ကိုမြင့်အေးဆိုတာဘယ်သူလဲ…

   ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်မြောက်လာကြတဲ့ နိုင်ငံရေးသမားတွေထဲမှာ ကိုမြင့်အေးတစ်ယောက်ပါမလာလို့ အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ်…

ဦးမြင့်အေးဟာ အကြမ်းဖက်သမားတဲ့၊ဘယ်သူတွေက ပြောတာလဲဆိုတော့ မြို့ပေါ်မှာလူသတ်၊တောဘက် နယ်ဘက်တွေမှာ ထင်ရာစိုင်း၊ လူတွေကိုဖမ်းပြီး လုပ်ချင်တာလုပ်နေတဲ့သူတွေကပြောတာပါ။

လွန်ခဲ့သော နှစ်(၂၀)အတွင်းမှာကြည့်မြင်တိုင်မြို့နယ်က NLD အမာခံ၊အမိုက်ခံ လုပ်ခဲ့တဲ့လူတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သူပါ။

လူ့အခွင့်အရေးမြှင့်တင်ရေးကွန်ယက်(HRDP)ကို ဦးဆောင်ခဲ့သူတစ်ဦးပါ၊ကြံ့ခိုင်ရေးနဲ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဝိုင်းရိုက်တာခံခဲ့ရလို့ အိမ်ကိုသွေးသံရဲရဲနဲ့ပြန်လာခဲ့ရသူပါ။

သူဟာအချိန်ပြည့်အင်တိုက်အားတိုက် လူ့အခွင့်အရေးချိုးဖောက်မူတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအင်အားတွေနဲ့တွန်းလှန်ခဲ့သူပါ။

အကြိမ်ကြိမ်ထောင်ကျလည်းသူမမူ့ပါ၊အလွန်အနေအေးသည်…မည်သူကိုမှရိုင်းရိုင်းစိုင်းစကားပြောတတ်ပါ။

သူအဖမ်းမခံရခင်တုန်းက မုန့်ဟင်းခါးဝယ်စားရင်း သူနဲ့ကြုံခဲ့ဖူးပါသည်၊ဆိုင်ကသူတို့လမ်းထိပ်ကဆိုင်မှာပါ…သူကမုန်းဟင်းခါးဖိုးပိုက်ဆံရှင်းရန် ငွေ(၅၀၀)တန်ထုတ်ပေးပါတယ်..မုန့်ဟင်းခါးသည်မှ ပြန်အန်းရန်မရှိသေးတဲ့အတွက် ရပါတယ် အကိုရယ် နောက်မှပဲ ပေးပါ ကြုံမှပေးလည်းရပါတယ်..မုန့်သည်ကလည်း တရပ်ကွက်သားချင်းမို့ ပြောလိုက်ပါတယ်…ထိုအခါ..သူက…ဟေ့..မလုပ်နဲ့ နောက်မှဆိုတာ စိတ်မချရဘူး…ငါ့ ကိုဘယ်တော့လာဖမ်းမလဲ စောင့်နေတာ..တော်ကြာ နင့်ပိုက်ဆံပါ ပါသွားအုံးမယ်…ဟုဆိုလိုက်ပါတယ်…သူတို့ ခင်မျှာ..ထမင်းစားရင်းလာဖမ်းမှာကို ထိုင့်စောင့်နေတဲ့လူစားမျိုးတွေပါ။

အမှန်ပါပဲ…သူကိုလာဖမ်းတော့လဲ…ရှပ်အကျင်္ီလည်ကတုံးအဖြူလေးကို လမ်းမှာတင်ဝတ်ပြီးလိုက်သွားရှာပါတယ်…

ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြခဲ့ကြတဲ့ အစိုးရလက်သက်မွေး စွမ်းအားရှင်တွေက သူတို့ချောင်းပြီးရိုက်ခဲ့ကြပါတယ်..၂၀၀၈ မတ်လ ၂၈ရက်ညချမ်းမှာပါ။

