အချိန်ရဲ့တန်ဖိုးကိုဘာနဲ့တိုင်းတာသင့်လဲ

mamakumudraJanuary 16, 20121min9010

အချိန်ရဲ့တန်ဖိုးကိုအချိန်ရဲ့တန်ဖိုးကိုဘာနဲ့တိုင်းတာသင့်လဲဘာနဲ့တိုင်းတာသင့်လဲ

10 comments

  • M-Lulin

    January 16, 2012 at 1:00 am

    ဟုတ်ကဲ့ .. အသက် နဲ့ ပဲ တိုင်းတာ ပါတယ်ဗျာ။… အားရပါးရ ဝင်လိုက်တာ .. တစ်ကြောင်းတည်း ရယ်။
    တော်တော် နောက်တယ် ဟွန့် …..

  • Thel Nu Aye

    January 16, 2012 at 10:12 am

    ဟုတ်ကဲ့။ အသက် ၃ဝ ကျော်လာကတဲကအချိန်ရဲ့တန်ဖိုးကိုမတိုင်းတော့ပါဘူး။ လွှတ်ထားလိုက်ပါတယ်။ အခုတော့အချိန်ရဲ့တန်ဖိုးတက်လား၊ကျလားမသိတော့ပါ။ ကုန်ဈေးနှုန်းအမြဲတက်နေလို့သူလဲတက်နေမယ်ထင်ပါတယ်။

  • Khin Kha

    January 16, 2012 at 12:11 pm

    အချိန်ကသူအလိုလိုမရပ်မနားသွားနေတဲ့အရာလေ။
    အများအားဖြင့်တော့ သက္ကရာဇ်တွေနဲ့ပြောကြတယ်လေ။
    ဟုတ်ပ တစ်ကြောင်းတည်းနဲ့နော်။

  • တစ်ကြောင်းနဲ ့အဓိပ္ပာယ်တွေ အများကြီးပြောသွားသလိုပါလား။
    ကျနော်လဲ အသက်တော်တော်ကြီးသွားပီ။မနေ ့က ဆံပင်ဖြူ(၅)
    ချောင်းနှုတ်လိုက်ရတယ်။(မဆီမဆိုင်ဝင်ပွားသွားပါ၏။)

  • Harumoto

    January 16, 2012 at 2:45 pm

    မစဉ်းစားခဲ့မိဘူး။
    အခုတော့စဉ်းစားလိုက်အုံးမယ်။

  • windtalker

    January 16, 2012 at 5:17 pm

    အချိန် ရဲ ့တန်ဖိုး ကို အခုတော့ ကိုမော်ကြီး တစ်ယောက် သိသွားပါပြီ ။
    အချိန် (ခ) မိချိန်
    သူ ့ခဗျာ ကိုမော်ကြီး နဲ ့စညားကတဲက ဒုက္ခဆင်းရဲတွင်းထဲ ရောက်ခဲ့သလို ဖြစ်ခဲ့တာ ၊ အခု မိချိန်(ခ) အချိန် တစ်ယောက် ကြာနီကန် မီးသဂြိုဟ်စက်ထဲ ရောက်သွားမှ အေးချမ်းသွားတော့တယ် ။
    ဒီလိုပါ…
    ကိုမော်ကြီး နဲ ့အချိန် တို ့က ငယ်ချစ်တွေ
    ကိုမော်ကြီး က ဆိုက်ကားနင်းတယ် ။ မိဘမဲ့ တစ်ကောင်ကြွက်
    အချိန် ကတော့ ရပ်ကွက်ထဲက အတိုးပေးစားတဲ့ ဦးရှောက်ဝူ ဒေါ်ပူစီ တို ့ရဲ ့တစ်ယောက်ထဲသော သမီး ။ စားနိုင်သောက်နိုင် တဲ့ အတန်းစား ထဲကပေါ့ ။
    ကိုမော်ကြီးနဲ ့အချိန်တို ့ရည်းစားဖြစ်တယ်လဲ ကြားရော ၊ အချိန် ့မိဘတွေ က အကြီးကျယ် ပေါက်ကွဲကုန်တော့တာပေါ့ ။ ဆိုက်ကားသမား ကို ကြိုက်ရပါမလား ဆိုပြီး…
    ဒါပေမယ့် ငယ်ရွယ်သူမို ့မသိတဲ့ အချိန် တစ်ယောက်ခဗျာ ၊ ဒိန်းဒလိန်း နတ်ဖမ်းစားမှုကြောင့် ၊ ကိုမော်ကြီး ခိုးရာနောက်ကို လိုက်သွားတော့တာပါဘဲ ။ အဲဒီ ခိုးပြေးပြီးတဲ့ နေ ့က စလို ့၊ အချိန် ့ခဗျာ ဆင်းရဲတွင်းထဲ ရောက်သလို နေခဲ့ရတော့တာပေါ့ ။
    ကိုမော်ကြီး က အစကတော့ ဆိုက်ကားနင်းကျွေးပါသေးတယ် ။
    နောက်ကြ ၊ ပါစင်ဂျာ မရလေ စိတ်ညစ်ညစ်နဲ ့ဘုံဆိုင်ထိုင် ၊ ရတဲ့ငွေလေး ကို အကုန်သောက် ၊ ပြီး အိမ်ပြန်ရောက်တော့လဲ အချိန် ့ကို မူးမူးနဲ ့ရိုက်နှက် ၊ ကြာတော့ အချိန် ခဗျာ့ အိမ်စားစရိတ်အတွက် ၊ ရပ်ကွက်တကာ လည်ပြီး ပဲပြုတ်လိုက်ရောင်းရရှာတယ် ။ သူ ့ယောက်ျား ကိုမော်ကြီး က နောက်ပိုင်း ဆိုက်ကား လဲ မနင်းတော့ဘူး ။ အချိန် က ဘဲ ရှာကျွေးရရှာတယ် ။ အရက်ဖိုးကောပေါ့ ။
    အချိန် ကံကောင်းပါတယ် ။ သိပ်ဆင်းရဲ ဒုက္ခ မခံလိုက်ရရှာပါဘူး ။
    တစ်ရက် ဝေလီဝေလင်း ပဲပြုတ်တောင်းလေးနဲ ့၊ လမ်းမကြီး ကို ကူးဖြတ်လာတုန်း ၊ မောနင်းပက်ဆွဲပြီး အမှိုက်ကား မောင်းလာတဲ့ ငပေါက်ဖော် ဆိုတဲ့ ငတိကြောင့် ၊ ပွဲချင်းပြီးသွားရှာတယ် ။
    အခုတော့…
    ကိုမော်ကြီး တစ်ယောက်…
    ညနေညို လို ့လေပြိုလာရင်ဖြင့်
    အချိန်…အချိန် မင်းဘယ်မှာလဲ ၊ မိချိန် မင်း ပြန်လာပါတော့ ဆိုပြီး
    အချိန် ့ရဲ ့တန်ဖိုးကို ၊ ရှက်ကြောင်ကြောင်နဲ ့တမ်းတနေရှာရဲ ့ ။
    *** ပြီးဘာပြီ ***
    ပုံ
    ပုံပြင်ပြောတဲ့ ဘိုးဘိုးပေ

