တင်ပေးပါမယ်။

အခုအင်းလျားပုံလေးကိုတော့ ကျနော်ကိုယ်တိုင်လဲ နှစ်သက်ပါတယ်။

ပန်းကလေးတွေနဲ့လမင်း လိုက်ဖက်လွန်းလှပါတယ်။

ဒီပုံတွေကိုရိုက်နေရင်း ချိုပြုံးရဲ့ “တက္ကသိုလ်က ငွေလမင်း “သီချင်းထဲက

“ရေလှိုင်းခပ်သံ………သစ်ရွက်ကြွေသံ……….အော် ကျေးငှက်မြည်သံ ကြားပြန်တော့လဲ………မောင့်ကိုဘဲသတိရနေ”ဆိုတဲ့စာသားလေး

ကိုသတိရလိုက်မိပါသေးတယ်။

ကဲ အင်းလျားနဲ့ငွေလမင်းကို ခံစားကြည့်ပါအုံးနော်…………..

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(15-1-12)

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။