အဓိပ္ပါယ်မဲ့ ထိန်းချုပ်ခြင်းသို့ အင်တာဗျူးခြင်း

အာဂJanuary 15, 20121min972

မေးခွန်း ၁ ။ ခင်များရေလောင်းထားတဲ့ ပန်းတွေပွင့်ပြီဆို…..

မေးခွန်း ၂ ။ ခင်များတိုင်းတာတဲ့ပေတံထက် ခင်များက ပိုမြင့်နေသလား …..

မေးခွန်း ၃ ။ အခုလို လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့အခါ ခင်များခံစားချက်က …..

မေးခွန်း ၄ ။ ခင်များမျက်ရည်မကျဘူးဆိုတော့ သူမမျက်ရည် တစ်စက်ကျရင် ဘယ်လောက်တန်ကြေးရှိလဲ ….

မေးခွန်း ၅ ။ ဟားဟားလို့ ခင်များရယ်ပြလိုက်ရင် ရယ်နေတဲ့လူတွေကြားထဲ ငိုရီနေတဲ့ လူတွေအပေါ် ခင်များ ဘယ်လိုခံစားပါသလဲ …..

မေးခွန်း ၆ ။ ခင်များက ဟစ်တလာမဟုတ်ဘူး ဟစ်တလာက ခင်များလို့ပြောရင် ဘာကြောင့်ရယ်နေတာလဲ …..

မေးခွန်း ရ ။ ခင်များလက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်လို့ လူတွေက ပြောကြတယ် ။ တစ်ခါတစ်လေများ ခင်များမိန်းမနဲ့ မြေကြီး ကြိုက်ရာလက်ညှိုးညွှန်လို့ဆိုရင်ပေါ့ ခင်များဘယ်အရာကို လက်ညှိုးထိုးမလဲ …..

2 comments

  • windtalker

    January 15, 2012 at 9:31 pm

    မေးခွန်း ရ ။ အဖြေ = နောက်မယား (ခ) ကစ်ပင်း

  • Thel Nu Aye

    January 16, 2012 at 10:28 am

    မေးခွန်း ၅ ။ အဖြေ = ဂွစာ

Leave a Reply