လက်တွေ ပေးဖို့လိုပြီ

သမ္မတက အခက်အခဲအများကြီးပိုက်ထားတဲ့ကြားက ဖြေရှင်းပေးနိုင်တဲ့ကိစ္စကို အချိန်မစွဲပဲ ဖြေရှင်းပေးနေတယ်လို့ထင်မိတယ်. ကျွန်တော်တို့ပြည်သူတွေဘက်က ဖိအားပေးမှုနဲ့မြေတောင်မြောက်ပေးမှုဆိုတာကွဲလွဲဖို့လိုတယ်. နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ ဖိအားပေးတာ. ဖိအားမပေးတဲ့နိုင်ငံကို ဘုရားလိုကိုးကွယ်မိတော့ ပိုနစ်နာတယ်ဗျ. ဒါဟာ ဖိအားပေးထားတဲ့ အတွက် လွတ်မိလွတ်ရာ၊ စွဲမိစွဲရာကောက်စွဲမိတာ. ဒီအချိန်ကစီးပွားပိတ်ဆို့မှုမရှိပဲ မြေတောင်မြောက်တဲ့ လုပ်ရပ်ဖြစ်ရတော့မယ့်အချိန်ဖြစ်နေပြီလို့ထင်ပါတယ်.ပြည်သူရော၊ ပြင်ပအသိုင်းအဝိုင်းရော ပူးပေါင်းပြီး လုပ်ရပ်အမှန်တွေပေါ်မှာ မြေတောင်မြောက်ပေးဖို့လို့တယ်။ အမြဲတမ်း သံသရမျက်လုံးနဲ့ကြည့်လို့တော့ မရနိုင်ဘူး။ လမ်းမှားကိုပြန်ပို့ပေးသလိုဖြစ်သွားနိုင်တယ်. ကျွန်တော်တို့က လှိုင်းကြီးကြီးမားမားကို ဖြတ်ကျော်ခဲ့တာ။ လှေကမငြိမ်သေးဘူး။ မာလိန်မှူးကလည်း ငါ့ဖြတ်ကျော်ပြီးပြီဆိုပြီး ပဲ့လွှတ်လိုက်လို့မရသလိုပါလာတဲ့လူတွေကလည်း ရေပက်သင့်ရင်ဝိုင်းပက်ထုတ်ပေးမှ ရမယ်လို့ထင်တယ်။
သမိုင်းတွင်မဲ့နေ့ post တွင် မန်းရိပ်ပြောတဲ့ “တဖြည်းဖြည်းတော့ ပန်းတိုင်ကို လျှောက်လာနေပြီလို့ထင်ရတာပဲ မီဒီယာလွတ်လပ်ခွင့်သာရမယ်ဆိုရင် ပြီးပြည့်စုံလို့ပြောလို့ရပြီ
ပြည်သူတွေဘက်က စည်းကမ်းရှိဖို့ လမ်းညွှန်ရအုန်းမယ်” ဟာအမှန်ပဲ။ ပြည်သူတွေက တွေ့ကရာတောင်းဆိုချင်တိုင်း၊ ဖိအားပေးတိုင်းလည်းမကောင်းဘူးလို့မြင်တယ်။ သမ္မတဆိုတာ ဆုံးဖြတ်ပေးရတဲ့သူဆိုတော့ သူဆီကို မှန်ကန်တဲ့သတင်းတွေ မြန်မြန်ဆန်ဆန်ပို့နိုင်ဖို့အရေးကြီးတယ်။ ပြည်သူတွေဘက်က အဲဒါတွေလိုသေးတယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ပြည်သူဘက်ကစလုပ်တာ။ ကိုယ့်အတွက်ပြည့်စုံဖို့ပေးကြတာ။ တောင်းလို့ပေးတယ်ပြောရင် မပေးနဲ့၊ နာမည်၊ လိပ်စာ၊ အကြောင်းအရာ ပြည့်ပြည့်စုံစုံဖော်ပြပြီး မြန်ဆန်တဲ့မီဒီယာအားကိုးနဲ့ပြောပြော၊ သမ္မတဆီတိုက်ရိုက်ပို့ပို့ လုပ်လို့ရနေပြီ။ ကျွန်တော်တို့လိုပြည်သူတွေဘက်က အုပ်ချုပ်သူတွေဘက်ကို ကူညီဖို့လိုတယ်.

4 comments

  • Harumoto

    January 14, 2012 at 3:21 pm

    သူဌေးကပ်စေးနဲ ရေနစ်တော့ ဆွဲတင် ကယ်ဆယ်ဘို့အတွက်
    လက်ပေး လက်ပေး နဲ့ လှမ်းတောင်းတယ်တဲ့။
    ကပ်စေးနဲတဲ့ သူဌေး က ဘယ်တော့မှ ပေးတဲ့ အလုပ်မလုပ်ဘူး
    ပေးရမယ်ဆို အသေသာခံသွားမယ် ဘယ်တော့မှမပေးဘူးတဲ့။
    ဒီတော့ ကယ်နေတဲ့ သူတွေက သူဌေးအကြောင်းသိတော့
    ယူခိုင်းရတယ်.. ယူရမယ်ဆို ကပ်စေးသူဌေးက ဘာဖြစ်ဖြစ်ယူတယ်။
    ဒါ့ကြောင့် သူဌေးရေ ဒီလက်ကို ယူလိုက် ယူလိုက် ဆိုတော့မှ လက်ကိုဆွဲယူပြီး
    လှေပေါ် ရောက်လို့ အသက်ချမ်းသာရာ ရတယ်တဲ့။
    ဒါကြောင်မို့ လက်တွေပေးမခိုင်းဘဲ…ယူကြပါ လို့ ပြောပေတော့……

    • Harumoto

      January 14, 2012 at 3:25 pm

      ပြောချင်တာက ကျုပ်တို့တွေက အကျင့်ပါနေကြပြီ လို့။

  • စိန်ပေါက်ပေါက်

    January 14, 2012 at 4:19 pm

    တဖြည်းဖြည်း ရွှေရောင်တောက်လာမယ် မျှော်လင့်ပါတယ်..
    ရမ်းသမ်းစွတ်စွဲဖိအားပေးတာလေးတွေလဲ နဲနဲလျှော့သင့်ကြပါဘီ..
    တရားမျှတမှုအတွက် တရားမျှတစွာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပါစို ့ချင်

  • ဟိုက် ကိုပေါက်ဖော်ကြီးက. ပေးတော့ပေးချင်ပါရဲ ့ ဟုတ်ကဲ့ပါချင်တဲ့။
    ဟဲဟဲ. စ နေတာပါနော် ကိုပေါက်ဖော်ရေ။
    တိုင်းပြည်မှာ အရေးအကြီးဆုံးအချက်တွေထဲက မဖြစ်မနေလုပ်ရမှာက
    ပြည်တွင်းစစ်တွေ ရပ်တန် ့ပေးဖို ့ပါ။

Leave a Reply