အပြည့်အစုံကို ဟောဒီလင့်မှာလည်း ဖတ်လို့ရပါတယ်..

http://www.irrawardy.org/burmese/print/news2008/March/march-28d-08.html

သူရဲ့စိတ်ဓါတ်ပြင်းပြပုံကို သူအရိုက်ခံရပြီးနောက် သူပြောခဲ့တဲ့စကားတွေကသက်သေခံနေပါတယ်…

“တစ်ကယ်လို့ ကျွန်တော်ကိုရိုက်တဲ့ပုဂ္ဂိုလ်တွေများကြားမယ်၊သိမယ်ဆိုရင် ပြောချင်ပါတယ်…လူ့အခွင့်အရေးလုပ်လို့ ခြိမ်းခြောက်တဲ့အနေနဲ့ရိုက်တာဆိုရင် ကျနော် ဆက်လုပ်အုံးမယ်လို့ ပြောပါရစေ”

အဲဒီနောက်ပိုင်းအဖမ်းခံရပြီး စစ်ကြောရေးမှာအပြင်းအထန်နှိပ်စက်ခံရတယ်..ရန်ကုန်မြို့တစ်နေရာမှာပေါက်ကွဲမူနဲပက်သက်တယ်ဆိုပြီးအတင်း ဝင်ခံလက်မှတ်ထိုးခိုင်ပြီး ဖေါက်ခွဲမူနဲ့ထောင်ချလိုက်တယ်…

http://www.bur.irrawaddy.org/index.php/news.250-2008-10-21-06-36-54

သူအဖမ်းခံရစဉ်အချိန်မှာပင် အသက်(၅ရ)နှစ်ရှိနေပြီဟုသိရပါသည်၊ကျမ်းမာရေးလည်းမကောင်းပါ အသည်းကြီးနေတဲ့ဝေဒနာခံစားနေရသူပါ။ဘာကြောင့်သူတို့ကိုချန်ထားသေးတာလည်းသိချင်လှပါတယ်…

ဦးမြင့်အေးကိုချက်ချင်းလွှတ်ပေးဖို့ ဒီနေရမှ တောင်းဆိုချင်ပါတယ်…

မူရင်း…မောင်ထွေး

ဒီပိုစ့်ကို…http//www.moemaka.blogspot.com/2012/01/who is u -myint-aye.html   မှတစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ…

ကျွန်တော်ရဲ့ ကိုင်တိုင်မြင်တွေ့ သိခဲ့တာလေးတွေနဲ့ထက်ပြီးဖြည့်ထားပါတယ်….

 

 

 

 

16 comments

  • windtalker

    January 15, 2012 at 7:04 pm

    ကိုမြင့်အေး တစ်ယောက် အမြန်ဆုံး လွတ်မြောက်လာပါစေ ဟု ဆုတောင်းလိုက်ပါသည် ။

    • MaMa

      January 16, 2012 at 3:23 pm

      ဦးရွှေထူးလည်း မလွတ်သေးဘူးနော်။ အရင်တခါတုန်းက မောင်ပေပြောဖူးသလားလို့။

      ဒါထက် စကားအတင်းစပ်ရရင်-
      စိန်ခေတ်ရောက်နေပြီနော်။
      သူများတွေ အသီးသီး (စိန်ပေါက်ပေါက်၊ စိန်ဇာဂီ) နာမည်တွေ ပြောင်းကုန်ကြပြီ။
      ခေတ်နောက်ကျကျန်ခဲ့မှာစိုးလို့ စိန်ပေပေရေ 😆

      • windtalker

        January 16, 2012 at 4:45 pm

        သည်ကနေ ့မနက်ခင်းတုန်းက သတင်းကြားမိတယ်
        တောင်ကြီးမှာ ၊ ဘုန်းကြီးတွေ စုနေတယ် တဲ့
        ဦးရွှေထူး ကို လွှတ်ပေးဖို ့ဆန္ဒပြ ကြမလို ့ဆိုလားဘဲ

