(၁၃)ရက်နေ့ ညနေမြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။

မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
ခုလွတ်မြောက်လာကြတဲ့ အထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ ဦးပုဇ္ဇင်းတွေ၊ဘလော်ဂါတွေ၊သတင်းထောက်တွေ၊နဲ့ 
စစ်ထောက်လှမ်းရေးဟောင်းတွေပါ,ပါဝင်လာပါတယ်။
ခုလိုစေတနာရှိရှိနဲ့  လွတ်ငြိမ်းချမ်းသာပေးတာကို မိသားစုတွေအားလုံးနဲ့ တကွ၊ထပ်တူထပ်မျှ ဝမ်းသာရပါတယ်ဗျာ။ဒါပေမယ့် စိတ်မကောင်းစရာကရှိလာပြန်ရော။သူတို့ နဲ့ 
အတူတူရဲဘော်ရဲဘက်တွေ သေလို့ လဲသွားကြပီ။မြင်မသွားခဲ့ရဘူး။မခံစားသွားကြရဘူး။
တိုင်းပြည်အတွက်တကယ့်အဖိုးတန်တွေကို မနာလိုစိတ်တွေနဲ့ ထောင်သွင်း အကျဉ်းချရိုက်
ချိုးထားတဲ့ စစ်အာဏာရှင်တွေရေ ဝဋ်ဆိုတာ နောင်ဘဝမှလည်တာ မဟုတ်ဘူး၊ဒီဘဝမှတင်
မကြာမီ လာပါတော့မယ်ဗျာ။

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။