Photo of Friday the 13th – မျှော်လင့်ခြင်း

မြစပဲရိုးJanuary 13, 20121min18014

သူ့မျက်နှာ က စကား အများကြီးပြောနေတယ်။
တကယ်မှ လွတ်လာပါ့မလား ဆိုတဲ့ ယုံရနိုးနိုး အငွေ့အသက်နဲ့ စိုးရိမ်စိတ် တွေ အများကြီးဘဲ။
သူ့ စောင့်နေခဲ့ တဲ့လူ ပါ ခဲ့ရဲ့လား လို့ ကျွန်မ သိချင်နေမိတော့တာပါဘဲ။
အိမ်မှာ လဲ အိမ်ရောက်ရင် စားရအောင် စားဖွယ်လေး တွေ စီစဉ် ထားခဲ့လေသလား။
စောင့်ရကြိုးနပ်ပြီး ပြုံး ပျော်ရွှင်စွာ အိမ်ပြန်ခရီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများအား လာရောက် စောင့်မျှော်နေသည့် အမျိုးသမီးကြီးတဦးအား အင်းစိန်ထောင်ရှေ့ တွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

14 comments

  • windtalker

    January 13, 2012 at 9:30 pm

    မဝံ့ရဲသော မျက်နှာပေး
    မျှော်လင့်ချက်ကြီးမားစွာသောအကြည့်များ နဲ ့
    အသက်ဝင်နေတဲ့ ဓါတ်ပုံ ပါပေ။

    • Khin Latt

      January 13, 2012 at 9:48 pm

      “ကိုလေ” or “ကိုပေ” 😉 ရဲ့ မှတ်ချက် ကြည့်ပြီး ထပ်ဖြည့်ဖို့ အတွေးထပ်ပေါက်လာလို့။
      အဲဒီ အမျိုးသမီးကြီး မျက်နှာ ဟာ ကျွန်မတို့ မြန်မာပြည်သူလူထု တွေ ရဲ့ ယုံရနိုးနိုး အခု ခံစား နေရ တာကို ကိုယ်စားပြုပါတယ်။
      စာနာတတ် သော စိတ်ရှိခဲ့ရင်ဖြင့် သက်ဆိုင်သူ လူကြီးမင်းများ လဲ ဝင်ခံစား ကြည့်ပါ။
      ပြီးတော့ ထွက်ပေါက်တံခါးကို စေတနာအပြည့် နဲ့ ဖွင့်ပေးလိုက်ပါတော့။

      • pooch

        January 14, 2012 at 3:25 pm

        မှန်လိုက်လေ အရီးရယ် အဲ့ဒါ ကျမတို့ တမျိုးသားလုံးရဲ့ ခံစားချက်ကို ကိုယ်စားပြုထားတာ
        အဲ့ဒီပုံက စကားတွေ အများကြီးပြောနေတာ…
        ခံစားချက်အပြည့်နဲ့ …

  • Thel Nu Aye

    January 13, 2012 at 9:50 pm

    ဘယ်ပန်းချီရေးလို့မမှီပါ။

  • MaMa

    January 13, 2012 at 10:04 pm

    အမူအယာမြင်ပြီး စိတ်ခံစားမှုကို ဖတ်တတ်တဲ့ မလတ်ရေ-
    ဓာတ်ပုံလေးတစ်ပုံက ပေးသွားတဲ့ရသတွေက ပြောမထွက်လောက်အောင်ကို များပြားလှပါတယ်။
    ပျော်ရွှင်နိုင်ပါစေလို့သာ…..

