သဂျီးနာမည် KAI နဲ့ ဇမ်ဗုဒ္ဓဘာသာ ၀ါဒ ZEN ကိုတွဲရေးထားတယ်ဆိုပြီး
ခေါင်းစဉ်ဖတ်ပြီး လန့်မသွားပါနဲ့ဗျာ..KAIZEN ဆိုတာ သည်လိုပါ...။

改善(KAIZEN) ရယ်ပါ ။ သူ့ကို သည်လို အဓိပ္ပါယ်ဖွင့်ကြတယ်ခင်ဗျ။

改(Kai) - change, alter, correct, rectify
善(Sen) - be good at, be apt to, be expert in
သည်တော့ ခြုံငုံ ဘာသာပြန်လိုက်ရရင်ဖြင့် "ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပါယ် ထွက်မယ် ခင်ဗျ..
သည်တော့ ကျနော် ဆွေးနွေးချင်တာလေးက ..ကောင်းသောဘက်ကိုရောက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့
ခေါင်းစဉ်အောက်က လို့ ဆိုနိုင်ပါတယ်ဗျာ ...။ အားလုံး သိကြတဲ့အတိုင်း သည်ရက်ပိုင်း ပြုပြင်မှုတွေ ပြောင်းလဲမှုတွေ...
(ပြုပြင်တာနဲ့ . ပြောင်းလဲတာ မတူသေးဘူးရယ်..) တွေ့လာရ (၀ါ) အတွေ့ရ စိတ်,စိတ်လာ တယ်ခင်ဗျ ..။
သည်နေရာမှာအခြေခံပြီး ဆွေးနွေးချင်တာကတော့ . ...
1- Right a wrong
2- Prevent the end of something good
3- Increase the quality of life နဲ့ ပါ

သည်၃ခု က အရေးအကြီးဆုံး ကို အစဉ်လိုက်  စီထားတယ်ပြောလို့ရတယ်ဗျ .....
၁)မှားတာပြင် ၂)မှန်တာထိန်း ၃)ပိုကောင်းအောင်လုပ် သည်လိုမျိုးပါ ...
model တခုတော့ မဟုတ်ဘူးဗျ. ..ဆိုရိုးလို့တောင် မဆိုနိုင်ဘူး...ဒါပေမယ့် ဒါအမှန်တရားပါ....
အမှန်တရားပေမယ့် လက်တွေ့ ဖော်ဆောင်ရာမှာ အရေးအကြီးဆုံး အရေးအပါဆုံးတွေဟာ
လုပ်ရအခက်ဆုံး ဖြစ်တတ်ပါတယ်...သည်တော့ ပြုပြင်ပြောင်းလဲရေး စကားစုကို သည်၃ ခုထဲ
ထည့်ပြီး ပြောကြကြေးဆို ....၃-၂-၁ နဲ့ သွားနေတယ်လို့ ဆိုချင်တယ်ဗျ...
ဖြစ်နိုင်ချေရှိတာလေးတွေ ...လွယ်တာလေးတွေကနေ စလုပ်တယ်ပေါ့ ...
(Game Theory ကိုဆွဲပြောရရင်တော့ သည်နည်းက မှန်တယ်ဗျ...stage-by-stage ပါဗျာ...)

 
မဝေးသေးတဲ့ အတိတ်ကို flashback ပြန်သွားမယ်နော ...
နှစ်-၃၀ ကားပါမစ်ကိစ္စ ပေါ်တယ်ဗျာ..(Increase the quality of life)
မြစ်ဆုံရပ်တယ်ဗျာ .. (Prevent the end of something good)
ကဲ အခု သည်နှစ်ထဲမှာ ဇန်-၁၃ လူ၆၀၀ကျော်ကိစ္စ (Right a wrong)


ကြားထဲမှာ omit လုပ်ထားတဲ့ ၂၀၁၁ အရေးပါသော အပြောင်းအလဲများ ကျန်ပါသေးတယ်ဗျ.....
ထားဝယ်-ကျောက်မီးသွေး ..ပြည်ပအခွန် .. ဆင်ဆာ-ဖြေလျော့ အစရှိသဖြင့်ပေါ့ ...

