ငါပြန်သွားသော် …

YingLampJanuary 14, 20121min25846

လုပ်ဖြစ်အောင်လုပ်မည်။ (အမြေ ှာက် ၁ဝ သိန်း)
=======================================

၁။ ရန်ကုန် ခရီးစဉ်

) ရွှေတိဂုံရင်ပြင်တော်ပေါ ်မှာ စိတ်ရှိသလောက်နေမယ် .. *10
) လှည်းတန်းမှာ မာလာငါးကင်. ပြောင်းဖူးပြုတ်. မြေပဲပြုတ်. မုန် ့လင်မယား. မုန် ့ရေပါး စားမယ် .. *5
) မန္တလေး ကြာဇံချက် ဆိုင်က ထမင်းသုပ် .ငါးဖယ်သုပ်. အသဲကြော် ကို ကြာဇံဟင်းခါးလေးနဲ ့ ဆွဲမယ် .. *4
) ရသာ က ဖက်ထုပ်ဆီချက် နဲ ့ ဖာလူဒါ စားမယ် … *3
) အိုင်တီ က ပူတင်း. ပေါ့စိမ် ့ နဲ ့ ဝက်ကောက်ညင်းထုပ် စားမယ် …*4
) လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်မှာ ရှမ်းခေါက်ဆွဲ နဲ ့ ဖက်ထုပ်ပေါင်း စားမယ် …*3
) ဇင်းနစ် မှာ ခေါင်းဝင်လျှော်လိုက်ဦးမှပါ ..
) ဝို်င်ကေကေအို မှာ ဝက်ကြေးအိုး. အာလူးထောင်း. ဝက်ဆာတေး နဲ ့ ဖက်ထုပ်ကြော် ဝါးမယ် .. *4
) ဗိုလ်ချူပ်ဈေးထဲက ဝက်သားတုတ်ထိုးနဲ ့ကြာဇံကြော် ကို သံပုရာရည်လေးနဲ ့ဆွဲမယ် …*3
) ဘူတာရုံလမ်းက ဇော် ကော်ရည်ခေါက်ဆွဲနဲ ့လျှာဂျွမ်းပြန်ငါးပိထောင်း ဆွဲမယ် .. *4
) မင်းလမ်း ရခိုင်မုန် ့တီဆိုင် က ရခိုင်မုန် ့တီအရည်ကို ပဲကြော်ထည့် ချဉ်ငံစပ်၂ပွဲ နဲ ့ ပုဇွန်ကင် စားမယ် .. *2
) ဝန်ကြိးမျာရုံးရှေ ့က အမေ့သားဆီမှာ ရခိုင်မုန့်တီချဉ်စပ်နဲ ့တိုဖူးသုပ်လေးလဲ ထပ်စားလိုက်ဦးမယ် .. *3
) ဗားဂရာလမ်းထဲက အသားလိပ်ကြော် ကိုကြက်သွန်ဖြူလေးခွာခွာပီး စားမယ် … *4
) ဟယ်လပင် က နန်းကြီးသုပ်ကို မနက်စောစောထပီးသွားစားဦးမယ် .. *5
) မြေနီကုန်းက တင်တင်အေးမှာ မုန် ့ဟင်းခါးကို အိုးဘဲဥ. ပဲကြော်. ချဉ်စပ်လေး ၂ ပွဲတခါထဲစားမယ် .. *10
) ဗဟိုလမ်းဘက်ကိုပတ်ပီး ဘိတ်ကိုခေါင်းဖြူဆိုင်မှာ ကတ်ကြေးကိုက် ဝင်ဆွဲလိုက်ဦးမယ် … *3
) စီးတီးမတ်ကိုဝင် ယုဇနချဉ်စပ်လေးဝယ်ပြန် အိမ်မှာကြက်သွန်ဖြူလေး ပုဇွန်ခြောက်လေးနဲ ့ လဖက်ထမင်းလုပ်စားမယ် .. *4
) ယုဇနပလာဇာ ရောက်ရင် ငါးဖယ်အစာသွပ်လေးတော့ ပါဆယ်ဆွဲခဲ့ဦးမှ .. အိမ်ရောက်မှစားမယ် .. *2
) ချိုင်းနားတောင်း က ပဲနီချိုရည် သောက်မယ် . အော်ကေ့ကျီ ကောက်ညင်းထုပ် . ဝက်သားတုတ်ထိုး အပီဆွဲမယ် .. *5
) ဖီးလ် မှာ ငါးထမင်း. အာလူးကြော် နဲ ့ သဘေ်ားသီးလက်ဖျော်လေး သောက်မယ် … *5
) ဒံပေါက် ကိုတော့ စာအုပ်သွားဝယ်ရင်းနဲ ့ ပတ်စ်ပို ့ရုံးဘေးက ကြက်လျှာစွန်းမှာဆွဲလိုက်တော့မယ် … *2
) မန္တလေးသွားရင်ကားပေါ ်မှာစားဖို ့က နေကြာစေ့. ဇီးယို. ငါးမုန့်ကြော်.သံပုရာပေါင်း.ဆိတ်သားခြောက် ဝယ်သွားမယ် … 😛

