အိုင်စတိုင်းအကြောင်းတစေ့တစောင်း

Wai PhyoeJanuary 17, 20122min29715

(ဒီတစ်ပတ်တော့ကျွန်တော် ကျွန်တော့်အဖေပြောပြဘူးတာလေးတွေ AC မှာဖတ်ခဲ့ဖူးသမျှစာအုပ်လေးတွေထဲကနေ သိထားသမျှလေးတွေကို share လုပ်ပေးလိုက်ပါတယ်။
ကျွန်တော် အပင်ပန်းခံစုစည်းထားသမျှ ရွာထဲကလူတွေကြိုက်တယ်ဆိုရင်ကျွန်တော်အမောပြေပါတယ်။Comment လေးတွေတက်လာရင်ပျော်ရပါတယ်။နောက် post တွေ
အတွက် စာတမ်းပြုစုဖို့လည်းအားရှိပါတယ် လို့ပြောလိုပါတယ်။ပုံတွေကတော့ ၁ လ ကျော်ကျော်လောက်စုထားတဲ့ပုံလေးတွေပါ။)

အိုင်စတိုင်း

အိုင်စတိုင်းကိုဂျာမနီမှာမွေးဖွားခဲ့ပါတယ်။Nobel Price ကို၁၉၂၁ ခုနှစ်မှာPhysics အတွက်၇ရှိခဲ့ပါတယ်။အိုင်စတိုင်းမိဘကတော့ ဂျူးသာမန်မိသားစုအနွယ်ဝင်တွေပါပဲ။
အိုင်စတိုင်းမှာသူ့ထက် ၂ နှစ်ငယ်တဲ့ ညီမတစ်ယောက်ရှိပါတယ်၊နာမည်ကတော့ “Maja” လို့ခေါ်ပါတယ်။

အိုင်စတိုင်းပညာရေး

အိုင်စတိုင်းငယ်စဉ်ဘဝကသူ့ကိုစိုးမိုးထားခဲ့တယ့်မေးခွန်းနှစ်ခုရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့ ပထမတစ်ခုကတော့ သူအသက် ၅ နှစ်အရွယ်
မှာတွေ့ခဲ့သောသံလိုက်အိမ်မြှောင်လေးပဲဖြစ်ပါတယ်။ မမြင်ရတဲ့ အား(force) တွေက ဒီသံလိုက်အိမ်မြှောင်လေးရဲ့ ဦးတက်ချက်ကိုဘယ်လိုပြောင်းနိင်တာလဲ ဆိုတာကို သူ
တွေဝေခဲ့ပါတယ်။ဒါငါးနှစ်သားတစ်ယောက်ရဲ့ Physics အတွေးခေါ် အစပါ။နောက်တစ်ခုကတော့ အသက်၁၂နှစ် အရွယ်မှာသူအပြင်းထန်လေ့လာခဲ့တယ် Geometry စာအုပ်
လေးပဲဖြစ်ပါတယ်။
အိုင်စတိုင်း ၁၂ နှစ်သားဖြစ်တဲ့အချိန်မှာတော့ ဘုရားသီချင်းတွေရေးသားခဲ့သည်အထိ ဘာသာတရားကို ကိုင်းရှိင်းလာခဲ့ပါတယ်။သူကျောင်းသွားတိုင်း
ဘုရားသီချင်းတွေကိုကြွေးကြော်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကပဲ အပြောင်းလဲတစ်ခုကိုစတင်ခဲ့တာပါ။ဘာလို့လဲဆိုတော့ သူဖတ်ခဲ့တယ်စာအုပ်တွေက သူကိုးကွယ်တယ့်ဘာသာ
တရားရဲ့ယုံကြည်ချက်တွေနဲ့ဖီဆန်နေလိုပါပဲ။
အိုင်စတိုင်းဘဝကိုစိုးမိုးခဲ့တယ်လူတစ်ယောက်ရှိပါသေးတယ်။သူကတော့ ဆေးကျောင်းသား Max Talmud (later Max Talmey)ပဲဖြစ်ပါတယ်။သူကပဲ
အိုင်စတိုင်းကို ပိုမြင့်တဲ့ mathematics and philosophy ကိုမိတ်ဆက်ပေးခဲ့ပါတယ်။နောက်ပိုင်းအိုင်စတိုင်း အသက် ၁၆ နှစ်မှာ အရေးပါတယ့် အပြောင်းလဲတစ်ခုဖြစ်ခဲ့ပါတယ်။
Talmud က သူ့ကိုအရင်ကတည်းက  Aaron Bernstein, Naturwissenschaftliche Volksbucher (1867–68; Popular Books on Physical Science) တွေရဲ့စာအုပ်တွေနဲ့
သင်ပေးခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာ စာရေးဆရာကဒီလိုစိတ်ကူးယဉ်ထားပါတယ် လျှပ်စစ်နှင့်အတူယှဉ်ပြီးကြေးနန်းဝါယာ အထဲမှာစီးမျောချင်ပါတယ်။ အဲ့ဒီအချိန်ကစပြီး
အိုင်စတိုင်းကိုယ့်ကိုကိုယ်ပြန်မေးခဲ့တာ တွေပာာ နောက် ၁ဝနှစ်အထိ သူ့ဘဝကိုစိုးမိုးခဲ့ပါတယ်။ ” အလင်းတန်းပာာဘာနဲ့တူမလဲ?” ” အလင်းသာလှိူင်းဖြစ်ခဲ့မယ်ဆိုရင် အလင်း
တန်းပာာ ငြိမ်နေရမယ်” အဲ့ဒါတွေနဲ့ပဲအိုင်းစတိုင်း ဝရောဓိ၊သမ္မုတိဝရောဓိ ဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ အိုင်စတိုင်းသူ့ရဲ့ပထမဆုံး “scientific paper” ကိုရေးသားခဲ့ပါတယ်။
(“The Investigation of the State of Aether in Magnetic Fields”)လို့နာမည်ပေးခဲ့ပါတယ်။
အိုင်စတိုင်း ပညာရေးပာာ သူ့အဖေ ပာာမန်းအိုင်းစတိုင်း ရဲ့စီးပွားရေးမအောင်မြင်မှူတွေကြောင့် ရပ်နားခဲ့ရပါတယ်။ နောက်ဆုံးသူ့အဖေပာာ ၁၉၈၄ ခုနှစ်မှာ
Munich မြို့ကိုမီးလင်းစေဖို့တာဝန် ကျဆုံးခဲ့တာမို့ Milan မြို့ကိုပြောင်းပြီးအမျိုးတွေနဲ့အတူအလုပ်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ စစ်ကလဲစဖြစ်လာတော့ ကျောင်းကထွက်လိုက်ရပါတယ်။
အလုပ်လုပ်ဖို့ကလဲ သူ့မှာအရည်ချင်းမရှိသေးပါဘူး။သူ့ဘဝအတွက်ဘယ်သူမှ အာမမခံနိင်တဲ့အခြေနေပါ။ဒါပေမဲ့ကံကောင်းချင်တော့ အိုင်စတိုင်းပာာ Eidgenössische Polytechnische
Schule (“Swiss Federal Polytechnic School”; in 1911, following expansion in 1909 to full university status, it was renamed the Eidgenössische Technische Hochschule,
or “Swiss Federal Institute of Technology”)ဆိုတဲ့ကျောင်းကို အထက်တန်းကျောင်း ဒီပလိုမာမရှိပဲတိုက်ရိုက်တက်ရောက်နိင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သူ့ရဲ့ Maths နဲ့ Physics
အမှတ်တွေက အရမ်းကောင်းနေလို့ပါပဲ၊သို့သော် French, chemistry, and biology မှာတော့သူအမြဲကျပါတယ်။ဘာလိုပဲဖြစ်ဖြစ် သူ့ရဲ့ Maths အမှတ်တွေက သူ့ကိုကျောင်းတက်နိင်
အောင်ကူညီပေးခဲ့ပါတယ်။

