လားကလူကိုစီးခြင်း…

လားကလည်း လူကိုစီးတာပဲ

ဘတစ်ပြန်ကျားတစ်ပြန်၊ဗုံလုံတစ်လှဲ့ ငါးဖျံတစ်လှဲ့။လူတစ်ဟောက်နဲ့လားတစ်ကောင်ပုံပြင်တော့မဟုတ်ပါ၊ ကိုယ်ချင်းစာတရားကို သိရှိသောလူသား..(သို့)အပြန်အလှန်နားလည်သောကျေးဇူးတရား…

ကျနော့်အမြင်မှာတော့ လားပိုင်ရှင်မှာ တစ်နေကုန်ခိုင်းထားသောသဲူ့ရဲ့လားလေးကို သနားသောစိတ်ကြောင့်အိမ်အပြန်လမ်းမှာ သူကိုအနားပေးပြီးပြန်လာခဲ့တာလို့ထင်ပါတယ်။

မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကြီးမှာ ကိုယ်ချင်းစာ တရားခေါင်းပါးကြသော လူသားများနည်းနိုင်သမျှနည်းပါစေလို့ဆုတောင်းမိပါတယ်။

စားပါသူငယ်ချင်းရာ ငါမင်းကိုချစ်လွန်းလို့ကျွေးတာပါကွာ..

မင်းကြိုက်တာငါမကျွေးနိုင်ပေမယ့် ငါ့မှာရှိတာတော့ကျွေးနိုင်ပါတယ်ကွာ…

ဤပုံများကို ကိုပီတာရဲ့ဘလောဒ့်မှတစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်။။။   ရွှင်လန်းချမ်းမြေ့ကြပါစေ…

10 comments

  • water-melon

    January 14, 2012 at 9:12 pm

    စာနာ သနားတတ်တဲ့လူပေါ့နော်
    လားက နေများမကောင်းနေတာလား

  • memeseku

    January 14, 2012 at 9:53 pm

    အင်းဒီလိုလူလဲရှိသေးတယ်နော် စာနာစိတ်လေးရှိတော. ကောင်းတာပေါ့
    ကို်ယ်ခဏလေးသူ.နေရာဝင်လိုက်တာ. သက်သာမဲ.ပုံမပေါ်ဘူး….
    ကြည့်ရတာ လားနေကောင်းပုံမရဘူး…

  • မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကြီးမှာ ကိုယ်ချင်းစာ တရားခေါင်းပါးကြသော လူသားများနည်းနိုင်သမျှနည်းပါစေလို့ဆုတောင်းမိပါတယ်။
    အရမ်းတန်ဖိုးရှိတဲ့ စာသားလေးပါဗျာ။ကျေးဇူးတင်ပါတယ်ဗျာ။

  • Khin Latt

    January 15, 2012 at 5:54 am

    ပုံ(၁)
    အကောင်းမြင်စိတ်
    လူ က ကြည့်ရတာကြင်နာစိတ် ရှိတယ်။ လားနေမကောင်း လို့ ဆေးခန်း ကို သွားနေတာ ထင်တယ်။
    အဆိုးမြင်စိတ်
    ဒီလူ့ကြည့်ရတာ လား ကို သားသတ်ရုံ ကို ခေါ်သွားနေသလား မသိဘူး။

    ပုံ(၂)
    အကောင်းမြင်စိတ်
    ပုံလေးက အဆန်း။ လက်သွက်ပြီး မြင်တတ်လိုက်တဲ့ ဓာတ်ပုံဆရာ
    အဆိုးမြင်စိတ်
    အမ် ….. ဖိုတိုရှော့ ကြီးလားမသိဘူး။

    😉 jk

  • စိန်ပေါက်ပေါက်

    January 15, 2012 at 11:43 am

    အပြန်အလှန် စီးကြပါ
    နားလည်မှုရှိရှိ..စီးကြပါ
    ကိုယ်ချင်းစာပြီး စီးကြပါ
    လားပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ် ခဏခဏစီးရင် ပင်ပန်းနိုင်ပါတယ်

    • windtalker

      January 15, 2012 at 11:49 am

      အဲ့ရာ
      စိန်ငပေါက် ရဲ ့
      ကိုယ်တွေ ့ ဗျ
      ကိုယ်တွေ ့
      နော…
      ဟီဟိ

  • မှော်ဆရာသိန်း

    January 15, 2012 at 11:51 am

    မိန်းမ မရှိသေးသူကို ဒါနအနေနဲ့ ကိုယ့်မိန်းမကို လှူပစ်ပြီး …
    ယောကျင်္ားမရှိသေးတဲ့ အပျိုလေးကို အနစ်နာခံပြီး ပြန်ယူတာကို ရော
    ကိုယ်ချင်းစာတယ် ခေါ်မလားဗျ … :mrgreen:

  • ဆူး

    January 15, 2012 at 11:55 am

    ကိုဇော်မင်း တယောက် ငှက်ပျောသီး ကိုင်ပြီး မော်ဒယ် လုပ်တာ အဖော် မရှိတာနဲ့ ခွေးတကောင် ခေါ်ရိုက်ထားတာနဲ့ တူတယ်။ ဟိဟိ..
    JK (စိတ်ဆိုးနဲ့နော်… ဗိုက်ပူပြီး အမွှေးထူနေပေမဲ့ လူနဲ့ ခန္ဓကိုယ်တည်ဆောက်ပုံ တော်တော် နီးစပ်လို့.. )
    မလေးက ဟင်းလေးဘာလေး ချက်မတင်တော့ဘူးလား။

  • ကြောင်ကြီး

    January 15, 2012 at 1:37 pm

    လားလှည်းစီးနေတာ မဟုတ်ဘူး၊ လူကို လှည်းဆွဲနည်း သင်ပေးနေတာ…။

  • zaw min

    January 15, 2012 at 6:25 pm

    စိတ်မဆိုးပါဘူး..ဆူးမမရေ…လူဆိုတာ မျောက်ကဆင်းသက်လာပဲလို့ ပညာရှိများက ပြောကြားခဲ့လေတော့.
    လူနဲ့မျောက် အတူတူလောက်ပါပဲ…(ဒါပေမယ့် ကျနော်က ဗိုက်လည်းမပူ၊အမွှေးလည်းမထူပါ)။
    မလေးကဟင်းချက်နည်းတွေ ရေးဖို့ရှိပါတယ်…အချိန်မရသေးလို့ပါ…တရုတ်နှစ်ကူးရက်တွေထဲရေးဖြစ်မယ်ထင်တယ်…အေးအေးဆေးဆေးနားလို့ရမယ့်အချိန်လေ…

Leave a Reply