window တင်မယ်ဆို

water-melonJanuary 14, 20121min1377

အိုင်တီခေတ်ကြီးက ကွန်ပြူတာတွေဟာ အရေးပါအရာ တစ်ခုဖြစ်လာပါပြီ။ အရင်တုန်းက ကွန်ပြူတာဆို ဈေးတော်တော်ကြီးပါတယ်။ အခုတော့ တံဆိပ်မျိုးစုံ ထွက်လာတော့ ဈေးတော်တော်ကျသွားတယ်။

ဂျပန်က ပြည်တော်ပြန်လာတဲ့ တစ်ပတ်ရစ် နှစ်ပတ်ရစ် ကွန်ပြူတာတွေလည်း ဈေးကွက်မှာ ဝင်ရောက်လာပါတယ်။အချို့ငွေကြေးတတ်နိုုင်တဲ့ လူတွေကတော့ ဈေးကြီးပေးဝယ်နိုင်လို၊ကျွန်တော်တို့လို့ လူတွေအတွက်ကတော့ တစ်ပတ်ရစ်လေးဘဲ ဝယ်နိုင်ပါတယ်။ တစ်ခါတစ်လေတော့ တစ်ပတ်ရစ်တွေက သုံးပျော်သလို တစ်ခါတစ်လေကျတော့ လွှတ်ပြစ်ရလောက်အောင် ဖြစ်တတ်ပါတယ်။

တစ်ချို့က ကွန်ပြူတာကို နားလည်သလို တစ်ချို့ကတော့ သိပ်နားမလည်ကြဘူး။

ကျွန်တော်ဆို ကွန်ပြူတာ စဝယ်တုန်းက ဂိမ်းကလွဲပြီး ဘာမှမလုပ်တတ်ဘူး။

နောက်မှ ကလိရင်းကျွမ်းကျင်လာတာ။ နောက်တော့ A+ တက်လောက်တော့

တော်တော်နားလည်သွားတယ်။

ကျွန်တော်ပြောချင်တာက ကွန်ပြူတာက အကြောင်းအမျိုးမျိုးကြောင့် virus ကိုက်တာဘဲဖြစ်ဖြစ် သုံးစွဲသူကြောင့် window မတက်ခဲ့ရင် window ပြန်တင်ရပါတယ်။ hal.dll နဲ့ NTLDR  file ပျောက်ဆုံးလို့ window ပြန်မတက်ခဲ့ရင် window ခွေနဲ့ ပြန်တင်လို့ရပါတယ်။

ကျွန်တော်စက်မှာ ဖြစ်ခဲ့တာက windows\system32\config\system ပျောက်ဆုံးတာပါ။အကြောင်းကတော့ အင်တာနက်သုံးလို့ virus ကိုက်သွားတာပါ။ backup လုပ်ဖို့ကတော့ မလွယ်တော့ဘူး။ window က မတက်တော့ဘူး ဆိုတော့လေ။ (နောက်မှ backup )လုပ်နည်းတင်ပေးပါအုန်းမယ်။

ဒါနဲ့ window ပြန်တင်ရတော့တာပေါ့။

Window ခွေ ၅၀၀

အသုံးချ ဆော့ဝဲပေါင်းစုံ ၁၀၀၀

Microsoft office ၅၀၀

Photoshop cs3  ၅၀၀

Coreldrew ၅၀၀

ဒါတောင်မရှိတဲ့ ဆော့ဝဲကို အင်တာနက်မှာ ပြန်ရှာတာမပါသေးဘူး။

ကျွန်တော်ပြောချင်တာက service ဆိုင်မှာ ပြန်တင်ရင် ၅၀၀ဝကျပ်ဘဲပေးရတာပါ။

လူလည်းမပင်ပန်းပါဘူး။ကျွန်တော်မှာတော့ ဆော့ဝဲပြန်ရှာရတာ အုန်းစားတယ်။ ကိုယ်ဘာသာတင်ရင်တော့ ဗဟုသုတတော့ ရပါတယ်။ဆော့ဝဲခွေရှိရင်တော့ ကိုယ်တိုင်ပြန်တင်တာ အကောင်းဆုံးပေါ့။

Service ဆိုင်မှာပြန်တင်မယ်ဆိုရင် သဘောကောင်းပြီး စိတ်ရှည်တဲ့ဆိုင်မှာ တင်ပါလို့ပြောချင်ပါတယ်။ တစ်ချို့ဆိုင်တွေက အပေါက်ဆိုးတယ်။ ဆိုင်မှာတင်ပြီးလို့ စက်ပြန်ယူမယ်ဆိုရင် ဖွင့်ကြည့်ပြီးမှ ယူပါ။ ပြီးတော့ ကိုယ်အသုံးချမဲ့ ဆော့ဝဲပါမပါ စစ်ဆေးပါ။ မပါရင် ပြန်သွင်းခိုင်းပါ။

