28 comments

  • အခုမှပဲ
    ကိုယ်နေတဲ့ မြို့က တော်တော်လှမှန်းသိတော့တယ်ဗျာ
    ပုံလေးတွေက တော်တော်လှတယ်ဗျ
    ပထမဦးဆုံးပုံကို အကြိုက်ဆုံးပဲဗျ

    • inz@ghi

      January 17, 2012 at 8:57 pm

      ကိုကင်းက ကြည့်မြင်တိုင်သား ကိုး ….
      စိုင်လေး တစ်ကောင်အကြောင်း သိချင်လို့..
      နောက်မှာ မက်စိပို့တော့မယ် …အာဟိ…

      ခင်တဲ့

      စမ်းချောင်းသားလေး
      ဂီ

  • zaw min

    January 17, 2012 at 9:05 pm

    ရွှေတိုင်ကိုလွှမ်းစိတ်တွေဝေအောင်မလုပ်နဲ့လေ…နေညိုရင် လေပြိုလာမှာမို့ ….နေမညိုခင် …ပြန်လာမယ်ဗျို့.

  • windtalker

    January 17, 2012 at 9:16 pm

    ငှက်ပျောသီး တွေ မြင်ရပြန်တော့
    ရဲဘော်ဂျီး ပေါက်ဖော် ကို သွားသတိရမိဒယ်ဗျာ
    သူက လွှတ်ကြိုက်တာကလား

    • naywoonni

      January 18, 2012 at 12:11 pm

      ငါ့လည်းအရက်နဲ့မြည်းဖို့ တစ်ဖီးလောက်ပို့လိုက်ဦးနော်…။ မောင်ပေ……….

  • weiwei

    January 17, 2012 at 9:17 pm

    ဦးဖက်တီး အကြံဦးသွားတယ် … ကျွန်မလဲ အဲဒီနေရာကို သွားရိုက်မလို့ ကြံစည်နေတာ … ကျောက်တော်ကြီးဘုရားပေါ်ကနေ နေဝင်တာကို တစ်ခါစောင့်ရိုက်ဖူးတယ် … အပြင်မှာလှပေမယ့် ဓါတ်ပုံထဲမှာ မလှလို့ မတင်ဖြစ်ဘူး …
    ဆည်းဆာက ရေနဲ့ လှေနဲ့မှ ပိုလှတယ် ….

  • Khin Latt

    January 17, 2012 at 9:35 pm

    “Sun Set” မမြင်ရတာ ကြာပေါ့။ ကိုဖက် ရေ ကျေးဇူးပါ။ 🙂

  • comegyi

    January 17, 2012 at 10:29 pm

    ဆြာဖက်က အဲလိုနေရာသွားတာကျတော့
    အနော်တို့ကို ခေါ်ဘူးနော်…..
    အဲလိုနေရာကို အဲလိုအချိန်မျိုးမှာ
    အနော်နဲ့ ကရင်စိ လိုက်လာရင် ……
    ဘယ်လောက်တောင် ပွဲစည်မလဲဆိုတာ
    ဆြာဖက် သိပါဒယ်ဂျာ…….ဟဲဟဲ….

  • Kyithur Tun

    January 17, 2012 at 10:53 pm

    sun set ပုံကအရမ်းမိုက်တယ် ပုံတွေ အားလုံးလှပါတယ် ကျေးဇူးဗျာ

  • koyinmaung

    January 18, 2012 at 8:10 am

    နေဝင်ချိန်အဆင့်ဆင့်ကိုရိုက်ထားတာ
    ကောင်းမှကောင်း
    ဖီးကြမ်းငှက်ပျေားခိုင်ကြီးတွေကလဲထွားမှထွား
    ကျုပ်တို့ဆီကတရုတ်တွေကိုပြပြီးကြွားရမယ်
    သူတို့ဆီမှာ မရှိပါ…

  • Shwe Tike Soe

    January 18, 2012 at 10:08 am

    လေးဖက် မိုက်တယ်ဗျာ.. နေဝင်ချိန်လေး တော်တော်လှတယ်.. လေးဖက်ရိုက်ချက်ပြင်းတယ်နော.. 😀

  • MaMa

    January 18, 2012 at 10:11 am

    ဦးဖက်က ကင်မရာအသစ်ဝယ်ပြီးပြီဆိုတော့ ကြွားလုံးထုတ်နိုင်ပြီပေ့ါ။ 😀
    (အမှန်က ကင်မရာထက် လူကတော်တာဖြစ်မှာပါ။)