ပြောင်းတာတော့ပြောင်းနေပြီ ..အသေအချာပဲ ...ထိုအပြောင်းအလဲ နောက်ကွယ်က behind-the-scene
ရှိကောင်းရှိမယ် ...ကျနော်တို့ မသိသော ..မျှော်လင့်ချက် တန်ဖိုး တစုံတရာ ရှိကောင်းရှိမယ်....နှောင်ကြိုး...
ကတိက၀တ်...esteem, re-branding အများကြီးပေါ့ဗျာ ....
ကျနော့် (ပါဆင်နယ်လ် အတွေးကတော့) အဆိုပါ မသိကိန်းတွေအပေါ် သံသယထားမလား ....လက်ရှိအချိန်ထိ
အောင်မြင် ပြီးစီးတဲ့ step အတွက် အားပေး လက်ခုတ်တီးမလား ဆို ..ကျနော် သေချာပါတယ် ဒုတိယတစ်ခုကို ရွေးပါတယ်
သည်တော့ ၁၀၀% မဟုတ်သေးတောင် ..အရောင်လေးတွေ စွန်းထင်းနေရင်တောင် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို
လေးစားစွာ ၀မ်းမြောက်စွာ ထောက်ခံ တဲ့အတွက် သည်စာစုကို ကျနော် ဂုဏ်ပြု တင်ဆက်ပါသည်ခင်ဗျား...

KAIZEN ဘက် ပြန်သွားရအောင်နော....။

၁. သမိုင်းအကျဉ်း
KAIZEN ဆိုတာ စစ်ပြီးခေတ် အမေရိကန် အကူအညီနဲ့ Modern Japan ကို ပြန်လည်တည်ဆောက်ခဲ့တဲ့နေရာမှာ သုံးခဲ့တဲ့
စနစ်ဖြစ်ပါတယ်ဗျ။ အမြဲတစေ ပိုကောင်းအောင်လုပ်မယ် ဆိုတဲ့ အနှစ်သာရကို အခြေပြုပါတယ်ခင်ဗျ...။ သည် theory ကို
စတင်မိတ်ဆက်ခဲ့သူကတော့ W. Edwards Deming ဆိုတဲ့ အမေရိကန်လူမျိုး ပညာကျော်ကြီးပါပဲ ..... ။
(သည်စာစုမှာ historical point of view သည် အဓိကမဟုတ်သည့်အတွက် ထိုဆရာကြီးအကြောင်းနှင့်
History of Modern Japan ကိုချန်လှပ်ခဲ့ပါသည်..ဆက်လက်ဖတ်ရှုလိုသူများအတွက် ...)
http://en.wikipedia.org/wiki/W._Edwards_Deming
http://en.wikipedia.org/wiki/Japan#Modern_era


သည် theory အပေါ်မှာ မှ Kaizen Model ကွဲတွေ အများကြီး ထွက်ပေါ်လာပါတယ်ဗျာ ။ သည်ထဲမှာတော့ နာမည်အကြီးဆုံးက
Deming circle(၀ါ) Shewhart cycle ပဲဖြစ်ပါတယ် .... နာမည်ကျော် Toyota Corporation ရဲ့
Production line မှာ သုံးခဲ့တဲ့ စနစ်လို့ ပြောစမှတ်ရှိပါတယ်ဗျာ။

၂. Deming Circle/ Shewhart Cycle
သည် Cycle ကို သူ့မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ နာမည်ကို အစွဲပြုပြီး P-D-C-A Cycle လို့လည်းခေါ်တယ်ခင်ဗျ....
(Note: ယခင်က PDSA လို့ခေါ်ခဲ့ပါတယ်... S for study ပါ..)