၂။ မန္တလေး ခရီးစဉ်

) ဘုရားကြီးမှာစိတ်ရှိသလောက်နေမယ် … *10
) ဗထူးကွင်း မီးရှည် စားမယ်… မိန်းနားက မီးရှည်စားမယ် .. မင်းသီဟ မီးရှည်စားမယ် .. *10
) ၁၆ ကျောင်းလမ်းက အချဉ်ပေါင်းလှည်းကိုရှေ ့ကနေပိတ်ရပ် ချဉ်ချဉ်စပ်စပ်တခုပိးတခုသုပ်ခိုင်းပီးစားမယ် .. *10
) ဗထူးအသုပ်ဆိုင်က ရှောက်သီးသုပ်. ပဲကြော်သုပ်. ဂျင်းသုပ်၊ ဖီတန်သုပ် ကို အရည်တမျိုးမျိုးနဲ့မြည်းမယ် … *4
) ဗထူကွင်းတောင်ဘက်က ဝက်သားတုတ်ထိုး နဲ ့ အသားကြွပ်ကြော်. စားမယ် … *10
) ညမှဖွင့်တဲ့ ၂၆ လမ်းကီးမားဆိုင် မှာ ညကျရင်ကီးမားစားမယ် .. *4
) မန်းမြို ့တော် ဆိုင်မှာ ပေါက်စီ. အသားပေါင်း. ဘီးမုန် ့ ကို ပေါ့စိမ် ့ လေးနဲ ့တွဲစားမယ် .. *3
) နန်းရှေ ့ရေနီမြောင်းဘေးက ရှမ်းဆိုင်မှာ မှိုပေါင်း. ငါးခူအကြွပ်ကြော်. မုန် ့ညင်းချဉ် နဲ ့ရေနွေးကြမ်းလေး ဆွဲမယ် …*4
) ကျူံးဘေးက အတွဲတွေချိန်းတဲ့ဆိုင်မှာ လဖက်သုပ်.ထမင်းဆီဆမ်းနဲ ့ မဂျီးဖျော်ရည်ကို ချဉ်ချဉ်လေးသောက်မယ် ..*3
) လမ်း ၈ဝ ပန်းသခင် မှာအုန်းထမင်း. ငှက်ပျောကြော်. စမူစာ. ပဲကုလားဟင်းနဲ ့စားမယ် .. *5
) မဂ်လာဈေး တောင်ဘက်က အမေ့လက်ရာ ထမင်းဆိုင်မှာ ချဉ်ပေါင်ကျော်. မြန်မာထမင်းဟင်း ငါးပိရည်တို ့စရာအစုံနဲ့စားမယ် … *3
) အိမ်ရှေ ့လာရောင်းတဲံ ့ကောက်ညင်းပေါင်းကို မီးဖိုချောင်ထဲက ဗာလချောင်ကြော် နဲ ့စားမယ် … * 5
) တောင်မြို ့ က ဗူးသီးကြော်. ပြောင်းဖူးကြော်. ပုဇွန်ကြော်. ကဏန်းကြော်. အစုံကြော်ကို ထန်းရည်လေးနဲ ့ဆွဲ .. *2
) အုန်းနို ့ခေါက်ဆွဲ ကတော့ အိမ်နားကဆိုင်မှာ စားလိုက်တော့မယ် … *2
) ဂျီတီအိုင် ကျောင်းနားက ရှမ်းမဆိုင် က ခေါက်ရှောက်. ခေါက်လျန် ့ဖင်း. တိုဖူးပျော့ စားမယ် ..* 4
) ကန်တော်ကြီးကောင်းကောင်းမှာ အခေါက်ကင်. လျှာကင်. အူမကြီးကင် ကို မြန်မာ လေးနဲ ့မြည်းမယ် .. *3
) ရတနာပုံယာယီဈေးထဲမှာ မာလာဟင်းနဲ ့ချဉ်စပ်ကြော်. ဖက်ထုပ်ကြော် ရောဆွဲမယ် . . *3
) ၃၅ လမ်းကော်ပြန် ့ကြော် လဲသွားစားဦးမယ် .. *5
) ၇၃လမ်းပေါ ်က ပုံစား ရှမ်းထမင်းဆိုင်မှာ နမ့်ဖြစ်. ပန်ထွေဖျော်. ဝက်သားမုန့်ညင်းချဉ်. ဖက်ကာစော အဝစားမယ် .. *2
) ပုရစ်ကျော်. လဲ ရှာစားဦးမှာ … *5
) စည်ပင်ရုံးနားက ကောက်ညင်းပေါင်းနဲ ့ ဗယာကြော်.ပဲဆပ်ကြော်.တိုဖူးကြော်.ဗူးသီးကြော်.ကြက်သွန်ကြော်.စားပစ်မယ်.. *5
) အားသလိုလို ယားသလိုလို နဲ ့ဖရန် ့မှာ ဒိန်ချဉ်လေးသွားသောက်ဦးမယ် … *5

