သွားမည့်နေရာက the peak tram  လို့ခေါ်တဲ့ တောင်ထိပ်ပေါ်သို့ ဓာတ်ရထားဖြင့်တက်ကာ ဟောင်ကောင် ရှုခင်းကို အပေါ်စီးမှ ကြည့်ရသည့်နေရာဖြစ်သည်။ ဓာတ်ရထားစီးရန်နေရာရောက်တော့လည်း လူများတန်းစီရသည်။ ဟောင်ကောင်သားတွေတော့ ဟုတ်ပုံမရ၊ တရုပ်ပြည်မှ လူများ တအားလာကြသည်ဟု ဆိုသည်။ အနောက်နိုင်ငံသားများလည်းပါသည်။ လက်မှတ်ဝယ်ရန် စောင့်ရသည်မှာလည်း မိနစ် ၂၀ ခန့်စောင့်ရသည်။ လက်မှတ်ဝယ်ပြီး ဓာတ်ရထားတခါစောင့်ရသည် နာရီဝက်လောက် ထပ်စောင့်ရသည်။ ရထားက တလမ်းသာရှိသည်။ ရထားစီးမည့်သူများက လက်ယာဘက်ခြမ်းက စောင့်ရသည်။ ရထားလာတော့ ဆင်းတဲ့သူတွေက လက်ဝဲဘက်က ဆင်းသွားသည်။ ဆင်းသူကုန်မှ အတက်ဘက်က တံခါးကိုဖွင့်ပေးသည်။ ဓာတ်ရထားက စုစုပေါင်းမှ နှစ်တွဲသာပါသည်။ ဒီနှစ်တွဲရဲ့ အလေးချိန်နဲ့ လူတစ်ရာလောက်ရဲ့ အလေးချိန်ကို သံလမ်းပေါ်တင်ကာ ကြိုးဖြင့် ဆွဲယူခြင်းဖြစ်သည်။

(တောင်ပေါ်တက်သည့်ဓာတ်ရထား)

(တောင်ပေါ်တက်လာနေသည့်ဓာတ်ရထား)

ဓာတ်ရထားအတွင်းပိုင်းမြင်ကွင်း

တောင်က တချို့နေရာတော်တော်မတ်သည်ဓာတ်ရထားလေး တရွေ့ရွေ့ တက်သွားသည်မှာ ၁၀ မိနစ်လောက်တော့ကြာသည်။ ဘေးပတ်ဝန်းကျင်က တိုက်တာတို့အပြင် ခပ်ဝေးဝေးမှ ရှုခင်းများကိုလဲတွေ့ရသည်။ ဓာတ်ပုံရိုက်ဖို့တော့ သိပ်အဆင်ပြေလှ။ တောင်ထိပ်ရောက်တော့ မဒမ်တူးဆော့ဖယောင်းပြတိုက်သို့ဝင်ရောက်ကြည့်ရှုသည်၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် ဓာတ်ပုံရိုက်ဖြစ်သည်။ ၀င်ဝင်ချင်း ဘရုစ်စလီရုပ်တုရှိသည်။ အဲသည်နောက် ဂျက်ကီချန်း။ ရှေ့ဆက်သွားတော့ ရုပ်ရှင်စူပါများ၊ နိုင်ငံရေးသမားများ၊ တီထွင်ပါရဂူများ၊ အားကစားသမားများ၊ အဆိုကျော်များစသည်ဖြင့် တော်တော်များများရှိသည်။ ဆက်ဒမ်ဟူစိန်ပုံလည်းရှိသည့် သူနဲ့တွဲပြီး ဓာတ်ပုံရိုက်သူတော့ မတွေ့ခဲ့ရ။ ရွာထဲက နာမည်ကျော်ရွာသူားတို့၏ပုံများရှိမလားလို့ ရှာကြည့်မိသေးသည်။ သို့သော် ခက်သည်က ရွာသူားတွေကို မမြင်ဖူးတော့ ရှာလို့ မတွေ့ခဲ့။ တနေ့နေ့ တချိန်ချိန်တော့ ရွာသူားတွေ၏ရုပ်တုလည်း အဲဒီထဲမှာ ရောက်ရင်ရောက်သွားမှာ။ ကျွန်ုပ်ပုံတော့ လုံးဝမဖြစ်နိုင် ဘာလို့လဲဆိုတော့ မန်းဂေဇက် ရွာသူားတွေတောင် ကျွန်ုပ်ကို မသိသလောက်ဖြစ်သည်။

