တောင်ငူပြည်ခိုင်ဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု) အပါအဝင ်စာရေးဆရာ(၁၀)ဦး ၏ စာပေဟောပြောပွဲကြီး

tunlinaungJanuary 15, 20121min1144

တောင်ငူပြည်ခိုင်ဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု) အပါအဝင ်စာရေးဆရာ(၁၀)ဦး ၏ စာပေဟောပြောပွဲကြီး
တောင်ငူမြို. မိုင်ဒါအားကစားကွင်းကြီးတွင် ဇန်နဝါရီလ(၂၆)ရက်နေ. မှ(၃၀)ရက်နေ. အထိကျင်းပမည် ဟုကြေငြာထားပါတယ်။ တောင်ငူမြို.ခံများနှင့် စာဖတ်ပရိတ်သတ်တွေ မထင်မှတ်လောက်အောင်
အံ့အားသင့်ပြီး ဝိရောဓိများစွာ ဖြစ်သွားရပါတယ်။ ထာဝရဂရုဏာရှင်စုပေါင်း သွေးလှုရှင်များအဖွဲ. နှင့်
တောင်ငူကာတွန်းဆရာများ ကျင်းပသောစာအုပ်ဈေးရောင်းပွဲတော်နှင့်စာပေဟောပြောပွဲ လို.
ကြေငြာထားပါတယ်။ စာပေဟောပြောပွဲတွင်ပါဝင် သောစာရေးဆရာစာရင်းမှာ ကြေငြာစာရွက်အရ (၂၆)ရက်နေ.မှာ ဆရာဟိန်းလတ်နှင့် ဆရာမသန်းမြင့်အောင်။
(၂၇)ရက်နေ.မှာဆရာမောင်သာချို နှင့်ဆရာ မောင်ဝံသ ။
(၂၈)ရက်နေ.မှာဆရာ ချစ်စရာနှင့်ဦးဘုန်း(ဓာတု)ပါ။
(၂၉)ရက်နေ.မှာတော့ ဆရာကျော်ရင်မြင့်နှင့် ဆရာအော်ပီကျယ်ပါတဲ့ဗျာ။
နောက်ဆုံ.နေ. (၃၀)ရက်နေ.မှာ ပြည်သူခေတ်က ကျနော်တို.ရဲ.
ဆရာဖေမြင့်နှင့် ဆရာလယ်တွင်းသားစောချစ် တဲ့ ဗျာ။။
………… ကဲ… ကဲ…..တောင်ငူသားတွေမှ စိတ်ရှုပ် မသွားရင်၊
တောင်ငူသား တွေမှ ဝိရောဓိ မဖြစ်ရင် ၊
တောင်ငူသားတွေမှ ……………..ဒီလိုဗျ…………………။။

ဒီပွဲကိုဦးစီးကျင်းပတဲ.အဖွဲ့ဟာ ပြည်ခိုင်ဖြိုးကဖြစ်နေလို.ပါပဲဗျာ။ ဟောမည့် ပြောမည့်
ဆရာတွေကိုကြည့်တော့လည်း ရဲရဲတောက်တွေလေဗျာ။
စဉ်းစားကြည့်ပါဦးဗျာ ။ ဖြစ်နိုင်စရာရှိပါသလားလို.လေ။ ဘာကြောင့်ပါလဲ။
ကိုယ့်ဆရာတွေ ၂၀၁၂မှာ အတွေးအခေါ်တေ ွ ပြောင်းသွားတာများလား။
၁။ရက်ရှည်စာပေဟောပြောပွဲ
တောင်ငူမှာမနှစ်ကမေလမှာစလုပ်ခဲ့တယ်ဗျ။တောင်ငူမြို.မိမြို.ဖတွေနဲ.ကာတွန့်ဆရာတွေလုပ်ခဲ့တာပါ။
ပြည်ခိုင်ဖြိုးနဲ.မဟုတ်ပါဘူး။ဒီနှစ်ဘယ်လိုဖြစ်သွားတယ်ဆိုတာစဉ်းစားစရာပါပဲ။
၂။သွေးလှူရှင်အသင်း
တောင်ငူမှာသွေးလှူရှင်အသင်းတစ်သင်းရှိပါတယ်။နိုင်ငံသိအသင်းတစ်သင်းဖြစ်ပါတယ်။ မေတ္တာစေတနာသွေးလှူရှင်အသင်းပါ ။ရွှေနှင်းဆီဒေါ်အုန်ခင်ဆိုတဲ့မြို.မိမြို.ဖတစ်ဦးကတည်ထောင်ပြီး
မြို.မိမြို.ဖများစုပေါင်းထားသောအသင်းတစ်သင်းဖြစ်ပါတယ်။ဒီအသင်းဟာ စီမံခန်.ခွဲမှုအားနည်းနေချိန်မှာ
အလားတူသွေးလှူရှင်အဖွဲ.တစ်ခုထူးဆန်းစွာပေါ်ပေါက်လာပါတယ်။
(ထာဝရဂရုဏာရှင်စုပေါင်း သွေးလှုရှင်များအဖွဲသည်ပြည်ခိုင်ဖြိုးက အသင်း ဖြစ်ပါတယ်)
၃။စာရေးဆရာများ
တောင်ငူမှာတကယ်လာဟောတော့မှာပါ။ဆရာရေးဆရာတချို.ဟာအံ.ဩစရာကောင်းနေပါတယ်။
ဆရာအော်ပီကျယ် ၊ ဆရာဖေမြင့် ၊ ဆရာမောင်ဝံသ ၊ ဦးဘုန်းတို.လိုဆရာမျိုးတွေပါ။ ပြည်ခိုင်ဖြိုးရဲ. စင်မြင့်ပေါ်မှာ ဒီဆရာတွေဟောမယ်ဆိုတာ ကြားသိသူမှန်သမျှ ကို
အံ့အားသင့်စေမှာပါ။
၄။တောင်ငူကာတွန်းဆရာများ


