Wikipedia ဝက်ဆိုက် ဗုဒ္ဓဟူးနေ့ တစ်ရက်လုံး ရပ်နားထားမည်

manawphyulayJanuary 17, 20121min13012
ဝီကီတစ်ရက်ပိတ်မည်တဲ့

Wikipedia ဝက်ဆိုဒ် ကိုလာမည့် ဗုဒ္ဓဟူးနေ့တွင် ၂၄ နာရီတိတိ ဆိုက်ကို ပိတ်ထား မည်ဖြစ်ကြောင်း ထူထောင်သူ Jimmy Wales ၏ Twitter စာမျက်နှာထက်တွင် ဖော်ပြခဲ့သည်ဟု New York Times သတင်းအရ သိရသည်။

အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဥပဒေ ပြုသင့်၊မပြုသင့် အဆိုတင်သွင်းထားသော SOPA (Stop Online Piracy Act) ဆိုတဲ့ Internet ကိုဖျက်ဆီးနိုင်တဲ့ ဒီဥပဒေသာ အတည် ဖြစ်သွားရင် ယခုလက်ရှိ အသုံးပြုနေတဲ့ ဝက်ဆိုဒ် တွေဘယ်လို ဖြစ်သွားနိုင်လဲ ဆိုတာ ပြချင်တဲ့ အနေနဲ့ Wikipedia ကိုလာမယ့် ၁၈ရက် (Wednesday) နေ့မှာ Wikipedia ဝက်ဆိုဒ် ကို ၂၄ နာရီတိတိ ဆိုက်ကို ပိတ်ထား မည်ဖြစ်ကြောင်း ထူထောင်သူ Jimmy Wales ဆိုပါတယ်။ အဆိုပါ ဥပဒေကြမ်းမှာ အွန်လိုင်း အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်မှုဖြစ်စေပြီး Search Engine နှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ရပ်ဆိုင်းသွားစေနိုုင်ပါတယ်။

အခုလို မိမိတို့၏ အင်တာနက် စာမျက်နှာများကို ပိတ်ထားခြင်းကို Wikipedia သာမက တခြား နာမည်ကြီး ဝက်ဆိုုဒ်များဖြစ်သော Reddit နဲ့ Cheezburger network တို့လည်း ၎င်းတို့၏ အင်တာနက်စာမျက်နှာများကို ပိတ်ရန်စီဆင်နေကြပြီဖြစ်ပါတယ်။ တခြား နာမည်ကြီး ဝက်ဆိုဒ်တခုဖြစ်တဲ့ http://www.craigslist.org မှာဆို STOP SOPA & PIPA ဆိုပြီး ကန့်ကွက်ထားတာ ကိုတွေ့ရပါတယ်။

တကယ်လို့သာ Wikipedia ကပြောတဲ့ အတိုင်းသာ သူ့ရဲ့ဝက်ဆိုဒ်ကို ပိတ်ခဲ့မယ်ဆိုရင် Wikipedia ကိုနေ့စဉ် အားကိုးအားထား အသုံးပြုနေတဲ့သူတွေနဲ့ ကျောင်းသား ၂၅ သန်းလောက်ကို ထိခိုက်နိုုင်တယ်လို့ Jimmy Wales က ခန့်မှန်းထားပါတယ်။ ဒါကြောင့် သူက ကျောင်းသားများကို ၎င်းတို့၏ အိမ်စာများကို စောစောလုပ်ထားဖိုု့လည်း အကြံပေးထားပါတယ်။

REF: The Washington Post

ဟုတ်မဟုတ်ကို မနက်ဖြန်မှ ဖွင့်ကြည့် စမ်းသပ်လိုက်ပါဦး။
ှSource: http://www.myanmarnewshub.com/?p=7061

12 comments

  • Thel Nu Aye

    January 17, 2012 at 4:17 pm

    မနက်ဖြန်ဖွင့်ကြည့်လိုက်ပါ့မယ်။ ကျွန်မတို့ရဲ့ မန်းဂေဇက်တော့မပိတ်ဖူးမဟုတ်လား။

    • manawphyulay

      January 17, 2012 at 4:38 pm

      မန်းဂေဇက်က အမြဲတံခါးဖွင့်ထားပါမယ်တဲ့။ အယ်တာမပေါ်ရင်ပေါ့။ ဟီး
      ပိတ်ရင် သဂျီးက ကြိုတင်ရွာသူရွာသားအိမ်တိုင်း ဖုန်းဆက်အကြောင်းကြားပေးပါမယ်တဲ့ရှင် စိတ်မပူပါနဲ့နော်။ 😛

