ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ဓမ္မဝိဟာရီဆရာတော်

mgmaungJanuary 15, 20121min25250

ယခုသမ္မတကြီးရဲ့ သဘောဆန္ဒဖြင့်လွှတ်ပေးခံရသူတွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလို့ နားလည်မိတယ်/
လွတ်လပ်စွာယုံကြည်ခွင့်ဟာ လူတိုင်းမှာရှိသင့်တာပဲ/
သူတို့ယုံကြည်မှုဟာ တစ်ပါးသူတွေ မထိခိုက်အောင် အစိုးရက ညှိနှိုင်းပေးဖို့လိုတာပါ/
အဲဒါကို ကိုယ်ယုံကြည်ချက်နဲ့ မတူလို့ ထောင်သွင်းအကျဉ်းချတာတွေကတော့ မဖြစ်သင့်တော့ဘူးပေါ့/
နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတယ်ဆိုရင် ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကော မလွှတ်သင့်ဘူးလာ?
အထူးသဖြင့်ဗုဒ္ဓတရားအပေါ် မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ ယုံကြည်မှုမတူညီလို့ထေရဝါဒကို ထိခိုက်တယ်ဆိုကာ ထေရဝါဒသံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့ ဖမ်းဆီးစေခိုင်းမှုကြောင့် မြစ်ကြီးနားထောင်တွင် သက်တော် ၇၃-နှစ်ခန့်ရှိနေပြီဖြစ်သော ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ (ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ) ထေရဝါဒအခေါ် မိုးပြာဆရာတော်သည်လည်း ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟု ကြားသိရပါသည် နိုင်ငံတော်သမ္မတကြီးခင်ဗျာ/
ထိုကဲ့သို့ ဘာသာရေးယုံကြည်ချက် မတူမှုကို အကြောင်းပြု၍ မဟနမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်တာတွေထက် ထောင်တွင်း အကျဉ်းချခိုင်းစေခြင်းတို့လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဗုဒ္ဓဘာသာ၏ လမ်းစဉ်မဟုတ်ပါ/
သို့အတွက်ကြောင့် ဘာသာရေးယုံကြည်ချက်မတူညီသော အယူဝါဒများ၏ ဖိနှိပ်ခြင်းခံနေရတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတကြီးမှ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဗုဒ္ဓသာသနာရဲ့ အကျိုးကိုလည်း ထပ်မံဆောင်ရွက်ပေးမည်ဆိုလျှင် ထေရဝါဒဗုဒ္ဓဘာသာကော၊ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအတွက်ပါ အကျိုးများမည်ဟု ထင်မြင်မိပါသည်/

ယခုကဲ့သို့ ဗုဒ္ဓဓမ္မအပေါ် ယုံကြည်သဘောပေါက်မှုမတူညီမှုညီမှုများအပေါ် မဟနမှ  ထောင်သွင်းအကျဉ်းချစေခိုင်းမှုကဲ့သို့ အဖြစ်အပျက်များသည် ဗုဒ္ဓလက်ထက်ကလည်းမရှိခဲ့သလို အစဉ်အဆက်လည်းမကြားမိခဲ့ပါ/

အယူဝါဒကွဲလွဲမှုအပေါ် အယူဝါဒများဟောပြော၊ ယှဉ်ပြိုင်၊ ညှိနှိုင်းခြင်းတို့ဖြင့်သာ သမိုင်းတွင် ဆောင်ရွက်ခဲ့ကြပါသည်/

တရားဓမ္မကို တရားဓမ္မများဖြင့်သာ ဖြေရှင်းသင့်ပါသည်/

ယခုကဲ့သို့ မဟနမှ ဓမ္မဝိဟာရီဆရာတော်အား ထောင်သွင်းအကျဉ်းကျခံစေမှုတို့သည်  တရားသမားတို့၏ လုပ်ဆောင်ချက်မျိုး ဟုတ်ရဲ့လားဟု စဉ်စားတတ်သူတို့အတွက် စဉ်းစားစရာပါ/

မြန်မာထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ (မဟန)သည် အာဏာရှင်ဆန်ဆန် ဘာသာရေးအဖွဲ့ ဖြစ်နေပြီလား?

ယနေ့ နိုင်ငံတော်သမ္မတကြီးဦးဆောင်နေသော အစိုးရအဖွဲ့သစ်ရဲ့ ဒီမိုကရေစီလမ်းစဉ်နဲ့ကော ကိုက်ညီရဲ့လားဟု ပြန်သုံးသပ်ဖို့လိုပေပြီ/

နိုင်ငံတော်ကတော့ ဒီမိုကရေစီကိုဦးတည်သွားနေတယ်/

ဘာသာရေးခေါင်းဆောင်တွေက အာဏာရှင်ဆန်ဆန်ကျင့်သုံးနေကြဦးမယ်ဆိုလျှင် နိုင်ငံတော်နဲ့ ဘာသာနဲ့ က လမ်းစဉ်းမတုူနိုင်တော့ပါ။ လမ်းစဉ်မတူရင် ဘာသာလည်း မထွန်းကားနိုင်တော့ပါကြောင်း ဗုဒ္ဓသာသနာအကျိုးလိုလားပြီး တင်ပြလိုက်ရပါသည်။

မတူတာတွေဘေးဖယ်၊ တူတာတွေနဲ့ သဘောထားကြီးကြီး ညှိနှိုင်း လက်တွဲပြီး ဆောင်ရွက်ကြမှသာလျှင် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ပါသည်/”

ယခင် သတင်းမှတ်တမ်း www.youtube.com
မိုးပြာဆိုသည်မှာ www.4shared.com

50 comments

  • kai

    January 16, 2012 at 8:25 am

    ကိုဇာဂနာ.. ခဏခဏပြောတဲ့.. မြစ်ကြီးနားထောင်ထဲက.. ဆရာတော် ဦးဉာဏဆိုတာ.. ဓမ္မဝိဟာရီဆရာတော်လားလို့ သိချင်ပါတယ်..။
    ဘာသာရေးယုံကြည်ချက်ကြောင့်.. အကျဉ်းကျခံရတဲ့အတွက်လည်း.. အလွန်စိတ်မကောင်ပါဘူး..။ ကုလသမဂ္ဂလူ့အခွင့်အရေးပြဌာန်းချက်နဲ့လည်း မညီပါဘူး…။
    လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့…. သမ္မတကြီးကို တိုက်တွန်းပါကြောင်း….။

    =================

    အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ၊ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

    by The Voice Weekly on Wednesday, 12 October 2011 at 11:32

    စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း

    မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁ဝ နာရီ ၃ဝ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

    မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။

    – စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

    ဘယ်သူတွေ ပါလဲ။

    – ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

    ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။

    – မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

    လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။

    – လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

    လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။

    – မရှိပါဘူး။

    လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။

    – မရှိပါဘူး။

    အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။

    – လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

    အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။

    – ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

    အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။

    မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။

    ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။

    – ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

    အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။

    – မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

    လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။

    – ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

    အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။

    – အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

    တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။

    – လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

    ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။

    – မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

    ကျေးဇူးတင်ပါတယ်။

    • mgmaung

      January 16, 2012 at 10:04 am

      ကိုဇာဂနာ.. ခဏခဏပြောတဲ့.. မြစ်ကြီးနားထောင်ထဲက.. ဆရာတော် ဦးဉာဏဆိုတာ.. ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏပဲဖြစ်ပါတယ် kai/
      လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့…. သမ္မတကြီးကို တိုက်တွန်းပါပေးတဲ့အတွက်လည်း ငြိမ်းချမ်းရေးကို လိုလားသူတိုင်း ဝမ်းသာကြမှာပါ/
      http://www.4shared.com/video/_dbflfyd/skyblue-a.html?cau2=403tNull မိုးပြာဆိုသည်မှာ ဆိုတဲ့ Movies files မှာ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဩဝါဒ၊ မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့ ဩဝါဒတွေဟာ ငြိမ်းချမ်းရေးလိုလာသူတို့ လိုက်နာစရာပါ/
      ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ဆိုတဲ့ ဓမ္မဝိဟာရီဆရာတော်ရဲ့ တရားတွေဟာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အရိယသစ္စာ တနည်း လူတွေရဲ့ ကံအမှုတွေ ငြိမ်းချမ်းစွာ လုပ်တတ်၊ ပြောတတ်၊ နေတတ်အောင် လမ်းညွှန်ထားတာမို့ တကယ့်ငြိမ်းချမ်းရေးတရားတွေပါပဲ/
      နိုင်ငံတော်မှ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသွားနေတဲ့အချိန်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကံအမှုတွေ ငြိမ်းချမ်းစေတဲ့ အရိယသစ္စာတရားကို ကျင့်သုံးမှသာလျှင် ငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်မှာပါ/
      အာဏာရှင်တွေလက်ထက်မှာတော့ ဓမ္မဝိဟာရီဆရာတော်နဲ့တကွ ဒေါ်စုအပါအဝင် ငြိမ်းချမ်းရေးခေါင်းဆောင်ဆောင်တွေ အကျဉ်းကျခံခဲ့ရပါတယ်/
      ယခု ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဒေါ်စုအပါအဝင် ငြိမ်းချမ်းရေးခေါင်းဆောင်ဆောင်တွေဟာ ဗုဒ္ဓရဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ ဓမ္မဝိဟာရိဆရာတော်ပြန်လည်ဖော်ထုတ်နိုင်ခဲ့တဲ့ အရိယသစ္စာတရားလမ်းစဉ်အတိုင်း အကောင်းအထည်ဖော်ကြမည်ဆိုလျှင် တကယ့်စစ်မှန်သော ငြိမ်းချမ်းရေးကို ရောက်ရမည်ဟု ယုံကြည်မိပါတယ်/
      ဒါ့ကြောင့် ဒီမိုကရေစီငြိမ်းချမ်းရေးကို နိုင်ငံတော်မှ အရောက်သွားနေတဲ့အချိန်မှာ အရိယသစ္စာကိုပြန်လည်ဖော်ထုတ်ခဲ့သော လူ့ငြိမ်းချမ်းရေးခေါင်းဆောင် ဓမ္မဝိဟာရီဆရာတော်၊ ဒေါ်စုအပါအဝင် ငြိမ်းချမ်းရေးခေါင်းဆောင်ဆောင်များနှင့် နိုင်ငံတော်အစိုးရသစ်အဖွဲ့တို့အတူလက်တွဲ အကောင်းအထည်ဖော်ကြမည်ဆိုလျှင် ဗုဒ္ဓအလိုကျ တကယ့်စစ်မှန်သောငြိမ်းချမ်းရေးသို့ ရောက်ရမည်မှာမလွဲနိုင်ပါ/

  • kai

    January 16, 2012 at 8:29 am

    နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်

    By မစုမြတ်မွန်

    မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလတုန်းက ပြန်လွတ်လာခဲ့တဲ့ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သူ နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ်နဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ သူ ဘန်ကောက်မှာ ရောက်နေစဉ်မှာ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    မစုမြတ်မွန်။ ။ ကိုဇာဂနာ ထောင်ထဲက ထွက်လာပြီးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ကူညီစောင့်ရှောက်မှုတွေ ပြန်ပြီးတော့ လုပ်ပေးတာ သိရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အနေနဲ့ အပြင်မှာရှိတဲ့သူတွေရဲ့ အကူအညီ ဘယ်လောက် အတိုင်းအတာအထိ လိုနေတဲ့အတွက်ကြောင့် ကိုယ်က လုပ်ပေးရတယ်လို့ ပြောနိုင်ပါလဲရှင့်။ –

    ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀ဝ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။

    “ဥပမာ၊ ယုတ်စွအဆုံး ကျနော် စိတ်အရမ်းမကောင်းတာ တစ်ခုရှိတယ်။ ကျနော့်သူငယ်ချင်း လှမျိုးနောင်၊ အခုတော့ မန္တလေးထောင် ရောက်သွားပါပြီ။ မြစ်ကြီးနားမှာ အတူနေခဲ့တယ်။ မျက်လုံးတစ်လုံး ဆုံးသွားတယ်။ ထောင်ထဲမှာ မျက်လုံးတစ်လုံး ဆုံးသွားတယ်ဆိုတာက တကယ်ပြောတာ၊ ထောင်ထဲက ရိုက်လို့နှက်လို့ ဆုံးတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ရောဂါကြောင့် ဆုံးတာ။ သို့သော် တကယ်လို့များ သူဟာ proper treatment သင့်လျော်တဲ့ ဆေးဝါးကုသမှု တစ်ခုခု ရလိုက်တယ်ဆိုရင် အဲဒီလောက် မြန်မြန် မဆုံးရှုံးဘူးပေါ့။ အခုဆိုရင် မျက်လုံးတစ်လုံး ဆုံးရှုံးရုံတင်မကဘူး။ နောက် မျက်လုံးတစ်လုံးကပါ ဆုံးရှုံးတော့မယ်၊ သုံးပုံတစ်ပုံလောက် ဖြစ်လာပြီဆိုတော့ စာတောင် မဖတ်နိုင်တော့ဘူး ဖြစ်လာတယ်။ ဆိုတော့ ဒီလူတစ်ယောက်မှာ အရေးပေါ် ဆေးကုသဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့ ဖမ်းထားတာကိုး။ သို့သော် အဲဒီဟာကို ဆေးကုဖို့အတွက် moral encouragement စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုတယ်။ financial encouragement ငွေကြေးအရ ပံ့ပိုးကူညီမှုလည်း လိုတယ်။ သူ့မှာက မရှိဘူး။ စီးပွားရေးအရ မပြေလည်ဘူး။ ပိုက်ဆံလေး သုံးသိန်းလောက် ရှိရင်ကို မျက်လုံးကို လေဆာနဲ့ပစ်လို့ ရရဲ့သားနဲ့ အဲဒီ ပိုက်ဆံလေး သုံးသိန်းလောက် မရှိတဲ့အတွက် သူ့ရဲ့ မျက်လုံး နောက်တစ်လုံးဟာ သုံးပုံတစ်ပုံ ဆုံးရှုံးလာရပြီ။ ဘယ်သူကူမှာလဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပါတယ် ကူညီပါတယ်လို့ ပြောပြီးတော့ လှမျိုးနောင်ရဲ့ မျက်လုံး တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာကို Retinal Detachment လို့ ပြောတာပဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ ကျနော့် သူငယ်ချင်းကို ဒီလိုလူ အခန်းချင်း ကပ်နေတဲ့သူတောင် ကျနော် မကူနိုင်တော့ဘူး။ သူ စိတ် ဘယ်လောက် ထိခိုက်ထားမလဲ။ ငါတို့ကတော့ တိုင်းပြည်အတွက်လို့ ပြောတယ်၊ လုပ်လိုက်ရတာ တိုင်းပြည်အတွက်လို့လည်း ပြောတယ်။ ငါတို့ကို ဘယ်သူကမှလည်း လုပ်မပေးပါလား။ ပေးနေတာကတော့ အကြီးအကျယ်ပဲ။ ဘယ်သူကပေးတယ်၊ ဘယ်လောက်ပေးလိုက်ပြန်ပြီ ဆိုတာက အကြီးအကျယ်ပဲ။ ဘယ်သူ ပေးလို့မှမရတာ အမှန်ပဲ။

