ကိုပေါက်(မန္တလေး) နဲ့ M-လုလင် တို့ ရိုက်ပွဲ

Mလုလင္January 13, 20122min22740

အလှူအတွက် တိုင်ပင်ကြတာရယ်။ ဦးပေါက် ရန်ကုန် ရောက်တာရယ်။ ညီငယ် အီဇာဂီ ရဲ့ မွေးနေ့ အမှတ်တရ … အဲလို နဲ့ MG ရဲ့ စာရေးသက်၊ စာရေးအား များလှပြီဖြစ်သော စီနီယာ များတွေ့ဆုံပွဲကို ဘုမသိဘမသိ အလှူငွေ ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျွန်တော် ရောက်ခဲ့ပါတော့တယ်။ ရွှေတိုက်စိုး ပြောတော့ ၂ ယောက် ၃ ယောက် ပဲ ရှိမလိုလို ကိုး .. ရောက် တော့ လူက တအုပ်ကြီးရယ်။ ဘယ်သူနဲ့ မှလဲ မသိဘူး။ နွေးထွေးကြလို့ ကျေးဇူးတင်ပါတယ်ဗျာ။ .. အဲ့ဒီ့ ဆိုင် လဲ တစ်ခါ မှ ရောက်ဖူးဘူးရယ်။ အဲ့ဒီ့ ညနေဘက် က . ရွှေတိဂုံ မှာ ရိုက်ပွဲ ရှိတယ်လို့ သိထားတာ။ အဲ့ က နေတဆင့် သွားမယ်ပေါ့။ ဖြစ်ချင်တော့ ဆက်သွယ်ရမယ့် ဖုန်း ကိုဋ္ဌာန က ယာယီ ပိတ်ထားခံ ထိထားတယ်။ .. ထူးပါဘူး ဆိုပြီး ဦးပေါက် ကို အဖော်ညှိ ရတော့တာပေါ့။ အဲ့ကနေ တဆင့် မြေနီကုန်း .. ကနေတဆင့် ဘုရား မှာ ကျွန်တော် တို့ နှစ်ယောက် ရိုက်ကြနှက်ကြတော့တာ ပေါ့။ အမှတ်တရ ပါ ဦးပေါက် (မန်းလေး)ရေ .. အသက် နဲ့ မလိုက်အောင် ကျန်းမာသွက်လက် နေတာ .ကုသိုလ် နဲ့ သီလ ကောင်းခဲ့လို့ ပဲဖြစ်ရမယ် ဗျာ ..

-

-

-

-

-

-

ပုံ တွေရဲ့ အတွေးပါးပါး လက်ဆောင် တွေအတွက် ကတော့ ဦးပေါက် က comment မှာ ဝင်ရေးပေးပါလိမ့်မယ်။

40 comments

  • weiwei

    January 13, 2012 at 10:27 pm

    ကိုပေါက်လက်ဆော့ထားတာဆိုရင်တော့ ကိုပေါက်လက်ရာ တော်တော်လေးကို သိသိသာသာ တိုးတက်လာတယ် ….
    ဓါတ်ပုံတွေအားလုံး လှပါတယ် …

