Myanmar Weather News

kanjosanJanuary 15, 20121min14414

Myanmar Weather နောက် ရက် ( 15-1-2012 ည 16-1-2012 နံနက် စောစော) လည်း ဆက်ပီး အေးပါမည်။ လောလောဆယ် ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ မြောက် ပိုင်းကျသော မြန်မာပြည် အထက်ပိုင်း ဒေသများ သည် 10°C အထိ ကျဆင်းနိုင်ပါသည်။ ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ တောင် ပိုင်းကျသော မြန်မာပြည် အော…က် ပိုင်း ဒေသများ သည် 15 °C အထိ ကျဆင်းနိုင်ပါသည်။ တရက်ထက် တရက် ထို ဖြတ်မျဉ်း သည် မြန်မာပြည် တောင် ပိုင်း ကို ရွေ့လာပီး 19-1-2012 တွင် မော်လမြိုင် မြို့ပေါ် လောက် ရောက်လာပါမည်။ ထို့ကြောင့် ဥပမာ ရန်ကုန် သည် ကြာသာပတေးနေ့ အတွင်း 10°C အထိ အပူချိန် ကျဆင်း မည့် အန္တရာယ် ရှိပါသည်။ http://images.intellicast.com/Global/Temperature/Minimum.aspx?region=asian နှင့် http://myanmarweather.multiply.com/journal/item/1 ကိုလည်း ကြည့် ပီး သက်ကြီး ရွယ်အိုများကို သတိပေးကြပါ ရန်။

14 comments

  • စိန်ပေါက်ပေါက်

    January 15, 2012 at 2:33 pm

    ဟမလေး..
    အေးချက်ကတော့ နိုင်းလောက်ရှိတယ်..
    အေးလွန်းလို ့..အိပ်လို ့တောင် မရဘူး..(မသောက်လိုက်တာလဲ ပါတယ် 😆 )
    သဂျီးဆီက တစ်သိန်းရမှ ဟိတာ ဆိုလား..ဘာဆိုလားပဲ.ဝယ်တပ်ဦးမယ်..
    ချမ်းလိုက်တာ..
    ဂတ်.ဂတ်..ဂတ်..ဂတ်..

    • Moe Z

      January 15, 2012 at 2:40 pm

      အကြံတစ်ခုပေးမယ် မာမီပေါက်
      အရင်တုန်းက စစ်သားတွေရှေ့တန်းထွက်ရင် သုံးတဲ့နည်း
      မြေကြီးမှာ ပလပ်စတစ်ခင်း၊ ပလပ်စတစ်ခြုံပြီးအိပ်ကြည့်ပါလား
      ချွေးတောင်ထွက်တယ်လို့ ပြောကြတယ်
      မယုံရင်စမ်းကြည့် …

      • စိန်ပေါက်ပေါက်

        January 15, 2012 at 2:59 pm

        ဟမငေး..
        ချွေးထွက်ယုံတင်မဟုတ်
        အောက်စီဂျင်ပြတ်ပြီး အသက်ပါ ထွက်လာပါလိမ့်မယ် ဂျီးဒေါ်ရဲ့..

        သဂျီးရေ ကယ်ဘာ
        သများတစ်သိန်းရဖို ့ ကိုးသောင်းလောက်ပဲ လိုတော့တာသိလို ့..သများကို
        ဝိုင်းပြီး လုပ်ကြံနေကြဘီ..

        ရက်စက်လိုက်ကြပါဘိ..အရက်ဂတို ့ရေ..

        စကားမစပ်..
        သဂျီး
        တူမလေး နေကန်းလား.

        😆

        • မှော်ဆရာသိန်း

          January 15, 2012 at 3:08 pm

          ပလတ်စတစ်ခင်း ပလတ်စတစ်ခြုံပြီး မအိပ်ချင်ရင် ..
          ကိုကျော်သူတို့ဆီမှာ ပလတ်စတစ်အိပ် အရှည်တွေ ရှိတယ်အကို …
          နဲနဲ စမ်းကြည့်ပါ့လား…

    • water-melon

      January 15, 2012 at 4:15 pm

      မိပေါက်ဖော် နင်ချမ်းတာ မီးယပ်ချမ်း မီးယပ်ချမ်း ဟေ့

  • ဆူး

    January 15, 2012 at 3:02 pm

    မနေ့ညကတည်းက အေးလာတာ သတိထားမိတယ်။
    မနက်ကလည်း အေးတယ်။

  • koyinmaung

    January 15, 2012 at 3:37 pm

    10 ံဆိုယင် အတော့ကိုအေးနေပြီ
    အသက်အရွယ်ကြီးရင့်သူတွေသတိထားသင့်ပါတယ်…

  • ကောင်းမြတ်သူ

    January 15, 2012 at 4:06 pm

    19.1.2012 ရက်နေ့အထိ အေးလာမည်ဖြစ်သောကြောင့် မိန်းမ(၅)ယောက် အမြန်အလိုရှိသည်။
    မှတ်ချက်
    ( – ပွဲစားမလို၊
    – ရွာထဲရှိ အေးစိန်၊ ဂျမ်းဘုံ၊ သာအေး လုံးဝမလျှောက်ရ။ )

  • kanjosan

    January 15, 2012 at 4:08 pm

    အေးလာတာနဲ့ မိန်းမ (၅) ယောက်တောင် အလိုရှိတာက မဆိုင်ဘူးထင်တယ်… ဆိုင်တာက တစ်ခုရှိမယ်….

    • ကောင်းမြတ်သူ

      January 15, 2012 at 5:19 pm

      သားသားကချမ်းတတ်လို့

  • windtalker

    January 15, 2012 at 6:58 pm

    ကျုပ်တို ့အထက်မြန်မာပြည်အတွက်ကော မပါဘူးလားဗျ
    ဒီမှာတော့ ထုံးစံအတိုင်း ဆောင်းစစ်စစ် အေးလျှက်ပါဘဲ….ဂတ်ဂတ်ဂတ်

  • htet way

    January 15, 2012 at 9:02 pm

    အလွန် အေးတဲ့ရာသီ မယ်တစ်ရွာ မောင်တစ်မြို့တော့နေလို့လည်း မဖြစ်တော့ပါပေ။
    ပြန်မယ် ..ပြန်မယ် ..ပြန်မယ် ..

  • Khin Kha

    January 16, 2012 at 12:33 pm

    Moe Z အကြံပေးတာတော့ကောင်းပါတယ်။
    မခြုံတတ်လို့ အိပ်ရင်းနဲ့နှာခေါင်းပိတ်ပြီး သေနေမှဟုတ်ပေ့ဖြစ်နေအုံးမယ်။
    မစမ်းရဲပေါင်။

  • intro

    January 16, 2012 at 1:40 pm

    ဒါကြောင့် ဒီနေ့မနက် သင်တန်းလာတာ ရေမချိုးလာတဲ့လူတွေ များနေတာကိုး… 🙂

Leave a Reply