ဒီပွဲမှာပူတွဲကျင်းပတဲ့သူတွေပါ။အများစုသောဆရာတွေကအေးဆေးပြီးငြိမ်းချမ်းကြသူများပါ။
ဘာကြောင့်မြို.မိမြို.ဖနှင့်မနှစ်ကလိုမကျင်းပကြပါသလဲဆိုတာတောင်ငူကနားမလည်နိုင်အောင်ပါပဲ။
၅။ပရိတ်သတ်
တောင်ငူမှာလာဟောတဲ့ဆရာတွေကိုကြိုဆိုပါတယ်။တောင်ငူစာဖတ်ပရိတ်သတ်အနေနဲ.ကော စာဖတ်သူတွေအနေနဲ.ကောပါ။ ဒါပေမယ့် ………………….
၆။ပွင့်လင်းမြင်သာမှု
စာရေးဆရာနှင့်တောင်ငူကြားမှာပွင့်လင်းမြင်သာမှုရှိရပါမယ်။ (၁)စာရေးဆရာတွေကိုမည်သူကတာဝန်ယူ ဖိတ်ကြားပါလဲ။
(၂)မည်သို.ခေါင်းစဉ်တပ်ပါသလဲ။
(၃)ပြည်ခိုင်ဖြိုးရဲ.ပွဲဆိုတာပြောပါသလား။(ကြေငြာတွင်ပြည်ခိုင်းဖြိုးဆိုတာလုံးဝ မပါပါ)
(၄)စာရေးဆရာတွေပြည်ခိုင်ဖြိုးပွဲဆိုတာသိပါသလား။ ( တောင်ငူကစာဖတ်သူအများစုကတော့ ဆရာတို. မသိလို. ဟောမယ်လို. ထင်နေပါတယ် )
၇။အပြစ်ရှိသူတွေ
တောင်ငူသားတွေမပြောလို. ဆရာတွေမသိရမဖြစ်ရအောင်ဒီစာလေးကိုရေးရခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် စာရေးဆရာတွေနဲ.တောင်ငူကြားမှာမည်သည့် အထင်လွဲမှုမျိုူးမှမရှိစေချင်တာပါ။
အကယ်လို.များ စာရေးဆရာတွေ မည်သို.ပွဲမျိူးဆိုတာ အသိမပေဘဲ မနှစ်ကလို ပွဲလိုထင်ယောင်ထင်မှား
ဖြင့်ဖိတ်ကြားခဲ့ရင် ဖိတ်ကြားသူများနှင့် စီစဉ်သူများ၏ အကြံဉာဏ်သာဖြစ်ပါတယ်။ တောင်ငူနှင့်လားလား
သက်ဆိုင်ပါ။ ( ဒီပွဲသတင်းကို တောင်ငူသတင်းထောက်တွေ ပြည်ခိုင်ဖြိုးပွဲဆိုတာ သိပါလျက်နဲ.
စာနယ်ဇင်းတွင် ဘာေကြောင့် အသိမပေးပါ သလဲ။)
၈။တူတာလေးတွေတွဲလုပ်တယ်ဆိုရင်
သိပါတယ်။ငါတို.( စာရေးဆရာများ ) ကဖြင့် တူတာလေးတွေတွဲလုပ်ကြတာဟေ့ဆိုရင်လည်း
စာဖတ်ပရိတ်သတ်တွေအနေဖြင့်ပြောစရာမရှိပါကြောင်း သမိုင်းကြောင်းကောင်းသောပြည်သူဘက်သား
ဆရာများကို အမှန်တရားတခုကိုတောင်ငူကဖြင့်သိကြားစေပါတယ်။ ။

တောင်ငူသားလူငယ်များ
( ခွင့်လွှတ်လို.တော့ရပါတယ် ဒါပေမယ့် မေ့လို.တော့မရပါဘူးတဲ. ။ မင်ဒဲလားပြောတာပါ)

4 comments

  • စိန်ပေါက်ပေါက်

    January 15, 2012 at 3:35 pm

    ကြက်ဖွတ်တွေ..ဘာကားရိုက်ဖို ့ကြံစည်နေကြသတုန်း..
    တစ်ချက်စောင့်ကြည့်လိုက်ပါဦး
    ကျုပ်အထင်တော့..ဒီလိုနည်းနဲ ့…မြို ့မေတ္တာ ခံယူချင်လို ့လား..စဉ်းစားမိတယ်..

  • koyinmaung

    January 15, 2012 at 3:57 pm

    စိန်ပေါက်ကျော်ပြောတာဖြစ်နိုင်တယ်…

  • ခွင့်လွှတ်လို.တော့ရပါတယ် ဒါပေမယ့် မေ့လို.တော့မရပါဘူးတဲ. ။ မင်ဒဲလားပြောတာပါ)

    အဲဒီအတိုင်းဘဲပေါ့။အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဖွတ်တွေ မဟုတ်လားဗျ။

  • လူတော်ကလေး

    January 16, 2012 at 11:22 am

    အေးဗျာ။ လူတွေကလဲ။

Leave a Reply