လုံးဝ(လုံးဝ)မလုပ်ပါ။ (အမြေ ှာက် ၁ဝ သိန်း)
====================================

၁။ ခရီးစဉ်တလျှောက်လုံး

) ကြက်ဆီထမင်း၊ ကြက်ကြော်၊ ကြက်ကင်၊ ကြက်သားဟင်း၊ ကြက်ဥ၊ ဝက်အူချောင်း.. လုံးဝ(လုံးဝ)မစားပါ။
) ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ် လုံးဝ(လုံးဝ) မစားပါ။
) ဘီစကစ်၊ ပေါင်မုန် ့ လုံးဝ(လုံးဝ) မစားပါ။
) ကိုကာကိုလာ. တိုက်ဂါး လုံးဝ(လုံးဝ) မသောက်ပါ။
) ဘွတ်ဖိနပ်. လေဒီရှူး. ဒေါက်ဖိနပ်. ခြေအိတ် … လုံးဝ(လုံးဝ)မဝတ်ပါ။
) ကွန်ပြူတာ အပါအဝင် ခပ်ဆင်ဆင်တူသော တီဗီ.ရုပ်ရှင် .. လုံးဝ(လုံးဝ)မကြည့်ပါ။
) မနက်ထရန် နှိုးစက် လုံးဝ(လုံးဝ) မပေးပါ။ (ထချင်ရင်ထမည်။ မထချင်ရင်မထပါ။)