General Relativity

အိုင်စတိုင်းရဲ့ Relativity သီအိုရီကို Physics အသိုင်းဝိုင်းကလုံးဝလက်မခံခဲ့ပါဘူး။လစ်လျူရှခံခဲ့ရပါတယ်။ဒါပေမဲ့ သူ့ဆီကို စိတ်ဝင်စားပါတယ်ဆိုတဲ့စာတစ်စောင်ရောက်လာ
ခဲ့ပါတယ်။နောက်ပိုင်းမှာတော့စာပို့တဲ့လူပာာလဲ Physics လောကကိုစိုးမိုးနိင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အခြားသူမပာုတ်ပါဘူး Quantum Theory ကိုတွေ့ရှိခဲ့တဲ့လူပါ။Max Planck
လို့ခေါ်ပါတယ်။နောက်ပိုင်းမှာတော့ Plack ရဲ့ ချီးကျူးတဲ့သုံးသပ်ချက်နဲ့အတူ Relativity ကိုတဖြေးဖြေးခြင်းလက်ခံလာကြပါတယ်။အိုင်စတိုင်းလဲ International Meeting သို့ှဖိတ်ကြားခြင်းခံခဲ့
ရပါတယ်။ဒီလိုနဲ့အရမ်းအောင်မြင်လာပါတယ်။ကျောင်းတွေကလဲအရာရှိအဖြစ်ကမ်းလှမ်းလာခဲ့ပါတယ်။ဖော်ပြ၇ရင်တော့ University of Zürich, the University of Prague, the Swiss Federal
Institute of Technology, and the University of Berlin တို့ပဲဖြစ်ပါတယ်။
အိုင်စတိုင်း ရဲ့ကျော်ကြားမှူပာာပျံ့နှံ့ခဲ့သော်လည်း မိန်းမနဲ့ကွဲခဲ့ပါတယ်။ အိုင်စတိုင်းပာာတစ်ချိန်လုံးလမ်းမပေါ်မှာပဲအချိန်ကုန်နေပြီး International Conferences တွေမှာပဲမိန့်ခွန်း
ပြောရင်းအချိန်ကုန်ခဲ့ရပါတယ်။သူနဲ့သူမိန်းမပာာ အမြဲတမ်းသူတို့ကလေးတွေနဲ့ပက်သတ်လို့ အိမ်ဝင်ငွေနဲ့ပတ်သက်လို့ရန်ဖြစ်နေကျပါ။လင်မယားကွဲပြီးနောက်ပိုင်းမှာတော့ ဝမ်းကွဲဖြစ်တဲ့
Elsa Löwenthal နဲ့လက်ထပ်ခဲ့ပါတယ်။ပထမမိန်းမနဲ့ ၁၉၁၉မှာတရားဝင်ကွာရှင်းခဲ့ပြီး Nobel ဆုရခဲ့ရင် ပိုက်ဆံပေးဖို့ကိုလဲသဘောတူခဲ့ပါတယ်။
လေးနက်တဲ့အတွေးတစ်ခုက အိုင်စတိုင်း ကို ၁၉၀၅ ကနေ ၁၉၁၅ လောက်အထိ ခေါင်းစားစေခဲ့ပါတယ်။ သူ့အတွေးကို English လိုပဲဖော်ပြပေးလိုက်ပါတယ်။If a disk is spinning,
its rim travels faster than its centre, and hence (by special relativity) metre sticks placed on its circumference should shrink. This meant that Euclidean plane geometry
must fail for the diskဆိုတဲ့အတွေးလေးပါ။နိုဝင်ဘာ ၁၉၁၅ မှာတော့ Theory of relativity ကိုလုံးဝအဆုံးသတ်နိင်ခဲ့ပါတယ်။Theory of relativity ပာာသူ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာလဲဖြစ်ပါတယ်။

