ကျွန်တော်က ဆရာချစ်ဦးညို ရဲ့ စကားလေးကိုကြိုက်လို့ ယူသုံးထားတာပါ၊ ကျွန်တော် ကလဲ ကျွန်တော် ခံစားမိသလို ပြောချင်လို့ပါ၊ ဒီလိုပါဗျာ – ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခက်တယ်ဗျ အဲဒါကို ဆရာကြီး တွေကလဲ ပြောပြထားတာတွေ အများကြီးရှိပါတယ် ၊ မြန်မာလူမျိုးတွေက ဘာမှန်းမသိရင် ဓါတ် လို့ပြောလေ့ရှိကြပါတယ်၊ ဗူးတော့ဗူးပါပဲ ဒါပေမယ့် အထဲကို ရေနွေးထည့်ထားရင် တော်တော် နဲ့ မအေးတော့တာကြောင့် ဓါတ်ဗူး တဲ့၊ အထဲက ဟာကျတော့ ဓါတ်သား တဲ့၊ ထူးထူးဆန်းဆန်း နဲ့ အလင်းရောင်တွေထွက်နေတော့ ဓါတ်မီး တဲ့၊ ဓါတ်မီး ထဲကို ထည့်တာကျတော့ ဓါတ်ခဲ တဲ့၊ အမျိုးမျိုးပါပဲ ၊ ဓါတ် တို့ နတ် တို့ လေ၊ ကြံခင်း မြို့နယ်ထဲမှာ နတ်မီးတောင် ဆိုတာရှိပါတယ်၊ မြေကြီးကနေ သူ့အလိုလို မီးတွေ လောင်နေတာလေ ၊ အဲဒီတော့ ထုံးစံအတိုင်း နတ်မီးတောင် ပေါ့၊ မကွေးတိုင်းမှာကြတော့ နဂါးပွက် အိုင်တဲ့၊ ဘာကနေ ဘယ်လိုဖြစ်တယ် ဆိုတာကို သေသေချာချာ မလေ့လာ ၊ လေ့လာချင်တဲ့သူကျပြန်တော့လဲ အခြေအနေကမပေး၊ အဲဒါတွေက မြန်မာတွေ မတိုးတက်ရခြင်း ထဲမှာ တစ်ခု အပါအဝင်ဖြစ်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ ကို ကိုယ်တိုင်ကလဲ မလုပ်တတ်ဘူး၊ သူများလုပ်တော့လဲ အငြိမ်မနေဘူး ဟိုပြောဒီပြောနဲ့၊ စကားပုံတောင်ရှိသေးတယ် “မပြီးခင် ဗမာ မမြင်စေနဲ့ ” တဲ့  ဒီနေ့ ကျွန်တော်တို့ ခြံထဲမှာ မြေဖို့ ဖို့ အလုပ်သမားတွေ ခေါ်ထားပါတယ် ၊ တစ်ချို့ ဝီရိယ ရှိကြပါတယ် မနက် 9:30 မှလာတယ်၊ စိတ်ဆိုးပြီးတော့ အော်လွှတ်တော့ စိတ်ဆိုးတဲလူ အပြစ်ဖြစ်တယ်၊ ရောက်လာတဲ့ သူတွေကျတော့ မြေသယ်ဖို့ ခြင်းတောင်းမပါဘူး၊ အဲဒီခြင်းကိုခေါ်တာက ကုလားခြင်း(ကလခြင်း) တဲ့ ၊ ကျွန်တော်က မေး  မိပါတယ် ၊ ဘာလို့ ကုလားခြင်း လို့ခေါ်ရတာလဲလို့ပေါ့၊ ဟိုးး အရင်တုန်းက မြန်မာတွေက ချမ်းသာကြတယ်တဲ့ ၊(အရင်တုန်းကနော်) မြန်မာငွေ ၁ ကျပ် ကို အမေရိကန်က ၆ ဒေါ်လာနဲ့ ညီမျှတယ်တဲ့၊  