    “နောက်ထပ် ကျနော် ထပ်ပြောမယ်။ ဒါ တရားဝင် တကမ္ဘာလုံးကို ပြောလို့ရတဲ့စကားဖြစ်တဲ့အတွက် ကျနော် ပြောချင်သေးတယ်။ ဘုန်းကြီးတွေကို ထောက်ပံ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေကို ထောင်ထဲမှာ ထောက်ပံ့လို့ဆိုပြီး ဆုတွေလည်း ပေးလိုက်ကြတာ ဟိုးအမေရိကားကနေ နည်းတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အတူတူနေတဲ့ ဘုန်းကြီးလေးပါး ရှိတယ်။ နံမည်တပ် ကျနော် ပြောလို့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ကျနော်နဲ့အတူတူ ရှိတယ်။ ဘုန်းကြီး ဦးဓမ္မသာမိ၊ ကျနော်နဲ့အတူတူ မြစ်ကြီးနားထောင်မှာ နေခဲ့တယ်။ ဘုန်းကြီး ဦးဂန္ဒသာရ မန္တလေးက ဘုန်းကြီး ကျနော်တို့နဲ့အတူတူ နေခဲ့တယ်။ အဲဒီ ဘုန်းကြီးလေးပါးလုံး ဘာမှမရဘူး။ ကျနော်ပြောတာ ရှင်းရှင်းလေးနော်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘုန်းကြီးတွေ ရှိတယ်။ ကျနော်နဲ့အတူတူ သုံးနှစ်ခွဲလုံးလုံး နေခဲ့တာ။ အဲဒီတော့ ကျနော်တို့ စိတ်ထဲမကောင်းဘူးခင်ဗျ။ အပြင်က ပြောလိုက်ရင်တော့ ဂုဏ်တွေယူပြီးတော့ အကြီးအကျယ်ပေးတယ်။ ဘယ်လိုပေးတယ်ချည်း ပြောတယ်။ ပြောပြီးတော့ နံမည်တွေ ယူနေကြတယ်။ တကယ့်တကယ် ထောင်ထဲကကောင်တွေက ဘာမှမရတော့ နေ့တိုင်း ဒီအသံကြားနေရလေ စိတ်တိုလေပဲ။ ကြာရင် အဲဒီထောင်ထဲကလူတွေ လွတ်လာရင် သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဆိုတော့ ဘာမှလည်းမပေးဘဲနဲ့ ပေးတယ်ပြောနေတာ။ ဒီကိစ္စရဲ့ နမူနာတစ်ခုဆို ကျနော် ပြောပြမယ်။

    “ကျနော် ဒီလာခါနီးလေးမှာပဲ စင်ကာပူက လမ်းပြကြယ်အဖွဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူတို့တွေက အကျဉ်းသား ၄ဝ ကို လတိုင်း သူတို့ တာဝန်ယူ ထောက်ပံ့နေပါတယ်တဲ့။ ၁,၇၀ဝ ပို့ပေးပါတယ်တဲ့။ သူတို့ပို့ပေးတဲ့စာရင်းထဲမှာ ပါတဲ့ မျိုးအောင်နိုင်။ သူ့မိန်းမ ကျနော့်အိမ်မှာ။ သူတို့ရောက်တဲ့အချိန်မှာ ရှိနေတယ်။ ဟောဒီမှာ ကိုမျိုးအောင်နိုင်ကို ထောင်ဝင်စာသွားတွေ့မယ်။ ကျနော်လည်း ခရီးသွားမှာမိုလို့ မျိုးအောင်နိုင်ဆီသွားမယ့် သူ့မိန်းမ မနေခြည်ကို ပစ္စည်းတွေ ထည့်ပေးနေတယ်။ စာအုပ်တွေ ထည့်ပေးတာ။ အဲဒီ မနေခြည်က ကျမ တပြားမှ မရပါဘူးတဲ့။ သူတို့က ကျနော်တို့ပေးနေတာ ၁၃ လရှိပြီတဲ့။ ဟုတ်ကဲ့… ကျမ တပြားမှမရပါဘူးတဲ့။ ဒါတော့ သူလည်း မလိမ်ဘူး။ ဒီကလူတွေ မရတာကလည်း မရဘူးပဲ ပြောရမှာပေါ့။ အဲဒါတွေ ကျနော် ပြောတာ။ ပေးတဲ့သူတွေကလည်း ပေးတယ်။ မရတဲ့သူကလည်း မရဘူးဆိုတော့ ကြားထဲမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျနော် ထင်တယ်။ အဲဒီခံစားချက်ကြောင့် ကျနော် ထောင်ထဲက ထွက်ထွက်ချင်းမှာ ကျနော့် သူငယ်ချင်းတွေကို ကျနော် ပြန်ပို့ချင်တယ်။ အဲဒီတော့ ကျနော် ဘယ်သူ့ဆီက ပိုက်ဆံမှမတောင်းဘူး။ ဘယ်သူ့ကိုမှ ကျနော် အလှူမခံဘူး။ သို့သော် နံပါတ်တစ်။ ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ကလူတွေပေးတာ ကျနော် ယူတယ်။ ဆိုပါတော့ ထွန်းအိန္ဒြာဗို ပေးတယ်၊ ဝေဠုကျော်ပေးတယ်၊ ဇင်ဝိုင်းပေးတယ်။ မင်းမော်ကွန်း ပေးတယ်။ ကျနော် ယူတယ်လေ။ သူတို့ဆီကို ကျနော် အားမနာ လျှာမကျိုး ကျနော် တောင်းလို့ရတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကို ကဲ ပေးပါဦး တစ်သိန်းလောက်၊ ပေးပါဦး သုံးသိန်းလောက် လိုက်တောင်းတယ်။ ကျနော် မျက်နှာ အောက်ကျခံပြီး တောင်းရပါတယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ ကျနော် သူငယ်ချင်းတွေ တချို့က ပိုက်ဆံစုပြီး သူတို့အတွက် အမေရိကားရောက်နေတဲ့ သူတွေဆီက နှစ်ဆယ်မျိုး သုံးဆယ်မျိုး စုလိုက်တယ်။ ငါးယောက်လောက် စုလိုက်ရင်လည်း ဒါက ၁၅ဝ လောက် ဖြစ်သွားတာ။ အဲဒီသူငယ်ချင်းတွေက ဝိုင်းစုပြီးပေးတဲ့ပိုက်ဆံလေးတွေနဲ့ပဲ ကျနော် ရအောင်ပို့တယ်။ သို့သော် ကျနော် ဒီထက် ပို့ချင်ပါတယ်။ အခု ကျနော် ထောင်ပေါင်း ၄၂ ထောင် ရှိတဲ့အထဲမှာ ၂ ထောင်ကလွဲရင် ထောင် ၄ဝ ကို ကျနော် ပို့ပြီးသွားပါပြီ။ ထောင် ၄ဝ မှာ နှစ်ခါပြန်ကြော့တဲ့ထောင်တွေ၊ ဥပမာ တောင်ငူဆို နှစ်ခါပြန်သွားပြီ။ လွိုင်ကော်ဆို နှစ်ခါ ပြန်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ဆို နှစ်ခါပြန်သွားပြီ စသည်ဖြင့်ပေါ့။ မြစ်ကြီးနားဆို နှစ်ခါ ပြန်သွား ဖြစ်သွားပြီ။ အဲဒီလို ပို့တဲ့အခါမှာ အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်း အနည်းဆုံး ပို့နိုင်ပါတယ်။ နောက်ပြီးတော့ အင်္ကျီပို့နိုင်တယ်။ စာအုပ်တွေ ကျနော် ပို့နိုင်တယ်။ လိုအပ်တဲ့ဆေးဝါး ကျနော်တို့ ဝယ်ပြီးတော့ ပေးနိုင်ပါတယ်။ သို့သော် တစ်သောင်းဆိုတော့ မများပါဘူးဗျာ။ သို့သော် သူတိုစိတ်ထဲမှာ ကျနော်တို့ကို ပစ်မထားဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးမှုတစ်ခုရတယ်။ အဲဒါကတော့ ကျနော် မဏ္ဍပ်တိုင်တပ်ပြီး ပြောနေ့တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲကို ဒီပစ္စည်းတွေ ရောက်တယ်ဆိုတာလည်း ကျနော်တို့က သူတို့ဆီကလာတဲ့ document တွေ အပြည့်စုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆိုတော့ အဲဒီစိတ်ကလေး တစ်ခုတည်းနဲ့ ကျနော် လုပ်တာပါ။”

    မစုမြတ်မွန်။ ။ စောစောကပြောတဲ့ ဒီအဖွဲ့အစည်းတွေက ပေးနေပါတယ်လို့ ပြောနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းပြီးတော့ ပြောလို့ရနိုင်ပါလား။ –

    ကိုဇာဂနာ။ ။ “ကျနော် နံမည်တွေလည်း မပြောတတ်တော့ဘူး။ အဖွဲ့တွေ တပုံကြီးပဲ။ နိုင်ငံခြားကနေ ပေးနေတာ။ စင်ကာပူရောက် မြန်မာများရော။ ဂျပန်နိုင်ငံရောက် မြန်မာများရော။ အမေရိကန် နိုင်ငံရောက် မြန်မာများရော ပေးနေတာပဲ။ နေ့တိုင်း ပေးနေတာပဲ။ မပေးဘူးလို့ ကျနော် ပြောတာမဟုတ်ပါဘူး။ သူတို့ပေးချင် ပေးလိမ့်မယ်။ တကယ်လည်း သူတို့ပေးနေပါတယ်။ မရတာ။ ကျနော်တို့ ပေးတဲ့သူကလည်း ပေးနေလိမ့်မယ်။ ဆိုတော့ ပေးတဲ့လူနဲ့ မရတဲ့လူနဲ့ကြားထဲမှာ ဒီဟာက ထူးဆန်းစွာ ပျောက်ဆုံးမှုကြီးပေါ့။ ဒီလိုပြောရမှာပေါ့။”
    လူရွှင်တော် ဇာဂနာကို ဗွီအိုအေက မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

  • mgmaung

    January 16, 2012 at 10:13 am

    မြစ်ကြီးနားထောင်တွင် ဓမ္မဝိဟာရီဆရာတော်နဲ့ အတူနေခဲ့ရသော ဆရာတော် ဝီရသူမှ ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏနဲ့ ထေရဝါဒမှ သံဃာတချို့ကိုလည်း လွှတ်ပေးသင့်ကြောင်း RFA သတင်းဌာနသို့ ပြောကြားသည်ဟု ကြားသိရပါတယ်/

  • ကိုပါကြီး

    January 16, 2012 at 10:38 am

    မိုးပြာဆရာတော် ရှင်ဉာဏကို အကျဉ်းချထာလေလေ မဟနအဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းလေလေ။
    ပုဂ္ဂိုလ် တစ်ဦး၊ တစ်ယောက်ကို ထောင်ကျစေတာသည် သူတော်ကောင်းလမ်းစဉ်မဟုတ်ပါ။
    အာဏာရှင်ဘာသာရေးအဖွဲ့ မရှိသင့်တော့ဘူး။
    ဒါ့ကြောင့်လည်း ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)က ရဟန်းအာဏာပိုင်တွေလို့ ပြောခဲ့တာ။
    ရွှေညဝါဆရာတော်ကလည်း မဟနမှ ဒီကဲ့သို့ (အာဏာရှင်ဆန်ဆန်)ကျင့်သုံးနေမယ်ဆိုရင် မြန်မာပြည်မှာ ထေရဝါဒဗုဒ္ဓဘာသာ ကွယ်ပျောက်သွားနိုင်ကြောင်း သတင်းဌာနတွေကို ပြောခဲ့ပါသည်။
    ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုက အာဏာရှင်တွေကို မုန်းတီးနေသောကြာင့် ဖြစ်သည်။
    အာဏာရှင် ဘာသာရေး မဟနအဖွဲ့ကို လူတွေကမုန်းလာကြရင် အဖိနှိပ်ခံနေရတဲ့ မိုးပြာဆရာတော်ကို လူတွေအလိုအလျှောက် (ဂရုဏာနဲ့) စိတ်ဝင်စားသွားမှာပါ။
    မဟန က လူကြမ်းမင်းသားတွေဆိုရင် သူတို့ အနှိပ်စက်ခံနေရတဲ့ မိုးပြာဆရာတော်က ဇာတ်လိုက်မင်းသားအလိုလို ဖြစ်သွားတော့တာပေါ့။ မဟနတွေ စဉ်စား၊ ပြုပြင်ဖို့ အချိန်တန်နေပြီ။

  • kai

    January 16, 2012 at 12:42 pm

    ကျုပ်စိတ်ထဲ.. ဘဝင်မကျတာ တခုရှိတယ်..။
    ဘုန်းကြီးဦးဉာဏက.. သူ့ကိုယ်သူ.. အရိယာပါလို့ နိုင်ငံသိကြေငြာတာကို.. ဟုတ်မဟုတ်.. စစ်ဆေးနိုင်တဲ့..နည်းပေါင်းများစွာရှိပြီး.. စစ်ဆေးခွင့်တောင်းဆိုသင့်ပါလျှက်.. အဲဒီလိုစိန်ခေါ်လုပ်သင့်တာမျိုး.. မတောင်းဆိုပဲ.. သူ့တရားတွေကို.. နှိပ်ကွပ်ဖို့ လိုချင်တာလေး..ဖြတ်တောက်ပြီး.. တိုက်ခိုက်ကြသူတွေကိုပါ..

    ရှေးကျမ်းတွေမှာ.. ရဟန္တာဖြစ်တယ်ထင်တဲ့ ဘုန်းကြီးကို.. မိချောင်းဟန်ဆောင်ဆွဲပြီး..ရုတ်တရက်ထိတ်လန့်ကြောက်သွားတာ.. ရှိမရှိ.. စစ်တာမျိုးတောင် ဖတ်ဖူးတယ်..။
    ရဟန္တာက. နှဘုံးသွင်းမှန်တာမို့…ပြင်းထန်တဲ့ခံစားချက်တွေ.. မရှိတော့ဘူး ဆိုတယ်လေ…။
    အခုလည်း.. မယုံကြရင်. စစ်ပေါ့…။ ခွင့်ပြုချက်ရရင်.. ကျောကို.. ဝါးခြမ်းပြားလောက်နဲ့.. ခိုးဖြတ်ရိုက်ပြီး စစ်လည်းရတာပဲ..။
    ( ဥပမာပြောတာပါ…။ ဟုတ်နေရင်တော့.. ဆောရီး..။ တောင်းပန်လိုက်ပေါ့ 😆 ..)

