မြန်မာဒွေအတွက် Americanသဂျီး….

ကိုယ့်နွားကိုယ်ကျောင်း ဘယ်ဂျောင်ရောက်ရောက်

အမေရိကန်သဂျီး
လေသံကြီး
ရွှေဖျံကွီး
စေတန်အထီး၊
ဂလေနံစီး
ဖြေရန်ပုတီး
ဟေမန်ငြီး
ဝေဖန်ရွှီး၊
ငွေလျှံမီး
ခြွေရံသီး
ပေခံပြီး
ကြွေအံတီး၊
ဆွေမချန်လှီး
ထွေမာန်ဖီး
ရေဆန်ခရီး
မြေလှန်သတည်း..။
ပန်ကြားချက်။။ ပုဆိန်ရိုး သဂျီးကို ဝိုင်းဆဲဂျကွာ..။

13 comments

  • windtalker

    January 17, 2012 at 11:33 am

    ရွာစားတို ့ရေ
    ကြောင်မင်းအူသံနဲ ့ပို ့စေဗျား
    ဗေပုံထိပုံ
    ပတ်ပေပုံ ပတ်ပေပုံ

  • စိန်ပေါက်ပေါက်

    January 17, 2012 at 12:03 pm

    ဟယ်..
    နွားမကြီးပါလား.
    နို ့တွေတွဲကျနေတယ်..
    ဘလောက်တောင်ညှစ်ထားလဲမသိဘူး.
    စီးပွားရေး သောင်းကျန်းချက်..သောင်းကျန်းချက်

    • kai

      January 17, 2012 at 12:20 pm

      .. ကျုပ်ကနွားပြောင်းပြန်တက်စီးအောင် ချွန်တွန်းလုပ်ပြီး….. ကြောင်ကဝင်ဆွဲ.. အဲ.. ချိုချိုစို့သွားတာလေ…။ 😆

  • Moe Z

    January 17, 2012 at 1:29 pm

    ဦးကြောင်ဆဲခိုင်းတိုင်းဆဲစရာလား သဂျီးကို
    သူက သဂျီးပဲကို 😀

  • pooch

    January 17, 2012 at 3:08 pm

    နွားကို ပြောင်းပြန်စီးရင် သေချာတာကတော့ နေရာက ရွေ့မှာမဟုတ်ဘူး
    ဒီနှစ်ထဲ ဆဲတာတွေကို ခွင့်မပြုတော့ဘူးလို့ ပြောထားတာကို အချွန်နဲ့ မနေပြန်ပြီ ဆဲချင်ရင် ကိုယ့်ဖာသာကိုယ်ဆဲပါ့လား 😆

  • etone

    January 17, 2012 at 4:24 pm

    အမ်…. နွားစီးနေတာလား …ကျွဲ စီးနေတယ်မှတ်လို့ … ဂျိုဂျီးနဲ့ ….
    ဪအင်း ………တွေ့ဘီ ….. နို့မြင်မှ … ကျွဲခေါင်းနဲ့နွားကိုး 😆

    သဂျိုင်ခီးကိုတော့ ဆဲလို့မဖြစ်ဘူး …….. ပွိုင့်တွေက သူပေးနေတာကိုး …… ဟီး ဟီး 😉

  • MaMa

    January 17, 2012 at 5:59 pm

    ရွာသူားတွေ ကို ဒီမိုကရေစီ အပြည့်ပေးထားလို့ သဂျီးခမျာ- ပေခံပြီး
    အမေရိကန်မှာ မီလီယံ ဘစ်ဇစ်နက်တွေလုပ်ထားလို့-ကြွေအံတီး၊
    သူ့ဆွေမျိုးတွေ ကြောင်( သဂျီးသမီးကို တောင်းနေလို့) တွေတောင် မချန်တာမို့-ဆွေမချန်လှီး
    ဒက်ဖနေးရှင်းဖွင့်တာ…..
    ဟုတ် တယ် ဟုတ်…. 😆

