Wai PhyoeJanuary 14, 20121min31311

ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။
ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က
တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ
ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု
ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက်
ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့
တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။)
(ရမည်းသင်းခရိုင် စံပြကျေးရွာ အရှေ့စူးစူး တွင် ရွှေမြင်တင်တောင်၊ အစ်မတော်တောင် ၊ မောင်တော်တောင်တို့ရှိပြီး ထိုတောင်များအနောက်ဘက်တွင် တောင်တန်းကြီးများရှိပါသည်။ ထိုတောင်များမှာ
အလွန်နတ်ကြီးလှပါသည်။)သို့နှင့် ဦးကြည် ဝါးသွားခုတ်သည်မှာ ၂ ရက်ခန့်ကြာပါသည်။

တစ်နေ့ ဦးကြည် ဝါးနှစ်လုံးအားထမ်းပြီး ခြံထဲဝင်လာတော့ အဖေက “ပာိုမှာ ဦးကြည်ပြန်လာပြီ” ပာုပြောပြီး ဝါးထမ်းကူရန် သူ့အနားသို့ကပ်သောအခါ ဝါးထဲ မှာ ဂလောက် ဂလောက်အသံကို စကြားရပါသည်။ “ပာ ဘာသံကြီးလဲဗျ” ပာု
ကျွန်တော် ကမေးတော”့ အေး ငါလည်းမသိဘူးကွ ခုမှမြည်လာတာ”ပာု ပြောပါသည်။ ထို့နောက်ကျွန်တော်တို့လဲ ကွပ်ပစ်ထိုးရန် ဝါးအားစခွဲပါသည်။ ထူးဆန်းသည်မှာ ဝါးအား စခွဲချိန်တွင် ဝါးအဆစ်တစ်ဆစ်ထဲမှာ မြင်မကောင်အောင်
အရည်များ ပန်းထွက်လာခြင်းဖြစ်ပါသည်။ ထူးဆန်းသည်မှာ ထိုအဆစ်တစ်ဆစ်ထဲတွင်သာထိုအရည်များရှိနေခြင်းဖြစ်ပါသည်။ “ပာာ ဘာလေးလဲမသိဘူး” ဦးကြည်အော်သဖြင့်သွားကြည့်သောအခါထိုအဆစ်လေးထဲတွင် ဘဲဥ ပုံ
ကျောက် အပြာရောင်လဲ့လဲ့လေးတစ်ခုထွက်လာပါသည်။ အရွယ်အစားမှာလဲ ဘဲဥခန့်ရှိပါသည်။ သို့သော်ခုံးခုံးလေးဖြစ်ပါသည်။ အလွှာ သုံးလွှာပါဝင်ပြီး အပေါ်ဆုံးအလွှာမှာ ပြာရောင်လဲ့လဲ့နှင့် ထွင်းပြီးမြင်နေရပါသည်။ဒုတိယအလွှာမှာ
အဖြူဖြစ်ပြီး အောက်ဆုံးအလွှာမှာ ညိုရောင်သန်းပါသည်။ ” ပာာလူမျက်နှာ ” အော်သံကြားသဖြင့် ကြည့်လိုက်သောအခါ ပာုတ်ပါသည်။ အောက်ဆုံးအလွှာမှာ လူမျက်နှာပုံနှင့်တူနေပါသည်။မျက်လုံးနေရာတွင်မျက်လုံး နှာခေါင်း ပါးစပ်
တော်တော် ဆင်တူပါသည်။ကျွန်တော်ဘဝ တွင်တစ်သက်နှင့်တစ်ခါ တစ်ခါမှ မကြားဘူးမကြုံဘူးပါ။ အစပိုင်း အမြုတေ ပာုထင်ကြပါသည်။သို့သော်မပာုတ်ပါ အမြုတေမှာမာပါသည် တူ နှင့်ထုတောင်ကွဲဘို့မလွယ်ပါ။အချို့ဆိုလျှင်သေနတ်
နှင့်ပစ်တောင်မဖြုံပါ။ယခုကျောက်လေးမှာမူ ထိတောင်အက်သွားနိုင်ပါသည်။ ထို့နောက်ကြည့်ရင်းကြည့်ရင်း ကျောက်လေးမှာ ဖြူလာပါသည်။ထို့နောက်တွင်မှူ ထုံးခဲ ကဲ့သို့လုံးဝဖြူသွားပါသည်။ မလှတော့ပါ။ကျွန်တော်လဲ စပ်စပ်စုစု ထိုကျောက်
လေးကို ရေထဲပြန်ထည့်လိုက်သောအခါ နဂိုအတိုင်း အရောင်သုံးရောင်ပြန်ထွက်လာပါတော့သည်။