  • စိန်ပေါက်ပေါက်

    January 15, 2012 at 8:53 pm

    ကိုမြင့်အေးအပြင် ကျန်နေတဲ့တခြား နိုင်ငံရေးအကျဉ်းသားများကိုလဲ အကုန်လွှတ်ပေးကြပါဗျို ့

  • ပေစိ

    January 15, 2012 at 8:56 pm

    လွှတ်ပေးသင့်ပါတယ် ဘာကိုကြောက်နေလို့လွှတ်မပေးရဲတာလဲ

  • ကြောင်ကြီး

    January 16, 2012 at 7:51 am

    ဦးမြင့်အေးနဲ့ သူလူတွေကိုဖမ်းတော့ စစ်ကြောရေးမှာ ရက်ရက်စက်စက် ရိုက်နှက်စစ်ဆေးတယ်၊ သွေးထွက်သံယိုဖြစ်တာ မြင်မကောင်းလို့ ရုံးအထုတ်မှာ သွားတွေ့ဆုံသူများ ပြည်ပမီဒီယာကိုပြောတာ မှတ်မိတယ်။ သဂျီးရေ..အိပ်စ်ပို့ အင်ပို့ပါမစ်တွေ မျှော်မနေနဲ့အုံး… လုပ်စရာ အများကြီးကျန်သေးတယ်။ ငွေလေးတပြားရရင် တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားမဲ့ သူကြီး…။

  • Thel Nu Aye

    January 16, 2012 at 10:32 am

    မကြာခင်မှာလွှတ်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်။ ပြင်မှာကျန်ခဲ့သူတွေအတွက်ပြောရေးဆိုခွင့်ရှိသူတွေ
    အများကြီးရောက်လာပြီပဲ

  • စိတ်မကောင်းရပါဘူးဗျ။သူ ့ကျန်းမာရေးအတွက် ဆေးကုသမှုရော လောက်ငှရဲ့လားဗျာ။
    အားလုံးသူ အမြန်ဆုံးလွတ်မြောက်ကြဖို ့ဆုတောင်းမေနေတယ်ဗျာ။

  • kai

    January 16, 2012 at 12:51 pm

    အခုရက်တွေက.. လွှတ်သင့်တယ်ထင်တဲသူတွေကို.. သမ္မတဆီဦးတည်ပြီး တောင်းဆိုသင့်တဲ့အချိန်ပါ..
    တရားဝင်စာပို့သင့်ပြီး…. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အသိပေး..ကော်ပီပေးသင့်ပါတယ်..။

    ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်.. ကျန်နေတဲ့သူတွေကို.. ထပ်စိစစ်ပြီး တခါလွှတ်ဦးမယ် ထင်မိတယ်..။

  • bluerose

    January 16, 2012 at 1:16 pm

    မလွှတ်ပေးတာလားလွှတ်ပေးဖို့လူရောရှိသေးရဲ့လား
    သူတို့အထဲမှာနှိပ်စက်လို့များအသက်တောင်ရှင်သေးရဲ့လား
    ၈၈ အရေးခင်းတုန်းကလည်းတယောက်ကိုအထဲမှာနှိပ်စက်ပြီးတခါတည်းသတ်လိုက်တယ်တဲ့
    ခုလည်းသူတို့ကစိတ်ချရတာမဟုတ်ဘူး
    ကျန်းကျန်းမာမာအသက်ရှင်နေပါစေပဲဆုတောင်းပေးပါရစေနော်

  • kai

    January 16, 2012 at 3:09 pm

    နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်မှာ တောင်းဆိုမှုကြောင့် မဟုတ်