  • (7-1-2012)နေ့ တွေ့ဆုံပွဲ့အပြီး မှာ မောင်လုလင်လေးနဲ့ကျနော် ရွှေတိဂုံညရူ့ခင်းကို ဓါတ်ပုံရိုက်ဘိုု့သွားရအောင်ပြောပါတယ်။
    ကျနော်ကလဲ ဟန်တောင်မဆောင်နို်င်အောင်ဝမ်းသာသွားပါတယ်။
    အပွင့်လင်းဆုံးပြောရရင် ကျနော်ညရူ့ခင်းကို တစ်ခါမှမရိုက်ဘူးသေးပါဘူး။
    ရိုက်ရင်လဲစိတ်တိုင်းက မကျ။
    ဒါနဲ့ဘဲမောင်လုလင်နဲ့ကျနော် ရွှေတိဂုံကိုအပြေးအလွားသွား။
    အနောက်ဘက်မုဒ်မှာ ကားထား။
    ရီစရာအမှတ်တရလို့ပြောရရင် သူကို ဝင်ကြေးကောက်တဲ့အမျိုးသမီးက တိုးရစ်လားလို့မေးတော့
    နှစ်ယောက်သားရီကြရပါသေးတယ်။
    ဒါနဲ့ဘဲ ရွှေတိဂုံ ခြေရင်းကိုရောက်လာပါတယ်။
    ရင်ပြင်တော်ပေါ်ရောက်အောင်တက်ရင်း
    ဓါတ်ပုံတွေရိုက်လိုက် နှစ်ယောက်သားလေပေါလိုက်။
    သူကလဲ သုံးခွထောက်ခုံ(ကင်မရာတင်ဘို့လေ) ကိုထမ်းပြီးပြေး။
    ကျနော်ကလဲဝလွန်းတဲ့ကျနော်ကိုယ်လုံးကြီးကို ထမ်းပြီးပြေးရင်း ဓါတ်ပုံတွေရိုက်ပါတော့တယ်။
    1။ ခန့်ခန့်ထည်ထည် ခြင်္သေမင်း နောက်ခံရူ့ခင်းက တော့ ငွေလမင်း(ကိုပေါက်)
    2။တောင်ဘက်ခြမ်းက မြင်ရတဲ့ရွှေတိဂုံစေတီတော်(ကိုပေါက်)
    3။ယုံကြည်စွာ ဆည်းကပ် ကိုးကွယ်လို့ ဖူးမျှော်မာန်လျှော့ ကန်တော့လို့နေလေသူ(ကိုပေါက်)
    4။ချစ်စရာကောင်းတဲ့ ကလေးမလေး ဆီမီးပူဇော်နေတာပါ(မောင်လုလင်)
    5။နိုင်ငံခြားသာနဲ့ ဧည့်လမ်းညွှန်(ကိုပေါက်)
    6။နိုင်ငံခြားသူတွေ ဆီမီးပူဇော်နေတဲ့ပုံ(မောင်လုလင်)
    မောင်လုလင်ရေ ကျေးဇူးပါကွယ်

    • M-Lulin

      January 13, 2012 at 11:16 pm

      ဟုတ်ပါ့ ဦးပေါက် ရယ် ဒီအရပ်အမောင်း နဲ့ ဒီဗလ ကို ကြည့်ပြီး တိုးရစ် လားလို့ မေးတာကတော့ .. တဆိတ် လွန် တာပေါ့ .. နော့.

  • မဝေ ရေ ကိုပေါက်လက်ဆော့တာ ကောင်းလာတယ်ဆိုရင်
    ရွာထဲက မြင်ဆရာတွေ သင်ဆရာတွေရဲ့ကျေးဇူးလို့ပြောရင် ရပါတယ်မဝေရေ။

    • M-Lulin

      January 13, 2012 at 11:19 pm

      ဦးပေါက် ရေ … ဝယ်တော့ ဗျို ့ …. ဒီမှာ မြှောက်ပေးနေကြပြီ ..

  • padonmar

    January 13, 2012 at 10:57 pm

    ဒါက လုလင် လက်ဆော့တာလေ။
    ဒါကြောင့် ကိုပေါက်ထက်သာတာပေါ့။
    အော် ရိုက်ပွဲချိန်းထားလို့ တွေ့ဆုံပွဲကို ထလိုင်ပေါ့ဂျီးနဲ့ကိုလာတာလား၊
    အန်တီတို့မှာနေရာသာ ယူရတယ် ဘုရားတနေရတာ။
    ငါတို့ပုံများ ဘယ်တွေပို့မလို့ပါလိမ့်လို့လေ။
    ကျွန်တော်က ဘယ်မှာနေရမှာလဲ မေးပြီး လမုနဲ့ ချိန်နေတော့မှ ဘဘတွေဒေါ်ဒေါ်တွေ ဟင်းချရတော့တယ်။
    သူ့ပုံလည်းပါနေမှတော့ စိတ်ချရပါလိမ့်မယ်လို့လေ၊
    အီးတီဆို လုလင်က ရိုက်မယ်ဆိုတာနဲ့ ကြောက်ပြီးပြေးရော၊
    ချောင်းကြည့်ပြီး ရိုက်ပြီးပြီလို့ သေချာမှပြန်လာတာ။
    ဇိကလေးက အီးတီပုံ ကြိုမြင်သွားမှာစိုးလို့နေမှာပါလေ။

  • padonmar

    January 13, 2012 at 10:59 pm

    လုလင်ကို နောက်နေရတာနဲ့ ပုံတွေကောင်းကြောင်း မချီးမွမ်းရသေးဘူး။
    ၁၅ထပ်က ဆူးလေကို သွားရိုက်မယ်ဆိုရင် အန်တီတွေလည်းခေါ်နော်။

    • M-Lulin

      January 13, 2012 at 11:17 pm

      အောင်မလေး ခေါ်ရက်ပါဘူး လေ.. အပေါ်ထပ်မှာ ကိုယ်တွေ လျှာ အတောင့်လိုက်ထွက်နေတာ ..လေ … စကားမေးတောင် မရဘူး … တီတီ ရဲ့

      • M-Lulin

        January 13, 2012 at 11:51 pm

        ဒါနဲ့ စကားမစပ် တီတီ က လဲ EOS နဲ့နော့ .. Canon ရှုတာ ဆိုတော့ Canon Club ဝင်ထားဖြစ်လား ..တီတီ ..