Plan
ဟုတ်ကဲ့ ကျနော်တို့ သေချာစွာ အစီအစဉ်ချကြရပါမယ်။ who fails to plan, plans to fail ပါ...။
Planning ဘက်ကလည်း သက်ဆိုင်ရာ နည်း/အတတ် ပညာ၊ ငွေကြေး ၊အချိန်ကာလ .လူအင်အား ပါဝင်သင့်ပြီး
SMART ဖြစ်ဖို့ လိုကြောင်းပါ..(Specific, Measurable, Achievable, Relevant, Timed[Scheduled])
Do
Plan ထားရင် Plan သလို Do ပေါ့ဗျာ .... ။ကျနော်တို့.. ပြုပြင်ပြောင်းလဲကြရအောင်ပါ....မကောင်းတဲ့
ဇရိုက်အို အကျင့်ဟောင်းတွေ ကိုယ်စီကိုယ်ငှ မြေမြှုပ်ပစ်ကြကြေးဗျာ...။ မခိုကြေး မ(တွက်)ကပ်ကြေးပေါ့..။

Check
Planning fail, Doing fail ဒါကို သင့်တင့် ကောင်းမွန်တဲ့ စနစ်တခုထားပြီး Check လုပ်ဖို့ လိုပါတယ် ....
QC ခေါ်မလားပဲ....။ ကျနော်တို့ fail အဖြစ် အများ ဆုံးက သည်နေရာဖြစ်တတ်လို့ပါ.....
လွန်စွာကောင်းမွန်တဲ့ စနစ်သစ်ကြီး တခုကို Plan ပြီး လုပ်နည်းဆောင်တာ မှားယွင်း (၀ါ)
သာမန်ညောင်ည plan တခုကို အဟုတ်ကြီးမှတ်ပြီး အားသွန်ခွန်စိုက် Do လိုက်ကြတာ ..ရုပ်လုံးပေါ်မှ လွဲမှန်းသိ..
ဆိုတာမျိုးတွေဟာ Check လုပ်ဖို့ ပျက်ကွက်ခဲ့ကြလို့ပါပဲ ....။ ၂၀၁၂မှာ Pizza Tower မဆောက်ပါရစေနဲ့တော့ဗျာ..။
Act
Act ကတော့ Action ကို ဆိုလိုပါသည်...။ lost in translation မဖြစ်အောင် အနည်းငယ် ရှင်းချင်ပါသည်..။
Action ဟူသည် သရုပ်ဆောင်ခြင်း ဟုမဆိုလိုပါ....။ အရေးယူခြင်းဟု အဓိပ္ပါယ်ဖွင့်လျင်လည်း ..(Plan ကိုမဟုတ်ဘဲ
Planner, Doer များကို ဖြုတ်၊ထုတ်၊သတ် ခြင်း) ဘာသာပြန် ပြင်းထန်သွားဖွယ်ရှိပါသည်....။ Act သည် တကယ်တော့
Kaizen သာဖြစ်သည်... change to get better ဆိုပါစို့ ...။သည်တော့ Plan, Do, Check  ကို Act တစ်လုံးဖြင့်
ပြန်လည် ထိန်းကျောင်း တည့်မတ်ပေးခြင်း ဟု သတ်မှတ်နိုင်ပါသည် ....။
အချုပ်ကို ပြောပါဆိုလျင် ပြုပြင်ပြောင်းလဲမှု များကို စနစ်တကျ ဖော်ဆောင်ရန်အတွက် KAIZEN လိုအပ်ပါသည်ဟု 
တင်ပြလိုပါသည်။ထိုလိုအပ်ချက်မှာ အုပ်ချုပ်သူ အာဏာရှိသူမှ မဟုတ်ပါ ကျနော်တို့အားလုံး အတွက်ဖြစ်ပါသည်...။
ပဒေသာပင် မဟုတ်သော ဒီမိုကရေစီ စနစ်တွင် Kaizen လိုပါသည် ...။ diversified လုပ်ထားသော စွမ်းအားစုများ ..
accountability များ ...သာတူညီမျှသော recognition များ အတွက် ဖြစ်ပါသည်...။
3. PDCA-PDCA
Toyotaမှ ဟု တံဆိပ်ကပ်ကြသော ပိုကောင်းမွန်အောင် ပြုပြင်ထားသော Cycle ၂ထပ်ကွမ်းကို မိတ်ဆက်ချင်ပါသေးသည်....။


မူလ P,D,C,A ၏ အမှန်တကယ် လုပ်ငန်းလုပ်ဆောင်သော D(Do) step တွင် task accomplished ဖြစ်အောင် မDo နိုင်သောအခါ
ယခု လက်ယာဘက်မှ Cycle ကို လည်စေရပါသည်..။
P - Problem finding
D - Display
C - Clear
A - Acknowledgement