သင်္ကြန် ပြန်ပါမည်။
================
ပြန်မယ်ဟေ့ .. ပြန် မယ် ဟေ့.. ပျော်တာ …

YingLamp
14012012

46 comments

  • windtalker

    January 14, 2012 at 3:44 pm

    လုပ်ဖြစ်အောင် လုပ်ပါ ။ (အမြှောက် သိန်းတစ်ရာ)
    မန်းတလေး ကို သွားပြီး မန်းဂေဇက်ဝင် ဘိုးဘိုးပေ နှင့် တွေ ့မည် ။ အမြှောက် သိန်းတစ်ရာ

    • YingLamp

      January 15, 2012 at 5:01 pm

      ဘိုးဘိုးဝေ လိပ်စာလေး ဖုန်းနံပါတ်လေး သိရင် ကြို မ စ ပါ .. ဘီယာတိုက် မလားကြိုမေးရမယ် .. 😀

      • windtalker

        January 15, 2012 at 7:14 pm

        ဘိုးဘိုးဝေ မဟုတ်ပါဘူး ကွယ် ၊ ဘိုးဘိုးပေ ပါကွယ်
        ဘိုးဘိုးပေ လိပ်စာ ငါးစာ ကြောင်စာ များကို ပါးပိတ်ရိုက်မူးစေ့ဖြင့် ပို ့ပေးထားမယ်နော

        • YingLamp

          January 15, 2012 at 7:33 pm

          ကျေးဇူး ဘိုးဘိုးပေ … ဒါနဲ ့ ဘိုးဘိုးပေ က မူးစေ့ ကြိုက်ပုံရဒယ် .. ခစ်ခစ် ..

  • Diamond Key

    January 14, 2012 at 3:50 pm

    လုပ် x 1000 = 😀
    မလုပ် x 😐 = 😥

    • YingLamp

      January 15, 2012 at 5:02 pm

      တငြိုးဂျီး … 😀

  • စိန်ပေါက်ပေါက်

    January 14, 2012 at 4:10 pm

    စိတ်ကူးထဲမတော့ ဂွတ်ရှယ်ဘဲ
    ပြန်လာနိုင်ပါစေဗျာ.
    ဘူတာရုံလမ်းက လျှာဂျွမ်းပြန်ကတော့ သများလဲကြိုက်တယ်..ရှလွတ်..

    • YingLamp

      January 15, 2012 at 5:03 pm

      ဂလု ပေါင်းများစွာ နဲ ့လူပါဗျာ .. 😀

  • Khin Kha

    January 14, 2012 at 4:51 pm

    ကြက်ဆီထမင်းနဲ့ကြက်ကြော်ဘာလို့မစားတာလဲ။
    မန္တလေးက ကုံးထက် ကြက်ဆီထမင်းကနံမည်ကြီးတယ်နော်။

    • YingLamp

      January 15, 2012 at 5:03 pm

      ကြက်ဆီထမင်းပဲ နေ ့ရှိသရွေ ့ဝါးနေရလို ့ပါ ခခ ရေ .. ကြက်ဆို ကြည့်ကိုမကြည့်ချင်ပါ .. 🙁

  • memeseku

    January 14, 2012 at 4:58 pm

    သများကပြန်တော.မှာ….ဟဟဟဟ..
    သများကတော့လုပ်ချင်ရာအကုန်လုပ်မှာ….
    တွေ.ကရာလုပ်မှာ……စားချင်ရာစားမှာ
    အိမ်မှာနေဝူးသများကလျောက်သွားမှာ
    🙂 🙂 ပျော်ထှာ…နက်ဖြန်ပြန်ပြီ…. ဟီးဟီး

    • YingLamp

      January 15, 2012 at 5:04 pm

      လန်းတယ်ဗျာ .. လုပ်ဗျာ .. ဒါပဲ ပြောချင်တယ် .. 😀

  • memeseku

    January 14, 2012 at 5:01 pm

    အော် နိုင်ဂံဂျားမှာကြက်သိပ်ပေါလို.အန်တီခရဲ.
    အအေးနဲ.ကြက်ကအမုန်းဆုံး ပေါ.
    ရွံထှာ