      • Thel Nu Aye

        January 17, 2012 at 6:18 pm

        သဂျီးကိုပြောပေးပါ။ ဖုန်းခေါ်ရင်နယ်စပ်ကဖုန်းနဲ့မခေါ်ပဲ ဒါရိုက်ခေါ်ပေးပါလို့။ နို့မို့ ကြားရလား၊ကြားရလားနဲ့ဘာမှမသိလိုက်ဘူးဖြစ်သွားမယ်လို့။ ( သဂျီး ပိုက်ပိုက်ကုန်အောင်မ၍စခြင်း )

  • စိန်ပေါက်ပေါက်

    January 17, 2012 at 4:37 pm

    ဝီကီပီးဒီးယား တစ်ရက် ပိတ်တာအရေးမကြီး
    သများအားပေးနေကြ ဦးကုလား ဘီအီးဆိုင် မပိတ်ဖို ့အရေးကြီးဒယ်..
    ဘီအီးဆိုင်ပိတ်လို ့ဝီတကီဆိုင်ပြေးရင် နောက်နေ ့ဖွာတော်ရှိုက်ဖို ့တောင် မကျန်တော့လို ့.
    ညှင်း..ညှင်း..ပွေး

    • manawphyulay

      January 17, 2012 at 4:42 pm

      ဒါများ လွယ်လွယ်လေး… ကြိုဝယ်ထားလိုက်ပေါ့ စိန်မျောက်မျောက်ရယ်… 😛

  • kai

    January 18, 2012 at 3:48 pm

    ဒီဥပဒေကို.. ဂိုဂယ်ကလည်း သပိတ်မှောက်ပါတယ်.။
    Google: End Piracy, Not Liberty တဲ့..

    ဒါအသက်ဝင်သွားရင်.. မြန်မာပြည်က.. နိုင်ငံခြားသတင်းတွေ ဘာသာပြန်ဖေါ်ပြနေတဲ့.. မြန်မာသတင်းဝက်ဘ်ဆိုက်တွေပါ.. ဖယ်ခံရနိုင်တယ်..။

    ဆိုတော့…. သပိတ်..သပိတ်..မှောက်မှောက်….
    =
    Call your elected officials.

    Tell them you are their constituent, and you oppose SOPA and PIPA.
    Why?

    SOPA and PIPA put the burden on website owners to police user-contributed material and call for the unnecessary blocking of entire sites. Small sites won’t have sufficient resources to defend themselves. Big media companies may seek to cut off funding sources for their foreign competitors, even if copyright isn’t being infringed. Foreign sites will be blacklisted, which means they won’t show up in major search engines. SOPA and PIPA build a framework for future restrictions and suppression.

    In a world in which politicians regulate the Internet based on the influence of big money, Wikipedia — and sites like it — cannot survive.

    Congress says it’s trying to protect the rights of copyright owners, but the “cure” that SOPA and PIPA represent is worse than the disease. SOPA and PIPA are not the answer: they will fatally damage the free and open Internet.

    • manawphyulay

      January 18, 2012 at 3:59 pm

      အမှန်လည်း ဒီလိုပဲဖြစ်သင့်ပါတယ်။ မြန်မာက ဘာသာပြန်တွေနဲ့ သတင်းဂျာနယ်တွေအဓိက အားထားရာနေရာလည်း ဖြစ်နေပါတယ်။ ဒီလိုသာဆိုရင် မြန်မာမှာလည်း အကုန်အဆင်မပြေဖြစ်သွားမှာပေါ့။

    • Anzartone

      January 18, 2012 at 4:13 pm

      သူကြီးပြောသလို အသက်ဝင်လာခဲ့ရင်တော့
      ” သေပြီဆရာ .. ပဲ “

    • ဖားသက်ပြင်း

      January 18, 2012 at 5:43 pm

      အယ် …သူမြှောက်ပေးနေဒယ် ..မြှောက်ပေးနေဒယ်…
      အခန့်မသင့်ရင် သများတို့ ထမင်းအိုးကွဲမယ့် ကိန်းဂျီးကို ……

      ၁)တခြား ကန်ပိန်းဒွေ တပုံတပင် ရှိလျက်နဲ့ ကျောင်းသားတွေ အိမ်စာမြန်မြန်လုပ်ထားကြပါ
      ၁ရက် မှောက်မယ် ဆိုတဲ့ ဆိုက်ဒ်

      ၂) ..Google, Yahoo, Bing , FB အော်သာအော်တာ….သင်းတိုကျ ..မမှောက်ဘူးမလား ..
      (ဘယ် ၂၄နာရီ အလွတ်ခံ လိမ့်မလဲ ..မမှောက်တဲ့ ကောင်ဘက် ကတ်စတမ်မာ ပါသွားမှာကြောက်တာကိုး)
      လူမညီဘူး …သည်တော့ သည်ပွဲဟာ ကြည့်မကောင်းတဲ့ပွဲ….

