HELP..ကူညီကြပါအုံး…

ဒီနေ့မနက်က ပို့စ်တခုစမ်းတင်ကြည့်ပါတယ်..မင်္ဂလာပါ..Greeting…ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးပါ ..စာအကုန်ပါမလာဘူးဗျာ ဘယ်လိုဖြစ်တာပါလိမ့်…

နောက်ပီး ကိုယ့်ပိုစ်လေးပါလာလို့ ဝမ်းသာအားရဖွင့်ကြည့်တာ…

အောက်မှာ ကွန်မန့်ပေးမဲ့ Leave a comment ဆိုတာလဲမတွေ့ဘူး..

သိတဲ့ ရွာသားများ ကူညီပြောပြကြပါအုံး..

ကျွန်တော်လူသစ်ကလေးပါ..ထပ်စမ်းတင်ကြည့်ပါအုံးမည်…သည်းခံကြလော့….

“နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”
မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့  ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
“ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
“ဟေ  ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
“အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
“ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
“အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
“အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့ဩမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ဝက်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ          တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းဆုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး”                                ကဲ ဝက်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
“သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ                       နွဲသွားပါဦးလား” တဲ့ဗျာ။
ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
ဗိုလ်ချုပ်ပြောဖူးတဲ့စကား
ဆက်လက်ကြိုးစားပါဦးမည်။

ကြီးမိုက်

 

5 comments

  • kyeemite

    January 17, 2012 at 2:17 pm

    ဟေ..အခုကျတော့ အားလုံးပေါ်လာပီဗျ…
    ကွန်နတ်ရှင်..ကွန်နတ်ရှင်..ကွန်နတ်ရှင်..
    ဒါ့ ကြောင့် ဖြစ်မယ်…အမှန်တော့..မူရင်းပို့စ်က
    • May 4, 2011 ရက် ၊ 5:29pm တွင် မျိုးချစ်သူ ရေးသားခဲ့သော ဘလော့မှ ဖြစ်ပါသည်။

  • ကောင်းမြတ်သူ

    January 17, 2012 at 2:57 pm

    တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိ ဆိုတဲ့စကား ဗိုလ်ချုပ်ကိုများကြည့်ပြီး ပြောကြလေရောလား…

  • koyinmaung

    January 17, 2012 at 3:29 pm

    အားကျစရာဗိုလ်ချုပ်ရဲ့ဘဝအပိုင်းအစလေးတခုပေါ့……..

  • ahnyartamar

    January 17, 2012 at 4:03 pm

    Bo Gyoke is only the one our aristocracy leader.

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:50 pm

    ဗိုလ်ချုပ်ရေ..
    ဗိုလ်ချုပ်အနစ်နာခံခဲ့ရကျိုးနပ်အောင်..
    ဗိုလ်ချုပ်မျှော်လင့်ထားသလို..ဗိုလ်ချုပ်ဖြစ်စေချင်သလို တစ်နေ ့ဖြစ်လာမယ်ထင်မိပါတယ်
    ကံကောင်းရင် အဲဒီခေတ်ကြီးကို ကျနော်တို ့လဲ မှီချင်ပါသေးတယ်ဗျိုး..

Leave a Reply