၅၀၀ဝ တန် ဆင်းမ်ကဒ်ရောင်းချမည့် သတင်းဘယ်လိုဖြစ်တာလဲ

the bestJanuary 15, 20121min14832

နေချင်းညချင်း ပြီး လိုက်ပြီ လား။

အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ

32 comments

  • ဦးဦးပါလေရာ

    January 15, 2012 at 11:55 pm

    မပြီးလို့
    စားပြီးသားတွေ
    အဲလေ ယောင်လို့ လုပ်လက်စတွေ ဘယ့်နှယ်လုပ်ရမတုန်း….

  • sun

    January 16, 2012 at 3:56 am

    နိုင်ငံခြားနဲ ့စာချုပ်ထားတဲ့မြစ်ဆုံတောင်ရသေးတာ။
    ဒါလေးကတော့ဆက်သွယ်ရေးကရှင်းနိုင်မှာပါ။

    ဆက်သွယ်ရေးဝန်ကြီးခင်ဗျား။
    သူများတွေက5000ဆင်းကဒ်လုပ်နေပြီ။
    ကဒ်ပျောက်၊ကဒ်ပျက်တွေကို50000ဆိုပြီးဆက်တောင်းနေအုံးမှာလား။
    အမည်ပြောင်းလဲ50000မလျော့သင့်ဘူးလား။
    နိုင်ငံတော်ကသာလုပ်ခွင့်ရှိတယ်ဆိုပြီးပြည်သူတွေပေါ်မညှာမတာလုပ်နေအုံးမှာလား။
    ဆက်သွယ်ရေးအနေနဲ ့နိုင်ငံတော်တွက်လဲရှာပါ၊ပြည်သူတွက်လဲညှာပါအုံး။

    • the best

      January 16, 2012 at 10:56 pm

      ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်” သည်းခံ ” တဲ့ ။
      အကျင့်ပျက် များနှင့် စီးပွားရေးလက်ဝါးကြီးအုပ် များ အခွင့်အရေး ဖွံ့ဖြိုးရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့

  • kanjosan

    January 16, 2012 at 7:44 am

    ၅၀၀ဝ တန်းဆင်းကဒ် စီမံကိန်းကို လူထုလုပ်ရှားမှု့ မြစ်ဆုံကိစ္စ လိုလုပ်သင့်ပါတယ်… ဒါဟာတိုင်းပြည်ရဲ့ ဆက်သွယ်ရေးစနစ် ကောင်းမွန်လာအောင် အထောက်အပံတစ်ခုပါဘဲ… ကျွန်တော် facebook မှာ post တင်ထားတဲ့ သတင်းစာမှာပါတဲ့ ဆောင်းပါးအကြောင်းရေထားတာ ဖတ်ရပါတယ်… အဲ့ဒီထဲမှာ အစိုးရဝါဒဖြန့်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ ဆောင်းပါမှာ ဝန်ထမ်းတွေရဲ့ဖုန်းကိုင်နိုင်မှု့ မျှော်လင့်ချက်ပါဆိုပြီး ရေးထားပါတယ်.. ဆောင်းပါးအမည်က ကြိုးတန်းပေါ်က မင်းသမီးနှင့်မြည်းတစ်ကောင်ဖြစ်ပါတယ်… ရွာသားများသိခြင်လျှင်ရှာဖတ်ကြပါ…

