“လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့အင်းလျား……………….”အမှတ်(6)

“လမင်း ညအခင်းနဲ့ အင်းလျား……………….”

1 ဆည်းဆာပျောက် ညရောက်ခါနီးစပ်ကူးမတ်ကူး အချိန်လေးပါ
2 လမင်းနဲ့ပြိုင်မယ်ဆိုတဲ့ ဓါတ်တိုင်က မီးနှစ်ပွင့်
3လမင်းအဆင်းဖြူဖြူ ပန်းကလေးက ဝါဝါ လမင်းကို ဦးစားပေးတော့ ပန်းကလေးကခပ်ဝါးဝါး
4 ငွေလမင်း အဆင်းဝင်ကြည်ကြည် စက္ကူပန်း အရောင်အသွေးက နီနီ
5 ပန်းအဝါနဲ့အရွက်စိ်မ်းစိမ်းကြားက ငွေလမင်းဖြူဖြူ
6စက္ကူပန်းက နီတြာတြာ လရောင်က ဖြူ ဝါဝါ ခုလပ်နှိပ်သူက ယောင်ချာချာ
7 အနီးအဝေး လမင်းနဲ့ ပန်းပွင့် မျှတတဲ့ပုံလေးပါ
8 အနီးကမူံပြီး အဝေးကထင်းနေတဲ့ငွေလမင်း
9 အပွင့်ဝါးလေး နှစ်ခိုင် ငွေလမင်းနဲ့အပြိုင်အဆိုင်
10 အစိမ်းမြမြ သစ်ရွက်နဲ့ အပွင့်ဝါဝါ ငွေလမင်းကတေ့ာ့ ငွေအဆင်းပေါ့
11 ပန်းလေးဝါဝါ နဲ ငွေလမင်း ကျနော်အကြိုက်ဆုံးပံလေးပါ။

“လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့အင်းလျား……………….”အမှတ်(6)

အင်းလျားရဲ့ ညနေခင်းအလှလေးတွေကိုရိုက်နေရင်းက နေဝင်လုလုအချိန်ကိုရောက်သွားပါတယ်။

အနောက်ဘက်နေဝင်ချိန်ကိုဘဲ မဲတင်းပြီးရိုက်နေတာ။

အညောင်းဆန့်ရင်းနဲ့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မိတော့ လမင်းက ထိပ်ဖျားမှာ ဝိုင်းဝိုင်းစက်စက်။

အဲတော့လဲ လမင်းပုံတွေ ကို ရိုက်မိပြန်ပါတယ်။

အပွင့်လင်းဆုံးပြောရရင် မန်းလေးမှာတုံးက ဒီလိုလှပင်တဲ့လမင်းပုံမရဘူးပါဘူး။

အခုဒီတစ်ခေါက်အင်းလျားရဲ့ညနေခင်းမှာမှ ကျနော်လိုချင်လှတဲ့ ငွေလမင်းပုံကို ရလိုက်ပါတယ်။

ငွေလမင်းပုံလေးတွေအများကြီးလက်ဆော့ထားပါတယ်။

ဒီရန်ကုန်ကမှတ်တမ်းလေးတွေပြီးရင် မန်းလေးက မှတ်တမ်းတစ်လှည့်တင်ပေးပါမယ်။

အခုအင်းလျားပုံလေးကိုတော့ ကျနော်ကိုယ်တိုင်လဲ နှစ်သက်ပါတယ်။

ပန်းကလေးတွေနဲ့လမင်း လို်က်ဖက်လွန်းလှပါတယ်။

ဒီပုံတွေကိုရိုက်နေရင်း ချိုပြုံးရဲ့ “တက္ကသိုလ်က ငွေလမင်း “သီချင်းထဲက

“ရေလှိုင်းခပ်သံ………သစ်ရွက်ကြွေသံ……….အော် ကျေးငှက်မြည်သံ ကြားပြန်တော့လဲ………မောင့်ကိုဘဲသတိရနေ”ဆိုတဲ့စာသားလေး

ကိုသတိရလိုက်မိပါသေးတယ်။

ကဲ အင်းလျားနဲ့ငွေလမင်းကို ခံစားကြည့်ပါအုံးနော်…………..

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(15-1-12)

 

 

 

 

 

 

 

 

9 comments

  • ကဲ အင်းလျား ကန် ကဓါတ်ပုံနောက်ဆုံး အမှတ်6 ကိုတင်ပေးလိုက်ပါပြီ။
    အင်းလျားပြီးရင်တော့ အဆိုတော် မျုးိကြီး မသွားချင်တဲ့နေရာထဲက တစ်နေရာကိုတင်ပေးမှာပါ။

    • Moe Z

      January 15, 2012 at 11:36 am

      ဒါဆို ကန်တော်ကြီးပေါ့နော် လေးပေါက် 🙂

      ဒီအချိန်လည်း အင်းလျားအလှကို မမြင်ဖူးဘူး
      မိန်းကလေးတွေကတော့ နေမစောင်းခင်ပြန်တာများတယ် …

  • pooch

    January 15, 2012 at 8:59 am

    “လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့ အင်းလျားတဲ့လား” ကဗျာဆန်လိုက်တာ

    ပုံနဲ့ စာနဲ့ လိုက်ကြောင်းပါ.

  • စိန်ပေါက်ပေါက်

    January 15, 2012 at 11:49 am

    ဟိုလို ရိုက်ပါလား.
    ဒီလိုရိုက်ပါလား..
    နာလဲ ရိုက်တတ်ဘူး..

