ကျွန်တော် ရွာထဲရောက်ကတည်းက ရွာသူရွာသားတွေနဲ့ တစ်ဦးနဲ့တစ်ဦး ဗဟုသုတတွေ ဖလှယ်၊ ရင်းနှီးမှုတွေ ဖြစ်နေကြပေမယ့် အပြင်မှာတော့ မတွေ့ဖြစ်ခဲ့သေးပါ။ လူခြင်းသာ မတွေ့ဖူးကြပေမယ့် ရွာထဲမှာတော့ ညီအကို မောင်နှမတွေ ဖြစ်ကာ စာသံယောဇဉ်တွေ၊ ဖုန်းနဲ့တော့ ရင်းနှီးနေကြပါတယ်။
တစ်နေ့က ကိုပေါက် (မန္တလေး) က ရွှေတိုက်စိုး ရန်ကုန်က ရောက်နေတုန်း အားလုံး ဒီနေ့ တွေ့ဖြစ်အောင် ဖုန်းတစ်လုံးနဲ့ စီစဉ်တော့ ကျွန်တော်က မဖြစ်ဖြစ်အောင်လာမယ်လို့ ပြောလိုက်ပါတယ်။ ရွာထဲက ညီအကို မောင်နှမတွေ တွေ့ရမှာ ဆိုတော့ မဖြစ်ဖြစ်အောင်သွားမယ်ပေါ့။ ဒါနဲ့ ကိုပေါက်ကို ဘယ်မှာ ဆုံမလဲ မေးလိုက်တော့ မန္တလေး၊ ကန်တော်ကြီးနားက ရှမ်းကလေးကျွန်းရွာထိပ်နားတဲ့။ အမယ်…ကိုပေါက် ရွှေးမှတော့ နေရာလေးက ဓါတ်ပုံသမား အကြိုက်နေရာလေးဗျ။

ရှမ်းကလေးကျွန်းရွာကလေး

ဆုံဖို့ ချိန်းထားတဲ့ အချိန်မတိုင်မှီ အရောက်သွားပြီး ရွာကလေးဆီ ဝင်တဲ့လမ်းကလေးမှာ လှမ်းငေးနေလိုက်သေးတယ်။

ရွာအဝင် လမ်းကလေး

ရွာကလေးထဲဝင်တဲ့ တံတားလေးပေါ်ကနေ ရွာထဲမှာ ပြဖို့ ကိုယ်ပုံကိုကိုယ် ပြန်ရိုက်ခဲ့ရသေးတယ်။

ရွာအဝင် တံတားလေးပေါ်က စိန်သော့

ကိုပေါက်က လာနေပြီဆိုလို့ ရွာရှုခင်းလေး ကျောခိုင်းလိုက်တယ်။

နောက်တော့ ရွှေတိုက်စိုးရယ်၊ ကိုပေါက်ရယ်၊ ညီလေးဖရဲရယ်၊ ကျွန်တော်ရယ် လေးယောက်ဆုံပြီး အမရပူရ မြို့နယ်ထဲက ရွှေကျက်ယက် မြန်မာဘူဖေး ဒေါ်အေးကြင် ထမင်းဆိုင်ဆီ ထွက်ခဲ့ကြတယ်။ အဲဒီမှာ နော်တို့ ဆြာပေနဲ့ တွေ့မယ်လေ။

ရွာထဲက သံယောဇဉ် နှလုံးသားတွေ ဆုံခဲ့ကြတဲ့ ရွှေကျက်ယက် မြန်မာဘူဖေး ဒေါ်အေးကြင် ထမင်းဆိုင်

အဲဒီနောက်တော့ စကားတွေက ပြောမဆုံးပေါင်၊ တောသုံးထောင်။ စားပွဲပေါ်က စားစရာတွေတောင် တော်တော်နဲ့ မထိနိုင်ကြသေးပေါ့။

စားပြီးတာတောင် ပြောမဝသေးလို့ ကန်တော်ကြီးစောင်းက ကဖေးချိုချိုဆီ ယွန်းခဲ့ကြသေးတယ်။ အဲဒီမှာ ရွာအကြောင်းစာအကြောင်းတွေ ပြောကြ၊ အလှုအတွက် လှုကြနဲ့ အတော်ကြာမှ ပြန်ခဲ့ကြတယ်။ သြော် ……….. ချစ်စရာကောင်းတဲ့ ရွာထဲက သံယောဇဉ် နှလုံးသားတွေ မန္တလေးမှာ ဆုံကြတဲ့ပွဲလေးပေါ့။

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။