“ညအဆင်း လမင်းရဲ့ရွှေတိဂုံ”

1 အနောက်ဘက်ခြမ်းကမြင်ရတဲ့ ခြင်္သေနှစ်ကောင်
2 ညအလင်းအောက်က ကြည်ညိုဘွယ်ရာရှိလှတဲ့ ...............
3 ညအလင်းအောက်က .........................
4 လမင်းနှင့် အပြိုင်............................
5 စေတီတော်ကို ပန်းဖြင့်ပူဇော်ခြင်း
6 ထီးတော်နီနီ စေတီတော် ရွှေရည်
7 မီးအလင်းနဲ့ လအဆင်း
8အဲဒီအချိန်ကျမှဘဲ ဘုရားပေါ်ကဆင်းဖြစ်တော့တယ်ဗျာ

“ညအဆင်း လမင်းရဲ့ ရွှေတိဂုံ “

 

တွေ့ဆုံပွဲကအပြန် မောင်လုလင်နဲ့ ရွှေတိဂုံကို ခရီးဆက်ဖြစ်ပါတယ်။

အရင်က ကျနော် ညအလင်းမှာ မရိုက်ဘူးသလို ရိုက်လဲမရို်က်တတ်ပါဘူး။

မောင်လုလင်က ကျနော့်ကင်မရာပေါက်စနလေးကို ယူပြီးဆက်တင်ချိန်း။

ပြီးတော့ အလင်းအမှောင်အယူအဆတွေပြောပြ။

ကျနော်က လက်တွေ့စမ်းသပ်လို့ရိုက်။

ဟိုနားပြေးလိုက်ဒီနားပြေးလိုက်။

တစ်ခါမှ မရဘူးတဲ့ညပုံလှလှလေးတွေ ရတော့သဘောကျ။

လုလင်ကိုပြတော့ ဆက်လုပ်ဆိုအားပေး။

အဲတာနဲ့ဘဲသူနဲ့ကျနော် ငါးနာရီကျော်ကျော်က ဘုရားပေါ်တက်လို့လက်ဆော့လိုက်တာ

7နုာရီကျော်မှပြန်ဘို့သတိရ။

သူနဲ့ကျနော် ဆရာနဲ့တပည့် ခဏလေးမှာကို ငယ်ပေါင်းကြီးဖော်လိုရင်းနှီးသွားပါတယ်။

ကဲ ရွာထဲမှာတော့ ရွှေတိဂုံညခင်းပုံ တင်ပြီးသားတော့ရှိနေပါတယ်။

ဒါပေမယ့်ကျနော်ကလဲ ရို်က်ပြီးတင်ဘို့စဉ်ပြီးဆိုတော့ တင်လိုက်ပါတယ်။

တူနေရင်တော့ တောင်းပန်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(18-1-12)

 

 

 

 

 

 

 

13 comments

  • ဒီပုံးတွေကမောင်လုလင်နဲ့ကိုပေါက် (7-1-2012)နေ့တွေ့ဆုံပွဲကအပြန်ညနေမှာသွားပြီးမှတ်တမ်းတင်ခဲ့တဲ့
    ပုံရိပ်ထဲက အချို့ပါ။
    အရင်က ကျနော် ညပိုင်းမရိုက်ဘူးပါဘူး။
    မရိုက်လဲမရို်က်တတ်။
    အခုတော့ မောင်လုလင်အကူအညီနဲ့……………..

  • koyinmaung

    January 18, 2012 at 9:40 am

    တင်ပြီးသားရှိပေမဲ့လဲ
    အမြင်မတူတဲ့ပုံရိပ်လေးတွေပါ
    ကိုပေါက်နဲ့အမောင်လုလင်တို့ကို
    အားပေးလျှက်ပါ….

  • စိန်ပေါက်ပေါက်

    January 18, 2012 at 10:02 am

    ရွှေတိဂုံ မရောက်တာကြာပြီမိုလို ့..
    လေးပေါက် ပုံထဲကပဲ ဦးတော်ထပ်လုပ်သွားပါတယ်..
    သများလဲ ရွာထဲရောက်မှ ဘုရားမှန်းတရားမှန်းသိတော့တယ်.
    ကောင်းလေစွတကား..