  • စိန်ပေါက်ပေါက်

    January 18, 2012 at 10:23 am

    ပုံတွေက..ပန်းချီကား တစ်ချပ်လို ဗျူးတီး ပါသည်ခင်ည

  • nozomi

    January 18, 2012 at 10:31 am

    ပုံတွေကိုကြည့်ရင်း နစ်မျောသွားတာနဲ့ လှတယ်လို့ ပြောဘို့ မနည်းအားယူလိုက်ရပါတယ် ဦးဖက်ရေ

  • Diamond Key

    January 18, 2012 at 10:32 am

    ဦးဖက် လက်စွမ်းက အတော်ထက်သဗျာ၊ Sunset ရိုက်ချက်လေးတွေက လှမှလှဗျ။
    မြင်ကွင်းလေးတွေ မြင်တတ်တာကတော့ ဘယ်လိုပြောပြော ဆရာအဆင့် စစ်စစ်ကြီးပါ။ 😀

  • ဆူး

    January 18, 2012 at 11:26 am

    ငှက်ပျောခိုင်တွေ ကို သဘောကျတယ်။ အစိမ်းတွေ ဆိုတော့ ဆေးမဖြန်းရသေးဘူး ထင်တာပဲ.. အဲလို အနေအထားမျိုး အမှဲ့ခံပြီး စားချင်တယ်။
    အခု ငှက်ပျောသီးတောင် ပုဆိုးကို ဓါတ်မြေဩဇာ ရည် စိမ်ပြီး ငှက်ပျောသီး ပတ်ပြီး တည ထားရင် မနက် အလုံးလှလှ ဝင်းဝင်း ဖြစ်တယ်။

  • Arkar11

    January 18, 2012 at 11:51 am

    ကြိုက်လွန်းလို့ ကူးသွားပါတယ်…ကျေးဇူးပဲကိုဖက်..

  • ကိုဖက်တီးရေ လှတယ်ဗျာနော့။နေဝင်ချိန်ရှုခင်းလေးတွေ ရိုက်အုံးမယ်ဗျာ။
    ငပလီရဲ ့နေဝင်ဆည်းဆာအလှပုံလေးတွေ တင်ပေးပါမယ်။

  • fatty

    January 18, 2012 at 12:41 pm

    အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်လျှက်ပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေလို့ …..။

  • cobra

    January 18, 2012 at 12:48 pm

    တကယ့်အမိုက်စားတွေပဲ
    ကျွန်တော်တောင်ကောင်မလေးကိုဓာတ်ပုံပေးရင်အကိုစီမှာလာရိုက်
    ရမယ့်အဖြစ်ပဲ

  • yaungchikha

    January 18, 2012 at 12:56 pm

    ညနေအလှဆည်းဆာ၊ လှေ၊ လှိုင်းကြက်ခွပ် လေးတွေကြည့်ရတာ ကြည်နူးစရာပါပဲ………
    ငှက်ပျော်ခိုင်တွေနဲ့ တံတားပါ်က ကုန်တင်ကုန်ချ၊ ဈေးသည်၊ ဈေးဝယ်တွေရဲ့ လျှပ်တပျက်ပုံလေးကလည်း ရသတစ်မျိုးပါပဲ………….

  • kanjosan

    January 18, 2012 at 1:15 pm

    ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မြောင်မြဘက်က ရွာတွေကနေတင်လာတဲ့ ငှက်ပျောသီးတွေထင်တယ်… ညဆိုရင် အဲ့ဒီမှာ သူငယ်ချင်းရဲ့ မအူပင်မြို့နယ်က ရွာတွေကနေ မော်တော်ဆိုက်ရင် လိုက်သွားတာ… လူတွေမှ ကြိတ်ကြိတ်တိုး အရမ်းစည်တယ်…

  • Khin Kha

    January 18, 2012 at 2:00 pm

    ဦးဖက်တီးကတော့လုပ်ချလိုက်ပြန်ပြီ၊အလှတရားတွေ

  • စုံ စုံ

    January 18, 2012 at 2:15 pm

    ဦးဖက်ရေ ဒီတနင်္ဂနွေနေ့ကဘဲ ကြည့်မြင်တိုင်အဲ့ဒိဆိပ်ကမ်းကနေ
    သဗ္ဗာန်စီးပြီး ဟိုဖက်ကမ်းကိုခနသွားလိုက်သေးတယ်
    ဒါပေမယ့်စိတ်ထဲမှာ လှတယ်လို့ကိုမမြင်မိတာ
    အခုဦးဖက်ပုံတွေကိုမြင်တော့မှဘဲ တော်တော်လှတာကိုသတိထားမိတော့တယ်
    ဒါကြောင့်ပြောကြတာ သတိမမူ ဂူမမြင်ဆိုတာ
    အခုတော့ ဂူမမြင်တာမဟုတ်ဘူး အလှတရားကိုမမြင်တာ 😛 😛