ဒါဟာ ကျနော်တို့ အရိုးစွဲနေသော သမားရိုးကျ အလွတ်ကျက်ဖြေ ပညာရေး စနစ်၏ စာသင်ခန်းနှင့် လုံးဝ ကွဲပြားခြားနားပါသည်။
(မသိရင် ဆရာမမေး စနစ်ကိုး ...နိုင်ငံတကာမှာတော့ မသိရင် libery သွား ..စာရှာဖတ်...အဲ ..ခုခေတ်တော့ Googling လုပ်...)

သူ၏ အနှစ်သာရမှာ ယခုလိုဖြစ်ပါသည်..။ လုပ်ငန်းဆောင်ရွက်ရာတွင် မအောင်မမြင် ဖြစ်သည်ဆိုပါစို့ ....
P - Problem finding ... ပြဿနာ အကြောင်းအရင်းကို ရှာပါသည်..။ (အကြောင်းကြောင့် အကျိုးဖြစ်တာရယ်လေ...)

D - Display ... ဒါလည်း အလွန် တွေ့ရများသော case ဖြစ်ပါသည်...။ တဖက်လူ သဘောပေါက်နားလည်အောင်
ရှင်းလင်းပြသနိုင်စွမ်း နှင့်ဆိုင်ပါသည်...။ technician များတွင်ဖြစ်လေ့ရှိပါသည်..။ professional knowledge မရှိသူတယောက်
မိမိ၏ professional field ထဲမှ tehcnical difficulites ကို နားလည်အောင် မည်မျှ ရှင်းလင်းပြောကြားတတ်ပါသနည်း ဆိုသော
ကိစ္စပင်ဖြစ်သည်...။ မိမိ၏ အထက်လူကြီးသည် မိမိကဲ့သို့ technical background မှ လာသူဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်...။
ထိုလူ နားလည်အောင် မိမိပြဿနာကို ရှင်းပြတတ်မှသာ မိမိသည် တကယ် တတ်ကျွမ်းနားလည်သူဖြစ်ပါလိမ့်မည်...။
စကားစပ်လို့ ပြောရရင် ဆေးကျောင်းက ဆရာတွေ ပြောသော စကားကို သွားသတိရပါသည်..။
"မင်းကိုယ်မင်း သည် topic ကို တကယ်တတ်မတတ် သိချင်ရင် ဆိုက်ကားသမား ကိုနားလည်အောင် ရှင်းပြနိုင်လား ဆိုတာနဲ့
စမ်း ကြည့်...." တဲ့ ..စကားလုံး အသုံးအနှုံးကြမ်းပါသည် ...။သို့သော် problem/case display ကို
professional point of view မှ မဟုတ်ဘဲ public sense မှ နားလည်အောင် ရှင်းလင်းတင်ပြတတ်သော ability ကို
train စေချင်သည့် စေတနာ စကားကြမ်းပင်ုဖြစ်ပါသည်...။ ကျနော်တို့ marketing မှာတော့ 7Ps ထဲက Physical evidence
ပင်ဖြစ်၏...။ intangible things များကို ပုံရိပ်များ model များ ..methodology များနှင့် မြင်သာအောင် Display
ကြရသည် မဟုတ်ပါလား..။
C - Clear .. ဒါကတော့ Solution ကိုဆိုလိုခြင်းဖြစ်ပါသည် ..။  problem ကို display ရုံနှင့်မပြီး Clear လုပ်နိုင်မည့်
solution ကိုပါ တပါတည်း ရေးဆွဲ proposal ခြင်း ဟု ဆိုပါသည်..။(alternatives တွေရောပေါ့ ..)