အတည်ပြုချက်နောက်ကျခြင်း

အိုင်စတိုင်းရဲ့အလုပ်တွေပာာ World War  I ကြောင့်နှောင့်နှေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်း သူပာာ ဂျာမနီစစ်တပ်ထဲဝင်ခြင်းကို့ ဆန်ကျင့်သောထုတ်ပြန်ချက်စာတွင် လက်မှတ်ထိုးခဲ့သောလေး
ယောက်ထဲမှတစ်ယောက်ဖြစ်ပါသည်။သူ့ကိုနောက်ပိုင်းမှာ နေရာအနှံ့ကဖိတ်ကြားစာတွေရခဲ့ပြီး ၁၉၂၁ မှာ ပထမဆုံးနိင်ငံပတ်တဲ့ ပညာရှင်ဖြစ်ခဲ့ပါတယ်။United States, England, Japan, and France အထိ
သွားရောက်ပောာပြောခဲ့ပါတယ်။သူဘယ်ကိုပဲသွားသွား ပရိတ်သတ်ကထောင်ချီပါတယ်။ Japan မှာပောာပြောနေတုန်းမှာပဲ Nobel Prize for Physics ဆိုပြီးစာရောက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲ သူပြောမယ့်
Photoelectric effect အစား relativity ကိုသာပောာပြောခဲ့ပါတယ်။
သူကယ်လီဖိုးနီးယားကိုရောက်တယ့်အချိန်မှာတော့ Hollywood ကနေပြီး သူ့ကို ပာာသသရုပ်ဆောင်ချာလီချာပလင် နဲ့အတူတူထွက်ဘို့ကမ်းလှမ်းခဲ့ပါတယ်။ လူထောင်ပေါင်းများစွာကတိုးဝှေ့ကြည့်
တဲ့အချိန်မှာ ချာလီချာပလင်က အိုင်စတိုင်းကို ” လူတွေက ငါပာာသ လုပ်တာကိုနားလည်လို့အားပေးကြတယ်။ မင်းကိုတော့ မင်းပြောတာတွေတစ်ခုမှနားမလည်လို့ အားပေးကြတယ်” ပာုပြောခဲ့ပါတယ်။ အိုင်းစတိုင်း
က” ခင်ဗျားဘာပြောတာလဲလို့ ” နားမလည်စွာနဲ့ပြန်မေးတော့ ချာလီက ” ဘာမှမပာုတ်ပါဘူး” လို့ပြန်ဖြေခဲ့ပါတယ်။သူတို့ပြောတာကိုတိုက်ရိုက်ဖတ် နိင်အောင်လဲဖော်ပြပေးလိုက်ပါတယ်။Chaplin remarked, “The
people applaud me because everybody understands me, and they applaud you because no one understands you.” Einstein asked Chaplin, “What does it all mean?” Chaplin replied, “Nothing.”
ပာုတ်ပါတယ် အဲ့ခေတ်မပြောနဲ့ ခုခေတ်ကျွန်တော်တို့တောင်လိုက်မမှီပါဘူး အရမ်းကိုလေးနက်လွန်းလှတဲ့ Theory ပါ။

အိုင်စတိုင်းအမေရိကန်သို့ရောက်ရှိခြင်း

အိုင်စတိုင်ရဲ့အောင်မြင်မှူကြီးထွားမှူနှင့်ကျော်စောမှူတို့ကြောင့် သူရဲ့ သီအိုရီပာာ နိင်ငံရေးတုန့်ပြန်မှူများလည်းရှိလာခဲ့ပါတယ်။အထူးသဖြင့် နာဇီအစိုးရကရှုံ့ချခဲ့ပါတယ် အဘယ်ကြောင့်ဆိုသော် အိုင်းစတိုင်းက
ဂျူးသွေးပါနေသောကြောင့်ဖြစ်ပါသည်။ထိုအချိန်က နာဇီ နှင့် ဂျူးများသည် မပာာရန်ဖက်များဖြစ်ခဲ့သည်။  ပာစ်တလာဦးစီးသော နာဇီမှ အိုင်စတိုင်းအား ဂျာမန်အဖြစ်မသတ်မှတ် ဂျူးပညာရှင်အဖြစ်သာ တံဆိပ်ခတ်ခဲ့သည်။
နောက်ပိုင်းတွင် အစည်းဝေးများကျင်းပပြီး အိုင်စတိုင်း သီအိုရီအားဆန့်ကျင့်ခဲ့ပါသည်။ စာရေးဆရာ အယောက် ၁၀ဝ တိတိမှာအိုင်စတိုင်းအား ကန့်ကွက်ဆန့်ကျင်သည့်စာအုပ်ကိုလည်း ၁၉၃၁ တွင်ထုတ်ဝေခဲ့ပြန်သည်။
အိုင်စတိုင်း အားထိုအပေါ်ထင်မြင်ချက်တောင်းသောအခါ သူရဲ့သီအိုရီလေး ၁ခုကို ဆန့်ကျင်ဖို့ ပညာရှင်အယောက် ၁၀ဝ မလိုပါဘူး အချက်လေး ၁ချက်ပဲလိုတာပါ ပာုပြန်ပြောခဲ့ပါသည်။English လိုလည်းဖော်ပြပေးလိုက်ပါရစေ။
“To defeat relativity one did not need the word of 100 scientists, just one fact.” December 1932 တွင်မှူအိုင်စတိုင်းအနေဖြင့် ဂျာမနီတွင် မနေထိုင်လိုတော့ပဲ တစ်သက်လုံးပြန်မလာတော့ပဲထွက်သွားရန်ဆုံးဖြတ်ခဲ့သည်။
နာဇီ အဖွဲ့မှ နောက်မကြာမှီ Magazine တစ်အုပ်ထွက်ပေါ်လာခဲ့သည်။မျက်နှာဖုံးပေါ်တွင် အိုင်စတိုင်းပုံနှင့် ” ခုထိတော့ကြိုးမပေးခံရသေးဘူး” ပာုသောစာသားဖြင့်ထုတ်ဝေခဲ့ပြန်သည်။ အိုင်းစတိုင်းရဲ့ခေါင်းပေါ်တွင် ဈေးနှုူန်းပင်ကပ်ထား
လိုက်သေးသည်။ထိုနောက်တွင်မှူ အိုင်စတိုင်း အမေရိကန်သို့ထွက်ခွာသွားခဲ့သည်။ အမေရိကန်သို့ရောက်သောအခါ အမေရိကားမှာ Hero Welcome အဖြစ်လက်ခံခဲ့ပြီး အထူးကြိုဆိုခဲ့သည်။