  • etone

    January 18, 2012 at 2:24 pm

    အရင်တုန်းကတော့ အချိန်အားလျှင် ကမ်းနားမှာ ရေ၊မုန့်အစုံနဲ့ … စိတ်လွတ်ကိုယ်လွတ် သွားထိုင်ခဲ့ဖူးတယ် … ။ ပုံထဲကလို နေဝင်ချိန်မျိုးလည်း တွေ့ခဲ့ဖူးပေမယ့် … စာမရေးသေးတဲ့အချိန်မို့ ဓါတ်ပုံရိုက်ရကောင်းမှန်းမသိဘူးလေ … အခုတော့….သွားထိုင်ချင်လျှင်တောင် မလွယ်ကူတော့ပါဘူး … အဲ့ဒီနေရာတွေ တံတိုင်းခတ်လိုက်ပြီ … ။

    လေးဖက်ရေ .. တခြားနေရာတွေတော့မသိဘူး .. ကြည့်မြင်တိုင်ကမ်းပါးကိုတော့ သတိနဲ့ ထား သွားစေချင်တယ် … လေးပေါက်ဝင်ရိုက်ခဲ့တဲ့နေရာက ငှက်ပျောဈေးဘက်ခြမ်းဖြစ်မယ်ထင်တယ်နော့ …. ။

    အထူးသဖြင့် ကုန်တင် ကုန်ချ အလုပ်သမား အများစု ခြေချင်းလိမ်တဲ့နေရာပါ …. ။ ပင်ပန်းမှုဒဏ်ကို အံတုဖို့ဆိုတဲ့ အကြောင်းပြချက် နေ့ည မခွဲပဲ … နဲ့ ရှက်ကီ ထုကြပါတယ် … ။ ကိုယ့်အရှိန်နဲ့ကိုယ်မှန်နေတဲ့ လူတွေ ရှိသလို …. မူးလျှင် သွေးဆိုးတတ်တဲ့ လူတွေလည်းရှိတယ် …. ။ တစ်ယောက်တည်း ဆိုးလို့က ပြသနာမရှိပေမယ့် …. ရန်စချင်တဲ့ လူတွေနဲ့ ကြုံတဲ့အခါ … စိတ်အနှောက်ယှက်ဖြစ်ရပါတယ် .. .. တစ်ခုခုဟေ့ဆို …. အသက်ပ ါပါနိုင်လောက်အောင် လက်မြန်တတ်ကြတယ် ……. ။

    ကိုယ်တိုင်လည်း ကြုံဖူးတယ် …. ရန်စတာကို လှည့်ထွက်လာလို့ …. မသိချင်ယောင်ဆောင်ရမလားဆိုပြီး နောက်ကနေ ထင်းရူးပုံးနဲ့ ထုပြီးပြေးတာ …(လျှပ်ပဲထိလို့… ) ခေါင်းပေါက်ဖူးတယ် …. ။ လိုက်ဖမ်းတော့ …. မမိတော့ဘူး …. 😥 တည့်တည့်များထိလို ့ကတော့ … ဘယ်နှစ်ချက် ချုပ်ရမလဲ မတွေးရဲစရာပါပဲ … 🙁

  • zaw min

    January 18, 2012 at 4:58 pm

    အိတုံရဲ့ အိမ်ပေါ်ကနေလှမ်းရိုက်လို့တောင်ရမယ်ထင်တယ်…အနောက်ဘက်ခြမ်းက အေးရွှာကိုကောင်းကောင်းလှမ်းမြင်နိုင်ထင်တယ်..

  • fatty

    January 18, 2012 at 5:31 pm

    အဲဒီနေရာတွေဟာ တခါတရံအန္တရာယ်များပါတယ်။
    ဒါပေတဲ့ကျနော်အရွယ်ကောင်းစဉ်က အဲလိုနေရာတွေမှာ ကျင်လည်ခဲ့ဖူးတယ်လေ ..
    အော် … ဘဝ .. ဘဝ နှစ်လုံးထဲရှိပေလို့ဘဲ လေးငါး လုံးသာဆို တကယ်မလွယ်ပါလား ….။
    အဲလိုနေရာတွေမှာ ကျနော်မိုးလင်းခဲ့တဲ့ညပေါင်း များစွာပါ …။

Leave a Reply