    • YingLamp

      January 15, 2012 at 5:04 pm

      မှန်ဧ။် .. သူလဲ ကြက်နဲ ့ပဲ နပါးသွားနေရပုံပဲ .. 😀

  • ဆူး

    January 14, 2012 at 5:38 pm

    စိတ်ကူးလေး ကောင်းလိုက်တာ.. နက်ဖန်ထရန် နိုးစက်ကတော့ အမုန်းဆုံးပါပဲ..
    မနက်မနက် မကြည့်ချင်ဆုံးကတော့ နာရီပါပဲ..
    ရန်ကုန်မှာ နေတာတောင် မလုပ်ချင် မမြင်ချင်တာ ရှိပါသေးကြောင်း

    • YingLamp

      January 15, 2012 at 5:05 pm

      ဘွတူတွေ .. ဘွတူတွေ .. 😀

  • water-melon

    January 14, 2012 at 6:34 pm

    အကုန်လုံးစားလည်းပြီးရော….
    ဆေးရုံကားကိုဘေးမှာခေါ်ထားနော် 😀

    • YingLamp

      January 15, 2012 at 5:06 pm

      တိန် .. နားနားပီး စားမှာပေါ့ ဟ .. 😀

  • ဂျက်ကီချီးပေ

    January 14, 2012 at 8:14 pm

    အိမ်ပျံလာရင် ဘိုးဘိုးဂျီးနတ်စင်ကို ပြန်ဂဒေါ့ဘို့
    တစ်ခွန်းမှ မပြောဘူး
    အလေလိုက်ဘို့
    သုံးဘို့ဖြုံးဘို့လောက်ဘဲ သိတဲ့လူ
    ကိုဒေါ်ဂျီးကျားနဲ့
    ဒင်းဂို တိုက်မယ်
    ငါ၏ကျားတော် ကိုက်စေသဒီး
    ( ဟိုရှေ့မှာ တရုပ်တစ်ကောင်တွေ့ဒယ် ဂငယ်ကွေ့ ရှောင်လိုက် )

    • YingLamp

      January 15, 2012 at 5:06 pm

      သွားးးးးးးးးးးးး .. လူဇိုးးးးးးးးးးးးးးးး …..

  • weiwei

    January 14, 2012 at 10:20 pm

    ရတာမလို လိုတာမရပဲနေမှာ ..
    လှည်းတန်းနားမှာနေနေရတာကြာလာတော့ အဲဒီနားက အစားအစာတွေ စားချင်စိတ်မရှိတော့ဘူး …

    • YingLamp

      January 15, 2012 at 5:07 pm

      ရွာနားကနွား ရွာမြက် မျက်စောင်းတောင် မခဲဘူး ..ဆိုသလို .. 😀

    • Thel Nu Aye

      January 20, 2012 at 3:10 pm

      ဟုတ်ပါ့။ လှည်းတန်းကအကင်ဆိုင်တွေညနေဆိုကြိတ်ကြိတ်တိုးပြီးစားနေကြတာ။ အဝေးကနေတောင်တကူးတကလာစားကြတာ။ ဒို့တော့အနံနဲ့တင်မစားချင်တော့ဘူး။ စားချင်ရင်မြေနီကုန်းသွားစားတယ်။ း)

    • manawphyulay

      January 20, 2012 at 4:26 pm

      ဒါပေမယ့် မမဝေ ဝယ်ကျွေးတဲ့ ရေခဲ့မုန့်လေးတော့ သတိရမိသားနော်… 🙂

  • kai

    January 15, 2012 at 5:05 pm

    အရေးစိတ်ကူးက.. တော်တော်ကောင်းပါတယ်..။ ရယ်ချင်စိတ် တော်တော်ပေါက်သွားတယ်..။ (အမြှောက်၁သိန်း..။)
    ကွန်ပြူတာမကြည့်ဘူးဆိုတော့.. အင်တာနက်ကနေ.. ရန်ကုန်သင်္ကြန်ဇတ်လမ်းလေး မတင်တော့ဘူးပေ့ါ..