  • ကောင်းမြတ်သူ

    January 16, 2012 at 9:53 am

    proposal ကို သမ္မတကြီးမဖတ်ရသေးတာလား၊ ငွေများတရားနိုင်ဆိုတဲ့ ဆိုရိုးကို တရားရေးမဏ္ဍိုင်မှာ ကျင့်သုံးနေဆဲလို့ ပြခြင်တာလား။ ဥပဒေဆိုတာ အများကောင်းဖို့ ပြင်လို့မရဘူးလား၊ နည်းပညာဆိုတာ တစ်နာရီနဲ့တစ်နာရီတောင်တူတာမဟုတ် အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ခေတ်မှာ မဖြစ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ဆက်သွယ်ရေး က ကိုကိုတို့ရယ် ဖြစ်နိုင်ပါ့မလား …………………လား၊ ……………………….လား။ ပြည်သူတွေတောင်းဆိုသင့်တဲ့ အရာတစ်ခုပါ။ နောက်ဆက်တွဲ အကျိုးရလဒ်များစွာ ရှိတဲ့ Proposal တစ်ခုလို့ထင်ပါတယ်။ ပထမ (၃၀၀၀၀၀)တန်ဖုန်းတွေအတွက် ကြိုတင်ရင်းနှီးထားတဲ့လူတွေအတွက် နစ်နာမှုတစ်ခုတည်းကြည့်လို့မရပါ။ ဒီ Proposal ကြောင့် စီးပွားရေးဈေးကွက်တည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်လာမယ်လို့ထင်တယ်၊ နယ်တစ်နယ်နဲ့တစ်နယ်ကွဟမှု ဆက်သွယ်ရေးမကောင်းလို့ ဝိသမလောဘ သမားတွေရဲ့ ဈေးနှုန်းမြှင့်တင်မှုတွေခံနေရပါတယ်။ ဆက်သွယ်ရေးကောင်းမယ်ဆိုရင် ဝိသမလောဘသားတို့လောဘကိုအများကြီးကာကွယ်နိုင်မယ်။

  • kokoover

    January 16, 2012 at 9:55 am

    Better than before
    ဟါး ဟါး

  • Thel Nu Aye

    January 16, 2012 at 10:17 am

    သမ္မတကြီးမအားသေးလို့ပါ။ အားရင်လက်မှတ်ထိုးပါလိမ့်မယ်။ ပြည်သူ့ဆန္ဒ္ဒ္ဒကို အမြဲအလေးထားဆောင်ရွက်နေသူပါ။ အချိန်ခဏပေးပြီးယုံကြည်စွာစောင့်ကြည့်လိုက်ရအောင်ပါ။

    • ကောင်းမြတ်သူ

      January 16, 2012 at 10:33 am

      ကျေးဇူးပဲ အစ်မ

      • Thel Nu Aye

        January 16, 2012 at 12:39 pm

        အဲဒါဆိုလဲအဲဒီအချိန်ကျရှို့ကြတာပေါ့။

        • ywarther lay

          January 16, 2012 at 6:50 pm

          ရှို့ဖို့မလိုပါဘူး လောင်နေကြပဲဥစ္စာ

    • ywarther lay

      January 16, 2012 at 7:00 pm

      သဘောတူပါတယ်

  • bluerose

    January 16, 2012 at 12:25 pm

    နှစ်နဲ့ချီပြီးမလွတ်နဲ့ကိုမင်းကိုနိုင်တို့တောင်လွတ်လာပြီပဲ
    ဒီငါးထောင်တန်ဖုန်းကတော့ဖြစ်လာနိုင်မယ်လို့
    မျှော်လင့်ချက်ထားလို့ရပါတယ်ပြည်သူတွေအတွက်ဦးစားပေးမယ့်
    သမ္မတကြီးကခွင့်ပြုမယ်လို့ထင်ပါတယ်နော်

  • kai

    January 16, 2012 at 12:46 pm

    ဒီ ၅ထောင်တန် ကိစ္စက.. တိုင်းပြည်ရဲ့အခွန်ငွေတွေနဲ့..အနှစ်နှစ်တည် ဆောက်ထားတဲ့..အင်ဖရာစရပ်ချာကို.. ကြားကုမ်ပဏီတခုက.. မီဒီယာအားနဲ့..အစိုးရကို ဖိအားပေးပြီး.. ဈေးပေါပေါနဲ့.. အသုံးချရယူဖို့ကြိုးစားနေတယ်လို့ မြင်မိတယ်..

    ကျန်နေတဲ့.. ဖုန်းမသုံးနိုင်သူ လူထုကြီးနဲ့.. တခြားကုမ်ပဏီတွေအတွက်.. တရားမျှတတယ်လို့.. မထင်မိဘူး..