      ၃) NGO ချို… ပြောတော့ NGO ချို….. ကိုယ့်အစိုးရကိုယ် တခြားနည်းနဲ့ မီးဒုတ်မရှို့ဘဲ ….
      ကမာ္ဘအရပ်ရပ်က လှူနေတဲ့ လူတွေ အားကိုးနေတဲ့လူတွေကို လူမိုက်ငှားပီး ရှို့ခိုင်းရသလား ……

      ၄) အံမယ် ..ဘလက်ကောက် သာလုပ်ချထားတာ ….ရှဲပေးကြပါဆိုပီး …link လေးများတောင်
      ချီးမြှင့်ထားလိုက်သေး ….(ဖွတာ ..ဖွတာ…)

      ၅) သဂျီးလို Poll လုပ်ပီး ဒေတာ ကိုင်ပီး ထု လို့ရတဲ့ဟာကို …. နောက်ဆုံးလမ်းကိုရွေးသွားတယ်…
      မိုက်ပါ့ ဝီကီ….

      ၆) ဟိုက မလှုပ်ရင် ၂၄နာရီပြည့် …ပြန်ဖွင့် (ဘာမှမထူး…)
      ဆက်ပိတ်ထား …(လူတွေ ပို တိုင်ပတ်….) ဝှူး ……

      ၇) ကြာပါတယ် သဂျီးရာ …ဂေဇက်ကို ၁လ နားလိုက် …အမေဒစ်ကန် ရောက်နေတဲ့ ဗမာတွေ ..ဝိုင်းအော်ကြ…
      ဆန်ရှင် မရုတ်တာ ကို သည်နည်းနဲ့ ဆန္ဒပြပါတယ်ဆိုပီး ……
      (နောက်တာ နော …ဂယ် မီလုပ်ရဝူး…)

      ပုံ
      ပထမဦးဆုံးအကြိမ် မွေးစားမေမေ ဒေါ်ဝီကီကို
      အကြည်ညိုပျက်သွားတဲ့….
      ဖားသက်ပြင်း…

      • kai

        January 18, 2012 at 5:51 pm

        ဝိကီလုပ်ချက်ကြောင့်.. မနက်ဖြန် လွှတ်တော်အမတ်ရုံးတွေမှာ.. ဆဲသံတွေပလူပျံနေမှာသေချာတယ်..။
        ကျုပ်ဖက်.. ယူအက်စ်ကကြည့်ရင်.. ဂိုဂယ်ရော..ဝိကီရော.. နေအိမ်လိပ်စာ..ဇစ်ကုဒ်တောင်းတာ ပေါ်လာတယ်..။
        ဖြည့်လိုက်ရင်.. မနက်ဖြန်လှမ်းဆဲပေးရမဲ့.. အမတ်နာမယ်လိပ်စာတွေပေါ်လာတယ်..။

        ဒီနည်းကထိရောက်မှာ သေချာပါတယ်..။ 🙂
        ဒီနည်းဆင်ဆင်ကို.. မြန်မာပြည်စီးပွားရေးပိတ်တာ ယူအက်စ်က လျှော့ပေးဖို့ကန်င်ပိန်းမှာသုံးမယ်စဉ်းစားထားတယ်..။

        • ဖားသက်ပြင်း

          January 18, 2012 at 6:11 pm

          ဝီကီက ဟာတော့ ရှဲလိုက်ပါပီ..
          ဂူဂယ်လ် ကဟာတော့ ဇစ်ကုဒ်မရှိလို့ မထည့်ဖြစ်…
          (အတုထည့်မိမှ ကိုယ့် ၄၂ဝနဲ့ ဆွဲနေဦးမယ် ကြောက်ကြောက် ….)
          ;D

          အပ်ပဒိတ် နယူးစ် လေး နားစွင့်နေပါသည်……။….

  • kai

    January 21, 2012 at 2:45 am

    ဥမဒေမူကြမ်း(Bills) တော့.. အသတ်ခံလိုက်ရတဲ့သဘောရှိပါတယ်..။ ဥပဒေမဖြစ်တော့ဘူးလို့.. ယူဆရကြောင်း….
    ဒီနည်းကို.. မြန်မာပြည်စီးပွားရေးပိတ်တာ.. လျှော့ချပယ်ဖျက်ဖို့..သုံးနေပြီဖြစ်ပါကြောင်း…။ 🙂
    =
    http://www.reuters.com/article/2012/01/20/us-usa-congress-internet-idUSTRE80J10X20120120
    Congress puts brakes on anti-piracy bills
    Reuters – ‎36 minutes ago‎

    By Jasmin Melvin | WASHINGTON (Reuters) – Lawmakers stopped anti-piracy legislation in its tracks on Friday, delivering a stunning win for Internet companies that staged an unprecedented online protest this week to kill the previously fast-moving bills …

Leave a Reply