အိုင်းစတိုင်းဝမ်းနည်းမှူများ

၁၉၃ဝ ခုနှစ်သည် အိုင်စတိုင်းအတွက်ကံဆိုးသောနှစ်ဖြစ်ခဲ့သည်။ အိုင်စတိုင်း သား Eduard စိတ်ကျရောဂါဖြစ်ခဲ့သည်။ အိုင်းစတိုင်း သီအိုရီကို တိုးတက်အောင်ကူညီပေးခဲ့သော အခင်ဆုံးသူငယ်ချင်း Paul Ehrenfest သည် ၁၉၃၃
တွင်မိမိကိုယ်ကိုသတ်သေခဲ့သည်။ အိုင်စတိုင်းအား အလွန်ချစ်သော ဇနီး Elsa သည်လည်း ၁၉၃၆ တွင်ကွယ်လွန်ခဲ့သည်။
၁၉၃ဝ နောက်ပိုင်းတွင် အိုင်စတိုင်းသီအိုရီဖြစ်သော E=mc2 အား atomic bomb အဖြစ်ဖန်တီးနိင်မည်ပာု Physicists များကသုံးသပ်လာကျသည်။ 1920 လောက်က အိုင်စတိုင်းကိုယ်တိုင်လည်းစဉ်းစားခဲ့ဘူးပါသည်။၁၉၃၈-၃၉တွင်
Otto Hahn, Fritz Strassmann, Lise Meitner နှင့် Otto Frisch တို့မှ ယူရေနီယမ် အက်တမ်အား ခွဲခြင်းဖြင့် အလွန်အင်အားကြီးသောအရာတစ်ခုဖြစ်နိင်သည်ပာုထောက်ပြနိင်ခဲ့သည်။ ထိုသတင်းကိုလည်း Physics community သို့တင်ပြခဲ့သည်။
October  ၁၁ တွင် အမေရိကန်President ဆီသို့ အိုင်စတိုင်းမှစာပို့ခဲ့ပြီး October ၁၉ တွင် President မှ စမ်းသပ်ရန်အဖွဲ့တစ်ဖွဲ့အားဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းစားပြန်ခဲ့သည်။ အမေရိကန် တွင်အမြဲနေထိုင်ခွင့်ကို ၁၉၃၅တွင်ရခဲ့ပြီး နိင်ငံသားခံယူခွင့်ကို
၁၉၄ဝ တွင်၇ရှိခဲ့သည်။ အိုင်စတိုင်း အား အမေရိကန် ရေတပ်မှ လက်နက်သစ်များ ဒီဇိုင်းဆွဲရာတွင်အကူညီပေးရန်ကမ်းလှမ်းခဲ့သည်။အို်င်စတိုင်းမှလည်း လစာပင်မယူပဲကူညီခဲ့သည်။သို့သော် အိုင်စတိုင်းလက်ရေးမှူနှင့်ရေးသားထားသော သီအိုရီများကို
ကော်ပီးကူးပြီး ဒေါ်လာ ၆ မီလျှံခွဲဖြစ်ရောင်းချခဲ့သည်။ ထိုစာရွက်ကို Library of Congress ယနေ့တိုင်လေ့လာနိင်ပါသည်။
ဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ အိုင်စတိုင်းသည် အက်တမ်းဗုံးအား ထိန်းချုပ်ရေးအဖွဲ့တွင်ပါဝင်သော်လည်း ခရီးထွက်စဉ်မှ သမိုင်းဝင်ဗုံးကြီး ဂျပန်နိင်ငံပေါ်သို့ ကြဲချလိုက်ကြောင်းသိရှိရခြင်းဖြစ်သည်။(နောက်အပတ်တွင်ရွာသားများအတွက်
ထိုဖြစ်ရပ်အား ဖော်ပြပေးပါမည်။)အိုင်စတိုင်းသည်နောက်ပိုင်းတွင် စစ်ဆန့်ကျင်ရေးများတွင်တက်ကြွစွာပါဝင်ခဲ့ပြီး အမေရိကန် လူမည်းများအတွက်လည်း လူသားအခွင့်ရေးများပိုမို၇ရှိရန် Plan များဆွဲခဲ့ပါသည်။သေချာသည်မှာအိုင်စတိုင်းသည် သူရဲ့သီအိုရီ
များသည် အလွန်အစွမ်းထက်သော လူသတ်လက်နက်များဖြစ်လာမည်ကို မလိုလားသည်မှာအမှန်ပင်ဖြစ်ပါသည်။
အို်င်စတိုင်းသည်April 18, 1955, Princeton, N.J., U.S ပင်ကွယ်လွန်ခဲ့ပါသည်။

(စိတ်ရှည်လက်ရှည်ဖတ်ပေးတယ့်ရွာသူရွာသားများကိုလဲကျေးဇူးတင်ပါတယ်။ကျွန်တော်လည်း တော်တော် Data တွေစုပြီးရေးထားတာပါ။နောက်အပတ်တွေမှာလည်း တစ်ခြားအကြောင်းတွေရေးနိင်အောင်တွေးနေပါကြောင်း………………………..)