အဲဒီတော့ မြန်မာတွေက အလုပ်ကြမ်းကို မလုပ်ကြတော့ဘူးလေ၊ ကုလား တွေကိုခိုင်းကြတယ်။(ခုမြန်မာတွေ မလေးတို့ စင်္ကာပူ တို့ အလုပ်သွားလုပ်ကြသလိုမျိုးပေါ့) ကုလားတွေနဲ့ မြေတွေသယ်တယ်၊ ရထားလမ်းဖောက်တယ်၊ တာတွေဖောက်တယ်၊ ဆိုးတာကတော့ အဲဒီခောတ်က အိမ်သာ ကိုသေသေချာချာ မသုံးကြသေးတာပါ၊ ခွက်ဆွဲအိမ်သာကိုသုံးပါတယ် ၊ အဲဒီ မစင် ခွက်ကို ကုလားတွေက သယ်ပြီး စွန့်ပစ် ရင်းကနေ ချေးကျုံး ကုလား ဆိုပြီး တောင် ဖြစ်တာပါ။( လူမျိုးရေးထိခိုက်စေလိုခြင်းမရှိပါ၊ ဥပမာ ခိုင်းနှိုင်းရုံသာဖြစ်ပါသည်)ထားပါတော့ လေ အဲဒီလို ကုလားတွေ မြေသယ်လို့ ကုလားခြင်းလို့ခေါ်တာက ခုတော့ မြန်မာတွေမြေသယ်နေပြီဗျ၊ မြန်မာခြင်း ဖြစ်တော့မယ်။ မြန်မာတွေက ပိုက်ဆံရှိရင် ဘာလုပ်လဲ ဘုရားတည် တယ် ၊ ပိုရင် မြေကြီးထဲ မြှုပ်တယ်။ အဲဒါပဲ လုပ်တတ်တယ်၊ ကုပ္မဏီ ထောင်ပါလား၊ စက်မှုလက်မှု လုပ်ငန်းတွေ လုပ်ပါလား ၊ မလုပ်တတ်ဘူး၊ ပညာ မတတ်ဘူးလေ၊ တတ်တဲ့ ကနောင်မင်းသားကြီးကြတော့ သတ်ပစ်လိုက်တယ်၊ အဲဒီမှာ ဒဿမတန်း မြန်မာစာ စာအုပ်မှာ စာရေးဆရာက ဖားတားရားတား လုပ်ပြီးရေးထားတာရှိပါသေးတယ် ကနောင်မင်းသားကြီးက ဘုရားတစ်ဆူတည်ရမှာကို ဗုံးတစ်လုံးလုပ်ရမှာလောက် မနှစ်မြို့ဘူး လို့ မြန်မာပြည်မှာ ဘုရားတွေ ဘယ်လောက်တောင်များနေပြီလဲ ခြေချစရာ မရှိတော့ဘူး၊ ဘုရားတည်ပြီးတော့ ဆွမ်းတောင်ကပ်လို့လား၊ ဘုရားကိုစေတီကွယ်တယ်  ဆိုတာ အဲဒါမျိုးတွေကိုပြောနေတာပါ၊ ဆရာကြီးဦးအောင်သင်းက ပြောတာနားထောင်ဖူးပါတယ် မြန်မာတွေက အင်္ဂလိပ်ဆိုရင် မုန်းကြတယ်တဲ့ ဘာလို့လဲ ၊ ဘာလို့မုန်းတာလဲ ကျွန်တော်ကတော့ မမုန်းပါဘူး၊ ဘာလို့လဲ ဆိုတော့ အင်္ဂလိပ်က စည်းကမ်းရှိတယ် ၊သူကောင်းပြုတယ်၊ ဥပဒေ လေးစားတယ်၊ မြန်မာပြည်မှာ အင်္ဂလိပ် ဝင်မလာခင်တုန်းက ဆေးရုံရှိလို့လား၊ စာသင်ကျောင်း၊ တံတား၊ လမ်း ၊ဥပဒေ ၊ အများကြီးပဲ၊ သူ့ကျေးဇူးတွေကိုမနည်းပါဘူး၊ နယ်ချဲ့တာကတော့ဟုတ်တာပေါ့လေ၊ ကိုလိုနီ တဲ့၊ နဲနဲလောက်ပြောလိုက်ဦးမယ်   မြန်မာကို တရုတ်က စစ်မတိုက်ဘဲနဲ့ ကိုလိုနီ လုပ်သွားပြီ အဲဒါကိုရော သိပြီးပြီ လား၊ အဲဒါကြတော့ ဘာမှမပြောဘဲနဲ့ ငြိမ်ခံနေကြရတယ်၊ ခုညတိုင်း TV မှာရွတ်နေပါတယ်၊ တရားဥပဒေ စိုးမိုးရေး၊ တဲ့  အဲဒါတွေကို လျှောက်ပြောရင် ကျွန်တော်အဖမ်းခံရမှာ ကြောက်တယ်ဗျ ၊ လွတ်ငြိမ်းက ပြီးသွားပြီ ထင်တယ် ၊ ဋ္ဌာန တော်တော် များများမှာ ရေးထားတတ်ပါတယ် “လာဘ်ပေး လာဘ်ယူသူ အရေးယူမည်” တဲ့အဲဒီစာတမ်း ရေးထားတဲ့ကောင်ကရော ကင်းလို့လား၊ သူကိုယ်တိုင်တောင် မကင်းတာကို ကျွန်တော်က ဘယ်သူ့သွားတိုင်ရမှာလဲ၊ နောက်ပြီးတော့ ရှိပါသေးတယ် နဲနဲတော့ကြာပါပြီ  BBC-ညာနေသည် ၊VOA-လိမ်နေသည် ၊RFA- ရန်တိုက်ပေးနေသည် အဲဒီ….. သတိထား   တဲ့ ပြောတာကတော့သူတို့ ၊ တစ်ယောက်ယောက်ကများ  RFA က ထ အော်ကြည့်ပါလား ၊ တော်တော်ကြာရင် အဲဒီမြို့ကို စစ်ဆေးရေးတွေ ရောက်လာရော၊ သူတို့ပဲ မယုံနဲ့တဲ့ ၊ပြီးတော့သူတို့ပဲ လာစစ်တယ်၊ ဘာမှန်းလဲ မသိတော့ပါဘူး၊ ကျွန်တော် မမှီတာပါ၊ ပြီးတော့ လုံခြုံရေး တဲ့ ၊ လုံခြုံရေးက စစ်တာမဟုတ်ဘူး ရစ်တာ ၊ ပြီးတော့ တောင်းတာ၊ စစ်တောင်းပဲ ၊ ပေး လို့တော့ တိုက်ရိုက်မပြောဘူးလေ၊ ဒါပေမယ့် မပေးရင် သွားလို့မှ မရတာ၊ ကိုယ့်ရှေ့က လူတွေအကုန်လုံးပေးပြီးတော့သွားနေကြတာလေ၊  အဲဒီပညာကြတော့ တတ်ကြတယ်လေ၊ ကျွန်တော်လဲ မြန်မာပါပဲ ဒါပေမယ့် အဲဒီလိုမျိုးထဲတော့မပါပါဘူး၊ ကျွန်တော်တို့ မြို့မှာ မီးသတ်ကားဝယ်ဖို့ ပိုက်ဆံ စုကြပါတယ်(ကြာပါပြီ) ထည့်ကြရပါတယ် ၊ ပြီးတော့လဲ သွေးအေးသွားတာပဲ၊ အဲဒီပိုက်ဆံ ဘယ်ရောက်သွားမှန်းမသိတော့ဘူး၊ နောက်တစ်နှစ် နောက်တစ်ခါ ထပ်စုကြတယ်၊ ဒီတစ်ခါကတောက တစ်ကယ်လုပ်မယ့်ပုံနဲ့ ပြီးတော့လဲ အရင်အတိုင်းပါပဲ၊ နောက်ဆုံး မြို့မှာ မီးကြီးကြီးလောင်တာနဲ့ မြို့မှာ လူငယ်အဖွဲ့ ဆိုပြီး အဖွဲ့သစ်လုပ်တာနဲ့ မှပဲ ကားကို မောင်းလာနိုင်တော့တာပါပဲ၊ အဲဒီ လူငယ်အဖွဲ့သာ ကားမောင်းမလာနိုင်ရင်တော့ ကျွန်တော်တို့မြို့မှာ ဘယ်တော့မှ ပိုက်ဆံစုလို့ရမှာ မဟုတ်တော့ပါဘူး၊  မြန်မာတွေမှာအဲဒါမျိုးတွေရှိနေပါတယ်၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာကတော့ ကျွန်တော့်ကိုမမေးနဲ့ ကျွန်တော်လဲ မသိဘူး၊ ဖြစ်နေတာကိုပဲ ရင်ဖွင့်ရတာပါ၊ဒါတွေက အားလုံးသိပါတယ်၊ ကျွန်တော်တို့အားလုံးပဲ ဒါဟာ ကျွန်တော်တို့ရဲ့တိုင်းပြည် လေ ၊ ဒီလိုပဲ မသိသလိုနေလို့ မဖြစ်ဘူးလေ၊ နိုင်ငံ သမိုင်းကိုဖော်ပြတဲ့ ဇာတ်ကားတွေမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ဖျောက်ထားတတ်ကြပါတယ် ၊ အဲဒါ ဘာသဘောလဲ ၊သူက စတုတ္ထမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့သူလေ၊ ခုမှ နဲနဲတော်သွားတာပါ၊ နောက်ပြီးတော့ ကျောင်းသင်ရိုးညွန်းတန်းတွေကို နဲနဲလောက်ဝေဖန်ချင်ပါတယ်၊ ဒဿမတန်းမှာ ရေသည်ပြဇာတ်ဆိုတာကို သင်ရပါတယ် ၊ အဲဒါကြီးကို ကျက်ပြီးတော့ ဆယ်တန်းအောင် ၊ အပြင်မှာ ဘာမှသုံးလို့မရပါဘူး၊ ဘာလို့ထည့်သင်ရတာလဲ သိချင်ပါတယ်၊ ဒါဆို ကျွန်တော့်ကိုမေးမယ် အဲဒါမထည့်ရင် ဘာထည့်မလဲ လို့ ၊ ဖြေပေးလိုက်ပါမယ် ကွန်ပျူတာ အခြေခံ ပေါ့၊ ခုခောတ်ထဲမှာ ၁၀ တန်းရောက်နေတဲ့ သူ တော်တော်များများ အင်တာနက် သုံးနေကြပါပြီ၊ အပြင်မှာ တစ်ကယ်လိုနေတာတွေကို သင်ပေးစေချင်ပါတယ်၊ သစ်တန်တွက်၊ ရွှေတွက်၊ စသဖြင့်ပေါ့လေ၊ နောက်ပြီးတော့ ကျောင်းတက်ရတာက နှစ်များလွန်းနေပါတယ်၊ လျှော့သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ လူ့သက်တမ်းကလဲ တို လာပါတယ်၊ ပြီးတော့ လူတစ်ယောက်ဟာ မွေးကတည်းက ထားပါတော့ ၅ နှစ်က စရတာ မူကြို၊ သူငယ်တန်း ၁ တန်း၊ …..  တက်လိုက်ရတာ၊ လူ့သက်တမ်း တစ်ဝက်ကျိုးခါနီးနေပြီ ၊ ဒေါက်တာဘွဲ့ ဆိုရင် ပိုဆိုးပါတယ်၊ အဲဒီအချိန်တွေရယ် အိပ်ချိန်တွေရယ် နှုတ်လိုက်ရင် ဘာမှမကျန်တော့ပါဘူး၊  တိုင်းပြည်နှင့်လူမျိုးအတွက်၊ ဘာသာ သာသနာအတွက်၊ ကိုယ့်အတွက်၊ အချိန်မလုံလောက်တော့ပါဘူး၊ အဲဒီလိုထင်မြင်မိပါတယ်၊ ကျွန်တော် မှားတာရှိရင်လဲ ထောက်ပြပေးစေချင်ပါတယ်၊ မြန်မာတွေက အလကား လိုချင်တဲ့စိတ်ရှိပါတယ်၊ နယ်ကလူတွေသိလောက်ပါတယ်၊ KENBO မော်တော်ဆိုင်ကယ် ၊ နာမည်ကြီးပါတယ် သူကသူ့ကန်ဘို ဆိုင်ကယ်တွေကို Engine Oil လက်ဆောင်ပေးပါတယ်၊ အဲဒါကိုဗျာ ကိုယ် တစ်ကယ်လိုအပ်ရင် ယူပေါ့ ၊ ခုတော့မဟုတ်ဘူး ၊ ကိုယ့်ဆိုင်ကယ်မှာ မနေ့ကမှ အသစ်လဲထားတာ၊ အဲဒါကြီးကို ဖောက်ထုတ်ပြီးတော့ ကန်ဘို က အလကားပေးတာကိုသွားယူတယ်၊ ကောင်းကြသေးရဲ့လားဗျာ၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ရေးခိုင်းလို့ ဆရာရွှေတိုင်ညွန့်က ရေးထားတဲ့  “ အကျင့်ဆိုး ” ဆိုတဲ့သီချင်းကို နားထောင်ကြည့်ကြပါလား၊ အရမ်းကောင်းပါတယ်၊ နည်းလမ်းအပိုတွေ၊ စည်းကမ်းမရိုသေ အဲဒါမျိုးတွေပါဗျာ၊ လုပ်ရမှာက ၃ ခုလောက်ကို ရေးထားတာက ၁၀ ခုလောက်ရှိတယ်၊ ဘုရားလက်ထက်တုန်းက ကောသလ မင်း အိပ်မက် မက်ခဲ့တာ ၁၆ ခုရှိပါတယ် ၊ အဲဒါတွေကိုရော သတိရသေးလား၊ အကုန်လုံး မှန်နေပြီဗျ၊ “နွားကြီးမတိုက် ဝန်တိုက်နွားငယ် မရုံးနိုင်ဘဲ ဝပ်လဲ နေတယ်”  အဲဒါတွေက တစ်ကယ်ဖြစ်နေပြီ၊  http://shweyoe.ucoz.org/blog/2009-02-06-3 အဲဒီလင့်ပါ၊ မြန်မာဇာတ်ကားတွေကို နဲနဲလောက်ပြောချင်ပါတယ်၊ မြန်မာကလူတွေ ၉၅%လောက် ကိုရီးယားကား ကြည့်ပါတယ်၊ ကြည့်ပြီးတော့ ဘာတွေ အတုယူလဲ  ဆိုတော့ စကပ် တိုတို ဝတ်တာပါ၊ ကျန်တာ မသိပါဘူး၊ သူတို့နိုင်ငံ၊ သူတို့ယဉ်ကျေးမှုကို အပြစ်မပြောပါနဲ့၊ ဒါက မြန်မာပြည်လေ၊ ဆက်ပြောလိုက်ပါဦးမယ်၊ သရုပ်ဆောင် အရိုင်း ပါ၊ သူက ရုပ်ရှင်သရုပ်ဆောင် ၊ လူရွှင်တော်၊ အနုပညာ သမားလေ၊ အနုပညာသမားတွေက သူတို့ရဲ့ဆိုင်ရာဆိုင်ရာ ဘာသာရပ်တွေနဲ့  ယဉ်ကျေးမှုကို စောင့်ထိန်းရမှာမဟုတ်လား၊ ခုတော့ ဦးအရိုင်း ရဲ့သမီးက သီချင်းတက်ဆိုထားပါတယ်၊ စကပ် တိုတိုလေး နဲ့၊ အဲတော့ အရိုင်းက သူများတွေကို ဘယ်လိုဆုံးမ မလဲ၊ ကိုရီးယား ဇာတ်ကားတွေမှာ ကုပ္မဏီ ထောင်တဲ့ အကြောင်း၊ နည်ပညာ အကြောင်း ၊တွေကို ရိုက်ကြတာပါ၊ မြန်မာတွေကတော့ တစ်ခါလာရင် ဟာသ ၊ ပြီးရင် ဆင်းရဲခန်းကို နိဒါန်း သွယ်တယ်၊ လူသေတယ်ဆိုရင် အကြာကြီးပဲ ရိုက်တော့တာပဲ ၊ သေပဲမသေနိုင်တော့ဘူး၊ စကားပြောရင် အသံက တိုးလိုက်ကျယ်လိုက်နဲ့ ၊ ဇာတ်ညွန်းကြီးကို အလွတ်ကျက်ထားမှန်းသိသာနေတာပဲ ၊ ပြောနေတာကိုက ဋ္ဌာန်၊ ကရိုင်း မကျ ဘူး၊ ဘာလို့ အဲဒါတွေကျတော့ အတုမခိုးတာလဲ၊ နည်းပညာ မတတ်ဘူးလား ၊သွားသင်လေ ၊ဗိုလ်ချုပ်တောင် ဂျပန် ကိုသွားသင်ရတာ၊ ခိုးပြီးတော့၊ မဟုတ်တာကျတော့ခိုးတတ်တယ်၊ ဟင်္သတမှာ (နာမည်မပြောတော့ပါဘူး) ယောင်္ကျားလေး တွေ ညပိုင်းကြီး EVD စက်ဝယ်လာပြီးတော့ စမ်းစရာ ခွေ မရှိတာနဲ့ ၊ အနီးဆုံး အဆောင်(ကျောင်းသူဆောင်) မှာ ငှားလိုက်တယ်၊ ဘာခွေကိုပေးတယ်မှတ်လဲ ၊ အပြာ ခွေ ကိုပေးလိုက်တယ်၊ ပြောလိုက်သေးတယ်၊ ပြီးရင် ပြန်ပေးနော် တဲ့၊ ကဲဗျာ ၊ မြန်မာမလေးတွေ အဲဒီလောက်တောင် ဆိုးနေပြီလား၊ အိမ်ကမိဘတွေကတော့ ငါ့သမီးလေး ကျောင်းတက်နေတယ်၊ ပင်ပန်းမှာပဲ ကြိုးစားပြီးတော့ရှာ၊ စပါးဈေးက မကောင်း၊ ချေးငွေ ကဆပ်ရဦးမယ်၊ သမီးကတော့ ဟိုမှာ ပျော်လို့။ အစိုးရက ကျောင်းသားတွေကို ကြောက်တယ် (အရင်တုန်းက) ခုတော့မသိဘူးနော် ၊ ဘာလို့လဲဆိုတော့ ၁။ လူစုပြီးသားဖြစ်လို့  ၂။ ပိုက်ဆံရှာစရာ မလို လို့  ၃။ အသက်ငယ်လို့   ကျွန်တော်တော့ အဲလောက်ပဲသိတယ်။  ထားပါလေ၊ အရင်တုန်းကဆို တက္ကသိုလ် ကျောင်းသားဆိုတာ လူတိုင်းငေးကြည့်နေရတာလေ၊ ခုတော့ ကျွန်တော်ဆိုရင် ကျောင်းမတက်ဘူး၊ ဘာလို့လဲဆိုတော့ တက္ကသိုလ် ဆိုတာ လူငယ်တွေကို ခေါ်ပြီးတော့ ဖျက်ဆီးတဲ့ နေရာကြီးဖြစ်နေလို့ပါ။ % တော်တော် များများ ပျက်စီးသွားကြတာ မျက်မြင်ပဲလေ၊ဆရာကြီး ဦးအောင်သင်းပြောတဲ့ ကျက်ကသိုလ် တဲ့ ၊။  ကျွန်တော် နောက်မှ ဆက်ရေးပါတော့မယ်။ အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေဗျာ၊ မေတ္တာဖြင့်  ချစ်ရင်ထူး

About ချစ်ရင်ထူး II

has written 38 post in this Website..