လွှတ်တော့ပေးပါရဲ ့(သို ့သော် စေတနာမပါ)

(၁၃)ရက်နေ ့ညနေမြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို ့ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်နေ ့မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။

မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
ခုလွတ်မြောက်လာကြတဲ့ အထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ ဦးပုဇ္ဇင်းတွေ၊ဘလော်ဂါတွေ၊သတင်းထောက်တွေ၊နဲ ့
စစ်ထောက်လှမ်းရေးဟောင်းတွေပါ,ပါဝင်လာပါတယ်။
ခုလိုစေတနာရှိရှိနဲ ့ လွတ်ငြိမ်းချမ်းသာပေးတာကို မိသားစုတွေအားလုံးနဲ ့တကွ၊ထပ်တူထပ်မျှ ဝမ်းသာရပါတယ်ဗျာ။ဒါပေမယ့် စိတ်မကောင်းစရာကရှိလာပြန်ရော။သူတို ့နဲ ့
အတူတူရဲဘော်ရဲဘက်တွေ သေလို ့လဲသွားကြပီ။မြင်မသွားခဲ့ရဘူး။မခံစားသွားကြရဘူး။
တိုင်းပြည်အတွက်တကယ့်အဖိုးတန်တွေကို မနာလိုစိတ်တွေနဲ ့ထောင်သွင်း အကျဉ်းချရိုက်
ချိုးထားတဲ့ စစ်အာဏာရှင်တွေရေ ဝဋ်ဆိုတာ နောင်ဘဝမှလည်တာ မဟုတ်ဘူး၊ဒီဘဝမှတင်
မကြာမီ လာပါတော့မယ်ဗျာ။

7 comments

  • timothy

    January 14, 2012 at 5:02 pm

    ကျွန် တော်လဲ ဒီစစ်ဘီလူးတွေကိုအစိမ်းလိုက်ဝါးစားချင်တာပါဘဲ။
    တတိုင်းပြည်လုံးဖွတ်ဖွတ်ညက်ညက်ကြေ၊တိုင်းသူပြည်သားအားလုံးကိုလဲလူညွန့်တုန်း၊
    လူစဉ်မမှီအောင်ပြုကျင့်တဲ့ဖက်ဆစ်စစ်မိစ္ဆာများကိုအပြစ်ပေါင်းစုံပေးပြီး လစ်ဗျားဂဒါဖီးသေနည်းကားအတိုင်း
    ဇါတ်သိမ်းစေချင်တာဘဲဗျာ။
    ဒါပေမဲ့လဲအခုအခြေအနေအရကြည့်မြင်နေရတာကတော့ကျွန်တော်တို့နိုင်ငံကသွေးထွက်သံယိုမရှိဘဲ၊
    လွတ်လပ်ရေးတိုက်ပွဲကိုအောင်မြင်စွာနဲ့ရောက်နိုင်ပုံရနေပြီလို့ယုံမိပါတယ်။
    လောလောဆယ်လုပ်ရမှာက၊
    မတရားသင်းဥပဒေတွေကိုတဖြေးဖြေးချင်းဖျက်ဆီးရမယ်။
    ၂၀၀၈ မတရားပြုကျင့်ရေးဆွဲထားတဲ့ဖက်ဆစ်စစ်ဝါဓီတွေသက်ဆိုးရှေတဲ့အခြေခံအဓ်ဓမဥပဒေကိုအတွင်းက
    လှိုက်စားပြီးပြင်ယူကြရမယ်။
    နောက်တကြိမ်ရွေးကောက်ပွဲ၂၀၁၅ မှာပွဲပြတ်အနိုင်ယူပြီးစစ်ကောင်တွေကိုတိုင်းပြည်ရဲ့ကျွန်အဖြစ်၊
    စစ်တန်းလျားများကိုအပြီးအပိုင်ပြန်ပို့ရမယ်။
    အခုလာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာစစ်ဝါဒီတွေရဲ့အာဏာရူးပါတီခွက်ထိုးခွက်လန်ရှုံးနိမ့်ဘို့ဗေဒင်မေးစရာမလိုဘူး။
    ရုပ်ရုပ်သဲသဲဖြစ်လာရင်စစ်တပ်ကချက်ချင်းအုပ်ဘို့အာဏာရူးဂိန်းဂွေန်နဲ့သမ္မတလူကြမ်းများအဖွဲ့မှာအစီ
    အစဉ်ရှိတာအားလုံးအသိဘဲ။
    Make No Mistake, ကျုပ်တို့ပြည်သူလူထုကလဲစစ်ကောင်တွေကတိဖျက်ရုပ်ရုပ်ယက်ယက်လုပ်လာပြီး၊
    ကျွန်တော်တို့ခေါင်းဆောင်တွေကိုဖမ်းမယ်ဆီးမယ်ပြုကျင့်လာခဲ့သည်ရှိသော်———-
    အဲဒီကြမှဒုတ်ဒါးသန်း၂ဝက၊ ၅သိန်းလောက်သာရှိတဲ့စည်းမဲ့ကမ်းမဲ့ဗယမ်းဗဒါစိတ်ဓါတ်ရေးရာဖရိုဖရဲနဲ့
    စစ်ကောင်တွေကိုလူအားနဲ့အသေအကြေခံပြီးဝင်လုံးရင်ဒီကောင်တွေဘောင်းဘီချွတ်ထွက်ပြေးကြယုံပေါ့။
    စိတ်ရှည်ရျည်နဲ့နည်းဗျူဟာမှန်မှန်နဲ့လုပ်လို့၂ဦး၂ဘက်သွေးထွက်သံယိုမရှိဘဲပြီးသွားရင်အကောင်းဆုံးဘဲဗျာ။
    အပြစ်ရှိတဲ့သူတွေတော့တရားဥပဒေအတိုင်းစီရင်ခံရမှာဘဲ။ လက်စားချေချင်တဲ့စိတ်တွေထိမ်းချုပ်မြိုသိပ်ထားရသူတွေ၊လွတ်လပ်ရေးရဘို့သိပ်မကြာတော့ဘူးလို့ယုံမိကြောင်းပါ။

