PSP update

water-melonJanuary 14, 20121min832

ဟိုတစ်လောက PSP ဂိမ်းစက်လေး ဝယ်မိတယ်။ model က 3000 ပေါ့။

ကံကောင်းချင်တော့ ၁ သိန်းခွဲနဲ့ရလာတယ်။ အဟောင်းကြီးလို့ မပြောနဲ့နော်။

ဇာတ်လမ်းလေးက ဒီလိုလေး

သတင်းစာထဲမှာ ပါတဲ့ ဆိုင်ကို ဖုန်းဆက်မေးတော့ ၁ သိန်းခွဲတဲ့ နည်းလှချိလား ပျော်သွားတာပေါ့။

ဒါနဲ့သွားမဝယ်ခင် တစ်ခြားဆိုင်တွေမှာ စုံစမ်းတော့ ၃ သိန်းတဲ့။ ဘာကွာတာလဲပေါ့။ အကြောင်းရင်း သိရအောင် သွားစုံစမ်းတော့ သူတို့ဆီမှာက update လုပ်ပြီးသား၊ memorycard 8G ပါတယ်၊ဂိမ်းတွေထည့်ပြီးတာပေါ့။

၃ သိန်းဆိုတော့ နည်းနည်းတော့ ခေါင်းပူလာတာပေါ့။ ဒါနဲ့ ကျွန်တော် ပတ်ကြည့်လိုက် အုန်းမယ် ဆိုပြီး ပြောပြီးထွက်လာတယ်။ သတင်းစာထဲမှာပါတဲ့ ဆိုင်ကို မေးတော့ စက်ကြည့်ဘဲ ၁ သိန်းခွဲ၊

ဘာမှမပါဘူး။ ဒါနဲ့ ဝယ်လာတယ်။

ဝယ်လည်းပြီးရော ဂိမ်းသွားထည့်တယ် memorycard ဝယ်ရတယ် ၂သောင်းပေးရတယ် 8G ပေါ့။

သုံးပြီး ၁လ လောက်ကြာရော software ကို update လုပ်ချင်တော့ အင်တာနက်ထဲက ရှာပြီး download ဆွဲလိုက်တယ်။ version က 6.60။ဆိုင်မှာ သွားမြင့်ရင် တစ်သောင်းပေးရတယ်။ အကုန်တော့ ဘယ်ခံမလဲ။ ဒါနဲ့ psp ထဲကို ထည့်ပြီး မြင့်တာပေါ့။ version လည်းမြင့်ပြီးရော ဂိမ်းဖိုင်တွေ တစ်ခုမှ ပေါ်မလာတော့ဘူး။

အုန်းတော့ စားပြီးပေါ့။ ဆိုင်မှာ သွားမြင့်ရင် အကောင်းပေါ့။ ခုတော့ ကြွပြီ။

မန်းလေးသားဘဲ စိတ်မလျှော့ပါဘူး အင်တာနက်ထဲရှာတာပေါ့။

ဒါနဲ့တွေ့ပြီ

http://alfalfasnow.blogspot.com/2011/11/psp-modify-660.html မှာသွားတွေ့တယ်။

အဲဒီမှာ တွေ့တဲ့ PSP CFW 6.60 PRO B9 ကို download ဆွဲပြီး ထည့် run လိုက်တော့မှ ဂိမ်းဖိုင်တွေ ပြန်ပြောလာတယ်။

ရွာသူရွာသားတွေလဲ psp ရှိရင် သွားကြည့်လိုက်နော့။ သိပြီးသားဆိုလဲ ဆောရီးနော့။

တစ်ခုတော့ရှိတယ် version အမြင့်တင်ရင် ဂိမ်းအနိမ့်တွေ ဆော့လို့မရတော့ဘူးနော်။

 

2 comments

  • စိန်ပေါက်ပေါက်

    January 15, 2012 at 11:28 am

    ဗားရှင်း မနိမ့်မမြင့် တင်ရင်ကော ဆက်ဆော့လို ့ရပါတားခင်ည

  • water-melon

    January 15, 2012 at 3:09 pm

    မစိန်ပေါက်နော်
    ပြောင်စပ်စပ်မလုပ်နဲ့ ဟင်း….
    ဗားရှင်း မနိမ့်မမြင့် တင်ရင်ရော ဆက်ဆော့လို့ရပါတယ်။

Leave a Reply