ရွှေစုထားသမျှ စိန်ကို အားလုံးက ပိုပြီးအလေးပေးလာပါလား

ဖိုးထောင်January 14, 20121min12910

အော်လောကလောက ငါ့မှာတော့မဖြစ် ဖြစ်တဲ့နည်းနဲ. အကျိုးအကြောင်းပြ တဖြေးဖြေးစုလာလိုက်ရတာ တစ်ယောက်ရတစ်ယောက် တစ်အုပ်စုရတစ်အုပ်စု နဲ.စုပြီး နေရာလေးတွေခွဲပြီး သိမ်းထားလိုက်ရတာ အခုတော့ ကြည့်ကြစမ်းပါဦး အရပ်ကတို.ရဲ. သူသုံးလေးရက်လောက်ခွဲပြီး လုပ်ထည့်လိုက်တာ ကုန်သလောက် ပါလား —– ခုတော့ သူ.မှာတော့အမှတ်တွေတက်လို. လက်ခုတ်တွေတဖြောင်းဖြောင်း သာဓုတွေတဝေဝေနဲ. ငါ့မှာတော့ အထီးကျန်လိုက်တာ အိမ်ကိုလည်း ဧည့်သည်တွေ ခနခနလာလည်နေကြပါလား ငါ့ကိုကျဘယ်သူမှ အသိမှတ်မပြုကြဘူး ဒီလိုမှန်းသိ နဂိုကတည်းက ငါ့နာမည်ကို ဦးသန်းစိန်လို. ပြောင်းမှည့်ခဲ့ပါတယ် —–
(မှတ်ချက်။ ၁၃-၁-၂၀၁၂ အမှတ်တရ)

10 comments

  • water-melon

    January 14, 2012 at 7:45 am

    ဒိုု့လည်းပြောင်းမယ် ဖရဲစိန် 😀

  • မှော်ဆရာ

    January 14, 2012 at 9:18 am

    တို့ကတော့ စိန်ပဲ ကြိုက်တယ်ဟေ့ …
    ပုံ မှော်ဆရာသိန်း

  • yaungchikha

    January 14, 2012 at 10:25 am

    နာမည်ပြောင်းမယ်ဆိုရင် အချိန်မှီလောက်ပါသေးတယ်၊ စိန်ပါတဲ့နာမည်ပြောင်းချင်ရင် သတင်းစာထဲကနေ အမည်ပြောင်းလေး ထည့်လိုက်ပေါ့နော်………… 😛

  • ငပေါက်ဖော်

    January 14, 2012 at 11:38 am

    သများလဲ စိန်ပေါက်ပေါက်လို ့ပြောင်းလိုက်တော့မယ်..
    ပုံ၊
    စိန်ပေါက်ပေါက်

  • Diamond Key

    January 14, 2012 at 12:44 pm

    ဒို့ကတော့…..နဂိုကတည်းက “စိန်” 😀

  • ကချင်နဲ့ ငြိမ်းချမ်းရေးရရင် ဘွဲ့တွေကို ဖြုတ်
    KING Sein လို့ပြောင်းရင်ကောင်းမလား ကိန်စင်းဆိုရင်လည်း မကောင်ဘူး ဟူးးးးးးးးး
    ရွေးရခက်လိုက်တာနော် ….. 🙂

  • Arkar11

    January 14, 2012 at 12:57 pm

    အခုအချိန် မြို့ထဲမှာ Dendrobium Thein Sein သစ်ခွပန်းတွေ သွားရောင်းရင် အလုပ်ဖြစ်နိုင်တယ်… 🙂

  • ဆူး

    January 14, 2012 at 2:39 pm

    စိန် တွေ ပြိုင်နေကြတာပဲ..
    စိန် ဆိုတာ လင်းလက်တောင်ပ မှု နဲ့ အလင်းပြန်အား အများဆုံး ဖြစ်တယ်။
    အမာဆုံး ဖြစ်တဲ့ အပြင် အရည်ပေါ်မူတည်ပြီး ဈေးအစားစားနှင့် တန်ဖိုးကြီးပါတယ်။

    ဘယ်သူပြိုင်လို့ စိန်ပါ လို့နိုင်..

  • သိပ်လဲ ဇွတ်မြှောက်မနေပါနဲ ့။သိန်းစိန်ဆိုတာ ဘာကောင်မှမဟုတ်သလို။ဘာမှလည်းမစွမ်းပါဘူး။
    မငြင်းသာ၊မလှုပ်သာလို ့လွှတ်ပေးနေရတာ။ပြောတော့ ပြည်ပ အားကိုးတဲ့၊ဒင်တို ့ဘဲကျောက်ကန်ကန်
    လာတာ။

  • windtalker

    January 14, 2012 at 9:00 pm

    ကျုပ် လို ထိပ်စီးတူ နောက်လွဲတဲ့ လူတွေ ကြ ဘာပြောရမှာတုန်းဗျ

Leave a Reply