A- Acknowledgement ပြန်လည် သတင်းပို့ခြင်း ဟု ကြားဖူး မှတ်ဖူးပါသည်။ ဟိုဘက် နှင့် သည်ဘက်.. အထက်နှင့်အောက်
သတင်းပို့ခြင်း အသိပေးခြင်း ဟု အကြမ်းဖျဉ်း ရှင်းချင်ပါသည်..။(ဆက်ပါဦးမည်)
သည်လို P-D-C-A Cycle ၂ထပ်ကွမ်း လည်စေဖို့ Toyota ကလူတွေ ဘာတွေ လုပ်ခဲ့ရတယ် ဆိုတာ ဆက်လက်ဆွေးနွေးပါဦးမည်ဗျာ
"မိမိကိုယ်ကိုမွမ်းမံခြင်း" မပြုလုပ်နိုင်ခင် "မိမိကိုယ်ကို ဆန်းစစ်ခြင်း" ဆိုတဲ့ step ကို ဖြတ်သန်းရပါတယ်ခင်ဗျ....။
စနစ်ကျလွန်းတဲ့ လူမျိုး(လူမျိုးကြောင့် စနစ်ကျတာမဟုတ် .... စနစ်ရဲ့ တန်ဖိုးကိုသိပြီး စဉ်ဆက်မပျက်
လေ့ကျင့်ထိန်းသိမ်းထားတဲ့ လူမျိုး) မို့ ...model လေးတစ်ခု ရေးဆွဲပြီး လိုက်နာကျင့်သုံးပါသတဲ့ ...ဒါကတော့

4. Five Whys
ဒါကတော့ 5 Whys ပါပဲ .. Toyota Scenario လေး ဆိုပါစို့ရဲ့

The vehicle will not start. (the problem)
Why? - The battery is dead. (first why)
Why? - The alternator is not functioning. (second why)
Why? - The alternator belt has broken. (third why)
Why? - The alternator belt was well beyond its useful service life and not replaced. (fourth why)
Why? - The vehicle was not maintained according to the recommended service schedule.
       (fifth why, a root cause)
Why? - Replacement parts are not available because of the extreme age of the vehicle.
       (sixth why, optional footnote)
Start maintaining the vehicle according to the recommended service schedule. (5th Why solution)
Purchase a different vehicle that is maintainable. (6th Why solution)
(ကျစ်လစ်မှု ဂုဏ်မြောက်လွန်းတာမို့ ...ဘာသာမပြန်တော့ပဲ သည်အတိုင်း ကူးထည့်လိုက်ပါတယ် ...5 Whys ဆိုပေမယ့် Optional အဖြစ်
6th Why အထိ Normalized လုပ်သွားပါသည်..။)
အခြားသော ဥပမာ တစ်ခုမှာ ..
Human Error နည်းနည်းသမျှနည်းအောင် ၊ ပပျောက်အောင် 5 Whys? မေးအပြီးမှာ 5Ss ကိုသုံးပြီိးကိုယ့်ဘက်က မ "ဟာ" အောင်
မ"လေ"အောင် ကြိုးစားကြပါတော့တယ်...။


5. 5 Ss
5Ss of KAIZEN ကတော့ သည်လိုရယ်ပါ.။
 1. Sorting (Seiri)
 2. Straightening or setting in order / stabilize (Seiton)
 3. Sweeping or shining or cleanliness / systematic cleaning (Seiso)
 4. Standardizing (Seiketsu)
 5. Sustaining the discipline or self-discipline (Shitsuke)

နောက်ပိုင်းမှာတော Safety, Security, Satisfaction ပေါင်းထည့်လိုက်လို့.. 8Ss အထိ ရှိလာပြီဖြစ်ပါတယ်.။
(Influence of Theory Z. By Dr. William Ouchi ဟုပင်ယူဆပါသည်)

သည်တော့ အထက်ကစာ ကိုပြန်ကောက်ရရင် လက်ယာဘက် P-D-C-A ရဲ့ အထွက်ရဲ့ input ဟာ လက်ဝဲဘက် P-D-C-Aရဲ့
C- Check Phase ဖြစ်ပါတယ် ။ သည်လောက် စနစ်တကျ (အားလုံးကိုယ်စီ တာဝန်ရှိပါသည်) လုပ်ထားမှတော့...Check ရတာ
သက်သာပါတယ်...(သက်သာတယ်ဆိုပြီးလည်း မခိုကြပါ စနစ်တကျလုပ်ပါတယ်..။) နေရာတိုင်း စနစ်တကျ လုပ်မှတော့
မှန်ကန် မြန်ဆန် သွက်လက်ပြီး ဖွံ့ဖြိုးတိုးတက် လာရပါတော့တယ် လို့ ဆိုချင်ပါတယ်ခင်ဗျား ....။