  • ywarther lay

    January 16, 2012 at 6:07 pm

    ိ်အချိန်ကတော့တရွေ့ရွေ့သွားနေမှာပါပဲ။သူ့ကိုတိုင်းတာသူက
    ဘယ်လိုသတ်မှတ်နေလဲ၊ဘယ်လိုတန်ဖိုးထားသလဲဆိုတဲ့ပေါ်မှာပဲ
    မူတည်နေမယ်ထင်ပါတယ်။
    တိုင်းတာသူပုဂ္ဂိုလ်အလိုက်အချိန်ရဲ့တန်ဖိုးဟာပြောင်းလဲသွားမှာပါ။
    အချိန်ရဲ့တန်ဖိုးကို ဘာနဲ့တိုင်းမလဲ ဆိုတာထက်
    လူတစ်ယောက်ရဲ့တန်ဖိုးကိုရော ဘာနဲ့ တိုင်းရမလဲ။

  • စိန်ပေါက်ပေါက်

    January 16, 2012 at 8:11 pm

    အချိန်ရဲ့ တန်ဘိုးကို ပိဿာချိန်တဲ့အလေးနဲ ့တိုင်းတာပါတယ်
    အခုခေတ်မီလာလို ့ကတ္တားဆိုလား..ဘာဆိုကလား အဲတာနဲ ့ တိုင်းပါတယ်.
    နောက်ခါ မောင်ပေ့လို များများလေးရေးပေါးပါဦးလို ့ရီကွက်စ် လုပ်ပါရစေချင့်
    ကျေးဂျူးတင်ပါဒယ်

  • kai

    January 17, 2012 at 3:49 am

    နောက်ဆိုဒီလိုစာမျိုး.. ဖိုရမ်မှာရေးပါနော..။ ❗
    အခုတော့.. မန်းထားတာတွေကြောင့် ထားလိုက်ပါ့မယ်..။

  • etone

    January 17, 2012 at 10:47 am

    အချိန်တစ်ခုရဲ့ တန်ဖိုးကို ကျွန်မကတော့ ဒီအချိန်မှာ ဘာတွေ လုပ်ဖြစ်သွားလဲဆိုတာနဲ့ပဲ တိုင်းတာပါတယ် … ။
    ဝေလေလေ အချိန်တွေ ၊ ငေးမောနေတဲ့ အချိန်တွေ များလွန်းလို့ … အလဟာသ ကုန်သွားတဲ့ အချိန်တွေကို နှမျောမိတယ် … ။

Leave a Reply