    ကျုပ်မြင်တဲ့အမြင်ပြောတာပါ..။ မှားကောင်းမှားနိုင်ပါတယ်..။

    • မှော်ဆရာသိန်း

      January 16, 2012 at 1:37 pm

      မတူတဲ့ အမြင်ပါပဲ သူကြီးရေ ..
      ရွှေပြည်တံခွန်က သူတို့ဟာ သူတို့ ရပ်တည်ပါမယ်လို့တော့ ပြောထားပါတယ် ..။
      ဒီတော့ တာဝါ … မြေနေရာ … ကွန်ယက်ချိတ်ဆက်မှု အားလုံးကို ရွှေပြည်တံခွန်တစ်ခုထဲက အကုန်အကျ ခံပြီး ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ခွင့်ပြုသင့်တယ် ထင်ပါတယ် …။
      အပြိုင်အဆိုင်ရှိမှ တိုးတက်မှာကိုး သူကြီးရဲ့ …

      • kai

        January 16, 2012 at 3:47 pm

        တာဝါ … မြေနေရာ … ကွန်ယက်ချိတ်ဆက်မှု အားလုံးကို ရွှေပြည်တံခွန်တစ်ခုထဲက လုပ်နိုင်မယ်မထင်မိဘူး..။
        အတင်းလုပ်လည်း.. ဖုန်းဆက်နိုင်တဲ့.. နယ်ပယ်နမိတ်သေးသေးလေးဖြစ်ပြီး..မဖြစ်နိုင်တဲ့.. လိုင်းတွေချပေးတာမို့.. လိုင်းတွေအကုန်ကြပ်ပြီး သုံးမရဖြစ်ကြမှာပဲဖြစ်မှာပါ…။

        တကယ်တန်း.. ပြည်သူပိုင်နက်ဝပ်မသုံးပဲ.. ကိုယ်ပိုင်ထလုပ်ရင်… ဒေါ်လာနဲ့တောင် ဘီလီယံချီကျမယ်ထင်မိတယ်..။
        ဒေါ်လာသန်းပေါင်း ထောင်ချီမှာပါ…။
        ဒေါ်လာ ၁သန်းဟာ.. မြန်မာငွေ သိန်း၈ထောင်ထားပါစို့..။ ဒေါ်လာသန်း၁၀၀ဝဆို.. သိန်းဘယ်လောက်လည်းတောင် မတွက်တတ်တော့ဘူး..။
        ဒီလောက်များတဲ့..ငွေတွေ..ရင်းနှီးမြုတ်နှံပြီး.. ဘယ်တော့..ဘယ်မှာ.. ဘယ်လောက်ပြန်ရမယ်ထင်ပါသလည်း…။

        ဆိုတော့…. ဒီလိုအင်ဖရာတွေထလုပ်မယ်ဆိုရင်တောင်… အခုလောလောဆယ်ရှိပြီးဖြစ်နေတဲ့.. ဆက်သွယ်ရေးက ကြိုးလိုင်းတွေ.. အိပ်ချိန်းတွေ.. စက်တွေ.. နိုင်ငံခြားနဲ့ချုပ်ထား..အပေးအယူလုပ်ထားတဲ့.. ကန်ထရိုက်တွေ.. လိုင်စင်တွေကိုလည်း ယူသုံးရမှာပါပဲ..။

        မြန်မာပြည်မှာ ဆဲလ်ဖုန်းတွေ ..အင်တာနက်ကြေးတွေ.. အစပိုင်းက ဘာကြောင့်အရမ်းဈေးကြီးသလည်းဆိုတော့… အဲဒီအင်ဖရာစရပ်ချာဆောက်လုပ်ခတွေ.. ထည့်ပေါင်းထားရလို့ပါ..။
        ကုမ်ပဏီတွေဟာ.. ရင်းနှးိမြုတ်နှံမှုအတွက် အမြတ်ဘယ်လောက်ကျန်မလည်း.. ပြန်ရမလည်း.. ဘယ်နှစ်အပိုင်းအခြားမှာ..ဘယ်လောက်ပြန်ရမလည်း ကြည့်ရပါတယ်..။
        အရှုံးခံပြီးလုပ်မယ်ဆိုတာ.. အရင်းရှင်စံနစ်မှာ အဓိပါယ်မရှိပါဘူး..။ အရှုံးခံမယ်ဆိုတာ. လိမ်နေတာပဲဖြစ်ပါတယ်..။
        အရှုံးခံရတာက.. အစိုးရပဲဖြစ်ရတာပါ…။
        မြန်မာပြည်လို နုသေးတဲ့ အစိုးရမျိုးဟာ.. တိုင်းပြည်ရဲ့ ဆက်သွယ်ရေးအင်ဖရာကို.. ဘယ်သူ့လက်ထဲမှ ထိုးအပ်ခွင့်မရှိဘူး..။ မပေးသင့်ဘူး..။
        တိုင်းပြည်လုံခြုံရေးနဲ့..ပြည်သူသားတွေလုံခြုံရေးအတွက်..အင်မတန်အရေးကြီးပါတယ်..။

