“နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”

1 နံနက်ခင်းအလင်းမရောက်ခင်မြင်ရတဲ့ ရွှေတိဂုံ
2 ဒါကတော့ ရွှေတိဂုံဘုရား ကို မနက် 5း30လောက်လမ်းကြားထဲကဖူးြ်မင်ရတဲ့မြင်ကွင်းပါ
3 ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှစွာသော
4 အရုဏ်တက်မှာတွေ့ရတဲ့ အရှေ့ဘက်မုဒ်.............
5 မောင်ပုမြင်ရင် ဘုရားနဲ့ထန်းပင်ဘာဆိုင်သလဲလို့မေးအုံးမယ်နော်
6 အရုဏ်တက်မှာတော့ ရွှေရောင် ဝင်းလက်နေပါတယ။်
7 နံနက်ခင်းအရုဏ်တက်အလင်းရောင်မှာ သပ္ပါယ်စွာဖူးမျှော်ရသော မြန်မာ့ကျက်သရေဆောင်စေတီတော်
8 အလင်းရောင်အပြောင်းအလဲမှာတော့ အရောင်နဲနဲမိူင်းသွားသလိုပါဘဲ။
9 ရောင်နီလာခစမှာ မြင်ရတဲ့ရွှေတိဂုံစေတီရင်ပြင်ပေါ်က အရံစေတီလေးတွေပါ
10 ထန်းပင်ကွေးကွေးလေးကို သဘောကျလို့ ထပ်ရိုက်လာတာဗျာ
11 နေရောင်အလက်မှာ ရွှေရောင်ကနေ ငွေရောင်ဖက်လုပြီးသွားတဲု့ပုံ့လေးပါဗျာ။
12 နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော.......................ရွွှှေတိဂုံစေတီရင်ပြင်မှ

 

 

 

 

“နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”

 

ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။

သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့

“ဟင့်အင်းပေါ့”

အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။

ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။

အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။

အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့

စေတီတော်ကိုဖူးမျှော်ရပါတယ်။

ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။

ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အဝခံစားရပါတယ်။

နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(17-1-12)

 

 

 

 

 

 

 

 

8 comments

  • Diamond Key

    January 17, 2012 at 9:36 am

    ကိုပေါက်ရေ၊ မနက်ခင်းမှာ ရွှေတိဂုံ မနက်ခင်းကို ကြည်ကြည်နူးနူး ဖူးသွားပါတယ်ဗျာ။
    နော်အကြိုက်ဆုံးလေး ချွိုက်ခွင့်ရမယ်ဆိုရင်တော့ ပုံ ရ နဲ့ ပုံ ၁၂ ဗျ။ 😀

  • စိန်ပေါက်ပေါက်

    January 17, 2012 at 9:54 am

    ဦးတော် လုပ်သွားပါရစေချင့်
    ဦးတော်.ဦးတော်..

  • yaungchikha

    January 17, 2012 at 10:54 am

    ကျနော်ကတော့ ပုံ 11 ကိုရွေးပါတယ် ဦးပေါက်ရေ့ ……..နံနက်ခင်း ရွှေတိဂုံဘုရားကို ဒီနေရာကနေ ဦးခိုက်ကန်တော့လိုက်ပါတယ်……………..

  • စုံ စုံ

    January 17, 2012 at 2:32 pm

    ပုံတွေအားလုံးကောင်းပါတယ်
    အားလုံးလဲသပ္ပါယ်ပါတယ်လေးပေါက်ရေ
    အကြိုက်ဆုံးပုံကတော့ ရ ပါ
    ရွှေရောင်တဝင်းဝင်းနဲ့ အင်မတန်ကြည်ညိုစရာကောင်းပါတယ်

  • Thel Nu Aye

    January 17, 2012 at 3:07 pm

    ကိုပေါက်ရန်ကုန်မှာ ညကောအိပ်ရဲ့လား။ အစောကြီးဘုရားရောက်၊ ကန်တော်ကြီးရောက်နဲ့။ တော်ရုံဇွဲမဟုတ်ဘူးပဲ။ လေးစားပါတယ်။ အဖိုးတန်တဲ့ပုံတွေပါ။ သူများတွေအိပ်ကောင်းတုန်းအချိန် မြင်ရခဲတဲ့ရှု့ခင်းတွေပါ။

  • ရွှေဘိုသား

    January 17, 2012 at 6:54 pm

    ဟုတ်တယ် အစ်မ သဲနုအေး လေးပေါက်တို့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ
    ကျနော်ကိုယ်တိုင် လမ်းလျှောက်တာ မှီအောင် မနည်းလျှောက်ရတယ် တက်ကြွနေတာပဲဗျာ လူကြီးသာပြောတယ် စိတ်ကတော့ 16 နှစ်လားအောက်မေ့ရတယ်

    လေးပေါက် ဦးတော် သုံးကြိမ်ပြုလုပ်သွားပါတယ်

  • windtalker

    January 17, 2012 at 9:20 pm

    ကောင်းပါဘိဗျာ
    အခုလို သာယာအေးလွန်းတဲ့ညချမ်းမှာ
    မန်းတလေးမြို ့အင်တာနက်ဆိုင်ထဲကနေ
    ကိုပေါက် ကြည်ညိုလာတဲ့
    ရွှေတိဂုံစေတီတော်မြတ်ကြီးကို
    အားရပါးရ ဖူးမြှော်ရပါ၏

  • (ဦးတော် လုပ်သွားပါရစေချင့်
    ဦးတော်.ဦးတော်..)
    ပုလင်းကြီးခဏချထားရင်ပိုကောင်းပါမယ်ချင့်……………………

Leave a Reply