  • ဦးဦးပါလေရာ

    January 13, 2012 at 11:00 pm

    နှစ်ယောက် တွဲပြီးတင်တော့ မြိုင် တာပေါ့ဗျာ
    အားမရတာက ၆ ပုံထဲ…..
    နောက်တခါဆို များများလေး လုပ်ဗျာ

    • M-Lulin

      January 13, 2012 at 11:21 pm

      ဦးဦးပါလေရာ . ရေ ကျွန်တော် ရှေ ့အပတ်ထဲ မန်းဒလေး သွားဖြစ်ဖို့ များနေတယ် ဗျို ့ .. အများကြီး ကြည့်ရဖို့သာပြင်ထား.. (သူကြီးတော့ သူ့ ဆာဗာ အတွက် ရင်လေးမယ်…..)

  • MaMa

    January 13, 2012 at 11:08 pm

    ခေါင်းစဉ်ကိုကြည့်ပြီး အသဲတုန်အူတုန်တောင်ဖြစ်သွားတယ် မောင်လုလင်ရယ်။
    ငါတို့ရွာရဲ့ စီနီယာကြီး ကိုပေါက် ဘယ်မှာများ မှောက်နေပြီလဲလို့…
    အင်းးးးးးးဒီမှာတော့ မမှောက်သေးဘူး။
    (အသက် နဲ့ မလိုက်အောင် ကျန်းမာသွက်လက် နေတယ်လို့တောင် ချီးကျူးခံရသေးတယ်။)
    အင်းယားမှာတော့ ကိုပေါက် မှောက်သွားတယ် မဟုတ်လား။ (မောင်ဂီ့လက်ချက်နဲ့) 😀

    • M-Lulin

      January 13, 2012 at 11:23 pm

      ဟုတ်ပါ့ … low angle လိုချင်တာကိုး . မှောက်ရတော့မှာပေါ့ … … ဦးပေါက် တော့ မပြောနဲ့ အောင်မငီး .. ဘုရားပေါ်တက်တာများ .လှစ်ခနဲ လှစ်ခနဲ ပဲ ..

      • inz@ghi

        January 13, 2012 at 11:48 pm

        မောင်ဂီ့ က ဘယ်ကပါလာတာတုန်းဗျာ …
        ကိုယ့်ဆြာတွေ ရိုက်ကြနှက်ကြတဲ့အထဲမှာ …
        ဂီဂီက အနှီရက်တွေ ကင်မလာတောင် မကိုင်ဖြစ်ဝူးရယ်….

        😀

        အားပေးသွားတယ်ဗျို့ ဆြာလုလင်…

        ကျုပ်လည်း ရန်ကုန်မှာရှိစဉ် ဘုရားတက်တိုင်း …ကင်မလာထုတ်မိတိုင်း…
        နိုင်ဂျံဂါးသားလား ခနခန ပြောခံထိဘူးတယ်ဂျာ ….
        တခါသား …ပါဠိလိုတောင် စကားလာပြောခံထိဖူးရဲ့ ….

        ပူးလ်အိုဗာ မချွတ်တမ်းဝတ်ပီး စကင်းနီးဂျင်း …ဒါမှမဟုတ်လည်း ဘဲလ်ဂျင်း ဝတ်တဲ့
        ဆုတောင်းမကောင်းခဲ့လို့ ရှမ်းကုလားရုပ်ပေါက်နေတော့လည်း ….ဟုတ်… သီးခံဘာ၏ ။

        ခင်တဲ့
        ဂီ

        • MaMa

          January 14, 2012 at 7:01 am

          “ဂန္ထဝင်……..အင်းလျား………ရဲ့နံနက်ခင်းအလှ”(အနောက်တောင်ဘက်ခြမ်း)

          ကိုပေါက်(မန္တလေး) says:

          မလတ်ကလဲ
          ဂီဂီ က မတ်တပ်ရပ်မရိုက်နဲ့ဆိုလို့ အဲဒီပုံလေး ရအောင် အင်းလျားကန်ဘောင်ပေါ်မှာ တစ်စောင်းအိပ်ပြီးရိုက်လာရတာနော်။
          လွယ်တယ်မှတ်မနေနဲ့ သိလား