        အဲဒါလေး… လက်တို့ချင်လို့ပါခင်ဗျား…။

        တကယ်လို့ ..အဲဒါတွေပေးသုံးမယ်… လူထုပိုင်တွေတဖက်လှည့်နဲ့..သုံးခွင့်ရမယ်ဆိုရင်.. ပြောကြေးဆိုရင်..ကျုပ်လည်း. ကျပ် ၄၉၀ဝနဲ့.. ကဒ်တွေထုတ်ရောင်းနိုင်ပါရဲ့..။
        ကဒ် ၁သန်းလည်းရောင်းပြီးရော.. ဆာယိုနာရ…။

        အာဟိ…။

        • Thel Nu Aye

          January 16, 2012 at 4:23 pm

          ဆက်သွယ်ရေးကပူးပေါင်းမယ်ဆိုရင်ရော။ သူတို့နက်ဝပ်ဖြတ်ခွင့်ပေးမယ်ဆိုရင်ရော။ ဖြစ်နိုင်မလားသူကြီး။

        • sun

          January 17, 2012 at 1:54 am

          သူကြီးခင်ဗျား။
          ကျွန်တော်ကတော့ဒီလိုပြန်ပြီးတွက်ကြည့်ချင်တယ်။မှားရင်တော့ခွင့်လွှတ်ကြပါ။
          ရင်းနှီးငွေသန်း1000ဆိုပါစို ့။
          ကဒ်သန်း30နဲ ့တွက်ရင်တစ်ကဒ်ကို34ဒေါ်လာဖိုး ဖုံးအသုံ းပြ ုပြီးရင်
          30သန်းx34ဒေါ်လာ=1020သန်းရပါပြီ။
          1ဒေါ်လာ=800ကျပ်နဲ ့တွက်ရင် 34ဒေါ်လာx800=27200ကျပ်
          10000တန် PREPAID ကဒ်(3)ကဒ်လို ့ဘဲထားပါတော့
          ခု10000တန် GSM PREPAID ကဒ်ရဲ့သက်တမ်းက 4လသတ်မှတ်ထားပါတယ်။
          (3)ကဒ်ဆိုတော့တစ်နှစ်ဘဲ။ဒါကြောင့်တစ်နှစ်အတွင်းမှာဒေါ်လာသန်း1020ပြန်ရမှာ၊
          ပြ ုပြင်ထိန်းသိမ်း၊အခြားစရိတ်ပေါင်းတစ်နှစ်ဒေါ်လာသန်း500ဖယ်လိုက်ဗျာ။
          (2)နှစ်နဲ ့အရင်းကြေမယ်လေ။
          တတိယနှစ်ကစပြီးနှစ်စဉ်ဒေါ်လာသန်း500ဝင်ပြီလေ။ဒီလိုရေရှည်အကျိုးရှိမဲ့စီးပွားရေး
          လုပ်ငန်းကိုသူကြီးတကယ်ဘဲ“ကျပ် ၄၉၀ဝနဲ့.. ကဒ်တွေထုတ်ရောင်းနိုင်ပါရဲ့..။
          ကဒ် ၁သန်းလည်းရောင်းပြီးရော.. ဆာယိုနာရ”လုပ်မှာလား။
          ကျွန်တော်ထင်တယ်။ရွှေပြည်တံခွန်ကတောံအကောင်းဆုံးနဲ ့ခေတ်မှီဆုံးနက်ဝပ်ကွန်ယက်
          တည်ဆောက်ပြီးသားစဉ်မြေးဆက်သန်းကြွယ်သူဌေးအဖြစ်နေထိုင်သွားမှာဘဲ။
          သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြည်သူအားကိုယူလိုက်တာကိုကရွှေပြည်တံခွန်ရဲ့စီးပွားရေး
          အမြင်ကိုလျှော့တွက်လို ့မရဘူးလေ။