Window မှာမပါမတဲ့ software

Adobe Reader သူက PDF ဖိုင်တွေဖွင့်ကြည့်လို့ရတယ်

wxPyDict-Dictionary  သူက အဘိဓာန်ပါ

ImTOO MPEG Encoder Ultimate  (or ) Format Factory က  format ပြောင်းတဲ့ software

Mavis.Beacon ကတော့ လက်ကွက်ကျင့်တာပါ။ ကာတွန်း ဂိမ်းလေးတွေနဲ့ပါ။

အင်တာနက်သုံးတယ်ဆိုရင်တော့ Mozilla Firefox ပါထည့်ထားနော်

ချက်ချင်တယ်ဆိုရင်တော့ လူတိုင်းသိတဲ့ G talk

ရုပ်ပါကြည့်ချင်တယ်ဆိုရင်တော့ Vzo လေးပါထည့်ထားပေါ့

Download ဆွဲတယ်ဆိုရင် Orbit ( or ) internet download manager

ပြီးတော့ Microsoft Office လည်းလိုုသေးတယ်

ဓာတ်ပုံတွေဒီဇိုင်းဆွဲရင်တော့ Adobe Photoshop CS3 Extended

AVI movies တွေကြည့်ချင်တယ်ဆိုရင် K-Lite_Codec_Pack_570_Full ကလည်းအဆင်ပြေပါတယ်

Virus အတွက်ဆို avira,avast …etc မျိုးစုံရှိတယ်။virus update ကို တစ်ပါတ်တစ်ခါလုပ်ပါ။

ဆော့ဝဲတွေက အများကြီးရှိတယ်။ ကျွန်တော်တောင်မသုံးဘူးတဲ့ ဆော့ဝဲတယ်ရှိတယ်ဗျ။

အဆင်ပြေမယ်လို့ထင်ပါတယ်။

 

7 comments

  • ဦးဦးပါလေရာ

    January 15, 2012 at 12:08 am

    ဒီလိုလဲရှိသေးတယ် ဖရဲ ရဲ့။
    ဦးလေးတို့ ရန်ကုန်မှာတော့ service သမားတော်တော်များများ (ဦးလေးကြုံဘူးသမျှအားလုံး) က ပြီးစလွယ် ပစ်စလက်ခတ် တင်ပေးတတ်တယ်။ ဥပမာ ဆော့ဝဲအမှန် ဖူးဗားရှင်းတွေမသုံးပဲ ဆော့ဝဲအခွံလောက်ဟာတွေ အမြန်တင်ပေးတာမျိုး။ ဒါကြောင့် တကယ်မှန်မှန်ကန်ကန်သုံးချင်ရင် ကိုယ်တိုင် ဆေး+တင် တာအကောင်းဆုံးပါပဲ။

  • water-melon

    January 15, 2012 at 9:09 am

    ဦးပါလေရာ ပြောတာလဲမမှားပါဘူး
    တစ်ချို့ဆိုင်တွေက ရေပေါ်ဆီလောက်ဘဲ တင်ပေးတယ်
    အင်တာနက်က တစ်ချို့ software တွေက full version မပေးဘူး
    ကိုယ်က crack file ပြန်ရှာပြီး လုပ်လိုက်ရင် full version ဖြစ်သွားပြီ

  • စိန်ပေါက်ပေါက်

    January 15, 2012 at 11:06 am

    ဝင်းဒိုးတင်ပြီး ဝင်းဒိုးပြန်ချရင်ကော ဘယ်လိုချရပါတရဲချင့်
    ချပုံချနည်းလေး သများကို ပြောပြပေးပါဦးချင့်
    ယုံကြည်၄စားအား၉လယှက်
    စိန်ပေါက်ပေါက်

    • ကောင်းမြတ်သူ

      January 15, 2012 at 1:05 pm

      လုပ်အားခ တစ်ပိုင်းပေးသနား၍ လက်သမားတစ်ယောက်အားခေါ်ချလျှင် ရ၏… ဤကား ရှေးမြန်မာဆေးနည်းဖြစ်ပေသည်တကား………..

    • water-melon

      January 15, 2012 at 3:13 pm

      အလွယ်ဆုံးချနည်း
      format ချလိုက်ပါ။ ဟာဒ်ဒစ်ကို တူနဲ့ထူပါ
      ကွန်ပြူတာကို ခြေထောက်နဲ့ကန်ပစ်ပါ။
      စိန်ပေါက်ပေါက်တော့ စိန်မျောက်မျောက်နဲ့လွှတ်ပေးမှဖြစ်တယ်

  • Anzartone

    January 15, 2012 at 3:29 pm

    Water-Melon ရေ …
    Window မှာ s (အက်စ်) ပါရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
    Google မှာ ကျုပ် ရှာကြည့်မိသလောက်ကတော့ Window ဆိုတာ ပြတင်းပေါက်ကို ဆိုလိုတာ ဖြစ်ပြီး Windows ဆိုတာကမှ Microsoft ရဲ့ Windows ၊ တစ်နည်းအားဖြင့် ကွန်ပျူတာ Windows ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
    Wikipedia မှာလည်း Window ကို အဆောက်အအုံ တစ်ခုရဲ့ ပြတင်းပေါက်လို့ သုံးနှုန်းထားပြီး၊ Windows ကိုတော့ Microsoft Windows ဆိုပြီး သုံးနှုန်းထားပါတယ်။
    http://en.wikipedia.org/wiki/Window
    http://en.wikipedia.org/wiki/Microsoft_Windows

  • water-melon

    January 15, 2012 at 3:39 pm

    ဟုတ်ကဲ့ရှင့် ကျေးဇူးပါ ကိုအန်ဇာတုံး
    နောက်မမှားအောင် သင်ယူပါမယ်
    ကျေးဇူးပါဗျာ

Leave a Reply