  • ရွှေဘိုသား

    January 17, 2012 at 6:26 pm

    သူကြီးစီးထားတဲ့ ကျွဲ နွားကြီးသနားပါတယ် နို့ကညှစ်ထားသေး လူကတက်စီးသေး ဂလောက်ကြီးကလည်း အကြီးကြီးတက်ထားတယ် မျက်ပင်ကတော့ နှစ်ပင်ထဲ မတရားဘူး

    • Thel Nu Aye

      January 17, 2012 at 8:35 pm

      အဲဒါကြောင့်လဲသူကြီးနွားနံရိုးတောင်မြင်နေရတာပေါ့။ အရိုးချည်းပဲဖြစ်နေတာ။

  • တညင်သား

    January 17, 2012 at 9:21 pm

    နို့ မြင်တာနဲ့ နွားတဲ့လား အီးတုုံးရယ် ကျွဲမှာလဲ ပါတယ်လေ..:)
    ရှေ့ကိုကြည့်ရင် ထမ်းပိုး ( ဝန် ကိုထမ်းရွက်နိင်ခြင်း)
    နောက်ကိုကြည့်ရင် မျိုး (မျိုးပွားနုံး)
    အောက်ကိုကြည့်ရင် ဟင်းအိုး (သားမြတ် ကောင်းခြင်း)… ဒီတခုပဲကောင်းတယ် .. အဲဒီတော့ ဘာမှသုံးမရတဲ့ကျွဲပေါ့..
    ဒီနှစ် သင်္ကြန် သူကြီး ကျွဲပြောင်ပြန်စီးပြီး မြန်မာပြည်လာတယ်.. ပြောင်းပြန်စီးတဲ့အတွက်
    မထင်မှတ်တဲ့ နိင်ငံရေးအခြေအနေဖြစ်တက်တယ်(ဥပမာနော် ..ဦးခင်ညွန့် နိင်ငံရေးလောကထဲ ဝင်ရောက်လာခြင်း)
    ကျွဲဖြစ်တဲ့အတွက် မြန်မာပြည် တိုးတက်နုန်း ထင်သလောက်မမြန်ပဲ နှေးကွေးစွာ တိုးတက်မယ်..
    မြက်နှစ်ဖုတ်ထဲ ရှိတဲ့အတွက် ဆန်ရေစပါး ရှားပါးလိမ့်မယ်….
    အမြီးကို ကြိုးနဲ့ ထိမ်းကြောင်းတဲ့အတွက် လှုပ်ရှား ခွင့်တွေကို ထိန်းချုပ်ထားအုံမှာပါ (ခြုံပြောရရင်..ဦးသန်းရွှေ ပါဝါရှိနေသေးတယ်)

  • ဆူး

    January 18, 2012 at 11:07 am

    မအားတာနဲ့ ရွာထဲ မလာဖြစ်တာ သဂျီးတောင် ကျွဲ + နွား = နွဲ တောင် စီးလို့ပါလား။

    ကောင်းဘွိုင် သဂျီး နွားကိုစီး
    ကန်းထရီး သဂျီး ကျွဲကြီးစီး

    ကန်းထရီး ကောင်းဘွိုင် သဂျီး အရှေ့ကို သွားမယ် နှင်နှင်ပြီး အနောက်ကို ပဲ ရောက်သွားမှာ သေချာ နေပြီ။
    တော်တော် ဆိုးတဲ့ သဂျီးပဲ
    အလကားရတဲ့ မြက်တောင် ဝအောင် မကျွေးပဲ နို့တော့ တော်တော် ညှစ်ထားပုံရတယ်။

  • ဗမာပြည်ပေါက်
    အမေရိကနက် ကန်းထရီး
    ရွာဆူမှ ကြိုက်တတ်တဲ့ သူကြီး
    စီးချင်ရာစီးရအောင်ပေးထားတယ်
    ကျွဲမဟုတ်နွားမဟုတ်
    ဒါပေမယ့်
    ဗိုက်ဆာရင် တော့ချိုချိုစုပ်လို့ရတယ်။
    ကဲလာလေရော့ ဟဲ့
    ပေးလိုက်မယ် လက်ဆောင်
    ပစ်ချင်ရာပစ်ရအောင်ဆောင်ထားဘို့အတွက်
    လေးဂွတစ်လက်……………………………….

Leave a Reply