    အခုဟာက.. မဟနထဲက.. တပါးမှ.. အရိယာလို့ဝန်ခံထားတာမရှိပဲ.. (တချို့ဆို.. အရိယာမဟုတ်ပါဘူးတောင် ပြောထားကြတာ) သူတို့က.. အရိယာတရားဝင်ကြေညာရဲသူကို.. အာဏာရှင်နဲ့ပေါင်း.. ဖမ်းထောင်ချတာကြီးက.. တမျိုးကြီးပဲ..။

    ဘာပဲဖြစ်ဖြစ်….
    အခုထောင်ချထားတဲ့… လုပ်ရပ်က.. လူ့အခွင့်အရေးဖောက်ဖျက်နေတာ.. သေချာလှသမို့.. ကျုပ်က.. လူသန်းရထောင်အသိအမှတ်ပြုလက်ခံတဲ့.. ကုလသမဂ္ဂကြေညာစာတမ်းဖက်က ရပ်မယ်..။
    တရားတာကိုချစ်ရင်.. … တရားတဲ့ဖက်က ရပ်တည်ပေးကြ…။ 🙂

    • windtalker

      January 16, 2012 at 5:05 pm

      သဂျီး က သဂျီး ပါဘဲ
      မသိသေးသော ရှေးကျမ်းပါ အဆိုများကို လေ့လာခွင့်ရသွားပါသည် ။

      • kai

        January 17, 2012 at 4:15 am

        တခါက ဒီဃဘာဏက အဘယဆိုသော မထေရ်ကြီးတပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို ပုထုဇဉ်လော ရဟန္တာလောဟု မခွဲခြားမဆုံးဖြတ်နိုင်သည်ဖြစ်၍ သူငယ်တယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ်သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကို ဆွဲလေ၏။ ပိဏ္ဍပတ်ဓုတင်ဆောင် ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျသော်လည်း ကြောက်တုန်လှုပ်ခြင်း မဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကို ပယ်ထားပြီးဖြစ်ပါသည်။
        ( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )

        • ကြောင်ကြီး

          January 17, 2012 at 12:36 pm

          မတူသော အတွေးနဲ့ မြင်ကြည့်မယ်ဗျာ။ ကြောက်လန့်တကြားအော်လို့ ရဟနာ္တ မဟုတ်တာ လက်ခံပါတယ်။ အနာဂါမ်အဆင့်အထိ မရောက်သေးတာလည်း လက်ခံတယ်။ သို့ပေမဲ့ အောက်နှစ်ဆင့် အရိယာဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ။ ဘဇာကြောင့် ပုထုဇဉ်လုံးလုံးလျားလျား ဖြစ်တယ်လို့ ပြောနိုင်သလဲ။ အနာဂါမ်ဆိုရင် ဒေါသကိုပယ်ထားပြီးဖြစ်လို့ ကြောက်စိတ်မရှိတော့ဘူး၊ ရဟနာ္တကတော့ ကိလေသာအားလုံး ပယ်သတ်ပြီးသွားလို့ ပြောစရာမရှိဘူး။
          အောက်နှစ်ဆင့်မှာ ပုထုဇဉ်များနဲ့ နင်လားငါလား ငိုစရာရှိငို လွမ်းစရာရှိလွမ်း ရယ်စရာရှိ ချစ်စရာရှိ ချစ်နိုင်ကြသေးတယ်။ (သဘောကို မြင်ကြည့်ပါ၊ ပုထုဇဉ်များလိုတော့ တရားလက်လွတ် မပြီးနိုင်စီးနိုင် ဘယ်ဖြစ်ပါ့မလဲနော်)

    • ကိုသစ္စာ

      January 17, 2012 at 3:34 pm

      ထေရဝါဒရဲ့ ပရမတ္တသစ္စာက ပုံဖော်ထားတဲ့ ရဟန္တာနဲ့ အရိယသစ္စာဗုဒ္ဓဘာသာအမြင်အရ ဆိုလိုတဲ့ ရဟန္တာ အခြေခံတရား သစ္စာမတူတာမို့ တူနိုင်ပါ့မလား။
      ယနေ့ မြန်မာထေရဝါဒသည် ဟိန္ဒူဗြဟ္မဏ ပရမတ္တသစ္စာအယူကို အဓိကထားတဲ့ သီဟိုဠ်ခေတ်က စာရေးဆရာဘုန်းကြီးတွေ စိတ်ကူးယဉ်ပြီးရေးခဲ့တဲ့ ကျမ်းတွေကို အဓိကထားဖွင့်ဆိုခြင်းကြောင့် ဂျိန်းဘုန်းကြီးဆန်ဆန်ဖြစ်နေတာကို ရဟန္တာလို့ ယူထားတာဖြစ်ပါတယ်။

      ဘုန်းကြီးဦးဉာဏက.. သူ့ကိုယ်သူ.. အရိယာပါလို့ နိုင်ငံသိကြေငြာတာခဲ့တာကို ထေရဝါဒီ သီဟိုဠ်နောက်လိုက် ပရမတ္တသစ္စာသမားတွေ ဖွင့်ဆိုထားတဲ့ အရိယာဆိုတာကြီးနဲ့ စစ်ဆေးရင်တော့ လွဲပြီပေါ့။
      စစ်ဆေးမည့်သူတွေကိုယ်တိုင်က ဗုဒ္ဓရဲ့ အရိယသစ္စာကိုကိုယ်တိုင်သိပြီးမှ စစ်လို့ရမှာပါ။

      ပရမတ္တသစ္စာအသိတွေနဲ့ စစ်ဆေးကြမယ်ဆိုရင်တော့ ယနေ့ အိန္ဒိယမှာ ကိုယ်လုံးတီးနေကြတဲ့
      ဂျိန်းဘုန်းကြီးတွေဟာ ရဟန္တာလို့ သတ်မှတ်လိုက်ရမလိုဖြစ်နေလိမ့်မယ်။

      တရားသိသူမှ တရားရှိသူကို မြင်နိုင်မှာပါ။
      ဒါေ့ကြာင့် ကိုယ်တိုင်အရိယသစ္စာ တရားသိသူများဖြစ်ကြအောင် Online ရှိ အရိယသစ္စာလေ့လာလိုသူများအတွက် လိပ်စာတစ်ခု ညွှန်လိုက်ပါတယ်။ http://www.ariyathitsa.org တွင် ပရမတ္တသစ္စာမဟုတ်သော ဗုဒ္ဓ၏ စစ်မှန်သည့် အရိယသစ္စာကို လေ့လာနိုင်ကြပါစေ။

    • ကိုသစ္စာ

      January 17, 2012 at 3:48 pm

      (အခုဟာက.. မဟနထဲက.. တပါးမှ.. အရိယာလို့ဝန်ခံထားတာမရှိပဲ.. (တချို့ဆို.. အရိယာမဟုတ်ပါဘူးတောင် ပြောထားကြတာ) သူတို့က.. အရိယာတရားဝင်ကြေညာရဲသူကို.. အာဏာရှင်နဲ့ပေါင်း.. ဖမ်းထောင်ချတာကြီးက.. တမျိုးကြီးပဲ..။ ) ဆိုတာနဲ့ ပတ်သက်လို့ သီဟနာထ စာတမ်း http://dc309.4shared.com/download/NtywVFrS/Sihanahta.pdf?tsid=20111229-111556-409421ef လေးကို ဖတ်ကြည့်သင့်ပါတယ်။

  • nyanakyaw

    January 16, 2012 at 5:42 pm

    မဟန လုပ်ရပ်မမှန်မှုတွေကတော့ များစွာတွေ့ရပါတယ်။ မဟန ဦးဆောင်ပြီးလုပ်တဲ့ ဝိနိစ္ဆယ ဆိုင်ရာ ဆုံးဖြတ်ချက်များတွင်လည်း စောဒက(တရားလို)၊ စုဒိတက(တရားပြိုင်)၊ ဝိနည်းဓိုရ်(တရားသူကြီး) နှင့် မဟန(၄၇)မှ သံဃာများ စုံလင်စွာပါဝင်ပြီး တရားလိုတင်ပြသည်ကို တရားပြိုင်မှ ရှင်းလင်းတင်ပြ၊ ဝိနည်းဓိုရ်မှ ပြန်လည်မေးမြန်းပြောဆို ဆုံးမရမှာပါ။ ဒီနေရာမှာလည်း စုဒိတကအမြင်နှင့် စောဒက အမြင် မတူလျှင် ညှိနှိုင်းမရပါဘူး။
    ပြောလိုသည်မှာ မူလတန်းကလေးသည် အလယ်တန်းအဆင့်ကလေး၏ အမြင်များကို အမှားဟုစွပ်စွဲပြီး မူလတန်းအဆင့်သာရှိသော တရားသူကြီးမှ ဆုံးဖြတ်၍မရပါ။ ဒါအနိမ့်ဆုံးဥပမာပါ။

    ယခုတွင် သည့်ထက်ပို၍ပင် ဆိုးပါသည်။ စောဒကနှင့် ဝိနည်းဓိုရ် နှစ်ဖွဲ့သာပါပြီး စုဒိတက မပါဘဲ စုဒိတကဟု နာမည်သွင်းပြီး ထိုပုဂိ္ဂုလ်၏ အဆုံးအမများကို အဓမ္မဟု တစ်ဘက်သတ်ကြေညာ ထုတ်ပြန်သည့် အဆင့်ထိ အာဏာကြီးဆိုးနေကြပါသည်။ စောဒကနှင့် ဝိနည်းဓိုရ်ပေါင်းပြီး ပြုလုပ်သည်ကို မဟန(၄၇)ပါး အဖွဲ့ဝင် သံဃာအချို့မှလည်း ထောက်ခံပြီး ကြွရောက်ပြီး မျက်စိမှိတ်နားထောင်ကြသည်ကို တွေ့မြင်နေရပါသည်။
    အဆိုးဆုံးမှာ အဓမ္မအဖြစ်ချမှတ်ကြေညာသော စာအုပ်မှာ အဓမ္မဟု ဝိနည်းဓိုရ်ဆရာတော်များမှ မဆုံးဖြတ်မီအချိန်မှပင် စောဒကဆရာတော်များမှ ထုတ်နုတ်ပုံနှိပ်လာပြီး ဝိနည်းဓိုရ်ဆရာတော်များထံ ဆက်ကပ်ပြီး ဤစာအုပ်ထဲမှ ဆရာတော်တို့ ကြိုက်တဲ့အပိုင်းကို ဖတ်ပြီး အဓမ္မအဖြစ် သတ်မှတ်သည်ဟု မြွက်ကြားပေးပါဘုရားလို့ ခိုင်းစေလျှောက်ထားသည်မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဝိနိစ္ဆယ ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ သံဃာထုအပေါင်း သိရှိနိုင်ကြပါစေရန်။

  • အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။
    – မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော
    ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

    ရှင်းလင်းပါပေတယ် ကိုဇာဂနာရယ်။အင်း….ကြားရတာတော့ စိတ်ပျက်ဖွယ်ရာပါနော်။ဒါပေမယ့်
    ရဟန်းသံဃာတွေအပေါ်မှာ ဖိနှိပ်နေတာကတော့ တော်တော်လေး အံ့ဩစရာပါဗျာ။မြန်မာပြည်
    ဟာ ဗုဒ္ဓရဲ ့အဆုံးအမကို နာခံတဲ့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ခုလိုနိုင်ငံ မှာ (၄၇)ပါးရဲ့အလိုကျ
    လား၊အာဏာရှင်အလိုကျလား မသိရအောင် ခွဲခြားရခက်နေတဲ့နေရပ်ဖြစ်နေပီ။

  • ကိုသစ္စာ

    January 17, 2012 at 3:40 pm

    ဒီ အာဏာရှင် (၄၇)ပါးရဲ့အလိုကျက အာဏာရှင်အစိုးရလက်ထက်တွေမှာပဲ ရမှာပဲ။
    ဒီမိုကရေစီအစိုးရနဲ့က လားလားမှမဆိုင်နိုင်တော့ဘူးဆိုတာကို ရိပ်မိဖို့လိုပြီနော်။

  • ဂျက်ကီချီးပေ

    January 17, 2012 at 4:22 pm

    ခင်ဗျားတို့ ဘုန်းကြီးတွေ ကိစ္စ ဘုန်းကြီးတွေကို သွားပြောကြ
    ကျုပ် အခု ဖင်ကုတ်မအားအောင်အလုပ်ရှုပ်နေတယ်
    အမေဒိဂန်ဆန်စက်ပြန်ဖွင့်ဘို့ကိစ္စ လုံးပန်းနေရတယ်
    ဆန်စက်ဖွင့်မှ ဖွဲနုလေးဘာလေးရမှာ ဆိုတော့
    အမေဒိဂန်တွေက ဆန်စက်ဖွင့်ဘို့ ဘုန်းကြီးတွေကို သိပ်ဦးစားမပေးထားဘူး
    ဒါ့ကြောင့်နောက် လမ်းကြုံရင်လွှတ်ပေးမယ်
    ပုံ
    သမ်မဒဂျီး

    • ashinariya

      January 18, 2012 at 8:17 am

      ဘုန်းကြီးတွေ ကိစ္စကို ဒီမဟနဘုန်ကြီးတွေက ယခင်လူအာဏာရှင်အစိုးရကို ခုတုံးလုပ်ပြီး အသုံးချခဲ့လို့ ပြောနေရခြင်းဖြစ်၏။
      ဒီအတိုင်းသာ မဟနဘုန်းကြီးတွေ တရားနည်းလမ်းတကျ သူတို့ မနိုင်တိုင်း အစိုးရတွေကို ခုတုံးလုပ်နေဦးမယ်ဆိုရင် ကြာရင် အစိုးရတွေက စိတ်ပျက်လာမှာပဲ။ အခုဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ မဟနဘုန်ကြီးတွေ အာဏာရှင်ဆန်ဆန် မကျင့်သုံးသင့်တော့ဘူး။ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်က ဆရာတော်ဦးဉာဏတစ်ပါးတည်း စွမ်းဆောင်နေခဲ့ရတဲ့ အရိယသစ္စာတရားကို မဟနတွေ နိုင်းနင်းအောင်မလုပ်နိုင်ခဲ့ပဲနဲ့ အခု ဆရာတော်ဦးဉာဏကျေးဇူးကြောင့် ဗုဒ္ဓ၏အရိယသစ္စာတရာတော်ကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံတွေကပါ လေ့လာပြီးကျင့်သုံးနေကြတဲ့အခြေအနေထိရောက်နေတာကို မဟနတွေ ဇွတ်နှိပ်ကွက်နေတာတွေမလုပ်သင့်တော့ဘူး။ ဥပမာအားဖြင့် ကိုယ်ဝန်သန္ဓေတည်ကစမှာနိုင်အောင်မလုပ်နိုင်ခဲ့ပဲနဲ့ အကောင်အထည်ရင့်လာမှာ အတင်းဇွတ်ဖျက်ချဖို့ ကြိုးစားရင်တော့ အဲဒါ လူသတ်မှုပဲ။
      အခုလို ကမ္ဘာသိအောင်လူတွေလက်ခံလာကြတဲ့ အခြေအနေရောက်မှ မဟနတွေက အတင်းဇွတ်နှိပ်ကွက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖျက်ဆီးမှုပဲ၊ ဒါ လူသတ်မှု ဥပမာလိုပါပဲ။ ဒါ့ကြောင့် လက်နတ်ကိုင်သူပုန်တွေနဲ့တောင်မှ စေ့စပ်ညှိနှိုင်းပြီး ငြိမ်းချမ်းရေတောင်လုပ်လို့ ရမှတော့ ငြိမ်းချမ်းစေတဲ့ ဘာသာရေးမှာ မဟနတွေက စေ့စပ်ညှိနှိုင်းတာတွေကို မလုပ်ပဲ အတင်းဇွတ်နှိပ်ကွက်နေခြင်းဟာ မငြိမ်းချမ်းစေတဲ့ အဓမ္မလမ်းစဉ်ပါ။