သို့နှင့်ပင်နောက်တစ်လုံကိုမခွဲအား ရွာမှလူများကလည်း သတင်းကြားသဖြင့်လာကြည့်ကျရာ ခြံထဲမှာမြင်လို့ပင်မကောင်း။ကျွန်တော်လဲကြည့်လိုပင်မဝ။တစ်ရွာလုံးလဲကြည့်လိုမဝ။ “ငါတို့ ရွာမှာနေလာတာကြာလှပြီ တစ်ခါမှ မကြုံဖူးဘူး” ပာုရွာသား
များကပြောကြပါသည်။သို့နှင့်အဖေလဲ လူများလာသဖြင့် ကျောက်ကိုသေချာသိမ်းလိုက်ပြီး “ကဲ ဦးကြည်ရေ မိုးလဲချူပ်တော့မယ် နောက်တစ်လုံးခွဲလိုက်ဗျာ” ပာုပြောလိုက်သဖြင့်ဦးကြည်လဲ ပြောပြောဆိုဆို ရဲဒင်းကိုင်ပြီး ခွဲလိုက်ရာ ခုနအတိုင်းမြင်
မကောင်းအောင် အရည်များပန်းထွက်လာပါသည်။ ထုံးစံအတိုင်းအဆစ်တစ်ဆစ်ထဲတွင်သာ ထိုအရည်များ ရှိနေခြင်းဖြစ်ပါသည်။ “ပာာ နောက်တစ်လုံး” ပာုတ်ပါသည် နောက်တစ်လုံးထပ် ထွက်လာပါသည်။သို့သော် ရဲဒင်းခုတ်အားပြင်းသဖြင့် ကွဲအက်နေ
ပါသည်။သို့နှင့်ပင် ထိုသတင်းသည် ရမည်းသင်းမြို့မှသည် ပျဉ်းမနားအထိ ပျံ့သွားပါတော့သည်။မှတ်မှတ်၇ရ အဲ့တုန်းက ကျွန်တော် ခုနှစ်တန်းပဲရှိပါသေးသည်။လူတိုင်းအံ့အားသင့်ခဲ့ရပါသည်။ယခုအချိန်သွားမေးတောင်သူတို့မှတ်မိပါအုံးမည်ပာုကျွန်တော်
ထင်ပါသည်။ကျွန်တော်လဲ ဘာမှန်းမသိ သိချင်လွန်းလှသဖြင့် လူတိုင်းကိုမေးကြည့်ပါသည် ခက်တာကဘယ်သူမှမသိတာပါ။သို့နှင့်ရွာထဲရှိ လူကြီများကိုချဉ်းကပ်ရပြန်သည်။” အဘ တို့လဲဒီမှာနေတာကြာပြီကွ တောင်ပေါ်တက် ထင်းခုတ် ဝါးခုတ်နဲ့ပဲ အချိန်ကုန်ခဲ့တာကွ
အဲ့လိုကျောက်မျိုး မြင်ဖူးဘို့နေနေသာသာ ဝါးဆစ်တစ်ဆစ်ထဲမှာပဲ အရေတွေဝင်နေတာကိုထူးဆန်းနေတာ” ကောင်းရော…..။ကျွန်တော်သိချင်တာဘာမှမသိခဲ့ပါ။
ခုထိအဲ့ဒီကျောက်လေးကိုကျွန်တော်တို့သေသေချာချာသိမ်းထားပါတယ်။သူ့ရဲ့သဘောသဘဝအရ အရည်ထဲမှာပဲစိမ်ထားပါတယ်။အရေ အပြင်ကိုထုတ်လုပ်တာနဲ့ ဖြူလာပြီး ထုံးကျောက်ကဲ့သို့ဖြစ်လာပါသည်။ထိုအချိန်ခါတုန်းက ဝါးနှစ်လုံးလုံးတွင်ကျောက်ပါလာသည်ဆို
သဖြင့် တစ်ရွာလုံးထိုနေရာတွင် ကျောက်ရမည်အထင်ဖြင့် ဝါးတက်ခုတ်ကြပါသည်။သို့သော်မည်သူမျှ ထိုကျောက်ကိုမရပဲ ဝါးပင်များသာကုန်သွားပါသည်။