  • padonmar

    January 13, 2012 at 11:45 pm

    မလတ်ရေ
    ဒီအဒေါ်ကြီးမျက်နှာမှာ စိုးရိမ်ခြင်းကိုတွေ့နေရပါတယ်။

    စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
    နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊
    လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။

  • inz@ghi

    January 13, 2012 at 11:58 pm

    အရီးတော်ရေ …

    photography မှာ candid ဆိုတဲ့ အမျိုးအစားရှိရဲ့ဗျာ …
    http://en.wikipedia.org/wiki/Candid_photography
    သူ့အထှာက အရိုက်ခံတဲ့သူ မုဒ် မပျက်ဘဲ (ဝါ) ရိုက်လို့ အိုက်တင်ပေးတာမဟုတ်ဘဲ …
    ပင်ကိုယ် အစစ်အမှန် ခံစားပြုမူဆောင်ရွက်ချက် ပေါ်လွင်တဲ့ပုံမျိုးကိုခေါ်တာပါဗျ….

    သည် case မှာက ဂုဏ်သတ္တိအလွန်ပြောင်မြောက်တဲ့အချက်က …
    အနှီအဒေါ်ကြီးသည် ကင်မလာနှင့်ချိန်တာ …ရိုက်တာ ကို မရိပ်မိ မရှိ ..မသိမရှိ …
    သိမှာ ရိပ်မိမှာပါပဲ … (စလုံးပေါင်းသည်းခံပါ)

    သို့သော် …သိလျက်နဲ့ကို ….
    အိန်ဒရေ မဆည်နိုင်… ဂရုမပြုနိုင် …. ဟန်မဆောင်နိုင်အောင် …
    သူ့ မနော မှာ ကိန်းတဲ့ ဇောစိတ်က ပြင်းပြလွန်းသကိုးဗျာ ……။

    သိလျက်နဲ့ …လို့ပြောရတာ အကြောင်းရှိပါတယ်ဗျာ ….
    လူတယောက်ဟာ
    ၁။ မှန်ကြည့်တဲ့အခါ
    ၂။ ဒါ့ပုံရိုက်ခံတဲ့အခါ ….
    ပေါ်လာ… ပြလာတဲ့ အပြုအမူက ….အလွန်သိသာတယ်ဗျ ….
    (ကျနော် စကားလုံးချို့တဲ့လို့ ရှင်းမပြတတ်…)

    သို့သော်သေချာတာတခုကတော့ အနှီ ဆိုက်ကို ကေ့စ့်တွေကို override လုပ်ပြီး….
    ရိုက်မယ်သိလျက် အရိုက်ခံခဲ့ပြီး ..သဘာဝအတိုင်းကို ….ပင်ကိုယ်ခံစားချက်ပေါ်လွင်လွန်းတဲ့ ….
    classical candid ဖြစ်ကြောင်း ပြောချင်ပါတယ်ဗျာ…

    ခံစားချက်တွေ ..အယူအဆ အတွေးအမြင်တွေကတော့ အပေါ်မှာ ဆြာ/ဆြာမတွေ ပြောပြီးဖြစ်လို့
    ဂီ မဆွေးနွေးတော့ဘူးနော…

    ခင်တဲ့
    စိန်ဇာဂီ

    • M-Lulin

      January 14, 2012 at 2:15 am

      Tele .. Tele … တယ်လီ .. တယ်လီ .. Street Photographer ဆိုတဲ့ လိုင်း ကို စိတ်ဝင်စားသော်ညှား လဲ .. သံယောဇဉ် တွယ်စရာ အပုံအပင် ရှိသောကြောင့် … တစ်ရက်လောက်တော့ Candid album တစ်ခု တင်ဦးမယ်ဗျာ။ ခု က .. 85မမ ပဲဆိုတော့ . နဲနဲ တော့ ခက်တယ် ဗျ … Tele ဆိုတော့ IS မပါ ရင်ပဲဖြစ်ဖြစ် နဲနဲ မှောင် နေရင်ပဲဖြစ်ဖြစ် လွယ်ဘူး ရယ် .. 🙁