    ဖေ့စ်ဘုတ်မတက်ပဲနေနိုင်တယ်ပေါ့..။
    ဒါမှမဟုတ်..
    ဆဲလ်ဖုံးနဲ့ တက်မှာလား.. သိချင်သား..။ 😆

    • YingLamp

      January 15, 2012 at 5:09 pm

      လုံးဝကို အဆက်ဖြတ်ထားမယ် .. တွေ ့တဲ့အတိုင်း ရောက်တာနဲ ့အားဝူးးဗျ .. 😀
      ဒါ့ပုံတွေ ရိုက်ပီး စုထားမယ်လေ .. ပြန်တက်တဲ့နေ ့တော့ မျက်စိနောက်လောက်အောင်ကို ပလူပျံနေမှာပါ .. ဟဲဟဲ ..

  • thit min

    January 15, 2012 at 5:50 pm

    လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်မှာ ရှမ်းခေါက်ဆွဲ နဲ ့ ဖက်ထုပ်ပေါင်း စားမယ်
    ———————-
    အဲဒီဆိုင်က ဘဲ ပေါ့ ၊ မနက်ဖန်ပြန်မယ်။
    ခုနကဘဲ လက်ဆောင်သွားပေးပြီး ပြန်လာ၊ကော်မန့်တွေ
    လိုက်ရေးနေတာ။ သူ့အိမ်သွားရင်တော့ အစုံကိုလုပ်ကြွေးတာ။
    ————————————————–
    ပုံစံကြည့်ရတာ အပြင်မှာရောက်နေတာဒီလောက်မကြာသေးပါဘူး။
    ငါဆို ဘယ်သွားလို့သွားရမှန်း ဘာစားလို့စားရမှန်းကိုတိဘူး။
    အေးရော(^^)
    ————————————————————————-

    • YingLamp

      January 15, 2012 at 7:36 pm

      ဘယ်သွားရမှန်းမသိရင် ဒီစာလေးကို ပရင့်ထုတ်ပြီး အိတ်ထဲထည့်ထားဗျ .. အကုန်လည်စားဖို ့ကတော့ ဒကာ သာရှာထားပေတော့ .. 😀

      • thit min

        January 15, 2012 at 8:08 pm

        ကျေးဇူးပါခင်ဗျား။

        ဘယ်သွားရမှန်းမသိပေမဲ့
        လိုက်ပို့မယ်၊လာကြိုမယ်ဆိုတဲ့သူတွေကများနေတော့
        ဘယ်သူကို ယုံပြီးပုံအပ်ရမလဲလို့ စဉ်းစားနေပါကြောင်း(^^)
        ~~~~~~~~~~~~~~~~~~
        ဘာဘဲဖြစ်ဖြစ် သေသေချာချာစဉ်းစားရေးထားတာမို့
        လိုက်ပို့ပေးမဲ့ ထိပ်တန်းထရန်စပို့တာ (၃) ယောက်ဆီကို
        ဒီစာရင်းလေး မေးလ်ပို့မှသင့်တော်ပေလိမ့်မယ် မင်းကြီးများ။(^^)

        ~~~~~~~~~~~~~~~~~~~

        • YingLamp

          January 15, 2012 at 8:42 pm

          ကိုသစ်မင်းရေ … ကိုယ်တွေက ငတ်ရတဲ့ အချိန်တွေကြာလာတာနဲ့အမျှ ငတ်နေတာတွေကို ဥထားရရင်ကောင်းမယ်လို ့ စိတ်ကူးရတာနဲ ့ချရေးထားတာ .. ကိုယ့်အကြိုက်တွေပါဗျာ .. အကြိုက်တူနေရင် ဝမ်းသာပါတယ်ဗျာ .. ဒကာတွေက ၃ ယောက်တောင်ဆိုတော့ အပီသာ ဆွဲခဲ့ဗျို ့ … =D

  • inz@ghi

    January 15, 2012 at 7:59 pm

    ကျနော်လည်း ပြန်မယ် အန်တီလေးယဉ်လတ်ရေ့ ….