ရန်ကုန် ရောက်တော့လဲ ကျွန်တော် လက်မလျှော့ခဲ့ပါ အားလုံးကို(ဖြေနိင်မည်ပာု ထင်သူအပေါင်းကို) လိုက်မေးခဲ့ပါသည်။သို့သော် မည်သူမျှ မမြင်ဖူးသဖြင့် မဖြေ နိင်ဖြစ်နေပါသည်။ဖြစ် နိုင်လျှင် ကျွန်တော်ထိုကျောက်လေးကိုဓါတ်ခွဲခန်းပို့ပြီးတောင် သုတေသန
လုပ်ချင်ပါတယ်။ဒါပာာ သဘာဝလွန်ဖြစ်ရပ်တစ်ခုမို့လိုပါ။သာမန်အားဖြင့် ဝါးပာုဆိုသောအပင်သည် ပင်စည်အဆစ်များကြားတွင် အရည်စိမ်ထားသော ကျောက်ကိုမည်သည့် စနစ်နှင့်မျှ မထုတ်လုပ်နိင်ပါ။သို့သော်လက်တွေ့တွင်အားလုံးရှေ့တွင်ဖြစ်ခဲ့ပါသည်။
ကျွန်တော်တွေးတိုင်းကြက်သီးထမိပါသည်။မည်သူမျှလည်းထိုကျောက်လေးကို နာမည်မပေးနိင်ပါ။အမျိုးစားလဲမသတ်မှတ်နိုင်ပါ။ ခုထိ မေးခွန်းအဆင့်သာရှိပါသည်။အဖြေမရှိသေးပါ။ကျွန်တော်တို့ မိသားစုကတော့ အလွယ်တကူ “ဝါးရည်မျက်ကျောက်”ပာု
ပင် နာမည်ပေးလိုက်ပါတော့သည်။ အားလုံးလဲ သိရအောင် တွေ့ဘူးအောင် ကျွန်တော် ဓါတ်ပုံတင်ပေးလိုက်ပါတယ်။

