မိမိကလေးငယ်အား ကိုယ်တိုင်ခမည်းပေးချင်သူများအတွက်….

koyin sithuJanuary 17, 20121min2166

ခမည်းပေးသည် ဆိုသောဝေါဟာရသည် မြို့ကြီးပြကြီးတွင် နည်းပါးလွန်းသော်လည်း ကျေးလက်ဒေသတွင်မူ ယနေ့တိုင်အောင် ခေတ်စားသော လူသိများသော အကြောင်းအရာ တစ်ခုပင် ဖြစ်လေ၏။ ကလေးများ နေထိုင်မကောင်း ဖြစ်သောအခါတွင်ဖြစ်စေ တငိုငိုနှင့် တအီအီ ဖြစ်နေသောအခါများတွင် ဖြစ်စေ ညဘက်တွင် တညလုံး မအိပ်ပဲ လန့်လန့်နေသော အခါများတွင်ဖြစ်စေ ကလေး၏ မိဘများသည် ထိုကလေးအား ကျန်းမာရေး ကောင်းဖို့ရန်အတွက် ဆရာတော်သံဃာတော်များ၊ သက်ကြီးရွယ်ကြီး ပုဂ္ဂိုလ်များ၊ သီလသမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များထံတွင် ချဉ်းကပ်၍ ရောင်းချ၍ ကလေး၏ ကျန်းမာရေး ကောင်းရန် ဆောင်ရွက်တတ်ကြသည်။

ထိုအယူအဆသည် ယနေ့မျက်မှောက်ခေတ်အထိ လူကြီးသူမများ အသုံးပြုလေ့ရှိ၏။ ထိုအယူအဆနှင့် ပူးတွဲ၍ ခမည်းပေးသည်ဆိုသော ဝေါဟာရသည် တည်ရျိနေလေသည်။

ယခုအခါတွင် ကျွန်ုပ်သည် မြန်မာ့ရိုးရာ ရှေ့ရိုးအယူအဆ တစ်ခုဖြစ်သော ခမည်းပေးခြင်းနှင့် ပါတ်သက်သော အကြောင်းအရာတစ်ခုကို တင်ပြချင်ပါတယ်။

ကလေး၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ မွေးနံဂြိုလ်သက်နှင့် ပေါင်းပါ။ (၇)နှင့်စားပါ။ ရရှိသော အကြွင်းအလိုက် ကလေးအား ခခမည်းပေးခြင်းပင် ဖြစ်လေ၏။

ထိုနေရာ၌ မွေးနံဂြိုဟ်သက်ကိုမူ ပုံသေအတိုင်းမှတ်ထားအပ်လေ၏။

တနင်္ဂနွေ-(၈)
တနင်္လာ-(၁၅)
အင်္ဂါ-(၈)
ဗုဒ္ဓဟူး-(၁၇)
ရာဟု-(၁၂)
ကြာသပတေး-(၁၉)
သောကြာ-(၂၁)
စနေ-(၁၀)

ဥပမာအားဖြင့် ၁၃၇၂-ခုနှစ် မွေးဖွားသော တနင်္လာသားသမီး ကလေးတစ်ဦးကို နမူနာ တွက်ကြည်ကြပါစို့…

မွေးသက္ကရာဇ် ၁၃၃၇+တနင်္လာနေ့မွေးနံဂြိုဟ်သက် ၁၅ ၊ ပေါင်းလိုက်ပါက ၁၃၅၂ ရပါတယ်။ ရရှိထားသော ၁၃၅၂-ကို (၇)နှင့်စား၍ ရရှိလာသော အကြွင်းအတိုင်း ကလေးကို ခမည်းပေးရပါမည်။

အကြွင်း (၁) ရသော်….
ဖခင်ဖြစ်သူက ကလေးအား အနီရောင်အဝတ်အစား ဝတ်စားဆင်ယင်ပေးရမည်။

အကြွင်း (၂) ရသော်….
ဖခင်ဖြစ်သူက ကလေးအား အစိမ်းရောင် အဝတ်အစား ခမည်းပေးရမည်။

အကြွင်း (၃) ရသော်….
အကိုဖြစ်သူမှ အနီရောင်အဝတ်အစားအား ခမည်းပေးရမည်။

အကြွင်း (၄) ရသော်….
ကိုးကွယ်သော ရဟန်းသံဃာတစ်ပါးမှ အဖြူရောင် အဝတ်အစားကို ခမဲပေးရမည်။

အကြွင်း (၅)ရသော်….
ဘထွေးတော်စပ်သူမှ ရွှေဝါရောင်အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်။

အကြွင်း (၆) ရသော်….
ဦးလေးဖြစ်သူမှ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ပေးရမည်။

အကြွင်း (၀) ရသော်…..
အဘိုးအဘွာ တော်စပ်သူမှ အနက်ရောင် အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်။

ထို့နောက် ခမည်းပေးရာ၌ အချိန်ကာလ နှင့် ထိုနေ့တွင် လှူဒါန်းရမည့် အလှူဒါနကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားသေး၏။

