ဖုန်းပြောဆိုချိန်ကြာမြင့်သည့် ဖုန်းများ လိုင်းပိတ်ခံရဟု ဆို

the bestJanuary 14, 20121min897

အောက်တိုဘာလမှစ၍ ဖုန်းပြေဆိုချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။ “အောက်တိုဘာမှ စသတိထားမိတာပဲ။ အလုံး ၅၀၊ ၆ဝ လောက် အပိတ်ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်းဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအပ်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက်တစ်ရက်ပိတ် တော့တာပဲ။ ဆက်သွယ်ရေးကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ်ဖြတ်ကျော် ပီစီအိုလို့ သံသယရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်ကပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ “ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေ သွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့ လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ်ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်းပြောချိန်ကြာတာလေးနဲ့ ဝါးလုံးသိမ်းပိတ်ပစ်တာတော့ မကောင်းဘူး။ သေချာစုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလိုသံသယနဲ့ပိတ်တဲ့ ဖုန်းတွေတော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး” ဟု ဖုန်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့လုပ်ငန်းက ဖုန်းကို အားပြုပြီးပဲ လုပ်နေရတာ။ ဘယ်နိုင်ငံက ဖုန်းနဲ့မှ လည်းချိတ်ပြီးမသုံးပါဘူး။ ကိုယ်တိုင်ပဲ သုံးတာပါ။ ဖုန်းမရှိတဲ့ လူတွေလာပြောလည်း ပေးပြောလိုက်တယ်။ ဒီလောက်ပါပဲ။ ဖုန်းများများပြောလို့ ပိတ်တယ်ဆိုတာတော့ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ ဖုန်းများများပြောရင် ဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေ တောင်းရသေးတယ်။ တကယ်လို့ဖုန်းကို အချိန်အကြာကြီး ပြောလို့မရဘူးဆိုရင်လည်း ဖုန်းကို ဘယ်လောက်ကြာကြာ ပြောရင် လိုင်းပိတ်ပါမယ်ဆိုပြီး သတင်းစာထဲကနေ ထည့်ကြေညာသင့်တယ်။ ဒါမှ ကျွန်တော်တို့လည်း သတိထားနိုင်မှာ ပါ” ဟု အပိတ်ခံရသည့် ဖုန်းပိုင်ရှင် ကိုကျော်သိန်းဝင်းက ပြောသည်။ “ဖုန်းက ၁၅ သိန်းဖုန်းပါ။ ဝယ်တာနှစ်လလောက်ပဲ ရှိသေးတယ်။ အရင်လတွေကလည်း အဲလောက်အများကြီး မပြောပါဘူး။ အဲဒီတစ်ရက်ပဲ အချိန်ကြာကြာ ပြောလိုက်တယ်။ လိုင်းပိတ်သွားတော့ ဘီလ်ကုန်တယ်ထင်ပြီး နောက်နေ့မှာ သွားဆောင်သေးတယ်။ ဒါပေမယ့် ဆောင်ပြီး နောက်တစ်ရက်လည်း ပြန်မပွင့်လို့ ထပ်မေးမှ မန္တလေးရုံးက ပိတ်တာမဟုတ်ဘဲ ရန်ကုန်ရုံးက ပိတ်တာဆိုပြီး စာတင်ခိုင်းလို့စာတင်ထားတယ်။ အခုထိလည်း ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒီဖုန်းလည်း ပိတ်ထားခံရတုန်းပဲ” ဟု ချမ်းအေးသာစံမြို့နယ် အောင်တောင်မူရပ်ကွက်မှ ဖုန်းပိတ်ခံရသူ တစ်ဦးကလည်း ဆိုသည်။ “ဖုန်းပိတ်တယ်ဆိုတာ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဘီလ်ကုန်တာတို့၊ အမှုအခင်းနဲ့ ပတ်သက်တာတို့၊ နှောင့်ယှက်လို့ဆိုပြီး တိုင်ကြားခံရတာတို့ စသဖြင့်ပေါ့။ နယ်စပ်ဖြတ်ကျော်သုံးစွဲတဲ့ သံသယနဲ့ ပိတ်တာကတော့ ရန်ကုန်နဲ့ ရုံးချုပ်က ပိတ်ခိုင်းတာတွေရှိလို့ပါ။ အဲတော့ တကယ်တမ်း ကိုယ်ဘာပြစ်မှုကျူးလွန်မထားဘဲ ပိတ်ခံရတယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူနဲ့တွေ့တာတို့၊ စာတင်တာတို့ လုပ်သင့်ပါတယ်။ မန္တလေးကို စာတင်တယ်ဆိုရင်လည်း ရန်ကုန်ကို လှမ်းပို့ပေးပါတယ်။ ရန်ကုန်က ခွင့်ပြုတဲ့ စာကျရင်တော့ ပြန်ဖွင့်ပေးမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က နယ်စပ်ဖြတ်ကျော် ပီစီအိုဖုန်းများအား စုံစမ်းစစ်ဆေးသည့် အဖွဲ့အစည်းတစ်ခု ရှိခဲ့ပြီး ယင်းအဖွဲ့ကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းပြီးနောက် ယခုကဲ့သို့ သံသယဖြင့်ပိတ်သိမ်းမှုများ ဖြစ်နေခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