ဝါးရည်မျက်ကျောက်ထူးခြားချက်များ
၁။ ဝါးဆစ်ထဲမှ တွေ့ရှိသောကျောက်ဖြစ်ခြင်း
၂။ ထွင်းဖောက်မြင်ရသောအထပ်တစ်ထပ်ပါရှိခြင်း
၃။ တစ်ဖက်တွင်လူမျက်နှာနှင့်ဆင်တူသော အရေးကြောင်းများပါရှိခြင်း
၄။ စတင်တွေ့ရှိကတည်းက ဝါးအရည်ထဲတွင်ရှိနေခြင်း
၅။ ရေမရှိပါက ပျက်စီးသွားနိင်ခြင်း
၆။ ရေကိုစုပ်နိုင်ခြင်း
၇။ ရေအပြင်ထုတ်ထားလိုက်ပါက ဖြူလာပြီး အမှူန်လေးများကြွေကျလာခြင်း
၈။ လက်ရှိအချိန်ထိ မည်သူမှ မသိသေးသော အရာဖြစ်နေခြင်းပင်ဖြစ်ပါသည်။
ဖြစ်နိင်ရင် ကျွန်တော် သတင်းစာထဲတောင် ထည့်ပြီးတစ်လောကလုံးကို မေးခွန်းထုတ်ချင်ပါသည်။မြန်မာနိုင်ငံမှလူများမသိတောင် နိင်ငံခြားမှလူများသိမည်ပာုထင်ပါသည်။ရွာထဲကလူများလဲသိရင်ကျွန်တော့်ကိုဖြေပေးကြပါအုံး။သူကြီးကိုလဲအကူညီတောင်းချင်ပါတယ်။
Comment လေးတွေနဲ့လဲဆွေးနွေးလိုပါတယ်။အားလုံးစိတ်ရှည်လက်ရှည်နဲ့ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

11 comments

  • Wai Phyoe

    January 14, 2012 at 11:50 am

    သူကြီးကို အကူညီတောင်ချင်ပါတယ်။
    ကျွန်တော်ပို့စ်တင်တုန်းက Title ရိုက်ထည့်လိုက်ပါတယ်။ကွန်မကောင်းလို့ ၂ နာရီလောက်ကြိုးကြိုးစာစားတင်လိုက်ပါတယ်။ကျွန်တော်ပင်ပင်ပန်းလုပ်ထားတာပါ။ဝင်လို့ ကြည့်လိုက်တော့
    TITLE မပါလာပါဘူး ကျွန်တော် တော်တော် ဝမ်းနည်းသွားပါတယ်။သူကြီးအဆင်ပြေမယ်ဆို Title လေးကို
    “oါးရည်မျက်ကျောက်” လို့တင်ပေးပါနော်။အကူညီတောင်းတာပါခင်ဗျာ။

  • ငပေါက်ဖော်

    January 14, 2012 at 12:56 pm

    တော်တော်ထူးဆန်းပါကလား..
    သေချာ သုတေသနပြုသင့်တယ်..
    ဒီကျောက် အကြောင်းလဲ သိချင်တယ်..
    အမြူတေ အကြောင်းလဲ သိချင်တယ်ဗျာ
    ဘယ်နှနှစ်လောက် ကြာသွားပြီလဲခင်ဗျ
    ဝါးတစ်လုံး ထောင့်င့ါးရာခေတ်ဆိုတော့ ဝါးမဝယ်ဘူးလို ့မသိဘူး..
    သိပ်မကြာသေးဘူးထင်တာပဲ

    စာတတ်ပေတတ်၊ရှေ ့မီ..နောက်မီ..အလယ်မီ ဆရာတို ့..ရှင်းပြပေးရင် သများတို ့
    များကြီး ဗဟုသုတ တိုးမှာပဲချင်

  • ထူးဆန်းပေစွ
    ဗဟုသုတရစေရန်အလို့ငှာ
    ဆရာကြီး ဆရာမကြီး အစ်ကိုကြီး အစ်မကြီး ညီလေး ညီမလေးတို့
    ရှင်းပြပေးကြပါ
    လွန်စွာ စိတ်ဝင်စားလှပါ၏

  • windtalker

    January 14, 2012 at 2:31 pm

    ရေကိုစုပ်တယ် ဆိုကတဲက ကျောက်ဆိုတာတော့ သေချာပါတယ်
    အဲဒီဝါးပင် ပေါက်ဘဝမှာ ၊ သူ ့အပေါ်မှာ ရှိနေတဲ့ ကျောက်၂လုံး ကို မြိုရင်း ရှင်သန်လာပြီး ၊ ယခုလို တွေ ့ရှိရခြင်း လို ့ထင်မိကြောင်း ရယ်ပါလေ

  • ဆူး

    January 14, 2012 at 5:33 pm

    အဲဒီ ကျောက်က ဘာ အစွမ်း သတ္တိတွေ ရှိသေးလဲ..
    ဂမ္ဘီရတို့ ဘာတို့ပေါ့..