  • koyinmaung

    January 14, 2012 at 5:04 pm

    ကိုယ်လိုချင်သလောက်မရသေးပေမဲ့
    ခုရတာတွေကလဲပြန်ကြည့်ယင်
    တန်ဘို့ကြီးပါတယ်…
    ဆက်ကြိုးစားကြတာပေါ့
    ပြောနိုင်ဆိုနိုင်သူတွေအပြင်ရောင်လာကြပြီလေ…
    ကြိုဆိုပါတယ်…

  • laypai

    January 14, 2012 at 10:05 pm

    ဘာဘဲ ပြောပြော အတော် များများ အပြင် ရောက် လာ ပြီ ဆိုတော့ ဝမ်းသာစရာပေါ့။

  • The Angry Man

    January 14, 2012 at 10:20 pm

    မှန်တယ်ဗျာ။ကိုယ်တို ့ကပြောလဲ မောင်ပြောတွေ အဆင့်ဘဲရှိတာ။ပြောနိုင်ဆိုနိုင်တဲ့သူတွေ
    လွတ်လာတာဟာ ဆုလာဘ်တခုပါဗျို ့။

  • char too lan

    January 15, 2012 at 10:20 am

    ဒီမိုကရေစီသက်တမ်းလေးကငယ်ပါသေးတယ်
    ဒီလောက်အထိလုပ်ပေးနိုင်လာတယ်ဆိုတော့
    ကျေးဇူးတော့တင်စရာပါ ……….

  • သူတို ့နဲ ့အတူတူရဲဘော်ရဲဘက်တွေ သေလို ့လဲသွားကြပီ။မြင်မသွားခဲ့ရဘူး။
    မခံစားသွားကြရဘူး။တိုင်းပြည်အတွက်တကယ့်အဖိုးတန်တွေကို မနာလိုစိတ်
    တွေနဲ ့ထောင်သွင်း အကျဉ်းချရိုက်ချိုးထားတဲ့ စစ်အာဏာရှင်တွေရေ ဝဋ်ဆို
    တာ နောင်ဘဝမှလည်တာ မဟုတ်ဘူး၊ဒီဘဝမှတင်မကြာမီ လာပါတော့မယ်ဗျာ။

  • moethuzar

    January 15, 2012 at 8:49 pm

    စိတ်မကောင်း မဖြစ်ပါနဲ ့။ဖြေးဖြေး စမ်းနေတာနေမှာပေါ့။
    လွတ်လာမှာပါနော်

Leave a Reply