      • ဂျက်ကီချီးပေ

        January 18, 2012 at 9:40 am

        ဘုန်းတော်ကြီးအချင်းချင်းတောင်ပြောလို့မရတာ
        တပည့်တော်တို့လို လူဝတ်ကြောင်တွေက ဘာလုပ်လို့ရနိုင်မှာလဲနော
        ဒီတော့ကာ
        စာထဲမလဲ အတိကျပါတာဘဲ မဟုတ်လား
        အကြောင်းရှိလို့ အကျိုးဖြစ်တယ် ဘာညာ
        ရောချလိုက်ပေါ့ဘုရား
        သံသရာဆိုတာရှည်လျှားလှပါသည်ဘုရား
        ဒီဘဝကိုယ်က ကျေအေးပေးလိုက်တော့
        နောင်ဘဝ သူနဲ့ သံသရာမလည်နိုင်တော့ဘူးပေါ့ဘုရား
        မှတ်ချက်။ ။ များစွာလျှောက်တင်ခြင်ပါသေးသည်
        ဘုန်းကြီးစာချဟု အထင်မှာမည်ဆိုးပါသဖြင့်

        • mggwa

          January 18, 2012 at 8:19 pm

          (ဒီဘဝကိုယ်က ကျေအေးပေးလိုက်တော့
          နောင်ဘဝ သူနဲ့ သံသရာမလည်နိုင်တော့ဘူးပေါ့ဘုရား) အဲဒီ သေပြီးနောက်အယူဝါဒဟာ အာဏာရှင်တွေအကြိုက် မိစ္ဆာဒိဋ္ဌိအယူကွဲ့။ ဒါမှ လူတွေကို သူတို့လုပ်ချင်တာလုပ်ရင် အဲဒါ မင်းတို့ အရင်ဘဝက လုပ်ခဲ့လို့ ခံရတာလို့ အာဏာရှင်အလိုကျ ဘာသာရေးသမားတွေက ဟောပေးရတာပေါ့။ လုံးဝဘုရားဟောမဟုတ်ပါလို့ ချီးပေရေ နာလည်ပေးကွဲ့၊ သိချင်ရင် http://sites.google.com/site/sayamvasi/ssarsanarandMyanmar.pdf သာသနာနှင့် ယနေ့ဗုဒ္ဓဘာသာ စာအုပ်လေး download ဆွဲပြီး ဖတ်ကြည့်လိုက်နော်။

        • ဂျက်ကီချီးပေ

          January 18, 2012 at 10:02 pm

          ဟာ!!!!!!!!!!!ဆရာကြီး
          မယုံမရှိနဲ့
          ကျုပ်တို့ရွာက ဖွားသိန်းမေးကြီး
          သေပြီးတော့ သရဲမကြီးဖြစ်ပြီး
          ညောင်ပင်ကြီးမှာ ချောက်လိုက်တဲ့ဖြစ်ခြင်း
          ဘယ်လိုမှ မတတ်နိုင်လို့
          ညောင်ပင်ကြီးပါခုတ်လှဲလိုက်ရတယ်ဗျ
          ရွာရဲ့ကြက်သရေစောင်ညောင်ပင်ကြီးဗျာ
          နှမြောတာပေါ့
          ဒါပေသိဘယ်တတ်နိုင်မလဲနော
          ပစ္စည်းသင်္ခ ါရ လူသင်္ခ ါရပေါ့ဗျာ
          ခုတော့အဲ့သည်နေရာမှာ နတ်စင်ကလေးထိုးပြီး
          ဝါဝင်ဝါထွက် ပူဇော်ပသရတာပေါ့ဗျာ
          မလုပ်လို့မရဘူးဗျ
          အဖွားကြီးက မသေခင်ကတည်းက
          သဂျီးကိုတောင် ထမိန်လှန်ပျဝန့်တာ
          သေပြီးတော့ တန်ခိုးတွေဘာတွေရသွားတော့
          ပိုဆိုးတာပေါ့ဗျာ
          ကျုပ်ကတော့ မေတ္တာပို့ပါတယ်
          သတ္တဝါတွေကျမ္မာပါစေ ချမ်းသာပါစေ
          ကြောက်လန့်ခြင်းမှ ကင်းဝေးပါစေ

        • ကြောင်ကြီး

          January 19, 2012 at 10:00 am

          ကြောက်ချာဂျီးပါလား မောင်ကြက်ဂီချိစ်ပေရဲ့…။ အယူတိမ်း နတ်စိမ်းဖြစ်ဆိုတာ အဲဒါမျိုးထင်ပါ့။ မသေခင်က သဂျီးကို ထမီလှန်ပြရဲမှတော့ သရဲဖြစ်တဲ့အခါ ဘယ်သူကိုမှ မကြောက်တော့ဘူးပေါ့။ ရွာထဲမှာလည်း အဲသလို ပေါက်ပေါက် မြောက်မြောက် စိတ်ထင်ရာ ပြောနေတဲ့ အရိယာသစ္စာရှင်ဆိုသူများ ရှိနေလေရဲ့။ သူတို့သေလို့ သရဲအရိယာပါဆိုပြီး လိုက်ခြောက်နေရင် ဒုက္ခောပဲ…။

  • Sai Mya Too Gyar

    January 18, 2012 at 9:19 am

    သံဃာတော်တွေဟာ သူ့အလုပ်သူလုပ်နေတာပါ။ မဟနမှာ ထေရ်ကြီး ဝါကြီးတွေ အများကြီးပါ။ တကယ်ကို ဂုဏ်သိက်ခါနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးတွေ ပါဝင်ပါတယ်။ ကိုယ်နားစွန်နားဖျားကြားပြီး အကြောင်းရင်းမသိပဲနဲ့ မပြောကြပါနဲ့။ မဝေဖန်ကြပါနဲ့။ ငရဲကြီးကြမှာ စိုးလို့ တားပါတယ်။ ကျမ်းဂန်မှာ တတ်သိကျွမ်းကျင်တဲ့ ဆရာတော်ကြီးတွေကို အနည်းငယ်လောက်သိတာကို ဘာဘာညာညာနဲ့ ပြောပြီး ပြစ်မှားရင် ပေတကထာမှာ ပါမှာ စိုးလို့ တားပါတယ်။ နားလည်ကြပါ။

  • ဦးဦးပါလေရာ

    January 18, 2012 at 10:11 am

    ဒီပိုစ့်ကို ဝင်မပြောထိုက်ဘူးထင်လို့ ထားတာ….
    ဒါပေမယ့် ကြာလေဆိုးလေ ဖြစ်လာတယ်။
    အကြောင်းမည်မည်ရရမရှိပဲနဲ့ မဟန ကိုမုန်းတီးအောင် တမင်လှုံ့ဆော်တာတွေ များလာလို့-
    နဲနဲစဉ်းစားနေမိတာ-

    အပေါ်က ကိုပါကြီး ဆိုသူပြောမှ သဘောပေါက်သွားတယ်။

    “အာဏာရှင် ဘာသာရေး မဟနအဖွဲ့ကို လူတွေကမုန်းလာကြရင် အဖိနှိပ်ခံနေရတဲ့ မိုးပြာဆရာတော်ကို လူတွေအလိုအလျှောက် (ဂရုဏာနဲ့) စိတ်ဝင်စားသွားမှာပါ။”

    သူတို့ရည်ရွယ်ချက်က ဒီလိုကိုး။ မိုးပြာခေါင်းဆောင် ဦးဉာဏ ကိုစိတ်ဝင်စားစေချင်လို့
    မိုးပြာဝါဒကို စိတ်ဝင်စား စေချင်လို့
    မဟန နဲ့ ပြည်သူကို ရန်တိုက်နေတာကိုး..။
    ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ သတိပြုကြရန် အချက်ဖြစ်ပါတယ်။ သတိပြုကြပါ။

    “သူတို့က.. အရိယာတရားဝင်ကြေညာရဲသူကို.. အာဏာရှင်နဲ့ပေါင်း.. ဖမ်းထောင်ချတာကြီးက.. တမျိုးကြီးပဲ..။”

    သူကြီးပြောတာဖတ်ရတော့ စိတ်ထဲ ဇဝေဇဝါဖြစ်မိတယ်။ မိုးပြာခေါင်းဆောင် ဦးဉာဏ ဘာကြောင့် မဆလ လက်ထက်မှာ အဖမ်းခံရတယ်ဆိုတာ သူကြီးတကယ်ပဲသိပုံမပေါ်ဘူး။
    မန္တလေးမှာ ဘာဖြစ်တယ် … ရန်ကုန်မှာဘာဖြစ်တယ်…ဆိုပြီး ကျုပ်ကပြောရင် အချက်အလက်ခိုင်မာမှု့နည်းမှာမို့ ကောလဟလ တွေ ပြောသလိုဖြစ်မှာပဲ။
    အဲဒါ. သိတဲ့ လူတွေ ဘုန်းကြီးတွေက ဘာမှဝင်မပြောဘဲ ဒီလိုပဲကြည့်နေကြသလား။
    သူကြီးမင်းကို အကြံပြုချင်တာက ဝီကီကိုမွှေသလိုမျိုး မိုးပြာသမိုင်းကို မွှေကြည့်ပါဦး။ ပြီးမှဖြေးဖြေးပြောတာပေါ့။

    ပြီးတော့ မဟန ဆိုတဲ့ သံဃမဟာနာယကအဖွဲ့ နဲ့ပါတ်သက်ပြီး
    ဘာကြောင့် ပေါ်ပေါက်လာတယ်ဆိုတာ
    ဘယ်သူတွေက organize စလုပ်ခဲ့တာ
    ဘာတွေ လုပ်နိုင်ပြီး ဘာတွေ မလုပ်နိုင်ဘူးဆိုတာ
    သိတဲ့ဘယ်သူမှရေရေရာရာမပြောဘူး
    အဲဒီတော့ ဘေးစကားဖြစ်တဲ့
    “နေဝင်းကလုပ်ခိုင်းလို့ စိန်လွင်က လုပ်ထားတဲ့ အာဏာပိုင်အဖွဲ့” ဆိုတာ နောက်လူတွေ တကယ်ထင်ကုန်ရော။

    မဟန လုပ်တာတိုင်း အကောင်းကြီးမဖြစ်တာတော့ ဟုတ်ပါတယ်။
    ဒါပေမယ့် အခုတလော ဝိုင်းပြောသလို လူဆိုးလူမိုက်ဂိုဏ်းကြီးလိုသာဆိုရင်
    အဲဒီအဖွဲ့ထဲ ဝင်ပြီး ဝန်ဆောင်နေတဲ့ အထင်ကရ ဆရာတော်ကြီးများက ဘာလဲ????
    သူများဆဲတိုင်း ဝင်ဆဲချင်ရင် အဲဒါလေးတွေ စဉ်းစားဘို့သင့်တယ်။

    ပြီးတော့ မြန်မာပြည်ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကို မေးလိုတယ်။
    မဟန ဆိုတာသာမရှိရင် အခု မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာအယူအဆ ဂိုဏ်းဂဏ တွေ ဘာဖြစ်ကုန်လောက်ပြီထင်လဲ။
    အဲဒါလေး အရင်ခပ်ပါးပါးလေ့လာပြီးမှ
    အရိပ်နေနေ အခက်ချိုးချိုးစကားကို သံယောင်လိုက်ကြစေချင်ပါတယ်။

    ********
    အခုကွန်မင့်ဟာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာဝင်များ သက်သက်ကိုသာ ရည်ညွှန်းပါတယ်။
    မိုးပြာအဖွဲ့သားများနဲ့ အငြင်းအခုန်ပြုရန် မရည်ရွယ်ပါ။

    • mggwa

      January 18, 2012 at 4:34 pm

      “နေဝင်းကလုပ်ခိုင်းလို့ စိန်လွင်က လုပ်ထားတဲ့ အာဏာပိုင်အဖွဲ့” ဆိုတာ တကယ်မို့ နောက်လူတွေ တကယ်ထင်ကုန်တာဘာဆန်းလဲ ပါလေရာရဲ့၊
      စစ်မှန်တဲ့ ဗုဒ္ဓတရားတော်တွေသာ ထွန်းကားနေပါစေ၊ ဂိုဏ်းကွဲစရာအကြောင်းမရှိပါ။ ဗုဒ္ဓလက်ထက်မှာ ဘယ်မှာဂိုဏ်းတွေကွဲနေလို့လဲ၊ နောက်ပိုင်း တရားတု (ပရမတ်)တွေ ဝင်ရောလားလို့ အယူအဆတွေကွဲကုန်တာ သမိုင်းလေ့လာရင် အသိသာကြီးပါဗျာ။
      ဒီပရမတ်တရားတွေကို ဗုဒ္ဓတရားတွေလို့ပဲ ယူနေဦးမယ်ဆိုရင် မဟန ရှိလည်း ဂိုဏ်းကွဲမှာပဲ၊ မရှိလည်းဂိုဏ်ကွဲမှာပဲ၊ အဓိကက တရားလွဲတွေကြောင့်လို့ မြင်စမ်းပါ ပါလေရာ။
      တရားတွေဘာ့ကြောင့်လွဲနေရလဲ သိလိုလျှင် http://www.4shared.com/office/LawHsnef/ariya_ruler.html?cau2=403tNull အရိယသစ္စာ ဓမ္မပေတံစာအုပ် ဖတ်ကြည့်ဗျာ။