Case အရ ပြန်ထောက်ရရင်တော့ ..... (ကြောက်တော့ ကြောက်ပါရဲ့လေ......)
၁) ဟိုရက်ပိုင်းက ၄လနဲ့ အပြီးတည်ဆောက်မယ့် စလုံးနဲ့တူအောင်လုပ်မယ့် ဘာညာ သတင်းတွေ ...
၂) သည်ရက်ပိုင်း....၅၀၀၀ နဲ့ ၀ယ်လို့ရမယ့် ဆက်သွယ်ရေးပစ္စည်း ကိစ္စတွေ ...သတိပြုမိကြမယ် ထင်ပါတယ်ဗျာ ...။
P-D-C-A ကြပါ ဆြာတို့ ...KAIZEN ကြပါ. ..။ အကောင်းတွေကြားမှာမှ ကောလဟလ  လိုလို ... april fool လိုလို
အတည်ပေါက်နဲ့ နောက်တာလိုလို ဘာဂလိုလို တွေ မကြားချင်တော့ပါဘူးခင်ဗျ...။
အကောင်းဆုံး ကြိုးစားကြည့်မယ် ..နောက်မှ(၀ါ) မမီမှ တောင်းပန်မယ်  ...ဒါမျိုးတွေတို့ ...
တဖက်က..ပလင်န် ကိုချပြတယ် ... မဖြစ်နိုင်ကြောင်း တဖက်က ပြန်ချေပတယ်... ( မူးနေတာပဲ)
ကျနော်တို့ ..အားလုံးကိုတော့ ၅ထောင်တန် အိပ်မက်ကလေးတွေမက်စေတာတို့ ....
စောင့်ပါ့မယ်ဗျာ ..စောင့်ပါ့မယ် ..(စောင့်ရတာကြာတယ်လို့လဲ မပြောတော့ပါဘူး..) step-by-step ပေါ့ ... ပြီး ..KAIZENပေါ့..
ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုတွေ ကို ဖြစ်ပေါ်လာမယ်ဆို .အားပေးထောက်ခံ ပူးပေါင်း ပါဝင်ခြင်း အားဖြင့်
ပြည်သူထဲက ပြည်သူတယောက် အနေနဲ့ ပြည်သူ့ တာဝန်ကို ကျေစေရပါမယ်ဗျာ..။



"နောက်လူမြည်းရင် ချိုပါစေ" နော .... ကျနော်တို့သမိုင်း ကို ကျနော်တို့ ဘယ်လိုရေးခဲ့တယ်ဆိုတာ ကျနော်တို့ ရဲ့ နောက်လူ
(next generation)က မြည်းစမ်းရမှာပါ....။ 

ကျနော်တို့ကတော့ ဘာကို မြည်းခဲ့ပြီးပြီ ဆိုတာကိုတော့ အားလုံးလည်း သိပြီးသားမို့ ................

ခင်တဲ့
Inz@ghi @ စိန်ဇာဂီ

ဆြာသစ်ရဲ့ ဆင်မီနာ-၃ အမီ တင်ဆက်လိုက်ရပါသည်ခင်ဗျား...။

Ref:
http://en.wikipedia.org/wiki/Kaizen 
http://en.wikipedia.org/wiki/5_Whys
http://en.wikipedia.org/wiki/5S_(methodology)
http://en.wikipedia.org/wiki/Masaaki_Imai
http://en.wikipedia.org/wiki/Shewhart_cycle
http://en.wikipedia.org/wiki/PDCA
http://en.wikipedia.org/wiki/W._Edwards_Deming
http://en.wikipedia.org/wiki/Japan#Modern_era
http://ja.wikipedia.org/wiki/%E6%94%B9%E5%96%84
http://ja.wikipedia.org/wiki/TQM
http://ja.wikipedia.org/wiki/%E6%96%B9%E9%87%9D%E7%AE%A1%E7%90%86
http://www.lifehacker.com.au/2010/04/the-5s-method-maintains-clean-lean-order-at-your-workspace/


About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011