  • unclegyi1974

    January 13, 2012 at 11:20 pm

    ရိုက်ပွဲဆိုလို့ဘယ်သူတွေထိပ်ပေါက်ဂေါင်းကွဲနဲ့ဆေးရုံတွေရောက်ကုန်ပလဲလို့
    ကြည့်လိုက်ရတာမောသွားတာပဲ

  • padonmar

    January 14, 2012 at 12:23 am

    လုလင်ရယ်
    EOS က အဲဒီ တူမလေး ပစ္စည်းအမှန်ပါ။
    အလှကိုင်တာမဟုတ်ပါဘူး၊
    သူကလည်း ဒါ့ပုံဆြာရူးလေးပါပဲ။
    တီတီက cannon A520 လေးပဲကိုင်နိုင်ပါတယ်။
    ဝါသနာပါပေမယ့် အရုပ်ထင်ရုံရိုက်တတ်တာပါ။

  • mashwetote

    January 14, 2012 at 8:29 am

    ရိုက်ပွဲဆိုလို့ ဘာများလဲလို့ လာကြည့်တာ။
    ရွှေတိဂုံစေတီတော်ပုံ အလွန်သပ္ပါယ်ပါတယ်။ Save လိုက်ပြီနော် ပုံတွေ။ 😀

    • M-Lulin

      January 16, 2012 at 12:29 am

      သေချာကြည့်မိတော့မှ .. ၃ ပုံမြောက်မှာ … ကျွန်တော် သားကောင် ဖြစ်သွားခဲ့ပေါ့ .. 🙂

  • စုံ စုံ

    January 14, 2012 at 9:32 am

    ပုံတွေကတော့အရမ်းလှတာဘဲလေးပေါက်နဲ့ကိုလုလင်ရေ
    အကြိုက်ဆုံးကတော့ ဆီမီးထွန်းနေတဲ့ကလေးမလေးပုံဘဲ
    တော်တော်လေးသဘောကျတယ်

    • M-Lulin

      January 14, 2012 at 11:20 am

      တီတီ စုံစုံ ရေ.. အဲ့ဒီ့ ကလေးမလေးကို က sweet ဖြစ်တာပါ။ အောင်မယ် .. သူ့အဒေါ်တွေ ကလဲ အဲလို လေးတွေပဲနော်.. ခွင့်တောင်းပြီးကို ရိုက်ခဲ့ရတာပါ။ သဘောကျ တယ်ဆိုလို့ ကျေးဇူးပါဗျာ..

      • စုံ စုံ

        January 14, 2012 at 12:33 pm

        ကိုလုလင်ကလဲ ကလေးမလေးအဒေါ်တွေကပါ sweet ဖြစ်တယ်ဆို
        သူတို့ကိုပါရိုက်ခဲ့တာမဟုတ်ဘူး ဒီ့ထပ်ပိုချစ်ဖို့ကောင်းနေမှာပေါ့ 😛 😛

  • နွယ်ပင်

    January 14, 2012 at 9:44 am

    ရွာထဲက ဆရာကီး (2) ယောက်လက်စွမ်းပြထားတာပဲ
    ပုံတွေက လှမှာပေါ့နော် ………….

  • အဲဒီပုံက လုလင်လေး လက်စွမ်းပြထားတာပါ။
    ကျနော့်ပုံက သူ့လောက်မလှတော့ မတင်တော့ဘူး။

  • yaungchikha

    January 14, 2012 at 9:52 am

    ဦးပေါက်နဲ့ M-Lulin တို့ရိုက်ထားတဲ့ ပုံတွေကြည့်ပြီး ရန်ကုန်မှာနေခဲ့တုန်းက ညဘက်အဘွားကိုတွဲပြီး
    ရွှေတိဂုံစေတီ တစ်ပါတ်ပါတ်ပြီး ဖူးခဲ့ရတာတွေကို ပြန်သတိရမိတယ်………..

  • Diamond Key

    January 14, 2012 at 10:23 am

    ကိုပေါက်နဲ့ M-lulinရေ၊ အားပေးသွားတယ်ဗျို့၊ ကောင်းမှကောင်းလေးတွေဗျ။

    • M-Lulin

      January 16, 2012 at 12:31 am

      မန်းလေး ရောက် လာရင် .. ထွက်ပြေးရဝူး .. ပုန်းနေရဝူး နော် … ဒါဗြဲ …

  • မှော်ဆရာ

    January 14, 2012 at 11:39 am

    night shot လေးတွေ သဘောကျတယ် …
    သူရဲ မဖြစ်ဘူး .. ဘန်းမသွားဘူး …
    ကန်ဒယ်လိုက်လေးတွေပေါ့ … မိုက်တယ်ဗျာ ..

