
ကျိုက်သလ္လံဘုရား

ကျိုက်သလ္လံစေတီ (ဒီပုံအတွက် ခက်ခက်ခဲခဲချိန်ခဲ့ရတယ်)

ကျိုက်သလ္လံဘုရားရင်ပြင်တော် (သန့်နေတာပဲနော် ...)

မုခ်ဦးတစ်ခုအတွင်းမှ ဘုရား

ရေသပ္ပါယ်ဖို့ထားထားတဲ့ အိုးလေးက လှတယ်နော်

လက်ခြောက်ချောင်းဘုရား (လက်ချောင်းကိုသေချာရေကြည့်နော် ...)

ဦးခန္တီ ဘုရား

နံမည်မေ့နေတယ် .. ဦးဇိနဘုရားလို့ထင်တယ် (သိပ်မသေချာဘူး)

ထန်းပင်နဲ့ စေတီနဲ့

ညနေစောင်းဆို စေတီငှက်ပျောဖူးနေရာမှာ ဘုရားမျက်နှာတော်အရိပ်ပေါ်တယ်

မြို့လယ်က ကျိုက်သုတ်ဘုရား

ယိုးဒယားရွှေနဲ့ လက်ရာတွေ တော်တော်လှတယ်

ဘုရားပုံတော်တစ်ချို့

မစာအု တံဆောင်း (နံမည်စိတ်ဝင်စားလို့ ရိုက်ခဲ့လိုက်တယ် ... မြင်ကြလားမသိဘူး ..)
ဗဟုသုတအနေနဲ့ရော အမှတ်တရအနေနဲ့ပါ တင်ထားပေးလိုက်ပါတယ် … မော်လမြိုင်က ဘုရားစေတီတွေက သန့်ရှင်းသပ်ရပ်တယ် … လက်ရာတွေ အရမ်းကောင်းတယ် … ရုပ်ပွားတော်တွေရဲ့မျက်နှာတော်တွေက ယိုးဒယားနဲ့ဆင်ပါတယ် …
About weiwei
weiwei has written 367 post in this Website..
မင်္ဂလာပါ ....
Like this:
Like Loading...
Related
တောင်ဝိုင်းဘုရားတစ်ခုပဲ တင်ဖို့ကျန်ပါတော့တယ် …
မြို့ထဲဘုရားတွေက ခပ်ဆင်ဆင်တွေမို့ ပို့စ်မခွဲတော့ဘူး တစ်ခုထဲမှာပဲ ပေါင်းတင်လိုက်ပါတယ် …
တင်မယ်ဆိုရင် ပုံတွေအများကြီးရှိပေမယ့် အမှတ်တရအနေနဲ့ နဲနဲပဲ ရွေးတင်လိုက်ပါတယ် ….
Was this answer helpful?
LikeDislikeဒီရွာထဲ တခါဖတ်ဖူးတယ် …မိန်ခလေးငယ် တစ်ဦးက ဘုန်ကြီးတပါးအိမ်ကြွလာတာ စကားမပြောတက်လို့ ထသွားတဲ့အကြောင်း…
ဆရာမကြီး ttnu ရေးတာလို့ထင်ပါတယ်.. ဘုရားဘွဲ့ တို့ သပ္ပါယ် တယ်တို့လုပ်ပါ ဘုရားဒကာမကြီးရဲ့…..
ကျွန်တော်လဲ မမှတ်မိဘူးဗျ … ဦးဘပု ပြောပြလိမ့်မယ်….:)
Was this answer helpful?
LikeDislikeတင်ပါ့ဘုရား .. တပည့်တော်မ မမိန့်တတ်လို့ မှားသွားမိပါတယ် … တပည့်တော် အလုပ်လေးရှိလို့ ကြွပါအုန်းမယ် ဘုရား …
Was this answer helpful?
LikeDislikeမမဝေကောင်းမှုနဲ့ မော်လမြိုင်က ဘုရားတွေကို ထိုင်ရမထပဲဖူးလိုက်ရပြီ
သာဓုပါနော် …. မစာအုကို မျက်မှန်တပ်ပြီးကြည့်လိုက်မှ မြင်တော့တယ် :P
Was this answer helpful?
LikeDislikeဦးတော်လုပ်သွားပါရစေချင့်
ဦးတော်..
Was this answer helpful?
LikeDislikeကျွန်တော် က တော့ ရွာထဲက ရွာသူား တွေ တင်ပေးသမျှ မြတ်စွာဘုရား ပုံတော်တွေ ကို ဖူးမြှော်ကြည်ညိုပြီးတိုင်း ဆုတွေ အမြဲတမ်းတောင်းဖြစ်တယ် ဗျ ။
Was this answer helpful?
LikeDislikeမမဝေရေ ကုန်ကျစရိတ်သက်သာစွာနဲ့ တစ်ထိုင်တည်း ဘုရားဖူးရတာဆိုတော့ ကွန်နက်က နည်းနည်းတော့ စောင့်ခိုင်းတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီကွန်နက်ရှင်နဲ့ စိတ်ရှည်လက်ရှည်တင်ပေးတဲ့ မမဝေကိုတော့ အံ့သြပြီး ကျေးဇူး အထူးတင်ပါတယ်။
Was this answer helpful?
LikeDislike