    စိတ်မကောင်းစရာ တခုက အန်တီလေးထက် ၁လ လောက်စောလိမ့်မယ်….
    road map ချပြတဲ့အတွက် ကျေးကျေး …

    ခင်တဲ့ …
    စိန်ဇာဂီ

  • MaMa

    January 15, 2012 at 8:59 pm

    တူတွေတူမတွေ ပြန်လာခါနီးတော့ အိမ်ကို အီးမေးလ် လှမ်းပို့တယ်။

    ပြန်ရောက်ရောက်ချင်း အုန်းထမင်းနဲ့ ကြက်သားဟင်း၊
    နောက်ရက်တွေအတွက် ချဉ်ပေါင်ဟင်းနဲ့ ငါးဖယ်ကျော်နှပ်၊
    ပုဇွန်မီးဖုတ်နဲ့ ရှောက်သီးသုတ်၊
    တရုတ်တန်းက ဝက်သား ကောက်ညှင်းထုပ်
    နောက်ပြီး မာလာဟင်းနဲ့ မြေအိုးမြီးရှည်……..
    နောက်ပြီး……
    နောက်ပြီး………..
    နောက်ပြီး……………

    ရင်လတ် ရဲ့ စာအတိုင်းပဲ။
    😀

  • padonmar

    January 16, 2012 at 12:09 am

    YingLamp စာကိုကြည့်ပြီး ကိုယ်တောင် ပျော်လာပါရဲ့။
    ဒီမှာနေနေတဲ့သူတွေတောင် အဲဒီနေရာတွေ မေးပြီးသွားစားကြည့်မှ ခေတ်မီတော့မယ်ထင်ပါရဲ့။
    ရည်ရွယ်တဲ့အတိုင်း အိမ်ပြန်နိုင်ပါစေ။

  • awra-cho

    January 16, 2012 at 3:06 pm

    ဘောင်းဘီ၊ တီရှပ် လဲလုံးဝ (လုံးဝ) မဝတ်ပါ၊x ၁ဘီလီယံ

  • etone

    January 20, 2012 at 4:06 pm

    ဖတ်ပြီးရယ်ရလွန်းလို့ သွားရေတွေတောင်ထွက်တယ် … အတော်လည်း ရေးတတ်တဲ့ လူပဲ … ။
    ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာပဲနော် …

    သိချင်စိတ်ပြင်းပြနေတာ တစ်ခုထဲ ….. ဝိတ်ဘယ်နှစ်ပေါင်တက်လာမလဲလို့ …….. 😆

  • စုံ စုံ

    January 20, 2012 at 4:38 pm

    ရေးထားတဲ့အိုင်ဒီယာလေးအရမ်းသဘောကျတယ်
    တော်တော်လဲရီရတယ် (သူများကိုလှောင်ချင်လို့ရီတာမဟုတ်ဘူးနော်)
    အနှစ်နှစ်အလလ မျိုသိပ်ထားတာတွေကို အခုပြန်ခါနီးမှာ ကြုံးဝါးထားတာဘဲ
    ပြန်လာရင်ဘယ်လောက်တောင်အားရပါးရစားလိုက်မလဲဆိုတာ ဘေးကနေတောင်လိုက်ကြည့်ချင်
    မိလောက်အောင်ဘဲ စာကစွဲဆောင်မှုရှိတယ် 😛 😛

