ယမမင်းဘယ်နှစ်ယောက်ရှိလဲသိလား …….

thihayarzarJune 1, 20101min1677

စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနက ပြိတ္တာမင်းကို ယမမင်းဟုခေါ်ဆိုချင်းဖြစ်သည်။ ထိုယမမင်းသည် တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး တစ်ခါတစ်ရံတွင်မှု မကောင်းမှုကံ၏ အကျိုးကို သာမန်ပြိတ္တာများကဲ့သို့ပင်ခံစားရသည်။ ယမမင်းသည် တစ်ဦးတည်းရှိသည်မဟုတ်ပါ။ အဝီစိငရဲကြီးတွင် တံခါးကြီးလေးမျက်နှာရှိသည်။ တံခါးကြီးတစ်ဖက်တွင် ယမမင်းတစ်ယောက်ကျစီ အုပ်စိုးသည်။ ထို့ကြောင့်ငရဲကြီးတစ်ထပ်တွင် ယမမင်း လေးယောက်ရှိသည်။ ငရဲကြီးရှစ်ထပ်ဆိုတော့ ယမမင်း ( ၃၂ )ယောက်ဖြစ်သည်။ ငရဲသို့ကျရောက်သူတိုင်း ယမမင်း၏အစစ်အဆေးကို ခံရမည်မဟုတ်။ အကုသိုလ်ကြီးပြီး ပြစ်မှုထင်ရှားသူသည် အဝီစိငရဲသို့အစစ်အဆေး အမေးအမြန်းမရှိ ကျကြသည်။ အကုသိုလ်အားနည်း သူတို့သာ ယမမင်း၏ အစစ်အဆေးကို ခံယူပြီး ကံကောင်းလျှင် လူပြည်သို့ပြန်ရောက်ကြသည်။

7 comments

  • thihayarzar

    June 1, 2010 at 4:06 pm

    မြန်မာစွယ်စုံကျမ်း အတွဲ (၁၀) စာမျက်နှာ ၄၃ရ မှကောက်နှုက်ဖော်ပြသည်။ မသိသေးသောသူများအတွက်ပါ။ ကျွန်တော်လူတော်တော်များများကို မေးကြည့်ဘူးသည် မသိကြပါ။ ထို့ကြောင့် ကောက်နှုက်ဖော်ပြရခြင်းဖြစ်သည်။

  • bigcat

    June 1, 2010 at 9:46 pm

    there are more than 32 generals in Myanmar.

  • kai

    June 1, 2010 at 9:52 pm

    တော်ဘီဗျာ..သူတို့ရှိမယ်ဆို..ငရဲပြည် ဘယ်တော့မှမသွားတော့ဘူး..။

  • Rain girl

    June 2, 2010 at 3:40 am

    မသိတာတော့ အမှန်ပဲ။ ယမ မင်းက ၃၂ ယောက်ရှိတယ်လား ။ သိဘူးဗျ။

  • darkoosky

    July 27, 2010 at 8:09 am

    Don’t be afraid them they are ..becoming our friends too…because we have seen ko lu ta lone’s nice girls pictures..

  • Yin Nyine Nway

    July 27, 2010 at 8:26 am

    ဟုတ်ပါ့နေရာတိုင်းမှာ သူတို့ ရှိနေတာပဲ

  • koyinmaung

    November 6, 2011 at 10:00 pm

    ရွာထဲကိုတယောက်လောက်ငှားထားရမယ်
    ဆဲတဲ့သူတွေကိုဖမ်းခိုင်းရမယ်….

Leave a Reply