    ဦးတော်လုပ်ချိန်
    သများပုလင်းလေးတော့ မချထားပါရစေနဲ ့
    ထရသမား မောင်ပု ဘယ်အချိန်လုသောက်မလဲ လန် ့နေရတာ
    ညှင်း..ညှင်း..
    ချဝူး..ချဝူး..

  • မောင်ပုအခုအကျွတ်တရားရနေပြီ။
    ဆဲလဲမဆဲတော့ဘူး။
    ထရေလဲသောက်တော့ဘူး။
    (မောင်ပုမလုပ်ဘူး နာမည်ပြောင်းပြီးလုပ်တယ်လို့ တရားမဝင်သတင်းရပ်ကွက်ကကြားရတာဘဲ)

  • Diamond Key

    January 18, 2012 at 10:11 am

    အားပေးသွားပါတယ် ကိုပေါက်ရေ၊ ပုံ ၈ လို မြင်တတ်တာလေးနဲ့ foreground အယူအဆကိုတော့ သဘောကျမိတယ်ဗျာ 😀

  • zarlay

    January 18, 2012 at 11:41 am

    အခုလိုတင်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် အရမ်းကိုလည်း ကြည်ညိုစရာကောင်းပါတယ်ရှင်

  • manawphyulay

    January 18, 2012 at 3:36 pm

    မတူပါဘူး။ လေးပေါက်ရိုက်တာက သဘာဝတွေကို အခြေခံပြီးရိုက်တာလေ….

  • blackchaw

    January 18, 2012 at 5:34 pm

    ကိုပေါက်ကိုပေါက်ကိုပေါက်ကိုပေါက်ကိုပေါက်ကိုပေါက်။
    အဲဒီလို အော်ပစ်လိုက်ချင်တာ။
    ကဲ နေပြည်တော်က ရွှေတိဂုံပုံတူ ပုံလေးတွေ
    တင်ပါဦးဗျာ။
    စောင့်နေမယ်
    ဘယ်နှစ်ရက်လောက်ကြာမလဲလို့။

  • နေုပြည်တော်က ညမှ တကယ်လှမှာဗျာ။
    ကျနော်နေ့လည်ခင်းရောက်သွားတာ လေ။
    တင်မယ် လျှပ်ပြက်သလို တွေ့လိုက်ရတဲ့ နေပြည်တော်ဆိုပြီးတင်မှာ။
    ပုံကသိပ်တော့ စိတ်တိုင်းမကျဘူး အမှတ်တရပေါ့။
    ဒါပေမယ့် ကျောက်ဖြူသားနဲ့ထုထားတဲ့ အောင်ခြင်းရှင်းပါး အကုန်ရိုက်လာခဲ့တယ်လေ။

    • M-Lulinရွှေ

      January 20, 2012 at 12:18 pm

      ဂူ လေးတွေ ….. ဖွက်ထားနဲ့ နော်. ….

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 8:08 pm

    အကိုပေါက်ရေ…ကျေးဇူးဗျာ ရွှေတိဂုံဘုရားပုံတော်တွေသဘာဝကိုကျနေတာပဲ
    နောက်လည်းတင်ပေးအုံးနော်….။

  • pooch

    January 18, 2012 at 10:43 pm

    လေးပေါက်ရေ ညရှုခင်းတွေ ရိုက်တာ အရမ်းကို ကောင်းလာတယ်နော်
    ကြည့်ရတာလည်း အားရပါးရပဲ ကြည်ညိုစရာလည်း ကောင်းတယ်
    လက်ရာများလည်း ကောင်းလာတယ် သိသိသာသာကို အရင်နဲ့ ဘာမှ မဆိုင်တော့ဘူး

  • ရွှေဘိုသား

    January 18, 2012 at 10:49 pm

    လေးပေါက်ကလည်း မတူတဲ့အမြင်တွေနဲ့ရိုက်ထားတော့ တစ်ယောက်တစ်မျိုးစီ အနုပညာပါတယ်ဗျာ
    နံပါတ် 2 ပုံလေးကိုတော့ တော်တော်ကြိုက်တယ်ဗျာ ရိုက်ချက်ကို အရင်ကမှ တန်ခိုးကြီးဘုရား တကယ့်ဓာတ်ပုံဆရာရိုက်လို့တော့ ပိုလို့တောင်ရောင်ခြည်တွေဖြာလာသလားထင်ရတယ်

Leave a Reply