      နှစ်တွေကြာလာလို့ အယူအဆတွေကွဲတာကိုတော့ မဝေဖန်လိုပါဘူး။ ဒါက နှစ်ကြာလာရင် ဖြစ်တတ်တာပဲ၊
      ကို်ယ့်တရားမှအမှန် ကိုယ်နဲ့မတူရင်အမှားတွေပဲ၊ ရန်သူတွေပဲဆိုတဲ့ သဘောထားသေးမှုတွေကိုသာ မဟနတွေ ပြင်ရမှာ။
      ခေတ်ကာလအားလျော်စွာ သံဃာအဖွဲ့အစည်းကတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် ဦးနေဝင်း၊ ဦးစိန်လွင်တို့ဖွဲ့ပေးခဲ့တဲ့ မဟန အာဏာရှင်ပုံစံအဖွဲ့မျိုးတော့ မဖြစ်သင့်တော့ဘူးပေါ့။
      ဒီမိုကရေစီခေတ်မှာ အယူဝါဒကွဲပြားနေတာတွေ မခွဲခြားတော့ပဲ ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းတဲ့ သံဃာ့အဖွဲ့တစ်ခုကတော့ လိုအပ်တာပေါ့။ ဒီအတိုင်းဆက်သွားနေရင် မဟနဆရာတော်တွေ ဦးနေဝင်း၊ ဦးစိန်လွင်တို့ထက်ဆိုးတဲ့အဖြစ်ရောက်ကုန်ရင် မကောင်းဘူးပေါ့။
      “အာဏာရှင် ဘာသာရေး မဟနအဖွဲ့ကို လူတွေကမုန်းလာကြရင် အဖိနှိပ်ခံနေရတဲ့ မိုးပြာဆရာတော်ကို လူတွေအလိုအလျှောက် (ဂရုဏာနဲ့) စိတ်ဝင်စားသွားမှာပါ။”ဆိုတာ အဖိနှိပ်ခံနေရရင် မိုးပြာမှမဟုတ်ဘူး၊ ဘယ်သူကိုပဲဖြစ်ဖြစ် လူတွေ ဂရုဏာဖြစ်သွားမှာပဲ၊
      ကိုယ့်လူ ရုပ်ရှင်တွေကြည့်တတ်ရင် သိမှာပါ။
      မမှားသောရှေ့နေ၊ မသေသော ဆေးသမားမရှိသလိုပဲ အဲဒီအဖွဲ့ထဲ ဝင်ပြီး ဝန်ဆောင်နေတဲ့ အထင်ကရ ဆရာတော်ကြီးများလည်း ကိုယ့်လုပ်ဆောင်ချက်များကို ပညာရှိပီသစွာပြန်စမ်းစစ်ဖို့လိုပေပြီ။ အခုလည်း ရွှေညဝါဆရာတော်ဦးပညာသီဟအပေါ် အာဏာရှင်ဆန်ဆန် ပြုမူနေတာကို မလျော့ပေဘူး။ ပညာရှိတွေဆိုရင် သိနိုင်ပါတယ်လို့ ဝင်ဂွကျလိုက်ပါတယ် ပါလေရာရယ်။
      – – – – – – – – – – – – – – – – –
      (ဘာဂိုဏ်ဂဏကိုမှ စိတ်မဝင်စား၊ အမြင်မတော်တွေတွေ့ရင် ဝင်ဂွကျတတ်တာ ဝါသနာပါ။ )

    • kai

      January 19, 2012 at 1:42 am

      လင့်ခ်နဲ့ စာအုပ်တချို့ .. သိသူများ.. ညွှန်းပေးစေလိုပါတယ်ခင်ဗျား..။

      ကျုပ်ပါစင်နယ်အမြင်အရကတော့…. မဟနဖြစ်တည်နေမှုကို. ထောက်ခံပြီး.. Reform ပြန်လုပ်စေချင်တာပါ..။ ပိုပြီး စံနစ်ကျခေတ်မှီလို့.. အာဏာပိုင်တွေလွှမ်းမိုးမှုလွတ်တဲ့ ပုံစံပေါ့..။ ပိုဖြစ်နိုင်ရင်တော့.. အလှူငွေနဲ့ရပ်တည်တဲ့ ပုံစံထက်.. စီးပွားရေးတခုခုနဲ့ရပ်တည်တဲ့ ပုံစံဝင်စေချင်ပါတယ်..။ မြန်မာပြည်တွင်းထက်.. ကမ္ဘာ့တန်းအဆင့်သာသနာပြု ပုံစံပိုဝင်သွားစေချင်ပါတယ်..။
      (နောက်မှ ဆွေးနွေးပါဦးမယ်..)

      အခုခေါင်းစဉ်အောက်မှာကတော့..
      we ren thu အောက်မှာ ရေးနေသလို.. သဘောတရားရေး စွတ်စွဲတိုက်ခိုက်လို့ရတယ်..။ ဝေဖန်လို့ရတယ်..။ ဒါပေမဲ့.. တဖက်သားပြန်ချေပပြောဆိုခွင့်ပေးရမယ်ဖြစ်ပြီး..
      ..အခုလို ပြန်လှန်ချေပပြောခွင့်တွေပိတ်ပင်ပြီး (အခြေခံဥပဒေပြဌာန်းချက်ကို လိုက်နာရမဲ့).. အစိုးရကကြားထဲကဝင်ပြီး.. ဖမ်းထောင်ချထားတာက မတရားပါ..။ လူသားမပီသပါ.။
      ..လွတ်လပ်စွာယုံကြည်မှုနဲ့ပါတ်သက်ပြီး.. ခေါင်းဆောင်ကိုဖမ်း.. ထောင်ချထားတာကို အဓိကထားပြောရတာပါ..။ မတရားတာကို.. မတရားဘူးလို့ ပြောနေတာပါနော….။

      • ဦးဦးပါလေရာ

        January 21, 2012 at 11:45 pm

        “.လွတ်လပ်စွာယုံကြည်မှုနဲ့ပါတ်သက်ပြီး.. ခေါင်းဆောင်ကိုဖမ်း.. ထောင်ချထားတာကို အဓိကထားပြောရတာပါ..။ မတရားတာကို.. မတရားဘူးလို့ ပြောနေတာပါနော….။”

        လောလောဆယ်တော့ သူကြီးပြောသလိုပဲထားပါတော့ ။ နဲနဲပြန်မွှေပြီးမှ စကားပြင်မယ်။ 🙂
        အဲဒီမတရားမှု့က ဦးနေဝင်းလက်ထက်ကစတဲ့ စစ်အစိုးရ အဆက်ဆက် ရဲ့မတရားမှု့ပါ။
        အဲဒါက အဲဒီတုန်းက မဟန (၃၃ပါး) ရဲ့ အလုပ်တော့မဟုတ်ပါဘူး။
        မဟန ရဲ့အလုပ်က မြန်မာပြည် ထေရဝါဒသံဃာဂိုဏ်းကြီး ကိုးဂိုဏ်းက အညီအညွတ်လက်ခံထားတဲ့
        ဆဌသင်္ဂါယနာမူ ကို လက်ကိုင်ထား စံအဖြစ်ထားပြီး
        ထေရဝါဒအတွက် ဓမ္မ/ အဓမ္မ ခွဲခြား ဆုံးဖြတ်ရုံပါပဲ။

        အဓိကမှားတာက မဟန က အစိုးရရဲ့ အထောက်ပံ့ခံ ၊ အစီမံခံ တဲ့ အဖွဲ့အစည်းဖြစ်ခဲ့ရတာကြောင့်ပါ။
        ဒါကြောင့်လဲ သမိုင်းအဆက်ဆက် လက်ညှိုးထိုး ဆိုင်းဘုတ်ချိတ်ခံရတဲ့ ဓါးစာခံအဖွဲ့ ဖြစ်ရတာ အခုအထိပါပဲ။

        ဒါပေမယ့် မဟန ကြောင့် ကောင်းသွားတာတွေ အများကြီးရှိပါတယ်။ ဒါ့ထက်အရေးကြီးတာက မဟနကို အစားထိုးနိုင်တဲ့ သံဃာ့အဖွဲ့ကြီးတခုမရှိလာခင် မဟန ဆက်ရှိနေဘို့တော့လိုပါတယ်။ မဟုတ်ရင် ဗွက်ပေါက်သွားမှာ။ မဟနဟာ မြန်မာပြည်ထေရဝါဒကို ဆွဲစည်းထားတဲ့ လျော့ရဲရဲကြိုးတချောင်းလို့ ကျွန်တော်မြင်ကြည့်ပါတယ်။

        မဟနက ရဲရဲတင်းတင်း အစိုးရလောင်းရိပ်အောက်က ရုန်းထွက်ဘို့က ပိုလက်တွေ့ကျပါတယ်။ အချိန်မီမရုန်းထွက်ရင် သမိုင်းဆိုးပါတော့မယ်။
        အခု ဒယ်အိုးဆရာတော်နဲ့ ရွှေညဝါ ဆရာတော် ကိစ္စ နှစ်ခုမှာတင် တော်တော်ကြီး အကြည်ညိုပျက်သွားကြပါပြီ။

        တကယ်တော့ ဒါတွေက အခုမှ ပြောလို့ပဲ။
        အရင်ကတည်းက အစိုးရရဲ့ စီမံအုပ်ချုပ်မှု့ကို နဲနဲပါးပါး ဝေဖန်မိတဲ့ ဓမ္မကထိကအကျော် ဆရာတော်ကြီးတွေကို ပိတ်လိုက် တားလိုက် လုပ်နေတာ ခဏခဏပါ။
        ဥပမာတခုက ပျံလွန်တော်မူပြီးတဲ့ ဖြူးဆရာတော် ဦးနရပတိ တို့ လိုပေါ့။

        ဒီလိုလက်ကိုင်တုတ်လုပ်နေတာကို သိပ်ကြာကြာသည်းခံနိုင်ကြမယ်မထင်ဘူး။

        နောက်တခုက မဟန ဘုန်းကြီးအားလုံးကို တညီတညွတ် တသဘောထဲ လို့ ထင်ကြရင်မှားပါမယ်။
        အဲဒီထဲမှာလဲ သူ့ဇတ်လမ်းနဲ့သူတွေပါ။
        အင်း… ပြောရင်လဲ ပြီးမှာမဟုတ်ဘူး။

        ဓမ္မတာသဘောအရ ပြောရရင်လဲ ဘုရားသာသနာတို့မည်သည် ဘုရားရှင်တွေ ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် အကြာကြီး တည်နေတဲ့သဘောတော့ မရှိပါဘူးလေ။

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 9:02 pm

    ဘုန်းကြီးကိစ္စ ဘုန်းကြီးတွေလုပ်တာပဲကောင်းပါတယ်၊ တကယ်တရားစစ်တရာမှန်သိချင်တယ်ဆိုရင်
    ဓမ္မနဲ့အဓမ္မကွဲပြားအောင်လေ့လာသင့်ပါတယ်၊ မြတ်ဗုဒ္ဓဟောကြားထားပါတယ်၊ တဆင့်စကားကြားရုံနဲ့လည်းမယုံဖို့ရာဟောကြားထားပါတယ်…။

  • we ren thu

    January 18, 2012 at 9:43 pm

    ဘာသာရေး ယုံကြည်ချက်ဆိုတာ ဘယ်လို ယုံကြည်ချက်လဲ အရင် ကြည့်ဖို ့လိုတယ်လေ =—
    ဒါလေးအရင် ကြည့်ပြီးမှ လူစိတ်ရှိသေးတယ်ဆိုရင်လည်း ပြန်စဉ်းစားကြဖို ့ပေါ့ ——ကိုယ်ပြောတတ်တဲ့ဘက်က ပဲ ဖင်ပိတ်ပြီး ပြောနေလို ့မရဘူးလေ–
    မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
    ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

    ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘဝလည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။

    ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

    ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့ တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။

    အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

    တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

    သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

    လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

    လေးသချေင်္၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။

    ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

    ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ မကုန်သေးဟု ဆိုရမည်။
    ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

    ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။
    ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။
    ကဲ ဘယ်လို လဲ ဘယ်န်ိုင်ငံဘယ်ဘာသာမှ ဒီလောက် ဆိုးဝါးယုတ်မာကောက်ကျစ်တဲ့ ဝါဒမျိုး မရှိဘူး — ခရစ်တို ့ အလာတို ့တောင် အသက်သတ်တာတွေ –ပစ္စည်းကို ခိုးယူတာတွေ ကို ရှောင် ခိုင်းသေးတာပဲ ဒီဘဲက ပေါ်တင်ကြီး လာကျဲံနေလို ့တော့ ဘယ်ရမလဲ
    နောက် ဒီလောက် ဒီမိုကရေစီ ပါးစပ်က ထွက် နေတာ ဒီမိ်ုကရေစီရှိတယ်ဆို တဲ့ USမှာ သွားပြီး
    ထာဝရမကောင်းကြောင်း သွားအော်ကြည့်ပါလား –တစ်နိုင်ငံလုံးက (–) ဆော်ပေးလိမ် ့မယ်
    (တကယ်တမ်းက ပေါ်တင်ရေးချင်တာပါ ဒါပေမဲ့ မဟာ သူတော်ကောင်းတွေ ဖတ်မှာဆို တော့ တော်ကြာ မိုးပြာက ကောင်တွေ ရှက်ကုန်မှာစိုးလို ့—ဆဲတာမပါဘူးနော် –လိုက်ရှာကြည့်ကြဦး)

    • ကိုသစ္စာ

      January 20, 2012 at 3:52 pm

      ဂျိန်းအယူလွှမ်းနေတဲ့ ရိုးရာထေရဝါဒအသိအမြင်နဲ့ကတော့ ဗုဒ္ဓရဲ့ အရိယသစ္စာနဲ့ အဝေးကြီးပဲဖြစ်နေမှာပဲ။
      တရားဂုဏ်တော် ၆-ချက်နဲ့ မညီတဲ့ စိတ်ကူးယဉ် ငရဲခန်း၊ နတ်ခန်းတွေဟာ ဗုဒ္ဓပဲဟောခဲ့သယောင်ယောင်နဲ့ သီဟိုဠ်ကျွန်းက စိတ်ကူးယဉ် စာရေးဆရာဘုန်ကြီးတွေ လက်ဆော့ခဲ့တာပါ။ သမိုင်းပြန်ကြည့်ရင် အသေအချာကို သိနိုင်ပါတယ်။
      ဂျိန်းအယူလွှမ်းနေတဲ့ ရိုးရာထေရဝါဒအသိအမြင် သီလသဘောနဲ့ ဗုဒ္ဓရဲ့ အရိယသစ္စာ (လူဆောင်ထိုက်တဲ့)သီလ ကွဲပြားကြောင်းကို သိဖို့လိုပါတယ်။ ဒါ့ကြောင့် we ren thu အနေနဲ့ ဂျိန်းအယူလွှမ်းနေတဲ့ ရိုးရာထေရဝါဒအသိအမြင်နဲ့ ဗုဒ္ဓရဲ့ အရိယသစ္စာတော်ကို ပြန်လည်ဖွင့်ဆိုနိုင်ခဲ့တဲ့ ဓမ္မဝိဟာရိဆရာတော်ရဲ့တရားတွေကို အပေါ်ယံသုံးသပ်မှုလောက်နဲ့ဆိုရင် we ren thu အတွက် အရမ်းကို နစ်နာစေပါတယ်။
      လူအမှန်ဆောင်ထိုက်တဲ့ အရိယသစ္စာဓမ္မကို ဟောပြောခဲ့တဲ့ ဗုဒ္ဓကိုတောင် သူ့ခေတ်က ဂျိန်းတွေ၊ တိတ္ထိတက္ကတွန်းတွေက အခု we ren thu ဓမ္မဝိဟာရီဆရာတော်ကို အပေါ်ယံအသိနဲ့ ဝေဖန်ပြစ်မှားသလို ပြစ်မှားခဲ့ကြတာဟာ အလွန်းကြောက်စရာကောင်းပါတယ်။ အရိယူပဝါဒကံဆိုတာ အရိယာကိုနားမလည်တာ၊ အရိယာရဲ့တန်ဘိုးအမှန်ကို မသိပဲ အရိယာပြောသမျှ ဘာပြောပြော အပြစ်မြင်ကန့်လန့်တိုက်နေတော့ ဘယ်မှာလာပြီး အရိယာသစ္စာတရားကို သိနိုင်တော့မှာလဲ၊ အဲဒါကိုက မဂ်တား၊ ဖိုလ်တားဖြစ်နေတာပါ။
      ဒါ့ကြောင့် အရိယူပဝါဒကံသင့်နေတဲ့ဘဝက လွတ်ဖို့အတွက် စေတနာကောင်းနဲ့ လမ်းညွှန်ချင်တာက ဓမ္မဝိဟာရီဆရာတော်အကြောင်းမှန်ကို မလိုတမာသူတွေ မဟုတ်က အပုတ်ချတဲ့စကားတွေနဲ့ နားယောင်နေတာမဟုတ်ပဲ၊ ဓမ္မဝိဟာရီဆရာတော်နဲ့ ဓမ္မဝိဟာရီဆရာတော် ဟောကြာခဲ့တဲ့ အရိယသစ္စာကို အသေးစိပ် (အပြစ်ရှာ၊ မကောင်းပြော၊ ကန့်လန့်တိုက် စိတ်ထားမဟုတ်ပဲနဲ့) ဆိုလိုရင်ကျကျ သိအောင် http://www.ariyathitsa.org/ မှာ သေသေချာချာ လေ့လာမယ်ဆိုရင် အရိယူပဝါဒကံမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။