    • M-Lulin

      January 16, 2012 at 12:30 am

      မိုက်တယ်ဗျာ… အဗေဒါ လဲ မိုက်ဒလယ် … noise တွေ သတ်ထား ဖြတ်ထား ရပါဒယ် ဗျာ ..

  • ငပေါက်ဖော်

    January 14, 2012 at 11:41 am

    ဪ.
    သိပါဘူး..
    ရိုက်ပွဲဆိုလို ့…ချိန်းပြီးဆော်ကြတာလားလို ့..
    ဘယ်ဟုတ်မတုန်း..
    ဒါ့ပုံထွက်ရိုက်ကြတာဂိုး
    အားပေးတွားပါဒယ်..

  • ဘယ်နေလိမ့်မလဲ သူ့အဒေါ်တွေပုံလဲရိုက်တာပေါ့။
    ိရိုက်သာရိုက်ရတာ ခံဝန်ချုပ်နဲ့လေကွယ်။
    ဒီပုံတွေကို ဘယ်သူ့ဆီမှ မပို့ပါဘူး ဘယ်မှာမှ မတင်ပါဘူးဆိုတဲ့ ကတိနဲ့ရိုက်ခဲ့ရပါတယ်။
    နို့မို့ရင်ကျနော်တို့နှစ်ယောက်ကို ဟိုကပြန်ရိုက်သွားမှာပေါ့ကွယ်

    • M-Lulin

      January 14, 2012 at 1:25 pm

      ဟုတ်ပါ့ ဦးပေါက် ရယ် နော့ … တော်ကီ နဲ့ ချုပ် ရတာပေါ့လေ.. အဲဒဟာကြောင့် သူ့ အဒေါ် တွေပုံ တွေ မတင်ရဲပါကြောင်း ….

    • pooch

      January 14, 2012 at 3:56 pm

      လေးပေါက်ပုံတွေ တော်တော်လှလာတယ် ဂွတ်ရှယ်ပဲ…
      ဒါနဲ့ အဒေါ်ပုံတွေက တိုးတိုးတိတ်တိတ်ကြည့်ရင်ရော ကြည့်လို့မရဘူးလားဟင်.. 😛

  • Phaung Phaung

    January 14, 2012 at 1:25 pm

    အင်းလေ…ရန်တွေများဖြစ်ကုန်ပြီလားလို့…ပြီးတော့ ဓါတ်ပုံရိုက်တာကို..
    ဓါတ်ပုံဆရာတွေ တော်တော်များတာပဲနော်….

  • ဟုတ်တာပေါ့ ကောင်းသောအမူ့ကိုပြုနေတဲ့သူတွေများလေလေ ပို၍ပို၍ကောင်းလေလေပါဘဲ။
    ရွာထဲမှာဓါတ်ပုံဆရာများတော့ ဘယ်မှသွားစရာမလိုဘဲ အားလုံးကိုမြင်ဘူးသွာတာပေါ့
    ဖောင်ဖောင်ရယ်

  • ရွှေဘိုသား

    January 14, 2012 at 1:57 pm

    ရိုက်ပွဲလုပ်ထားတယ်ဆိုတာသိထားလို့ ဒီလက်ရာတွေ ဘယ်တော့များ ပေါ်လာမလဲလို့ စောင့်လိုက်ရတာ
    ပေါ်လာတော့လည်း ရင်တုန်စရာ ခေါင်းစဉ်ကြီးနဲ့ ရိုးရိုးလုပ်ပါ အမောင်လုလင်ရဲ့ ကြောက်တတ်လို့ပါ
    တကယ်ရိုက်လို့ကတော့ လေးပေါက်က သားဖ နှစ်ယောက်နော်

  • kyawmonkhant

    January 14, 2012 at 2:55 pm

    အားလုံး ကောင်းပါသည် ခင်ဗျား။

    • စိန်-Lulin

      January 16, 2012 at 1:44 am

      ထန်းတော ကြီးကို လဲ သွားရည် ကျခဲ့ရပါကြောင်း …

  • မယ်ပုရေ အဒေါ်ပုံတွေကြည့်ချင်ရင်ပြမယ်။
    အလကားတော့ မရဘူးကွယ်………….
    မုန့်ကျွေးရင်ပြမယ်

Leave a Reply