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 11:09 pm

    မန္တလေးက ထိုးမုန့် ဝယ်ဖို့ ဘာလို့မေ့နေတာလဲ…..။

    • YingLamp

      January 21, 2012 at 11:20 am

      မကြိုက်လို ့ .. 🙂

  • kai

    January 21, 2012 at 1:15 am

    ဒါကို.. ဒီရက်ပိုင်း.. ယူအက်စ်က.. ရန်ကုန်ပြန်တဲ့သူ.. များနေတာမို့.. ပရင့်ထုတ်နိုင်ဖို့.. ပြန်တင်ပေးထားပါတယ်..။ 🙂

    အခုလို.. သတင်းစကား.. ဖြန့်ဝေပြုခြင်းအကျိုးကြောင့်.. ဆန္ဒအတိုင်းစားနိုင်ပါစေသတည်း…။ 🙂

  • kyeemite

    January 21, 2012 at 9:05 am

    သဂျီးနဲ့ကိုကြောင်ကြီးတို့ရော ရန်ကုန်ပြန်ဘို့အစီအစဉ် ရှိမရှိသိချင်သား(သဂျီးလေသံဖြင့်)

  • ကျန်သေးတယ်ကွဲ့။
    26ဘီလမ်း ရိုးမဘဏ်နဲ့မျက်နှာချင်းဆိုင်
    လမ်းဘေးက မုန့်တီဆိုင် ထို်င်စရာမရှိ ပန်းကန်ကိုကိုင်စား
    ကြက်ရိုးနဲ့ဘဲရမယ်။
    မနက်စောစော
    32လမ်း81လမ်းဒေါင့်မှာ တွန်းလှည်းနဲ့ရောင်းတဲ့ ပဲမူန့်နဲ့ချက်တဲ့
    မန်းလေးမုန့်ဟင်းငါးကို ထို်င်စရာမရှိတော့ မတ်တပ်ရပ်ပြီးစားမယ်။

    စောစောကပြောရင်လို်က်ပို့ပါတယ်။
    နောက်မန်းလေးလာလို့ပေါက်ကရစားချင်ရင်ကိုပေါက်ကိုမေးနော်။

    • YingLamp

      January 21, 2012 at 11:23 am

      ဧည့်သည်က မေးရုံမေးရမှာလားဗျ .. တခါထဲလိုက်ပို ့ပီး စားချင်တာဝယ်ကျွေးမယ် လုပ်ပါ .. 😀

  • ဟုတ်ဘူးလေကွယ်
    တော်ကြာစောစော ကအင်းဝသားပြောတဲ့ထိုးမုန့်လို မကြိုက်ဘူးဆိုရင်
    ဝမ်းနည်းစရာတွေဖြစ်ကုန်မှာပေါ့ကွဲ့
    အဲတော့ ကြိုက်တတ် တာလေးပြော လိုက်ကြွေးမယ်
    မာဆတ်ဆိုတဲ့ မုန့်တော့ မပါဘူး။

  • nature

    January 21, 2012 at 5:55 pm

    ိသူကြီး။ ။ ပေးဖြစ်အောင်ပေးမည်။ ပွိုင့် ၁ဝသိန်း။ *pf *pf *pf

  • VHC

    January 21, 2012 at 11:33 pm

    ရန်ကုန်မှာ နေနေရတာတောင် မန္တလေးကို မပြန်ရလို့ လွမ်းနေတာ။ ဒီpost ဖတ်ပြီ ဘာဘဲဖြစ်ဖြစ် ဒီသင်္ကြန်တော့ ပြန်ဖြစ်အောင်ပြန်ပြီး စားဖြစ်အောင်စားမယ်။ ၁၆ကျောင်းသူဆိုတော့ ကိုယ်ကျင်လည်တဲ့နေရာက အစားတွေ အရမ်း တသိန်း လွမ်းပါတယ်။

Leave a Reply