      • we ren thu

        January 21, 2012 at 7:50 pm

        အရိယာရဲ့တန်ဘိုးအမှန်ကို မသိပဲ အရိယာပြောသမျှ ဘာပြောပြော အပြစ်မြင်ကန့်လန့်တိုက်နေတော့ ဘယ်မှာလာပြီး အရိယာသစ္စာတရားကို သိနိုင်တော့မှာလဲ၊ အဲဒါကိုက မဂ်တား၊ ဖိုလ်တားဖြစ်နေတာပါ။——–ဟုတ်တာပေါ့ မိုးပြာဘာသာဝင်တွေက အရိယာ ရူး ရူးနေမှတော့ မိုးပြာပြောတဲ့ အရိယာနဲ ့ ဘုရားပြောတဲ့အရိယာ လွဲပြီပေါ့
        နောက် ကိုယ်ပြောတတ်တဲ့ဘက်က ပဲ ဖင်ပိတ်ပြီး ပြောနေလို ့မရဘူးလေ –ဒါဆို ဘုရားက မိုးပြာတို ့အလိုအရ တိရစ္ဆာန်ကို သတ်ကြ- –သူများမိန်းမလည်း ကြောင်တောင်နှိုက်ကြလို ့
        ပြောခဲ့တယ်ဆိုတဲ့ သဘောပေါ့ — — တခြားပြောပြချက်တွေကို ဘာမှပြန်မဖြေရှင်းပဲ
        ကိုယ်ပြောဟောင်ချင်ရာ စွတ်ဟောင်တာကြီးက တဖက်သတ်ကျလွန်းပါတယ်
        နောက် မိုးပြာကို အဲ့ဒီလိုပြောလို ့—-အရိယူပဝါဒကံ–(အဲ သူတို ့လည်း သီဟိုဌ်ခေတ်က ဘုန်းကြီး တွေ လက်ဆော့ ထားတဲ့ စာအုပ်တွေထဲကပဲ ပြန်ပြောနေပါလားဟ)–ထိုက်မယ်ဆိုရင်လည်း ရဲရဲကြီး အထိုက်ခံပါတယ် ဘာလို ့လဲဆိုတော့ ကိုယ့်ဟာကိုယ် အရိယာကြောင်ကြောင်ပြီး ယောင်နေကြတဲ့ –အုပ်-စု-ထဲမှာ we ren thu မပါလို ့ပဲ–ok?–အဲ့ဒီကံထိုက်လည်း ဘာကြောက်စရာလည်းဗျာ –ခဗျားတို ့အယူအရ နောက်ဘဝမှ မရှိတာ–ဘာငရဲမှ ကြောက်စရာမလိုဘူး -ဟုတ်ဘူးလား–ငရဲတောင်မကြောက်တာဗျာ—လူ ့ဘဝမှာ မိုးပြာတို ့ရဲ့ အရိယာမဖြစ်လဲ ဘာအရေးလဲ—-

  • we ren thu

    January 18, 2012 at 9:52 pm

    ဦးဉာဏက စိတ်ကစဉ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။

    -ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
    -ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်

    သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက

    ၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။

    ၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။

    ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။

    ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။

    schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။

    စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။

    ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။

    လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။

    ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။
    အဲဒါကို မှ ဘုရားခေါ်တဲ့ သူတွေကလည်းးအော်————ဟအော်ဟအော်ဟအော်=====

  • ကိုသစ္စာ

    January 20, 2012 at 4:19 pm

    ထပ်ဆင့်ပြီး အကြံပေးလိုတာက ဓမ္မဝိဟာရီဆရာတော်အပေါ် we ren thu ထင်မြင်စွပ်စွဲချက်များဟာ ပြောင်းပြန်ဖြစ်နေပါတယ်။

    ( စိတ်ကစဥ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ )

    ဆိုတဲ့ လက္ခဏာတွေအားလုံးဟာ ယနေ့ရိုးရာထေရဝါဒက ဘုရားဟောနဲ့ထပ်တူဆိုပြီး ဆရာကြီးတင်နေတဲ့ သီဟိုခေတ် စိတ်ကူးယဉ် စာရေးဆရာဘုန်းကြီးတွေမှာ အကုန်တွေ့ရပါတယ်။ ကောင်းကင်မှာတကယ်မရှိတဲ့နတ်တွေ၊ မြေကြီးအောက် တကယ်မရှိတဲ့ ငရဲတွေကို တကယ်ရှိတယ်ထင်ပြီး လူတွေကို တွေကို ရှောက်ဟောနေတာ အဲဒီရောဂါလက္ခဏာတွေပါ။ ဘုရားမဟောပါပဲနဲ့ ဘုရားပဲဟောခဲ့သယောင်ယောင် ဘုရားတောင် အဖော်ဆွဲထည့်လိုက်သေးတယ်။ တော်တော်ကြောက်စရာကောင်းတဲ့ရောဂါပဲ။
    ဒီဘုန်းကြီးတွေအယူကို တရားသေလှေနံဓားထစ်ယူထားတဲ့ ယနေ့ ရိုးရာထေရဝါဒီတွေလည်း တကယ်မရှိတာတွေကို တကယ်ရှိ တယ်လို့ စိတ်ထဲမှာ စွဲနေတဲ့ စိတ်ကစဥ့်ကလျားရောဂါ ( schizophrenia ) တောင်ထင် မြောက်ထင် စိတ္တဇ ရောဂါတွေ ဖြစ်နေကြတာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ we ren thu။ တော်တော်ဝမ်းနည်းဖို့ကောင်းပါတယ်။

    ဓမ္မဝိဟာရီဆရာတော်က ဗုဒ္ဓရဲ့ အရိယသစ္စာတရားအတိုင်း အဲဒီစိတ္တဇတွေကို ပျောက်အောင် ကုပေးနေတာပါ။
    ဓမ္မဝိဟာရီဆရာတော်ဟောကြာချက်တွေထဲမှာ စိတ်ကူယဉ်ပြီးမှ သိရမယ့် သဘောတွေတစ်ခုမှ မပါပါဘူး။ ကိုယ့်အမှန်လုပ်နေတဲ့ ကံ (သင်္ခါရ) တွေကို ကိုယ်ကိုယ်တိုင် သိနိုင်တာမို့ ကိုယ်သိနိုင်တာတွေကိုပဲ မိစ္ဆာမဂ္ဂင်တွေကနေ သမ္မာမဂ္ဂင်တွေဖြစ်အောင် ဟောပြောပေးမှုတွေဟာ သိတတ်တဲ့မည်သူမဆို သိနိုင်ပါတယ်။
    ဒါ့ကြောင့် ဘယ်သူတွေက လူမသိနိုင်တာတွေနဲ့ဟောပြီး ဘယ်သူက လူသိနိုင်တာ လူကျင့်နိုင်တာပဲဟောတယ်ဆိုတာ ကွဲပြားဖို့ ဓမ္မဝိဟာရီဆရာတော်ဟောကြားခဲ့တဲ့ တရားတွေကို http://www.ariyathitsa.org/ မှာ သေသေချာချာ လေ့လာမယ်ဆိုရင် တကယ်မရှိတာတွေကို တကယ်ရှိတယ်လို့ စိတ်ထဲမှာ စွဲနေတဲ့ စိတ်ကစဥ့်ကလျားရောဂါ ( schizophrenia ) တောင်ထင် မြောက်ထင် စိတ္တဇရောဂါတွေ ပျောက်ကင်းသွားပြီး ဗုဒ္ဓဟောကြာခဲ့တဲ့ နတ်ဆိုတာ ဘယ်လို၊ ငရဲဆိုတာ ဘယ်ပုံဆိုတာ ကွဲပြားပါလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါတယ် we ren thu ခင်ဗျာ။
    ငါးပါသီလတို့၊ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတို့ ၊ ရဟန္တာရဲ့သဘောတို့ကို
    ဂျိန်းအယူလွှမ်းနေတဲ့ ရိုးရာထေရဝါဒအသိအမြင်နဲ့ ဗုဒ္ဓရဲ့ အရိယသစ္စာအမြင်နဲ့ မတူပါကြောင်း ကွဲပြာဖို့ သေသေချာချာလေ့လာလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

  • AYAN KHA

    January 21, 2012 at 10:44 am

    ကျွန်တော့်အမြင်ပြောရရင်….. schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရသူဟာ အထက်ပါ Comment အရကြည့်မယ်ဆိုရင် We Ren Thu ဆိုသူထံမှ အဲ့ဒီရောဂါ လက္ခဏာဖြစ်နေပြီနဲ့တူပါတယ်။ ကြည့်ပါဦး…… “အော်————ဟအော်ဟအော်ဟအော်=====” နဲ့
    ဘာတွေပြောသွားမှန်းလဲ မသိပါဘူး။ ပျက်ချော်ချော်လုပ်သလိုလို… လှောင်တာလိုလို…. ဒါမှမဟုတ် သူဖြစ်နေတဲ့ ရောဂါအရ တစ်ချက်တစ်ချက် ထဖောက်တာလားမသိဘူးပါဘူး….. ဆေးခန်းလေးဘာလေးလဲ သွားပြပါဦး… ဆရာဝန်ညွှန်တဲ့အတိုင်း… သောက်သင့်တဲ့ဆေးလေးဘာလေးလဲ သောက်ပေါ့..
    ဒါမှမဟုတ် နောက်ပြောင်တာဆိုရင်လည်း….. လူကြီးတွေစကားကောင်းပြောနေတုန်း ပဲကြီးလှော်ဝင်ဝင် မနှိုက်သင့်ဘူး ကလေးရဲ့ မင်းသိရဲ့လား……

    • we ren thu

      January 21, 2012 at 8:13 pm

      နောက်ပြောင်တာဆိုရင်လည်း….. လူကြီးတွေစကားကောင်းပြောနေတုန်း ပဲကြီးလှော်ဝင်ဝင် မနှိုက်သင့်ဘူး ကလေးရဲ့ မင်းသိရဲ့လား…တဲ့…–ဟုတ်ကဲ့ပါ ဘိုးဘိုးရေ —-ဘိုးဘိုးတို ့ပဲ မရှိတဲ့ သွားနဲ ့ ပဲလှော်ဝါးကြပေါ့ —-နောက် အဲ့ဒီ ကြာ-ပေါ-ကြီး-ကြောင်(ကြာလေပေါလေ ကြီးလေ ကြောင်လေ)ဘဝမှာပဲ မိုးပြာမိုးပြာနဲ ့အော်ပြီး အရိုးထုတ်ကြတော့နော်–ကြည့်ရတာ သူလည်း အဲ့ဒီရောဂါရှင်ပဲထင်တယ်–သူ ့ကလေး သေသွားလို ့gazette မှာ လာဝင်သောင်းကျန်း နေလားမသိ—–(မိုးပြာ S.ရူးများနှင့် နောက်ထပ်ဆွေးနွေးရန် မရှိတော့ပါ အဘယ့်ကြောင့်ဆိုသော် ထို သကောင့်သားတို့သည် –ကိုယ်နိုင်သည့်ဘက်ကပဲ ဖင်ပိတ်ငြင်းတတ်ကြပြီး လူ ့အခွင့်အရေး လွတါလပ်စွာယုံကြည်ပိုင်ခွင့် အစရှိသော စကားလုံးများကို ရေပက်မဝင်အောင် ပြောဆိုပြီးသကာလ–အလွန်အောက်တန်းကျသော အယူဝါဒများကို ဘုရားဟောယောင်ယောင် အော်ကြေသည်မှာ ခွေးပါးစပ်က နတ်စကားထွက်ဟူသော အဆိုအတိုင်းပင်ဖြစ်နေပါသည် –သူတို ့၏ အခြေခံ ငါးပါးသီလကိုပင် ပြန်လည် မခြေပနို်င်ပဲ———–

      ကျွန်တော့်အမြင်ပြောရရင်….. schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရသူဟာ အထက်ပါ Comment အရကြည့်မယ်ဆိုရင် We Ren Thu ဆိုသူထံမှ အဲ့ဒီရောဂါ လက္ခဏာဖြစ်နေပြီနဲ့တူပါတယ်။ ကြည့်ပါဦး…… “အော်————ဟအော်ဟအော်ဟအော်=====” နဲ့
      ဘာတွေပြောသွားမှန်းလဲ မသိပါဘူး။ ပျက်ချော်ချော်လုပ်သလိုလို… လှောင်တာလိုလို…. ဒါမှမဟုတ် သူဖြစ်နေတဲ့ ရောဂါအရ တစ်ချက်တစ်ချက် ထဖောက်တာလားမသိဘူးပါဘူး….. ဆေးခန်းလေးဘာလေးလဲ သွားပြပါဦး… ဆရာဝန်ညွှန်တဲ့အတိုင်း… သောက်သင့်တဲ့ဆေးလေးဘာလေးလဲ သောက်ပေါ့..
      ဒါမှမဟုတ် နောက်ပြောင်တာဆိုရင်လည်း….. လူကြီးတွေစကားကောင်းပြောနေတုန်း ပဲကြီးလှော်ဝင်ဝင် မနှိုက်သင့်ဘူး ကလေးရဲ့ မင်းသိရဲ့လား……

      –ဟူသော အလွန်ရယ်စရာကောင်းသည့် ကလေးကုလားဆန်ဆန် စကားနိုင်လုနေခြင်းမျှှသာဖြစ်နေသောကြောင့်ပင် —
      အဲ့ဒီလောက် စကားနိုင်လုချင်နေရင်လည်း အိမ်က dog ကု်ိ လွတ်လိုက်ပါမည်–we ren thu ရဲ့ dog နဲ ့ မိုးပြာက သကောင့် တွေနဲ ့ပြောဖို ့ပါ (သူတို ့က dog language ကို ကျူရှင်ယူပြီးသား သူတွေ –ကို်ယ်ဟောင်ချင်ရာ စွတ်ဟောင် နေတာကို ပဲ အဟုတ်မှတ်နေတာကိုး) အထူးသတိပေးခြင်း– နောက် မိုးပြာဘက်ကနေ ဝင်ပြောတော့မယ်ဆိုရင် we ren thu ထောက်ပြထားတဲ့ မင်းတို ့ရဲ ့၅ ပါးသီလ အချက်တွေကို အရင် ရှင်း–ပြီးမှ လူစကားလာပြောကြ—ok? (အဲ့ဒီ၅ ပါးသီလတွေ ကို မင်းတို ့ဆရာဘုရား -အရိယာ သူတော်စွာကြီး ဉာဏ က မပြောခဲ့ဘူး we ren thu က ညာပြီး ရေးထားတာဆိုရင်လည်း ဖင်ပိတ်ပြီး — ပြန်ပြောကြဦး)

