အသံထက် ခြောက်ဆမြန်သောစမ်းသပ်ယာဉ်ငယ်

khinmintatthuMay 31, 20101min541

အမေရိကန်လေတပ်၏ စမ်းသပ်ယာဉ်ငယ်သည် အသံထက်ခြောက်ဆမြန်သော နှုန်းဖြင့် ၃ မိနစ်ကြာ ပျံသန်းပြီး စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့က X-51A Waverider ယာဉ်ငယ်ကို ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဝေဟင်ယံတွင် ဘီ-၅၂ လေယာဉ်မှ အမြင့်ပေ ၅၀၀၀ဝ အရောက်တွင် ထုတ်လွှတ်ပျံသန်းစေခဲ့ခြင်းဖြစ်သည်။Waverider ကို အနာဂတ်တွင် သမားရိုးကျ ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်များ နေရာတွင် အစားထိုးအသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြပြီး နျူထိပ်ဖူးတပ်ပစ်လွှတ်နိုင်မည်ဟုပါ ယူဆမှုများရှိနေသည်။

ယခင် စမ်းသပ်မှုများတွင် အသံထက်ခြောက်ဆမြန်သောနှုန်းဖြင့် ပျံသန်းစေမှုမှာ ၁၂ စက္ကန့်သာ ကြာမြင့်ခဲ့ပြီး လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ ယခုစမ်းသပ်မှုတွင်မူ စက္ကန့် ၂၀ဝ ကျော်ကြာခဲ့ပြီးမှ ပေါက်ကွဲပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ် နှင့်ပတ်သက်ပြီး စုံစမ်းလေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

Waverider ကို ဘိုးအင်းနှင့် ပရတ်နှင့်ဝှစ်တနေရော့ကတ်ဒိုင်းတို့က ပူးတွဲဖန်တီးခဲ့ခြင်းဖြစ်ပြီး အမြင့် ပေ ၇၀၀၀ဝ အထိပျံသန်းနိုင်သည်ဟု သိရသည်။

One comment

  • bolay

    August 16, 2010 at 2:47 pm

    နည်းပညာတွေက အရမ်းကို တိုးတတ်လာတာပဲနော်…

Leave a Reply