          အားလုံးဘဲ၊အမှားပါရင်ခွင့်လွှတ်ကြပါရန်၊

        • kai

          January 17, 2012 at 2:18 am

          ဒေါ်လာ ၁ဘီလီယန်ကို..ဥရောပသွားပြီး မြုတ်နှံလိုက်ရင်.. . ပထမလတင် အမြတ်သန်းချီနေလောက်ပါတယ်..။
          ၂နှစ်စောင့်ဖို့ မလိုပါဘူးနော…။ 😆

          မြန်မာပြည်ဘဏ်တိုးနှုန်းလေးလည်း တွက်ကြည့်သင့်တာပေါ့..။
          ကမ္ဘာ့အများဆုံးထဲပါတာပဲ..။

          ဒီလုပ်ငန်းကို.. ကိန်းဂဏန်းနဲ့.. ဖြစ်နိုင်ချေသိပ်မတွေ့ရဘူး..။ နောက်ကွယ်မှာ.. တခုခုတော့…. တခုုခုရှိတယ်..။
          ကြိုပြီး.. လက်ဝါးများရို်က်ထားလေရော့သလား..။

  • Harumoto

    January 16, 2012 at 3:24 pm

    ဝန်ကြီးဌာန တွေဟာ နိုင်ငံတော် အတွက်လောဘတကြီး ငွေရှာပေးရမဲ့ နေရာတွေ မဟုတ်ပါ။
    ပြည်သူလူထု အတွက် အဆင်ပြေအောင် ညှိနှိင်းဆောင်ရွက်ပေးရတဲ့ ဌာနသာဖြစ်သင့်တယ်။
    ဝန်ကြီးဌာန သုံးဘို့ငွေ ဘတ်ဂျက်ကို နိုင်ငံတော်က သတ်မှတ်ချထားပေးပါတယ်။
    ဟိုတခါဖတ်ဖူးလိုက်တယ် ရန်ကုန် ဆေးရုံကြီးက နိုင်ငံတော်အတွက် ငွေရှာပေးခဲ့တယ်ဆိုလားဘဲ။
    အခုတော့ဝန်ကြီးဌာနတွေဟာ ရှိသမျှရောင်းစား ရသမျှ လိုက်တောင်း လူထုကို မညှာမတာ လယ်ပင်းညှစ်ပီး ချစ်တီးသေလို့ဝင်စားတာလား ဖက်ဆစ်တွေ သေလို့ ဝင်စားလာတဲ့ဟာတွေလား ပြောရလောက်အောင် လက်သံ တယ်ပြောင်ကြပါလား..
    စားပေါက်မရှိလို့ကတော့ သူတို့ ဘာမှမသိ…ဘာမှလုပ်မပေးနိုင်ဘူး…တကယ်…တကယ်။

  • sun

    January 16, 2012 at 4:40 pm

    kanjosan says:

    ၅၀၀ဝ တန်ဖုန်းရနိုင်မရနိုင်ကို ရှင်းထားသေား ဒီပိုစ်ကို ဖတ်ကြည့်စေခြင်ပါသည်…

    http://doctorsatephwar.blogspot.com/2012/01/blog-post_14.html ကိုဝင်ဖက်ပြီးတွေ ့ခဲ့
    တာကိုရွာသားတွေဆက်ဆွေးနွေးနိုင်ရန်လိုရင်းကို ကူးယူတင်ပြလိုက်ပါသည်။

    “အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

    ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအဝင် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၎င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။

    ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည် မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ဝ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့ ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ဝ.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃ဝနှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း ၃၆ဝ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ဝင်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ….။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။

    တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။

    အချုပ်အားဖြင့်ဆိုရသော် ၅၀၀ဝ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည် ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့် ၅၀၀ဝ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

    Voice Of Myanmar”

  • ywarther lay

    January 16, 2012 at 6:45 pm

    သူကတောင်ဖြစ်နိုင်တယ်၊ လုပ်နိုင်တယ်ပြောနေတဲ့ဥစ္စာ

  • သူကြီး ကိုခိုင်တွက်ပြထားသလိုပေါ့….