တနင်္ဂနွေနေ့ ………… နံက် ၉းဝဝ မှ ၁ဝး၃၀……….ကြံရည်
တနင်္လာနေ့ …………..နံက် ၉းဝဝ မှ ၁ဝး၃၀………ဆိပ်သာဟင်း
အင်္ဂါနေ့………………..နေ့ ၁၂းဝဝ မှ ၁း၃၀…………ရွှေသင်္ကန်း
ဗုဒ္ဓဟူးနေ့……………..နံက် ၉းဝဝ မှ ၁ဝး၃၀……….ပေါင်မုန့်
ရာဟု…………………. နေ့ ၁၂းဝဝ မှ ၁း၃၀………..ရွှေထီး
ကြာသပတေးနေ့…… နံက် ၉းဝဝ မှ ၁ဝး၃၀………သစ်သီး
သောကြာနေ့…. …… ညနေ ၃းဝဝ မှ ၄း၃၀………ရွှေသင်္ကန်း
စနေနေ့……………….နံက် ၉းဝဝ မှ ၁ဝး၃ဝ ……..ပဋ္ဌာန်းရေအိုး

ကလေးနေ့သားအလိုက် သက်ဆိုင်ရာ အလှူဒါနများကိုလည်း ကလေး၏အမည်ဖြင့် လှူရမည်။ ဘုရားစေတီး ကျောင်းကန်များတွင် လှူဒါန်းနိုင်ပါသည်။ ထိုကဲ့သို့ ကလေးအား ခမည်းပေးခြင်းဖြင့် မိမိတို့၏ သားသမီး ရင်သွေးရတနာြ့ဖစ်သူသည် အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေး ကောင်းစေခြင့်၊ စိတ်ရွှင်လန်းစေခြင်း ဖြစ်စေပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ပါတယ်။

6 comments

  • ကိုရင်စည်သူ

    January 17, 2012 at 1:30 pm

    မင်္ဂလာပါ… ခုတလော အလုပ်ကိစ္စတွေများလို့ ရွာက ကိုယ်ယောင်ခဏဖျောက်ထားပါတယ်။
    ရွာထဲက ကလေးချစ်တတ်တဲ့ ကိုကို မမ ညီ ညီမတို့အတွက် ကလေးလေးတွေကို
    ကိုယ်တိုင် ခမည်းပေးတတ်အောင် ဗေဒင်နည်းလေးတင်ပေးထားပါတယ်ခင်ညာ..
    မှော်ဆရာလို ကလေးပိစိလေးတွေရှိတဲ့သူတွေအတွက် အိုကေသွားရအောင်
    ကျနော်စေတနာပါနော့…. မိုးလေးတို့လို ကလေးချစ်တတ်တဲ့ သူတွေလည်း
    မှတ်ထားပေါ့… ပေါက်၊ ပေ၊ ဂီ့၊ တီ၊ လူး၊ တပ်မတို့လို ကလေးကြီးတွေအတွက်လည်း
    လိုအပ်တဲ့ ခမည်းပေးနည်းကို နောက်တော့တင်ပေးမယ်နော့… ဟဲဟဲ.. 😀 😀 😀

    • Moe Z

      January 17, 2012 at 1:34 pm

      ကူးထားပါ့မယ်ကိုရင်စည်သွပ်ရယ် မှတ်ထားရင်တော့
      အဲဒီအချိန်ကျရင်မေ့သွားမှာသေချာတယ် 😛

  • Thel Nu Aye

    January 17, 2012 at 3:24 pm

    ရွာထဲမှာဗေဒင်ဆရာလဲရှိတယ်လာ့။ ဗေဒင်မေးမလို့ဈေးနှုန်းကအလကားလား။ ကံစမ်းမဲပါလား။

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:32 pm

    ဪ..
    ခုတလော
    ခေးအကြောင်းတွေပဲ ဖတ်မိနေရပါကလား..
    ကရင်စိရေ
    လောလောဆယ်တော့ မလိုအပ်သေးလို ့.. ကူးထား..ပါ့မယ်ချင့်

    • windtalker

      January 17, 2012 at 10:07 pm

      သို ့
      ဦးစိန်ပေါက်ပေါက် ခင်ဂျ ၊ ခင်ဗျားဂျီးအတွက်
      အမြန်ဆုံး လိုအပ်ချက်ရှိသွားအောင်
      မွေးကာစ ခလေးအမေ မုဆိုးမ တစ်ယောက်လောက်
      အမြန်ဆုံး ရှာပေးရမလားဟင်
      သားမှတ်မှတ် မယားမှတ်မှတ်တော့ ပေါင်းရမယ်နော

  • nozomi

    January 17, 2012 at 4:45 pm

    ဆရာစည်

    ဥပမာအားဖြင့် ၁၃၇၂-ခုနှစ် မွေးဖွားသော တနင်္လာသားသမီး ကလေးတစ်ဦးကို နမူနာ တွက်ကြည်ကြပါစို့…
    မွေးသက္ကရာဇ် ၁၃၃၇+တနင်္လာနေ့မွေးနံဂြိုဟ်သက် ၁၅ ၊ ပေါင်းလိုက်ပါက ၁၃၅၂ ရပါတယ်။

    ဆိုတာမှာ ၁၃၇၂ မွေးတဲ့ကလေး ကို ၁၃၃ရ ဘာကြောင့် ပေါင်းခိုင်းရတာလဲ သိပ်မရှင်းဘူး ဗျ 😀

Leave a Reply