ပြတိုက်အတွင်းရှိ ဂျိုလီတို့စုံတွဲ

ဒိုင်ယာနာ အလွမ်းပြေ

ပြတိုက်မှ ထွက်ကာ စူပါမားကတ်လို လုပ်ထား သော အဆောက်အဦပေါ်သို့တက်ရသည်။ အပေါ်ဆုံးရောက်တော့ ဟောင်ကောင်ရှုခင်း တခုလုံးကို အပေါ်စီးမှ မြင်ရသည်။ တော်တော်သာယာလှပသည့်နေရာပေဘဲ။

တောင်ထိပ်ပေါ်မှမြင်ရသည့်ဟောင်ကောင် ရှုခင်း (၁)

(၂)

(၃)

(၄)

(၅)

(၆)

 ဟောင်ကောင်နဲ့ဆက်စပ်ပတ်ဝန်းကျင်မှာ တောင်ကြီးများ တော်တော်များသည်။ တောင်ထိပ်ပေါ်တွင်ပင် အထပ်မြင့်တိုက်များ ဆောင်လုပ်ထားသည်မှာလည်း မျက်စိပသာဒ ဖြစ်သည်။ တောင်ထိပ်ပေါ်မှ ပင်လယ်ပြာပြာမြင်ကွင်းနှင့် တိုက်တာအဆောက်အဦးမှာ ပဏာရသည်။ တောင်ထိပ် အဆောက်အဦးပေါ်တွင် လှည့်ပတ်ကြည့်ပြီး အဆောက်အဦးပေါ်မှ ဆင်းလာခဲ့သည်။ တခြားတဘက်ရှိ ဆိုင်တွင် လဘက်ရည်သောက်ကြသည်။ လဘက်ရည်ဆိုင်ကအတွက်တွင်တော့ မှောင်စပျိုးလို့လာလေပြီ။ တောင်ထိပ်မှ ပြန် ဆင်းရန် ဓာတ်ရထားအတွက် တန်းစီရပြန်သည်။ တန်းစီရသည့် နေရသည် အဆောက်အဦးအပြင်ဘက်တွင်ဖြစ် သဖြင့် အေးလိုက်သည့်ဖြစ်ခြင်း။ မေးခိုက်အောင်အေးလှသည်။ အကျီ င်္ နှစ်ထပ်ဝတ်ခဲ့တာအောင် မေးမဆပ်ရုံတမယ်။ ဒါတောင် လူအုပ်များလို့ခံသာသေးသည်။ လေကလည်း တောင်ထိပ်ဆိုတော့ ဘာပြောကောင်း မလဲ တိုက်လိုက်သည်မှာ တဟူးဟူးဖြစ်သည်။ တောင်ထိပ်ကဆင်းတော့လဲ ဆင်းတဲ့ဘက်ကို ကျောပေးထိုင်ကြရသည်။ တော်တော်မတ်သည့်နေရာရောက်တော့ ပက်လက်လိုဖြစ်နေသည်။

တောင်ပေါ်တက်ရန် တန်းစီစောင့်ဆိုင်းနေသည့်လူများ

ဓာတ်ရထားစစီးသည့် နေရာရောက်တော့ တောင်ပေါ်တက်ရန် တန်းစီးနေသည့်လူအုပ်က အလာတုန်းကထက် ပိုတောင်များသေးသည်ဟု ထင်ရသည်။ လက်မှတ်ဝယ်ရန် တန်းစီနေသည့် လူအုပ်ကပင် မနဲမနောရှိလှသည်။ ရထားပေါ်မှ ဆင်းကာ မြို့ထဲသို့ လျှောက်လှမ်းခဲ့ကြသည်။

(ကျေးဇူးတင်ပါသည်။)

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.