      (ဒီနှစ် မဆဲရဘူးဆိုလို ့ဒီ comment မှာ ဆဲတာတစ်လုံးမှ မပါပဲရေးထားပါတယ် –သေချာဖတ်ကြည့်ကြ –နော်—)

  • True Answer

    January 21, 2012 at 3:40 pm

    မဟန ၏ မမျှတမှု က သတ်သတ်

    ဦးဉာဏ၏ ထေရဝါဒ အယူအဆ များကို မှားယွင်းနေယောင် ၊
    ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊
    သီလပိုင်းဆိုင်ရာ၊ ကံကံ၏အကျိုးပိုင်းဆိုင်ရာ၊
    ရှေ့ဘဝ နောက်ဘဝ စသည်ဖြင့်
    ရှိသလို ၊ မရှိသလို၊
    ယုံသလို ၊ မယုံသလို၊
    ဟုတ်သလို ၊ မဟုတ်သလို၊
    ထင်ယောင်ထင်မှား ကလိမ်ကျခြင်းက သတ်သတ်
    ခွဲခြားမြင်ကြဖို့ လိုပါသည်။

    သဂျီးမင်းလို နေရာတကာ
    မတူညီသောအမြင် ဆိုဆိုပြီး
    မဟုတ်တာရော ဟုတ်တာရော
    နေရာတကာ
    မီလျံနာဖြစ်ဖို့လောက်
    ငြင်းခုန်ခြင်းအနုပညာဖြစ်ဖို့လောက်
    အမြင်နှင့်
    ကန့်လန့် တိုက်နေလို့ မရပါ။

  • mggwa

    January 24, 2012 at 4:58 pm

    ဥကို မပစ်ခါနဲ့လေ၊ သီယိ ပြန်ဂျီကြီးရဲ့၊
    ဘေးလူတွေကို ထိကုန်ရင် ဘယ်လို လုပ်မလဲ။

    • we ren thu

      February 1, 2012 at 9:31 pm

      “windtalker ကို စေတနာနဲ့ သတိပေးလိုက်ပါရစေ၊ အပွေးမြင်ရင် အပင်ကိုသိတယ်ဆိုတဲ့ စကား ကြားဖူးမှာပါ၊ ပြောကြဆိုကြတဲ့ စကားတွေဆိုတာ ကိုယ့်အပင်က အပွေးတွေဆိုတာကိုတော့ သတိရပါ။ လူချင်းမမြင်ရလို့ ကိုယ်ရေးချင်တာရေးတယ်ဆိုပေမယ့် ဒီသူ့ရဲ့စိတ်ဓာတ်ကိုတော့ လူတွေက နားလည်သွားကြလိမ့်မယ်???”
      ဆိုတာလေးကို မြင်ယောင်မိတယ်–မိုးပြာရယ်—-

      ဘယ်က ဘဲတွေ ရေးသွားပါလိမ့်???-
      သူများတွေတုန်းကတော့ ပြောချင်ရာစွတ်ပြော
      ဖင်ပိတ်ငြင်းပြီး -ကိုယ့်အလှည့်ကျမှ—-မင်းတို ့က မင်းတို ့ပြောတဲ့ အဆင့်ထဲကို ရောက်မှန်းမသ်ိရောက်သွားပါပကော???
      “ဘေးလူတွေကို ထိကုန်ရင် ဘယ်လို လုပ်မလဲ။” တဲ့
      ဘယ်လိုမှမလုပ်နဲ ့ငုံသာထားလိုက်နော်–
      (ရိုင်းတယ်ထင်လည်းတတ်နို်င်ဘူး—မင်းတို ့က စတာနော် ဒီကိစ္စ)

  • ကိုသစ္စာ

    January 29, 2012 at 5:36 pm

    နိုင်ငံတော်သမ္မတကြီးသိစေရန် အထက်ပါပို့စ်အား 27-1-2012 ရက်နေ့က talk to DVB လွှင့်ထုတ်သွားကြောင်း သိရှိရပါသည်။

  • True Answer

    January 29, 2012 at 7:55 pm

    ုမြတ်စွာ ဘုရား က အနတ္တ (ငါ မဟုတ်) ဟောတယ်။
    သူတို့ က ငါ ဆိုတာ အပြင်….နောက် ငါ အယောင်ဆောင်တဲ့ ငါ လေးပါ ထပ်တိုးလာပါရောလား။

    အော် ဒီလိုဝါဒ မျိုးက အရိယာသစ္စာ အော်နေတော့လည်း
    အော်ရုံပါပဲ။
    တကယ့်အရိယာသစ္စာ နဲ့တော့ အရှေ့ နဲ့ အနောက်လို …..
    တကယ့်ဗုဒ္ဓအယူ နဲ့ တော့ မိုး နဲ့ မြေလို…..
    ကွာခြားပါကြောင်း၊ အသိဉာဏ်ရှိသူများ လွယ်ကူစွာပင် နားလည်ကြပါသည်။

    ကိုယ့် ဟာ ကိုယ် ယူချင်သလို ယူ၊ အဓိပ္ပါယ်ဖွင့်ချင်သလို ဖွင့်တော့ ကိစ္စမရှိပေမယ့်။
    ကိုယ့် ဟာ ကိုယ် ယူချင်သလို ယူ၊ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို
    ဗုဒ္ဓအလိုကျ ဖြစ်လေဟန်
    ဗုဒ္ဓဟောကြားမှုများဖြစ်လေဟန်
    ပါဠိတော်များကို ပြုလုပ်နေမှုကား
    လှည့်ဖြားမှု ၊ ကောက်ကျစ်မှုပင်ဖြစ်လေသည်။

    လှည့်ဖြားမှု၊ ကောက်ကျစ်သူများအတွက် တူသော အကျိုးပေးများ ရှိနေတတ်ကို နားလည်လျှက်
    အရိယာသစ္စာရှင်များ ဒေါသကို သိမ်းဆည်းကြပါလော့။
    အရိယာသစ္စာရှင် (ဥပမာ အနာဂါမ်) များ ဒေါသမဖြစ်ကြတော့။
    ဒေါသနှင့် ဟိုရေး ဒီရေး၊ ဟို ပုတ်ခတ်၊ ဒီပုတ်ခတ်မလုပ်တော့။

    အရိယာသစ္စာအမည်ခံသူများကတော့ မကျေမနပ်နဲ့ ဟိုရေးဒီရေး ဟိုလူ့မကျေနပ်၊ ဒီလူ့မကျေနပ်၊ ဟိုဝါဒ ကို ပုတ်ခတ်၊ ဒီဝါဒကို ပုတ်ခတ်နှင့် ယောက်ယက်ခတ်လျှက်ရှိနေပေသည်။

    • ကိုသစ္စာ

      January 30, 2012 at 1:47 pm

      ဗုဒ္ဓရဲ့ အရိယသစ္စာအမှန်ကို သိအောင်ဖော်ထုတ်နေတာနှင့် မကျေနပ်ဖြင့် ဟိုရေးဒီရေးဆိုတာ တခြားစီပါ။
      ဗုဒ္ဓရဲ့ အရိယသစ္စာအမှန်ကို ပြန်လည်ဖော်ထုတ်နေတဲ့အပေါ်မှာ မကျေနပ်ဖြင့် ဟိုရေးဒီရေး လျှောက်ပြီး လိုက်ရေးနေတာ ဘယ်သူတွေလဲဆိုတာ စဉ်းစာတတ်သူ စာဖတ်သူများသိပါသည်။
      အရိယသစ္စာအမှန်ကို ပြန်လည်ဖော်ထုတ်နေခြင်းသည် သိစေလို၍သာဖြစ်၏။ သိစေလိုလို့ ဖော်ထုတ်နေတာ ဒေါသပါနေစရာလိုရဲ့လား။
      ဒေါဖြစ် ပေါက်ကွဲပြီး ပိုစ့်တိုင်းမှာလိုလို လိုက်ဆန့်ကျင်ကန့်ကွက်နေတာ ဘယ်သူတွေပါလဲခင်ဗျာ။
      ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သည့် ပါဠိတော်များကို ပရမတ္တသစ္စာဖြင့်မဟုတ်ပဲ ရိုးစင်းလှသည့် အမှုသစ္စာ (အရိယသစ္စာ) အမြင်ဖြင့် ဖော်ထုတ်နေခြင်းဖြစ်ခြင်းကြောင့် တကယ့်ဗုဒ္ဓဘာသာအစစ်ဟု ခေါ်ဆိုထိုက်ပါသည်။

  • ကိုပါကြီး

    January 30, 2012 at 5:24 pm

    ဘာပဲပြောပြော ကိုယ့်ဟာမှ ဘုရားဟော သူ့ဟာဘုရားဟော မဟုတ်ဘူးဟု အငြင်းပွားခြင်းသည် ဥပဒေသဘောမျိုးနှင့်ပြောရမည်ဆိုပါက တရားမမှု သဘောမျှသာဖြစ်ပေသည်။ ထေရဝါဒအယူနဲ့ ဖွင့်ဆိုပုံမတူတာနှင့်ပဲ ထေရဝါဒကို ထိခိုက်သည်ဟုဆိုကာ ဖမ်းဆီးခိုင်း ထောင်ချခိုင်းခြင်းမျိုးတော့ မလုပ်သင့်ပေ။
    ဒါသည် တရားမမှုကို ရာဇဝတ်မှုဖြစ်အောင် လုပ်လိုက်သော အဂတိလုပ်ရပ်မျိုးဖြစ်နေပေသည်။
    ယခင်အစိုးရက မဟနဘုန်းကြီးများ၏ တိုက်တွန်းပြောဆိုမှုကြောင့် အခြေအနေအရ ဘုန်းကြီးဦးဉာဏကို ထိန်းသိမ်းလိုက်ရသည်ဟုဆိုသော်လည်း ယခုအစိုးရသစ်သည် လူ့အခွင့်အရေးကို အလေးထားသော ဒီမိုကရေစီသို့ သွားနေခြင်းဖြစ်သည့်အတွက် တရားမမှုကို တရားမမှုအတိုင်းသာ စီရင်ဖို့သင့်ပေသည်။
    ပိုစ့်ရေးသားသူ mgmaung ရဲ့
    (အယူဝါဒကွဲလွဲမှုအပေါ် အယူဝါဒများဟောပြော၊ ယှဉ်ပြိုင်၊ ညှိနှိုင်းခြင်းတို့ဖြင့်သာ သမိုင်းတွင် ဆောင်ရွက်ခဲ့ကြပါသည်/
    တရားဓမ္မကို တရားဓမ္မများဖြင့်သာ ဖြေရှင်းသင့်ပါသည်/) ဆိုသော စကားရပ်လို
    ဗုဒ္ဓဘုရားဟော အငြင်းပွားမှုကို အယူဝါဒများဟောပြော၊ ယှဉ်ပြိုင်၊ ညှိနှိုင်းခြင်းတို့ဖြင့်သာဆောင်ရွက်သင့်ပါသည်။
    အင်္ဂလိပ်ခေတ်က ဘာသာမတူတဲ့ ခရစ်ယန်ဘာသာနဲ့တောင် ကျောက်ကွင်းအရေးတော်ပုံတွင် နှစ်ဘက်ယှဉ်ပြိုင်ခဲ့ကြသေးတာ အခု ကိုးကွယ်ရာ ဘုရားတူတဲ့သူတွေက နှစ်ဘက်ယှဉ်ပြိုင် ပြောဆို၊ ချေပခွင့် မပြုပဲ တစ်ဖက်သတ် အတင်းအဓမ္မထောင်ချခိုင်းခြင်းသည် တရားသော လုပ်ရပ်မဟုတ်ပေ။

    ဗုဒ္ဓတရားအပေါ် ကိုယ့်ဖွင့်ဆိုမှုကို ကို်ယ့်အမှန်ဟု ရဲရဲရင့်ရင့် ယုံကြည်ပါက မိမိတို့နှင့် ဖွင့်ဆိုပုံမတူသော တရားများကို ပိတ်ပင်နေစရာ မလိုပေ။ လေ့လာသူများက သူ့တန်ဘိုးအတိုင်း သတ်မှတ်သွား မှာဖြစ်ပါသည်။
    ယခုအခါ ကိုယ့်ဖွင့်ဆိုပုံနှင့်မတူသော တရားများကို အတင်းအားဓမ္မ လိုက်လံပိတ်ဆို့နေခြင်းကိုက ကိုယ့်အစဉ်အဆက် ဖွင့်ဆိုထားသည့် တရားတွေကိုက အားနည်းနေတဲ့သဘောဖြစ်နေလို့ ကိုယ်ကိုယ်တိုင် စိတ်မချတဲ့သဘောဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။

    တရားကို တရားဖြင့်သာ ဖြေရှင်းသင့်ကြောင်း ဝင်ပါလိုက်ရပါသည်။

  • we ren thu

    February 1, 2012 at 9:24 pm

    နိုင်ငံတော်ကတော့ ဒီမိုကရေစီကိုဦးတည်သွားနေတယ်/

    ဘာသာရေးခေါင်းဆောင်တွေက အာဏာရှင်ဆန်ဆန်ကျင့်သုံးနေကြဦးမယ်ဆိုလျှင် နိုင်ငံတော်နဲ့ ဘာသာနဲ့ က လမ်းစဉ်းမတုူနိုင်တော့ပါ။ လမ်းစဉ်မတူရင် ဘာသာလည်း မထွန်းကားနိုင်တော့ပါကြောင်း ဗုဒ္ဓသာသနာအကျိုးလိုလားပြီး တင်ပြလိုက်ရပါသည်။—တဲ့
    မှန်ပါသည်–နိုင်ငံတော်ကတော့ ဒီမိုကရေစီကိုဦးတည်သွားနေတယ်-
    မိုးပြာတွေကတော့ ဒီနိုင်ငံကလူတွေ ခိုးတတ်အောင် သူများသားမယား စော်ကားတတ်အောင် —-အဲ့ဒီလမ်းကို သွားနေတယ် –တခြားစီပဲ–
    –ထို ့ကြောင့်လမ်းစဉ်မတူရင် ဘာသာလည်း မထွန်းကားနိုင်တော့ပါကြောင်း ဗုဒ္ဓသာသနာအကျိုးလိုလားပြီး တင်ပြလိုက်ရပါသည်။-