15 comments

  • kyeemite

    January 17, 2012 at 2:39 pm

    အားပါးပါး..တော်တော်ရှာဖွေထားတာဘဲ..လေးစားပါတယ်ဗျာ..
    ကျွန်တော်အကြိက်ဆုံး လူပုဂ္ဂိုလ် တွေထဲမှာ အိုင်စတိုင်းလဲ ပါတယ်..
    ယုံကြည်မှု့နဲ့ ပါတ်သက်လို့ အိုင်စတိုင်းက ဒီလိုပြောဘူးတယ်…
    လူတစ်ယောက်ရဲ့ကံကျမ္မာကိုဝင်ရောက်ပါတ်သက်နေတဲ့ ဘုရားသခင် ကိုကျုပ်မယုံဘူး..
    ညွှန်ပြတဲ့ ဘုရားသခင်ကိုသာယုံကြည်တယ်တဲ့…ဆိုတော့ကာမယ်..
    ဗုဒ်ဓရှင်တော်လိုပုဂ္ဂိုလ် ကိုယုံတယ်ဆိုတဲ့သဘောဘဲမဟုတ်လား..
    ဖတ်ဖူးတာလေးဝင်ပြောကြည့်တာပါ…အားပေးဖတ်ရှု့သွားပါတယ်

    • Wai Phyoe

      January 18, 2012 at 2:28 pm

      ပာုတ်ပါတယ် ကျွန်တော်လဲသူ့ကိုအတော်လေးစားတာပါ။ အလွန်တော်တဲ့ လူပါ။ အားပေးသွားတာကိုလဲကျေးဇူးတင်ပါကြောင်း

  • kai

    January 17, 2012 at 3:10 pm

    The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism.
    Albert Einstein (14 March 1879 – 18 April 1955)
    http://tricycleblog.wordpress.com/2007/10/26/einsteins-quotes-on-buddhism/

  • koyinmaung

    January 17, 2012 at 3:15 pm

    အိုင်းစတိုင်းရဲ့ဘဝအကြောင်း
    ပိုပြီးပြည့်ပြည့်စုံစုံရေးပေးပါလား
    စိတ်ဝင်စားလို့ပါ…
    အားပေးသွားပါတယ်

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:31 pm

    အိုင်းစတိုင်းအကြောင်း..စုဆောင်းထားချက်ကတော့ ရှယ်ပါ
    များများရေးနိုင်ပါစေ
    ဆွေးနွေးဖို ့တော့..ဘာမှမသိလို ့.ခွလွတ်ပါဗျ

  • windtalker

    January 17, 2012 at 7:56 pm

    အိုင်းစတိုင်း သေတော့ သူ ့ဦးဏှောက်ကို ခွဲပြီး ထုတ်ယူထားကြတယ် ဆိုတာ ဟုတ်သလား ဗျ

  • အိုင်းစတိုင်း (Albert Einstein) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က ဖွားမြင်ခဲ့ပါသည်။ သူ၏ မိဘများသည် ရေဝတီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြပါသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္တဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။

    ငယ်ဘဝ
    အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက်(၁၀)နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။

    အိုင်းစတိုင်းနှင့် သချင်္ာ

    သူသည် သချင်္ာဘာသာရပ်တွင် အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသချင်္ာနှင့် ဂျီဩမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သချင်္ာပညာတွင် ဆရာများအံ့ဩလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။

    ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် (၁၅)နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။

    အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သချင်္ာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ(ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သချင်္ာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်ပြင်ဆင်ဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ် ပြင်ဆင်ခဲ့လေသည်။

    သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀ဝ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။

    လုပ်ငန်းခွင် ဝင်ခြင်း

    ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။

    Relativity Theory

    အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးတွေရဲ့ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory)ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ရေဝတီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။

    သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သချင်္ာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီသည် သချင်္ာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။

    ၁၉၁ဝ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁ဝ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကျည်းနေသော ချက်လူမျိုးများနှင့် ရေဝတီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ရေဝတီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။

    ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။

    ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျ ရီလေတီဗတီ သီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလို်က်လေသည်။

    ၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။

    သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး(သို့)အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။

    ခေါင်းထဲများများစားစား မရှိတဲ့သူဟာ အဝတ်အစားကောင်းကောင်းဝတ်ပြီး ပြန်ထရတယ်။

    အထက်ပါစကားစုကို ပြောကြားခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) ပင် ဖြစ်ပါသည်။ အိုင်စတိုင်း၏ စကားကို ပြောင်းပြန် ပြန်၍ စဉ်းစာကြည့်မည်ဆိုပါက ခေါင်းထဲ များများစားစားရှိသူ (ပညာရှိသူ) သည် အဝတ်အစားကောင်းကောင်းကို ဂရုမစိုက်ဟု ဆိုလိုရာရောက်ပါသည်။

    မှန်ပါသည်။ ၂၀-ရာစုခေတ်၏ဉာဏ်ပညာအကြီးဆုံးသူဟု သတ်မှတ်ခံထားရသူ အိုင်စတိုင်းသည် သူ့စကားအတိုင်း အဝတ်အစား ဂုဏ်ပကာသနကို မမက်မောဘဲ ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့သူပင် ဖြစ်ပါသည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ဆံပင်စုတ်ဖွားနှင့် တွေ့ရပါမည်။ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ခြင်း မရှိသောကြောင့် ညှင်းသိုးသိုးအသွင်ကို တွေ့မြင်ရပါသည်။ ခန္ဓာကိုမှာလည်း ပုပုသေးသေး ဖြစ်ရကား အထင်ကြီးစရာ တစက်မှ မရှိပါချေ။

    တခါသော် ဘယ်လ်ဂျီယံ ဘုရင်မကြီးသည် အိုင်စတိုင်းအား အထူးဧည့်သည်တော်အဖြစ် သူ့တိုင်းပြည်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောနေ့တွင် ဇိမ်ခံကားကြီးနှင့် အတူ ကြိုဆိုရေး အဖွဲ့ကို ဘူတာရုံသို့ စေလွှတ်လိုက်ပါသည်။ ရထားဆိုက်ရောက်သောအခါ ကြိုဆိုရေးအဖွဲ့ဝင်များသည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအား သဲကြီးမဲကြီး ရှာဖွေကြပါသည်။ သူတို့သည် အိုင်စတိုင်းကို မတွေ့ကြပါ။ ထိုအချိန်တွင် အိုင်စတိုင်းသည် အဝတ်အစား ခပ်နွမ်းနွမ်းကိုဝတ်ကာ သူ၏လက်ဆွဲသေတ္တာနှင့် တယောအိတ်လေးကို ဆွဲရင်း လမ်းလျှောက်သွားနေပါသည်။ နန်းတော်ကို လမ်းလျှောက်လာသော အိုင်းစတိုင်းကို ဘုရင်မကြီးက-ဘာကြောင့် ကားဖြင့်မလာဘဲ လမ်းလျှောက်လာရပါသနည်း-ဟုမေးမြန်းသောအခါ အိုင်စတိုင်းက လမ်းလျှောက်တာပဲ ကောင်းပါတယ် ဘုရင်မကြီး-ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