    By featured, စည်သူ on January 14, 2012 7:08 pm in

    နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည် မည်သူ့တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ထဲမှ လွှတ်ပေးခြင်းဖြစ်သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
    ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင် စောင့်ကြိုနေကြသူများ (ဓာတ်ပုံ – ဧရာဝတီ)
    လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တိုက်တွန်းချက်မျှ မပါဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွှတ်ပေးခြင်းသာ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
    “ပြည်တွင်း ပြည်ပက တောင်းဆိုလို့ လွှတ်ပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပုဒ်မ ၄၀၁ ဆိုတာ တဦးတယောက်ချင်းကို ကြည့်ပြီး ပေးတဲ့ လွှတ်ငြိမ်းချမ်းသာခွင့်ပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။
    လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် စစ်ထောက်လှမ်းဟောင်းများကို နိုင်ငံရေးတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအား အနှောင့်အယှက် မပြုသူများဟု ယူဆသောကြောင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်း ၆၀၄ ဦးပေါ်ကို အခြေခံကာ လွှတ်ပေးခြင်းဖြစ်ပြီး လက်ရှိ အကျဉ်းကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃ဝ ဦးသာ ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀ရ ဦးမှာ လွှတ်ငြိမ်းချမ်းသာခွင့်အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ၁၃ ဦးအမည်ထပ်၊ ၅၁ ဦးမှာ အချက်အလက် မပြည့်စုံနှင့် သေဆုံးတဦးနှင့် သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
    ကျန် ၁၂၈ ဦးမှာမူ ရာဇဝတ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများဖြစ်သဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံးမဝင်သောကြောင့် တရားဥပဒေစိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်း သိမ်းထားကြောင်း သိရသည်။
    ထို့အပြင် သောင်းကျန်းသူများနှင့် ဆက်သွယ်သူတချို့ကို လွှတ်ပေးခဲ့သော်လည်း ဗုံးခွဲရန်ကြံစည်သူများနှင့် ပြစ်မှုကြီးများ ကျူးလွန်ထားသူများ၊ ယမန်နှစ်က ရခိုင်နယ်စပ်တွင် တာလီဘန်နှင့် ဆက်သွယ်၊ ဖောက်ခွဲရေးသင်တန်းတက်သူ ၁၃ ဦး စသူတို့ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
    ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား စာရင်းများရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း သမ္မတဦးသိန်းစိန်နှင့် တိုင်တိုင်ပင်ပင် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ယင်းက ပြောသည်။
    “ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဆိုဆို မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သူတွေကိုသာ ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
    KNU မှ ဖဒိုမန်းငြိမ်းမောင်ကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ဒုတိယအဆင့်အနေဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်းလည်း သိရသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော်သမ္မတသည် (က) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်၊ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

    http://burma.irrawaddy.org/archives/4863

    • Wow

      January 16, 2012 at 4:07 pm

      ဒင်းတို့ကတော့တစ်သက်လုံးမုန်လာဥလုပ်နေမဲ့ ဒါရိုက်ဂိုးတူအဝီစိတွေ
      ကိုမြင့်အေး ကျမ်းမာစွာနဲ့အမြန်ဆုံးလွတ်လာပါစေ…

  • Yin Nyine Nway

    January 16, 2012 at 3:22 pm

    ကိုမြင့်အေးတယောက် အမြန်လွတ်လာပါစေ …….

  • နွယ်ပင်

    January 16, 2012 at 3:47 pm

    ကိုမြင့်အေး တစ်ယောက်အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေ ………….

  • etone

    January 16, 2012 at 4:06 pm

    တကယ်ဆို နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ပါဘူး …. ။ ကျန်ရှိနေသူတွေလည်း လွတ်မြောက်ကြပါစေလို့ ဆုတောင်းပါတယ် ။

  • zaw min

    January 16, 2012 at 4:09 pm

    မနေ့ညက ရရှိတဲ့သတင်းအရ ပြည်ထောင်စုနေ့(February 12)မှာ ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေရတဲ့နိုင်ငံရေးသမားများကိ ထပ်မံလွှတ်ပေးဖို့ရှိတယ်လို့သိရပါတယ်။
    အားလုံးမျှော်လင့်ထားသည့်အတိုင်း အမြန်ဆုံးလွှတ်မြောက်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျား…

Leave a Reply