    ဝိုင်ဝိုင်းရဲ့ လမင်းနဲ ့ပင်လယ် မဟုတ်ဘူး

    လေးပေါက်ရဲ့ လမင်းနဲ ့ ညခင်း ပါ
    ဒီအယ်လ်ဘမ်ကို မကြာမီထွက်ပါတော့မယ်…
    အခုတောင် ထွက်ချင်လို ့ပြစ်တူပြစ်တူ ဖြစ်နေပြီ..
    ပဒိုဂျူဆာက ထုတ်ချင်နေဘီ..လေးပေါက်က အိုက်တင်ခံနေလို ့..

  • thit min

    January 15, 2012 at 5:32 pm

    ခရမ်းပြာကိုသိသလောက်ပြောရရင် ခရမ်းပြာဆိုတဲ့ လက်ဘက်ရည်ဆိုင်ငယ်လေးကိုပြောရမယ်။
    အဲဒီ ဆိုင်လေးရဲ့နောက်ဖက်က မှာ ကျောင်းသားတွေအတွက် ငှါးထားတာကတော့ခရမ်းပြာ
    အဆောင်ပါဘဲ။ ဆိုတော့ကာ ကန်လမ်းဘက်ကဝင်ရပါတယ်။
    ခရမ်းပြာအဆောင်ကတော့ ပြည်လမ်းမ အင်းလျားကန်ကြီးကိုမျက်နှာမူတယ်ပေါ့ဗျာ။
    ကိုတိုးကြီး၊ကိုရဲလွင်၊ကိုမောင်မောင်၊ကိုနေဝင်းတို့တွေနေခဲ့ကြတယ်လို့ကြားဘူးပါတယ်။
    ကျနော်ထက် တော်တော်လေးကြီးသူတွေဆိုတော့ အဲဒီအဆောင်မှာနောက်ပိုင်းနေတဲ့ကျနော့
    သူငယ်ချင်းပဲခူးသားကတဆင့်ကြားလေးတွေလောက်ဘဲပြောနိုင်ပါတယ်။
    ခရမ်းပြာအဆောင်ကနေ မြို့ထဲကိုအမြဲလိုလိုလမ်းလျှောက်ကြတဲ့အဲဒီ အုပ်စုဟာ ရောင်းစားတဲ့
    နေရာမှာ အိပ်တဲ့ခေါင်းအုံးတောင် မကျန်ပါဘူးတဲ့။
    အဆောင်ပိုင်ရှင်က အနွံအတာတော်တော်ခံရတဲ့ပုံမျိုးကြားဘူးပါတယ်။
    သူတို့ကတော့ ဇွဲကောင်းကောင်းနဲ့ သူတို့လုပ်ချင်ရာကိုလုပ်မဲ့သူတွေဆိုတာတော့မှန်းလို့
    ရတာမျိုးပါ။

    မြမေတ္တာကဖီး၊ ၊ကန်လမ်း၊စပယ်ခြံ၊၆မိုင်ခွဲ အထိပါဘဲ အမျိုးမျိုးသော အတိတ်ဇာတ်တွေရဲ့ အခြေပြုရာဟာ
    ပန်းခရမ်းပြာ ဗေဒါလည်းကမ်းစပ်နားမှာ မညှိတွယ်နိုင်၊နန်းတံတားဖြူနေရာလေး တေးသံ “မလွှမ်း” စေခြင်းပါ။
    အဲဒီလို ညတွေနဲ့ အင်းလျားဟာ………………………

    ကျန်တာတွေကတော့ ကိုပေါက်နဲ့ဆုံမှဘဲ ရွှေကြက်ယက်ဘုရားပေါ်မှာပြောကြတာပေါ့ဗျာ။

  • အိုကေပါ ကိုသစ်ရေ
    “လေပြေအလာ ကေသာလွန့်လူးလွင့်နေ လမ်းလျှောက်လို့လာရင်းငုံ့ကာကြည့်လိုက်”
    ဒီစာသားလေးကို နားထဲမှာကြားမိတဲ့အခါ ကိုယ့်ခေါင်းက ဆံပင်တွေဖွာသွားအောင်ခေါင်းကိုဆတ်ကနဲ့ခါလို်က်တာကို
    ပြန်သတိရမိတယ်ဗျာ။
    အခုတော ့အဲဒီတုံးက ဆံပင်လဲကိုယ့်ခေါင်းပေါ်မှာမ ရှိတော့သလို
    ကိုယ်နှစ်သက်ခဲ့တဲ့ အနုပညာသည်တွေလည်း……………………………………………

  • aye.kk

    January 15, 2012 at 6:42 pm

    ကိုပေါက်ရဲ ့လက်ရာဓါတ်ပုံများက..
    စကားပြောပြသလိုအသက်ဝင်သည်..
    ကဗျာတွေဖန်တီးသွားသည်ဟုမြင်မိပါသည်..။

  • windtalker

    January 15, 2012 at 7:39 pm

    အဖြစ်မှန်ကား
    မန်းတလေးမြို ့တွင် “ လမင်းတစ်ရာ ” အငြိမ့် ဆိုတာ ဟိုတုန်းကတဲက ရှိ၏
    အငြိမ့်မင်းသမီးလန်း၏
    ထို ့ကြောင့်….
    ဒန်တန် ့တန်

  • aye.kk says: (Edit)

    ကိုပေါက်ရဲ ့လက်ရာဓါတ်ပုံများက..
    စကားပြောပြသလိုအသက်ဝင်သည်..
    ကဗျာတွေဖန်တီးသွားသည်ဟုမြင်မိပါသည်..

    ဒီမှတ်ချက်လေးက ရင်ကိုကြည်နူူးစေပါ၏

Leave a Reply