  • water-melon

    January 14, 2012 at 6:27 pm

    အမ် ကြားဖူးတယ်ဗျ
    အစ်ကိုရေ ဂမ္ဘီရ အကြောင်းတွေရေးတဲ့ နက္ခတ်တရောင်ခြည် မဂ္ဂဇင်းမှာ မေးကြည့်ပါလား
    အဲဒီမှာ ဂမ္ဘီရ နဲ့ပတ်သတ်ပြီး သတင်းအစုံပါတယ်။ အစ်ကိုဟာက ဝါးအမြူတေထင်တယ်

  • Anzartone

    January 14, 2012 at 7:17 pm

    ဝါး ထဲက တွေ့တာဆိုတော့ မဟုတ်မှလွဲရော …
    ” လက်ညှိုးညွှန်ရာ ရေဖြစ်တယ် ” ဆိုတဲ့ အလောင်းစည်သူ မင်းတရားကြီးရဲ့ ဟိုဒင်း ဟိုဟာများ ဖြစ်နေမလားပဲ …… ။

  • koyinmaung

    January 14, 2012 at 7:50 pm

    အံစာတုန်းကတော့လုပ်ချလိုက်ပြန်ပြီ
    အလောင်းစည်သူ မင်းတရားကြီးရဲ့ ဟိုဒင်း ဟိုဟာ..
    ဆိုတာဘာတုန်းဟ…လင်းစမ်းပါအုံး…

    • Anzartone

      January 15, 2012 at 1:42 pm

      ဟိုဒင်း ဟိုဟာ ဆိုတာ … ဟိုလေဗျာ … ပြဿရှင်လုံး၊
      ပရိက္ခရား (စာလုံးပေါင်း မှားလားမသိ) ရဲ့ ပြဿရှင်လုံးက ဝါးထဲ ပြုတ်ကျတယ်။
      အဲဒီ ဝါးကို အလောင်းစည်သူ က ဖောင်လုပ်ပြီး စီးတယ်။
      နောက်တော့ အဲဒီဝါး ဘယ်ရောက်သွားလဲ မသိ။
      ဒါကြောင့် အလောင်းစည်သူမင်းကြီး စီးခဲ့တဲ့ ဖောင်ထဲက ဝါးထဲက .. အဲ .. ပြဿရှင်လုံးက ပုံထဲက ဟာလားလို့ ….. ။
      ကြားဖူးနားဝ မြန်မာရာဇဝင်နဲ့ ဆက်စပ်ပြီး ထင်မိထင်ရာ ထင်လိုက်တာပါ .. အဟဲ ….. 😀 😀

      ” ဖြစ်နိုင်တာကတော့ ကျောက်အမြုတေ ပဲ ဖြစ်ဖို့ များပါတယ်။ အုန်းသီး အမြုတေဆိုရင် အရေးကြုံရင် ကိုယ်တောင် ပျောက်တယ်ဆိုပဲ … ။ “

      • windtalker

        January 15, 2012 at 7:54 pm

        ကိုယ်ပျောက်တယ် လို ့သွားမပြောကြနဲ ့နော်
        အကြွေးရှင်ပတ်လည်ဝိုင်းနေတဲ့ ငပေါက်ဖော် ကြားသွားလို ့
        လာလုနေမယ်
        ဟီဟိ

  • Wai Phyoe

    January 17, 2012 at 2:35 pm

    ပာုတ်ပါတယ် အရမ်းထူးဆန်းပါတယ် ခုနှစ်ကတော့ ၂၀၀၅ မိုးရာသီလောက်ကပါ။

Leave a Reply