7 comments

  • water-melon

    January 14, 2012 at 7:41 am

    အမ် ဘာဆိုုင်လို့လဲ ဆက်သွယ်ရေးရယ်
    သူ့သာသူ ဘယ်နှနာရီပြောပြောပေါ့ အလကားပြောတာကြနေတာဘဲ
    အနော့ကတော့ တစ်ခါပြောရင် နာရီဝက် အမ် တစ်နာရီလောက်ဘဲကြာတာပါ
    ပိတ်လောက်လားဟင် နိုချင်လာပြီနော် 😥
    ၅၀၀ဝ တန်ဖုန်းလဲမလိုချင်တော့ပါဘူး
    စာဥဖုန်းပိတ်ရင် PCO က လာဆက်မယ်နော် 😀
    ရီးတီးယားတား လုပ်ရင် သမ္မတကြီးဆီ စာတင်မှာနော် ဆသရရေ

  • Harumoto

    January 14, 2012 at 10:51 am

    ဒီလိုမျိုးလဲ ရှိတာဘဲလား..
    ပြောမဲ့သူမရှိတော့…ကိုယ်ပြောတာ ကိုယ့်ဥပဒေ…
    ဆိုတဲ့ခေတ် ကကုန်ပြီထင်တယ်…….

  • windtalker

    January 14, 2012 at 3:04 pm

    ဟန်းဖုန်းအကြာကြီး ပြောရင် ကျန်းမာရေးကို ထိခိုက်စေသတဲ့ကွယ်
    အထင်ရှားဆုံး ဥပမာ ကတော့ ၊ တစ်ရက် ကို ဖုန်းနာရီဝက်လောက် ဆက်တိုက်ပြောတဲ့သူတွေ မှာ ဆိုရင် ၊ ဖုန်းပြောတဲ့ နားဘက် မှာ နဖာချေးတွေ အထပ်လိုက်ကြီး ထွက်တာကို တွေ ့နိုင်ပါတယ် ။ မပြောဘဲနေရင် နဖာချေး နဲနဲလေးဘဲ ထွက်တာ ကို ပြန်တွေ ့မှာပါ ။
    ဆိုတော့က
    ဖုန်းချိန်အကြာကြီး ထပ်ပြောနေမှာစိုးလို ့၊ ကျန်းမာရေးဝန်ဆောင်မှု ပေးတာများလား ပေါ့ကွယ် ။

  • ဟုတ်ပ၊ဟုတ်ပ ကိုမောင်ပေ ပြောတာလဲမှန်တာပေဘဲ။အဲဒီတော့ ကျေးဇူးတောင်ပြန်
    တင်လိုက်ပေါ့ကွယ်။ဟိ ဟိ။ပြောမလို ့ဝယ်ထားတဲ့ ဖုန်း ပိတ်ခံထားရတော့လဲ နားအေးသမို ့။
    စ လိုက်တာပါနော်။

  • ဂျက်ကီချီးပေ

    January 14, 2012 at 8:05 pm

    မလိုဘူး
    မလိုဘူး
    ခင်ဗျားဂျီးဒို့ အသဗျာဒွေပေါကြွယ်ဝတိုင်းနဲ့လေမပေါနဲ့
    ယောက္ခမသေလို့ အမွေခွဲတာ ကျုပ်လက္ခံတယ်
    အချိန်ဖြုံးတီးမှု့နဲ့
    ခင်ဗျားဂျီးတို့ တစ်ရွာလုံးကို ကျုပ်တရားဆွဲမယ်
    ဒီကိစ္စ
    ကျုပ်ရဲ့ ဘရားသား ဒေးဗစ်ချီးပုံ သိရင် သက်သာမယ်မထင်နဲ့
    ခင်ဗျားဂျီးတို့ အင်တာနက်ထဲမှာ အူကြောင်ကျားလုပ်ပြီးကုန်တဲ့အသဗျာတွေ
    ဘုန်းကြီးကျောင်းသွားလှူပါလား
    ဘုန်းကြီးကောင်းကောင်းစားရတာပေါ့ 😀 😀 😀

  • naywoonni

    January 14, 2012 at 10:30 pm

    ပိတ်စရာ လိုပါဘူး ဖွင့်မှမထားတာ….။

Leave a Reply