    အိုင်စတိုင်းသည် သူ့ဘဝတလျှောက်တွင် လန်ချား ဘယ်အခါမျှ မစီးခဲ့ချေ။ လူကို လူက စီးရသောလန်ချားကို မစီးလိုဟု အမြဲ ငြင်းပယ်ခဲ့လေသည်။ ဤသို့ အနေအထိုင် ရိုးသား၍ အတွေးအခေါ် ခေတ်မီသော အိုင်စတိုင်း၏ဘဝမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

    အိုင်စတိုင်းအား ၁၈၇၉-ခု မတ်လ ၁၄-ရက်နေ့တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ၈၇-မိုင် ကွာဝေးသော အမ်း (Uim) မြို့တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင် ဟာမင်အိုင်စတိုင်းသည် လျှပ်စစ်ပစ္စည်းများကို ရောင်းချသောအလုပ်ဖြင့် အသက်မွေးပါသည်။ မိခင်မှာ ပေါ်လင်းအိုင်စတိုင်း ဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ ဂျူးလူမျိုးများ ဖြစ်ကြပါသည်။ အိုင်စတိုင်းလေးသည် အသက် ၃-နှစ်သား ရောက်သည်အထိ စကားမပြောတတ်သေးချေ။ ထို့ကြောင့် မိဘတို့မှာ ဆွံ့အနားမကြား ဖြစ်မည်ကိုပင် စိုးရိမ်ခဲ့ရလေသည်။

    ကျောင်းနေအရွယ် ရောက်ပြန်သောအခါ အိုင်စတိုင်းသည် အလွန်စာညံ့လေသည်။ ကျောင်းတွင်အညံ့ဆုံး ကျောင်းသားတယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ အိုင်စတိုင်း၏ ပထမဆုံးသော သိပ္ပံအတွေ့အကြုံမှာ အသက် ၅-နှစ်အရွယ်တွင် စတင်ခဲ့ပါသည်။ သူ့ဖခင်သည် ၅-နှစ်သားအရွယ် အိုင်စတိုင်းလေးကို သံလိုက်အိမ်မြှောင်တခု ဝယ်ပေးခဲ့ပါသည်။ အိုင်စတိုင်းသည် ယင်းပစ္စည်းအကြောင်းကို မေးလိုက်သည်မှာ မဆုံးတော့ချေ။ သံလိုက်ဓာတ်အကြောင်းနှင့် ကမ္ဘာ့ဆွဲအားအကြောင်းကို အိုင်စတိုင်း အလွန်စိတ်ဝင်စား သွားပါသည်။ ထိုအချိန်မှစ၍ သိပ္ပံကျမ်းများ လေ့လာဖတ်ရှုပါတော့သည်။

    အသက် ၁၀-နှစ်တွင် အိုင်စတိုင်းသည် မြူးနစ်မြို့ရှိ တက္ကသိုလ်ဝင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြား ခဲ့ပါသည်။ ထိုကျောင်းတွင် အိုင်စတိုင်းသည် လက်တင်ဘာသာ၊ ဂရိဘာသာနှင့် သမိုင်းဘာသာတို့တွင် အမှတ်နည်းသလောက် သချင်္ာဘာသာတွင်မူ ထူးချွန်ခဲ့လေသည်။ အသက် ၁၆-နှစ်တွင် အိုင်စတိုင်းသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ စက်မှုလက်မှုတက္ကသိုလ်တွင် ဝင်ခွင့်ဖြေဆိုခဲ့ပါသည်။ ဝင်ခွင့်စာမေးပွဲ ကျရှုံးသဖြင့် အခြားတက္ကသိုလ်တခုသို့ ပြောင်းရွှေ့ဖြေဆိုမှသာ အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အိုင်စတိုင်းသည် ရုံးတရုံတွင် စာရေးအလုပ် ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေးကို ဖြေရှင်းခဲ့ရပါသည်။ ရုံးအလုပ်ပြီးသော အချိန်တွင်မူ သူဝါသနာပါသော ရူပဗေဒပညာကို လေ့လာလိုက်စားခဲ့ပါသည်။ ထို့ကြောင့် အသက် ၂၆-နှစ်တွင် အိုင်စတိုင်းသည် အလွန်ထင်ရှားသော စာတမ်းကြီး ၅-စောင်ကို တင်သွင်းနိုင်ခဲ့ပါသည်။

    ပထမစာတမ်းမှာ မော်လီကျူးတို့၏ အရွယ်အစားတိုင်းတာခြင်း သဘောတရားစာတမ်းဖြစ်ပြီး ထိုစာတမ်းကြောင့် အိုင်စတိုင်းသည် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ဒုတိယစာတမ်းမှာ အလင်းလျှပ်စစ် သဘောတရား (Photoelectric effect)အကြောင်းဖြစ်ပြီး ထိုစာတမ်းကြောင့်ပင် အိုင်စတိုင်းသည် ၁၉၂၁-ခုအတွက် ရူပဗေဒ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ တတိယစာတမ်းမှာ ဘရောင်းရွေ့လျားမှု သီအိုရီ (Theory of Brownian motion) ဖြစ်ပြီး မော်လီကျူးတို့၏ အလေးချိန်ကို လက်တွေ့တိုင်းတာပြခဲ့ပါသည်။