    တကယ်တန်း.. ပြည်သူပိုင်နက်ဝပ်မသုံးပဲ.. ကိုယ်ပိုင်ထလုပ်ရင်… ဒေါ်လာနဲ့တောင် ဘီလီယံချီကျမယ်ထင်မိတယ်..။
    ဒေါ်လာသန်းပေါင်း ထောင်ချီမှာပါ…။
    ဒေါ်လာ ၁သန်းဟာ.. မြန်မာငွေ သိန်း၈ထောင်ထားပါစို့..။ ဒေါ်လာသန်း၁၀၀ဝဆို.. သိန်းဘယ်လောက်လည်းတောင် မတွက်တတ်တော့ဘူး..။
    ဒီလောက်များတဲ့..ငွေတွေ..ရင်းနှီးမြုတ်နှံပြီး.. ဘယ်တော့..ဘယ်မှာ.. ဘယ်လောက်ပြန်ရမယ်ထင်ပါသလည်း…။

    ရှင်းနေပါပီလေ။နည်းနည်းတော့ကြာအုံး။ဝေးနေအုံးမှာပါ။ဟင့် ဟင့်

  • ကောင်းမြတ်သူ

    January 16, 2012 at 7:22 pm

    ရွှေပြည်တံခွန်ရဲ့ Proposal မိတ္တူလေးဖတ်လို့ရရင်သိပ်ကောင်းမှာပဲ………..

  • unclegyi1974

    January 16, 2012 at 10:34 pm

    ဆန္ဒတွေမစောကြပါနဲ့
    လုပ်ပေးမှာပါ ဖြေးဖြေးပေါ့

  • the best

    January 18, 2012 at 12:32 am

    ၅၀၀ဝ တန်းဆင်းကဒ် တွေဟာ ချစ်တီး ဆက်သွယ်ရေး ဝန်ကြီးဌာန က ဝန်ထမ်းတွေ ရေရှည်အကျိုးရှိမဲ့စီးပွားရေးစီမံကိန်း မဟုတ်ပါ။ ဒါကြောင့် ဘာမှလုပ်မပေးနိုင်ဘူး ။ ရှင်းနေပါပီလေ။
    သမ္မတကြီးက ပြည်သူ့ဆန္ဒ္ဒ္ဒကို အမြဲအလေးထားဆောင်ရွက်နေသူပါ။ ၅၀၀ဝ တန်ဖုန်းရနိုင်ပါသည်…

  • john thang

    January 30, 2012 at 3:24 pm

    ဥပဒေအရ.. .. တခါလာလည်းဥပဒေ အရ မဖြစ်နိုင်ဘူးဆိုတာကြီးဘဲ

    ဥပဒေမှာ ဖုန်းတစ်လုံးကို ၁၅ သိန်း၊ ၅သိန်း နဲ့ရောင်းရမယ်လို့ပါလား။

    ဗိုလ်ချုပ်ရူးကြီးရဲ့အမွေဆိုးတွေကို ထားခဲ့ကြပါတော့….စဉ်းစားမိရင် နာကျင်လွန်းလို့ပါ။

    နောက်ဆုံးပြောချင်တာက ပြည်သူအားလုံးခဗျား သူတို့ ၃သိန်းဖုန်းမရောင်းရမှာစိုး လိုက်ပြောနေတာပါ။
    လုံးဝမဝယ်ကြပါနဲ။ ခဏစောင့်နေကြပါ။ ဖြစ်လာပါလိမ့်မယ်…………

  • nayminn

    January 30, 2012 at 6:01 pm

    ၃ သိန်း နဲ့ ၅၀၀ဝ ပူးပေါင်းလိုက်ရင် အစဉ်ပြေသွားမှာပါ…..ဟုတ်တယ်ဟုတ်…။

  • ကြက်ဖင် ( အကယ်ဒမီ )

    January 30, 2012 at 9:42 pm

    တော်တော်ကောင်းတဲ့ပို့စ်ဘဲ ကောင်းလွန်းလို့ တစ်လုံးမကျန် ကူးရေးလိုက်ပါတယ်
    ( နေချင်းညချင်း ပြီး လိုက်ပြီ လား။ အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ )
    ယပလက်မှာ ဟိုဒင်းလေးတောင်မပါဘူး
    တော်တော်ကပ်စီးနဲတဲ့လူ

Leave a Reply