    • manawphyulay

      January 14, 2012 at 5:18 pm

      ဂီဂီရေ ပြောချင်ရင် မနော နာမည်မပြောရဘူးလေ မနော ဘာမှကိန်းဘူးလေနော်…

      အမှန်ပြောရရင်တော့ ပထမတစ်ခေါက်လွှတ်တုန်းကတော့ တစ်ဦးတည်းသော သားလေးတစ်ယောက်ထဲရှိတဲ့အဘွားက သူ့သားပြန်လာမယ်ဆိုပြီး သား ကြိုက်တတ်တာလေးတွေ ချက်ထားရှာပါတယ်။ မိုးချုပ်မှ မလာလောက်တော့ဘူးဆိုပြီး တစ်ယောက် ဝမ်းနည်းနေတဲ့မြင်ကွင်းကတော့ ခုထိမထွက်သေးပါဘူး။ ခုတစ်ခေါက်တော့ မနက်ထဲက သတင်းရတယ်။ ရထားနဲ့ ပြန်လာပြီ မနက်ဖြန်မှရောက်မယ်ဆိုတော့ ဒီနေ့ ရောက်တာပေါ့နော်… ခုမှပဲ ပြုံးပျော်နိုင်တော့တယ်။

  • zaw min

    January 14, 2012 at 12:10 am

    သံတိုင်အတွင်းကလူ၊သံတိုင်အပြင်ကလူ
    ခံစားချက်ချင်းကအတူတူ…
    မယုံတစ်ဝက်ယုံတစ်ဝက်နဲ့
    ဆို့တစ်နေတဲ့ ဒီမျက်နှာ..
    သောကအပူ ကျောကပူလည်း
    မပြောပပါဘူး..
    စောင့်နေမယ်ဒီနေရာ
    အမှန်ပင် ပြန်လာမှ အေးရမယ့်
    ဒီရင်မှာ…

  • yaungchikha

    January 14, 2012 at 10:06 am

    ရင်တထိတ်ထိတ်နဲ့ လွတ်မှလွတ်ပါ့မလားဆိုတဲ့ မသေမချာမျှော်လင့်နေရတဲ့ စိတ်က မျက်နှာမှာ ပေါ်နေတာနော်…………..
    အရင်က သူငယ်ချင်းတစ်ယောက်က အိုးဘိုထောင်က ဝန်ထမ်းသမီးဆိုတော့ ထောင်ထဲကို အလည်ခေါ်တာနဲ့ လိုက်သွားဘူးတယ်၊ ထောင်ရှေ့မှာ ထောင်ဝင်စာတွေ့ဖို့ စောင့်နေတဲ့ အမေကြီးတွေဆို အဲ့လိုမျက်နှာမျိုးတွေနဲ့ပေါ့၊ မျှော်လင့်နေရတဲ့ မျက်နှာပေါ့နော်…………

  • ငပေါက်ဖော်

    January 14, 2012 at 11:38 am

    အခုက အထင်ကရပုဂ္ဂိုလ်တွေလွတ်တာ…
    မထင်မကရ နိုင်ငံရေးအကျဉ်းသားများလဲ တန်းတူ..လွတ်ပါစေ..

    ပုံထဲက တူမရီးရဲ့ အပုဂ္ဂိုလ်လဲ မျှော်လင့်ထားသလို..လွတ်ပါစေဗျာ..
    ကျန်နေသေးတဲ့လူတွေလဲ ထပ်လွတ်ပါစေ..

  • ba gyi

    January 14, 2012 at 6:07 pm

    ဓါတ်ပုံကြည့်ပြီး၊အလွန် မှကို ရင်ထဲ ဆို့နင့်စွာခံစားရပါတယ်ဗျာ။ထောင်ဝင်စာလာတွေ့ရင်း ကျနော့်ကို အားပေး ဖူးတဲ့ အမေ့မျက်နှာ၊လွတ်လာတော့ ဝမ်းသာပြီးမျက်ရေကျလာတဲ့ အမေ့မျက်နှာကိုပါပြန်
    မြန်ယောင်ပြီး အရမ်းခံစားရပါတယ်ဗျာ။မိခင်တိုင်း၊ အဆွေခင်ပွန်းတိုင်း ဝမ်းသာပျော်ရွင်နိုင်ကြပါစေ။

Leave a Reply