    • ကိုသစ္စာ

      February 2, 2012 at 2:19 pm

      we ren thu အနေနဲ့ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် သီလနှင့် ပတ်သက်သော တရားများကို သေသေချာချာ အောက်ပါ လင့်များတွင် လေ့လာကြည့်ပါက မိမိနာလည်မှုလွဲမှားနေသည်ကို သိရပါလိမ့်မည်။

      http://www.ariyathitsa.org/html/ebooks.html ရှိ
      “ဘုရား” တရားစာအုပ်၊

      http://www.ariyathitsa.org/html/mp-3_2.html ရှိ
      “သီလကို ပညာနဲ့ ဆေးကြောပါ တရား” (http://www.mediafire.com/?9avbgh0dt1q9oi1#1) နှင့်

      အလယ်လမ်း ငါးပါးသီလ တရား (http://www.mediafire.com/?eg7psva68b6g3z4#1) တို့ကို နာယူကြည့်ပါက ငါးပါးသီလအပေါ် နားလည်မှု မှန်ကန်လာပါလိမ့်မည်။

      အရိယသစ္စာ အလယ်လမ်းငါးပါသီလမှသာ လူတို့ဖြည့်ဆည်းသင့်သော သီလဖြစ်သည့်အတွက်
      နိုင်ငံတော်သွားနေတဲ့လမ်းဖြစ်သည့် ဒီမိုကရေစီ
      မြန်မာတွေ သွားနေတဲ့လမ်းဖြစ်သော အေးချမ်း သာယာ ခေတ်မီ တိုးတက်သည့်ပန်းတိုင်သို့ ရောက်မှာဖြစ်ပါသည်။

      (ယနေ့ မြန်မာထေရဝါဒီတွေဟောကြားနေသော ဂျိန်းအယူ၊ ပရမတ္တသစ္စာဝါဒ ငါးပါးသီလသည် ဟောသူဘုန်းကြီးများကော နာသူများပါ လူကြားကောင်းအောင် ရွက်နေ၊ ပေးနေကြသော်လည်း ” ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်ကြနဲ့”
      ဆိုတဲ့ သဘောမျိုးသာဖြစ်နေ၏။ )

  • True Answer

    February 2, 2012 at 9:37 am

    we ren thu says:

    ဘာပဲပြောပြော ကိုယ့်ဟာမှ ဘုရားဟော သူ့ဟာဘုရားဟော မဟုတ်ဘူးဟု အငြင်းပွားခြင်းသည် ဥပဒေသဘောမျိုးနှင့်ပြောရမည်ဆိုပါက တရားမမှု သဘောမျှသာဖြစ်ပေသည်။ ထေရဝါဒအယူနဲ့ ဖွင့်ဆိုပုံမတူတာနှင့်ပဲ ထေရဝါဒကို ထိခိုက်သည်ဟုဆိုကာ ဖမ်းဆီးခိုင်း ထောင်ချခိုင်းခြင်းမျိုးတော့ မလုပ်သင့်ပေ။—ဆို တာလေ——–ထေ၇ဝါဒနဲ ့ဖွင့်ဆိုတာ မတူလို ့ ဖမ်းဆီးထောင်ချတာမဟုတ်ပါဘူး ဗျာ—သူတို ့ဟာသူတို ့ပြာပြာဝါဝါ ကျနော်တို ့နဲ ့ဘာမှမဆိုင်ဘူး –မိုးပြာတရားတွေ ကိုလည်း နာကြည့်ဦး –တရားတစ်ပုဒ်မှာ ထေ၇ဝါဒကို ပုတ်ခတ်တာ အနည်းဆုံး ၂ပုံ ၁ပုံတော့ပါတယ် —-နောက် —–အဲဒီ ဘဲလျှောက်ပြေနေတဲ့ ဟာတွေကို —ဖြန် ့လိုက်ပါတယ်–
    ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
    ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
    “ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။တဲ့–
    ကျတော့အထင်နောက်ဆုံးအချက်ကြောင့်ပဲ လူတွေတော်တော် ခိုက်ကုန်တယ်နဲ့တူပါတယ်–

    မဆီမဆိုင် ဝင် ment ကြမယ်ဆိုရင် ကြိုပြီးိတော့ –မိုးပြာဘဲ အကြောင်းကို လေ့လာဖို ့လိုပါလိမ့်မယ်–ကိုယ့်ဟာကို ထေ၇ဝါဒမှာရဟန္တာဆ်ို ပြီး ကြောင်နေလို ့ အဖမ်းံရပြီးတဲ့နောက် –ထေ၇ဝါဒကို ဖျက်ဆီး ဖို ့အကြံနဲ ့ ထင်ရာလျှောက်လုပ်နေတော့တာ—
    Reply
    +8
    we ren thu
    33
    2-1-12
    we ren thu says:

    ဘာဝိနည်း ဘာကျင့်ဝတ် ဘာသီလမှ မရှိပဲ နေချင်သလို နေတဲ့ဘဲကိုမှ ဘုရားထူး နေတဲ့သူတွေကို —ကျွတ်ကျွတ်ကျွတ်—-ဦးဉာဏနဲ ့တကွ သူ ့လူတွေက စိတ်ကစဉ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။
    -ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
    -ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်
    သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက
    ၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။
    ၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။
    ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။
    ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။
    schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။
    စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။
    ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။
    လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။
    ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။

    • ကိုသစ္စာ

      February 2, 2012 at 2:51 pm

      True Answer အနေနဲ့ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် တရားများကို သေသေချာချာ အောက်ပါ လင့်များတွင် လေ့လာကြည့်ပါက မိမိနာလည်မှုလွဲမှားနေသည်ကို သိရပါလိမ့်မည်။

      http://www.ariyathitsa.org/html/ebooks.html ရှိ
      “ဘုရား” တရားစာအုပ်၊

      http://www.ariyathitsa.org/html/mp-3_2.html ရှိ
      “သီလကို ပညာနဲ့ ဆေးကြောပါ တရား” (http://www.mediafire.com/?9avbgh0dt1q9oi1#1)

      အလယ်လမ်း ငါးပါးသီလ တရား (http://www.mediafire.com/?eg7psva68b6g3z4#1) နှင့်

      အရိယာစစ်တမ်း (http://www.mediafire.com/?75ascti73o6bsh0#1)

      တို့ကို နာယူကြည့်ပါက နားလည်မှု မှန်ကန်လာပါလိမ့်မည်။

      ပရမတ္တသစ္စာနှင့် အရိယသစ္စာကွဲပြားမှသာ
      ပရမတ္တသစ္စာငါးပါးသီလနှင့် အရိယသစ္စာငါးပါးသီလ၊
      ပရမတ္တသစ္စာက ပြောနေတဲ့ ရဟန္တာဆိုတာနှင့် အရိယသစ္စာကဆိုသည့် ရဟန္တာကို ကွဲပြားမှာ ဖြစ်ပါသည်။

      ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ပရမတ္တသစ္စာအတွက် ပွင့်လာသည်မဟုတ်ပါ၊
      အရိယသစ္စာဟောကြားဖို့အတွက် ပွင့်တော်မူလာတာပါ။
      ပရမတ္တသစ္စာသည် ဘုရားမပွင့်ခင်ကတည်းက အိန္ဒိယမှာ ဂျိန်းနိဂဏ္ဍတို့၊ ဗြဟ္မဏဘာသာဝင်တို့ ကျင့်သုံးသောတရားများဖြစ်ပါသည်။
      လူ့အမှု ကံ (သင်္ခါရ)ငြိမ်းစေသည့် အရိယသစ္စာတရားတော်ကတော့ ဂေါတမဗုဒ္ဓဘုရားဟောမှသာ လူသားတွေသိရှိခွင့်ရကြခြင်း ဖြစ်ပါသည်။

      အကျယ်သလိုပါက ဓမ္မဝိဟာရီဆရာတော် ရေးသားသည့် “ဓမ္မ” e-book ကို (http://sites.google.com/site/sayamvasi/003-Dhamma.PDF?attredirects=0) download ယူ၍ လေ့လာနိုင်ပါသည်။

  • nyanakyaw

    February 2, 2012 at 12:40 pm

    အခြားသူကို ကိလေသာ မကုန်သေးဘူး၊ ငါးပါးသီလ မလုံးဘူးလို့ ပြောမနေကြပါနဲ့တော့ဗျာ၊ အဲဒီလို ပြောနေ၊ ရေးနေတဲ့အချိန်မှာ ရေးနေ ပြောနေကြသူတွေမှာရော ကိလေသာကုန်ပြီး၊ ငါးပါးသီလ လုံကြပါရဲ့လား။ ပြန်စစ်သင့်တယ်လို့ ထင်မိပါတယ်။ ဦးဉာဏ လုပ်ရပ်တွေကို အပြစ်လို့မြင်ရင် သူ့လိုကိုယ်မှာ မဖြစ်အောင်နေထိုင် ကျင့်သုံးကြပါ။

  • ရဲစည်

    February 2, 2012 at 4:44 pm

    ရှင်းရှင်းလေးရယ် …. တရားဆိုတာ ကိုယ်အတွက်အရင် ကျင့်ကြံရတယ်။ပြီးမှ ကျန်တာဆက်လုပ်…..အခုလည်းဒီလိုဘဲ….တရားစစ်တရားမှန်ရထားပြီးရင် ထောင်ထဲကျင့်ကျင့် တောထဲကျင့်ကျင့် ဘာမှမထိခိုက်ဘူး။ဘုန်းကြီးသူ့အလုပ် သူအရင်လုပ်ပါစေ။ရှေးက ဆရာတော်ကြီးများ သူတို့အသက်မကုန်ခင် ဘာမှမရမှာဆိုးလို့ စကားတောင်အပြောမခံဘူး အချိန်လုနေရတာ။ကိုယ်လည်းဘဲ ယုံကြည်တာကို ရအောင်အရင်လုပ် သိပ်စကားများကြနဲ့။အချိန်တွေသိပ်ပိုနေရင်၊တရားထူးတရားမြတ်တွေ ပေါက်မြောက်နေရင်တော့ မပြောတတ်ဘူး………….

  • True Answer

    February 3, 2012 at 8:56 am

    ဦးဦးပါလေရာ says:

    မိုးပြာခေါင်းဆောင် ဦးဉာဏသည်
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ ဘုန်းကြီးမဟုတ်တော့ပါ။
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ၏ ဘုရား၊တရား၊သံဃာ တို့ကို စွန့်ပြီးဖြစ်သည်။
    သူဟောတဲ့ထဲမှာပါတဲ့ ဗုဒ္ဓဆိုတာ သူ့ဟာသူ စိတ်ကူးယဉ်ပြီးသူထင်တဲ့အတိုင်း သူ့အလိုအတိုင်း သူဖြစ်စေချင်တဲ့အတိုင်းပြောထားတဲ့ သူ့စိတ်ကူးထဲက ဇတ်ကောင်သာဖြစ်သည်။
    မိုးပြာတရား(အယူဝါဒ)သည်လည်း မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ၏ တရားအယူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြားနားပါသည်။
    မိုးပြာတရား(အယူဝါဒ)ကို သူတို့အယူသီးသန့်အဖြစ် ဟောပြောခြင်းမပြုပဲ
    သူများဘာသာဖြစ်သော မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားလျှက်ဝါဒဖြန့်သောကြောင့် ဘာသာရေးလူမှု့ရေး အဓိကရုဏ်းများမဖြစ်ရန် တားဆီးသည့်အနေဖြင့် မိုးပြာခေါင်းဆောင် ဦးဉာဏကို ယခင်မဆလအစိုးရလက်ထက်က တားဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာနှင့် အယူဝါဒမတူလို့ ဖမ်းထားတာမဟုတ်ပါ။
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာနှင့် အယူဝါဒမတူသော အခြားဘာသာများ စည်းကမ်းရှိရှိဖြင့် သူတို့ဘာသာအယူဝါဒကို ဟောပြောဖြန့်ချီ သာသနာပြုခွင့် ရရှိနေပါသည်။

    မိုးပြာလို သက်သက် ရန်စ ပြဿနာရှာနေတဲ့အဖွဲ့ကတော့
    ဖမ်းထားတာ သူတို့အတွက်မတရားဘူးဆိုလျှင်
    လွှတ်ထားရင်ရော အသားလွတ်စော်ကားခံရတဲ့ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအတွက် တရားတယ်လို့ပြောမှာလား……..။

  • ကိုပါကြီး

    February 3, 2012 at 6:02 pm

    True Answer ၏ ရေးသားမှုများသည် တစ်ဖက်စောင်းနင်းဖြစ်နေလို့ ဝင်ပါလိုက်ပါ၏။ ဗုဒ္ဓဘာသာသည် မြန်မာပြည်ကထေရဝါဒတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။
    ကမ္ဘာ့လူသာအားလုံးနှင့်ဆိုင်၏။
    မြန်မာပြည်ကထေရဝါဒနှင့် သဘောမတိုက်ဆိုင်တိုင်း တစ်ဖက်သတ် မပြောသင့်ပေ။
    အယူဝါဒမတူကြလျှင်တော့ တစ်ဖက်နှင့်တစ်ဖက် ဝေဖန် ပုတ်ခတ်နေကြတာ သဘာဝပဲလေ။
    ထေရဝါဒဘုန်းကြီးတွေလည်း မဟာယာနဗုဒ္ဓဘာသာတို့၊ ကျန်ဗုဒ္ဓဘာသာဝါဒကွဲတွေကို ပလ္လင်ပေါ်ကနေ ရစရာမရှိအောင်ပြောနေကြတာပါပဲ။
    အယူဝါဒ နည်းနည်းကွဲတဲ့ မိုးကုတ်နဲ့ မဟာစည်တောင် သက်ဆိုင်ရာဆရာတော်ကြီးတွေကနေစပြီး တပည့် အစဉ်အဆက် ဝေဖန်ပြောဆိုနေကြတာပဲ။
    ဝေဖန်ပြောဆိုတာက သဘာဝလေ။
    သဘောထားကြီးစွာ ဝေဖန်မှုကို ခံနိုင်င်ဖိ်ု့လိုတာပါ။
    ကိုယ့်ဝေဖန်တာ မကြိုက်လျှင် သူများကိုလည်း ဆီလို အပေါက်ရှာပြီး လိုက်မဝေဖန်ပါနဲ့လို့ ဝင်ပါလိုက်ပါသည်။

  • mgmaung

    July 14, 2012 at 9:24 am

    ထေရဝါဒီအာဏာရှင်တို့သည် ၎င်းတို့၏ တရားများရဲ့မှန်ကန်မှုကို ကိုယ်တိုင် မယုံရဲသေးပါသဖြင့် ဓမ္မဝိဟာရီဆရာတော်အား မလွှတ်ပေးဖိုု့ အာဏာပိုင်တွေအား ကန့်ကွက်ထားနေပါတယ်။
    ဆရာတော်ကို ဘယ်လိုပဲ ထောင်ချ ထောင်ချ
    ဆရာတော့်တရားတွေက ကမ္ဘာ့အနှံ့့ပြန့်နေပြီပဲ။
    ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ။
    ဆရာတော် အနစ်နာခံဖော်ထုတ်ခဲ့တဲ့
    ဗုဒ္ဓရဲ့အရိယသစ္စာဓမ္မတွေကတော့
    ပန်းပန်လျှက်ပါပဲ။

Leave a Reply