ဝီကီတစ်ရက်ပိတ်မည်တဲ့

Wikipedia ဝက်ဆိုဒ် ကိုလာမည့် ဗုဒ္ဓဟူးနေ့တွင် ၂၄ နာရီတိတိ ဆိုက်ကို ပိတ်ထား မည်ဖြစ်ကြောင်း ထူထောင်သူ Jimmy Wales ၏ Twitter စာမျက်နှာထက်တွင် ဖော်ပြခဲ့သည်ဟု New York Times သတင်းအရ သိရသည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဥပဒေ ပြုသင့်၊မပြုသင့် အဆိုတင်သွင်းထားသော SOPA (Stop Online Piracy Act) ဆိုတဲ့ Internet ကိုဖျက်ဆီးနိုင်တဲ့ ဒီဥပဒေသာ အတည် ဖြစ်သွားရင် ယခုလက်ရှိ အသုံးပြုနေတဲ့ ဝက်ဆိုဒ် တွေဘယ်လို ဖြစ်သွားနိုင်လဲ ဆိုတာ ပြချင်တဲ့ အနေနဲ့ Wikipedia ကိုလာမယ့် ၁၈ရက် (Wednesday) နေ့မှာ Wikipedia ဝက်ဆိုဒ် ကို ၂၄ နာရီတိတိ ဆိုက်ကို ပိတ်ထား မည်ဖြစ်ကြောင်း ထူထောင်သူ Jimmy Wales ဆိုပါတယ်။ အဆိုပါ ဥပဒေကြမ်းမှာ အွန်လိုင်း အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်မှုဖြစ်စေပြီး Search Engine နှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ရပ်ဆိုင်းသွားစေနိုင်ပါတယ်။

အခုလို မိမိတို့၏ အင်တာနက် စာမျက်နှာများကို ပိတ်ထားခြင်းကို Wikipedia သာမက တခြား နာမည်ကြီး ဝက်ဆိုဒ်များဖြစ်သော Reddit နဲ့ Cheezburger network တို့လည်း ၎င်းတို့၏ အင်တာနက်စာမျက်နှာများကို ပိတ်ရန်စီဆင်နေကြပြီဖြစ်ပါတယ်။ တခြား နာမည်ကြီး ဝက်ဆိုဒ်တခုဖြစ်တဲ့ http://www.craigslist.org မှာဆို STOP SOPA & PIPA ဆိုပြီး ကန့်ကွက်ထားတာ ကိုတွေ့ရပါတယ်။

တကယ်လို့သာ Wikipedia ကပြောတဲ့ အတိုင်းသာ သူ့ရဲ့ဝက်ဆိုဒ်ကို ပိတ်ခဲ့မယ်ဆိုရင် Wikipedia ကိုနေ့စဉ် အားကိုးအားထား အသုံးပြုနေတဲ့သူတွေနဲ့ ကျောင်းသား ၂၅ သန်းလောက်ကို ထိခိုက်နိုင်တယ်လို့ Jimmy Wales က ခန့်မှန်းထားပါတယ်။ ဒါကြောင့် သူက ကျောင်းသားများကို ၎င်းတို့၏ အိမ်စာများကို စောစောလုပ်ထားဖို့လည်း အကြံပေးထားပါတယ်။

REF: The Washington Post

ဟုတ်မဟုတ်ကို မနက်ဖြန်မှ ဖွင့်ကြည့် စမ်းသပ်လိုက်ပါဦး။
ှSource: http://www.myanmarnewshub.com/?p=7061

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။