    ၁၉၀၅-ခုတွင် အိုင်စတိုင်းသည် စတုတ္ထစာတမ်းအဖြစ် နှိုင်းရသီအိုရီ (Relativity Theory) ကို တင်ပြခဲ့ပါသည်။ ထိုသီအိုရီသည် သိပ္ပံလောကတခုလုံးကို ကိုင်လှုပ်နိုင်လောက်အောင် ကျော်ကြားပြီး လေးစားစေသော သီအိုရီပင် ဖြစ်ပါသည်။ သူ၏ သီအိုရီအရ အရာဝတ္ထုတခုကို တိုင်းတာရာ၌ အလျား၊ အနံ၊ အမြင့်တို့ကိုသာမက အချိန်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ သို့သော် ၎င်းအရာများ အားလုံးမှာ အနှိုင်းသဘောသာဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့ပါသည်။

    တဖန် ၁၉၁၅-ခုတွင် အိုင်စတိုင်းသည် အထူးနှိုင်းရ သီအိုရီ (Special Relativity Theory) ကို ထပ်မံတင်ပြ လိုက်ပြန်ပါသည်။ ထိုသီအိုရီအရ ဒြပ်နှင့်စွမ်းအင်သည် အတူတူပင်ဖြစ်ပြီး ဒြပ်တို့ကို ဖြိုခွဲပါက ကြီးမားသော စွမ်းအင်ရနိုင်ကြောင်းကို E=me 2 ညီမျှခြင်းဖြင့် ရှင်းပြနိုင်ခဲ့ပါသည်။ ထိုသီအိုရီသည် အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် အခြေခံအချက်အလက်များကို မွေးဖွားပေးလိုက်သော သီအိုရီပင် ဖြစ်ပါသည်။

    ထို့ပြင် အိုင်စတိုင်းသည် ကမ္ဘာ့ဆွဲအားအတွင်း ဝင်ရောက်လာသော အလင်းသည် ကမ္ဘာ့ဆွဲအားကြောင့် ကောက်ကွေးသွားရမည်ဟု တင်ပြခဲ့သည်။ သူ့အယူအဆကိုလည်း ကိန်းဂဏန်းအတိအကျဖြင့် တွက်ပြခဲ့ပါသည်။ ၁၉၁၄-ခုတွင် ရုရှနိုင်ငံ၌ နေကြတ်သောအခါ ဂျာမနီမှ သိပ္ပံပညာရှင်များသည် ရုရှသို့သွားရောက်ပြီး အိုင်စတိုင်း ဟောကိန်း မှန်မမှန် စမ်းသပ်ရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် ပထမကမ္ဘာစစ်ဖြစ်လာ၍ ထိုအကြံ မအောင်မြင်ခဲ့ပါ။ စစ်ကြီးအပြီး ၁၉၁၉-တွင် အင်္ဂလိပ်ရူပဗေဒ ပညာရှင်များသည် နေကြတ်သော အနောက်အာဖရိကသို့ သွားရောက်ပြီး လက်တွေ့စူးစမ်းခဲ့ကြပါသည်။ ထိုအခါ သူတို့သည် အိုင်စတိုင်း ခန့်မှန်းသည့်အတိုင်း အလင်းရောင် တကယ်ကွေ့သွားသည်ကို တွေ့မြင်ခဲ့ကြပါသည်။ ထိုအလင်းကွေ့နှုန်းမှာလည်း အိုင်စတိုင်း ကြိုတင်တွက်ပြထားသည့်နှုန်းပင်ဖြစ်ကြောင်း တအံ့တဩ တွေ့ရှိခဲ့ကြပါသည်။

    ထိုအချိန်တွင် အိုင်စတိုင်း၏ အမည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ ၁၉၁၀-တွင် အိုင်စတိုင်းသည် ဂျာမန်တက္ကသိုလ် တခုတွင် ပါမောက္ခရာထူးကို ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၁၂-တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အကယ်ဒမီကျောင်းတွင် အချိန်ပြည့် ပါမောက္ခရာထူးကိုလည်းကောင်း၊ ၁၉၁၄-တွင် ပရပ်ရှင်း သိပ္ပံအကယ်ဒမီတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

    ပထမကမ္ဘာစစ်ပြီးနောက် သိပ်မကြာခင်မှာပင် ဂျာမနီ၌ ဟစ်တလာ အာဏာရလာလေသည်။ ဟစ်တလာ၏ ဝါဒမှာ ဂျူးမုန်းတီးရေးဖြစ်ရကား ဂျူးလူမျိုးဖြစ်သော အိုင်စတိုင်းသည် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ ပါသည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ ကမ္ဘာ့လူသားအများစုသည် ဟစ်တလာ၏လက်ထဲ အဏုမြုဗုံး ထုတ်လုပ်သည့် နည်းပညာများ ရောက်သွားမည်ကို စိုးရိမ်လာကြသည်။ ထို့ကြောင့် အိုင်စတိုင်းသည် အမေရိကန်သမ္မတ ရုစဗဲ့ ထံသို့ ဂျာမန်တို့ထက်အရင် အဏုမြူဗုံး ပြုလုပ်သင့်ကြောင်း စာရေးသားတိုက်တွန်း ခဲ့ရပါသည်။ အိုင်စတိုင်း၏ စာကြောင့်ပင် မန်ဟက်တန် စီမံကိန်း ပေါ်ပေါက်လာပြီး အမေရိကန်တို့ အဏုမြူဗုံး ထုတ်လုပ်ကာ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။

    စစ်ကြီးပြီးသောအခါ အိုင်စတိုင်းသည် သိပ္ပံပညာရှင်တယောက်၏ ဘဝထက် ငြိမ်းချမ်းရေးသမားတယောက် အဖြစ် ပိုမိုထင်ရှားလာပါသည်။ လက်နက်ဖျက်သိမ်းရေး၊ ကမ္ဘာ့ငြိ်မ်းချမ်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ ဂျူးလူမျိုးတို့ စုဝေးနေထိုင်သော အစ္စရေးနိုင်ငံ ပေါ်ပေါက်လာသောအခါ အိုင်စတိုင်းအား သမ္မတလုပ်ရန် တိုက်တွန်းကြပါသည်။ သို့သော် ရိုးရိုးအေးအေးသာ နေတတ်သော အိုင်စတိုင်းသည် သမ္မတရာထူးကို ငြင်းပယ်ခဲ့ပါသည်။(အကျယ်တဝင့် လေ့လာလိုပါက ဆန်းလွင်ရေးသားသော အိုင်စတိုင်း အတ္ထုပ္ပတ္တိကို ရှာဖွေ ဖတ်ရှုစေလိုပါသည်။)[1]

    သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက် ၇၆-နှစ်အရွယ်တွင် သွေးကြောပေါက်ကွဲသော ရောဂါဖြင့် ပရင်စတန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပါသည်။ သူ့အလောင်းကို သင်္ဂြိုဟ်သောအခါ ဆေးပညာရှင်တို့က သူ့ဦးနှောက်အား အဘယ်အကြောင်းကြောင့် ဤမျှ ဉာဏ်ကောင်း ရသည်ကို သုတေသနပြုရန် အလှူခံထားခဲ့ကြပါသည်။

    ကိုးကား ။ သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်ဘာလ)

    အိုင်းစတိုင်းက ဘာသာအားလုံးကို လေ့လာပြီး အားလုံးကိုဆွေးနိုင်တယ်တဲ့
    ဒါပေမယ့် သူက ဘယ်ဘာသာကိုမှ မကိုးကွယ်ဘူးလို့ ပြောကြတယ်
    သူ့ကို အာဏာရှင်တစ်ယောက်ယောက်က ဘာသာတစ်ခုခုကို မဖြစ်မနေကိုးကွယ်ခိုင်းမယ်ဆိုရင်
    Budha ဘာသာကို ကိုးကွယ်မယ်လို့ ပြောခဲ့တယ်တဲ့

    အားလုံးကိုခင်တဲ့
    KING

    • windtalker

      January 17, 2012 at 10:04 pm

      အိုက်ယား
      စုံစေ့နေတာဘဲ အင်းကူးရေ
      “ ဘာသာတစ်ခုခု ကို မဖြစ်မနေ ကိုးကွယ်ရမယ်ဆိုရင် ဗုဒ္ဓဘာသာ ကို ကိုးကွယ် မယ် ဆိုတာ ” ကို အခုမှ သိရတယ်ဗျာ

    • koyinmaung

      January 18, 2012 at 10:18 am

      ခုလိုပြည့်ပြည့်စုံစုံရေးပြပေးတဲ့
      မစ္စတာကင်းကိုကျေးဇူးတင်ပါတယ်….

  • kai

    January 18, 2012 at 1:07 am

    အချက်အလက်တချို့ပိုတိကျအောင် တင်ပေးလိုက်တာပါ..။
    ၁)အိုင်စတိုင်းကိုးကွယ်ရာဘာသာရှိပါတယ်..။
    ၂) သူ့ဦးနှောက်ကို .. ရီဆပ်ရှ်လုပ်ဖို့ သိမ်းသွားတာ ဟုတ်ပါတယ်..။
    =
    Albert Einstein’s religious views have been studied due to his sometimes apparently ambiguous statements and writings on the subject. He believed in the God of Baruch Spinoza, but not in a personal God, a belief which he criticized. He also called himself an agnostic, and criticized atheism, preferring he said “an attitude of humility.”
    ==
    Albert Einstein’s brain has often been a subject of research and speculation. Einstein’s brain was removed within seven hours of his death. The brain has attracted attention because of Einstein’s reputation for being one of the foremost geniuses of the 20th century, and apparent regularities or irregularities in the brain have been used to support various ideas about correlations in neuroanatomy with general or mathematical intelligence. Scientific studies have suggested that regions involved in speech and language are smaller, while regions involved with numerical and spatial processing are larger. Other studies have suggested an increased number of Glial cells in Einstein’s brain

  • ahnyartamar

    January 18, 2012 at 9:23 am

    Good to read about Albert Einstein.

  • ကြောင်ကြီး

    January 18, 2012 at 9:44 am

    အိုင်းစတိုင်းနဲ့ ပတ်သက်လို့ ရယ်မြူးစရာ အများအပြား ဖတ်ဖူးတယ်။ ပညာရပ်ပိုင်းကို သိပ်ခေါင်းထဲထည့်လွန်းတော့ လူအများနဲ့ ဆက်ဆံတဲ့နေရာ ပုဂ္ဂိုလ်ရေးပိုင်းများမှာ အူကြောင်ကြောင်ဖြစ်လေ့ရှိတယ်။ သူ့ဓာတ်ပုံတွေထဲမှာ လျှာထုတ်ပြောင်ပြနေတဲ့ပုံကို အကြိုက်ဆုံးပဲ။ သူ့နောက်တကောက်ကောက်လိုက် သတင်းယူနေတဲ့ မီဒီယာသမားတွေကို အဲဒါငါပဲကွလို့ လှောင်ပြောင်သရော်လိုက်ဟန်ရှိတယ်။ ဓာတ်ပုံကို ကွန်းမန့်မှာ ထည့်လို့မရလို့ မမြင်ဘူးသေးသူများအတွက် လင့်ခ်ပေးလိုက်တယ်။ http://en.wikipedia.org/wiki/Albert_Einstein_in_popular_culture

  • Wai Phyoe

    January 18, 2012 at 1:10 pm

    အားလုံး ကို Photo တွေအများကြီးမတင်ပေးနိင်လို့တောင်းပန်ပါတယ်။

  • Wai Phyoe

    January 18, 2012 at 1:20 pm

    အိုင်စတိုင်းအကြောင်းပိုသိအောင်ပြောသွားပေးတဲ့သူတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်
    နောက်ဒီထပ်ပို ပြည့်စုံအောင်ကြိုးစားသွားပါအုံးမယ်

  • Mr.Smith

    January 18, 2012 at 2:29 pm

    အခုလိုဗဟုသုတကြွယ်အောင်ရေးပြပေးလို့ကျေးဇူးတင်ပါတယ်

Leave a Reply