ဗိုလ်ချုပ်ပုံနှင် ့ ရှားရှားပါးပါး ရှေးဟောင်း မြန်မာငွေစက္ကူများ

mandalarthuJanuary 17, 20122min22620

ပြီးခဲ ့တဲ ့တပတ်က  ဆိုင်တဆိုင်ကို ရောက်သွားရင်းနဲ ့အမှတ်တမဲ ့နံရံပေါ်ငေးကြည် ့မိခိုက်

မြင်တွေ ့ခဲ ့ရတာကရှေးဟောင်းမြန်မာငွေစက္ကူတေွပါ။ နံရံပေါ်မှာ ထူးထူး ခြားခြား မြန်မာငွေစက္ကူဟောင်းတွေကို

စုစည်းပြီး ဂျပ်ထူစက္ကူပေါ် ပလပ်စတစ်အုပ်ပြီး ကပ်ထားတာတွေ ့ခဲ ့ရတယ်။

ဆိုင်ပိုင်ရှင်က ရှမ်းတရုတ်လူမျိုးပါ။

သူက မြန်မာငွေစက္ကူ ဟောင်းတွေကို စနစ်တကျ စုဆောင်းထားရုံတင်သာမက

တရုတ်ငွေစက္ကူဟောင်းတွေကိုလည်း  စုဆောင်းပြီး ဆိုင်မှာကပ်ထားပါသေးတယ်။

ထူးခြားရှားပါးပြီး ယနေ ့ခေတ်မှာ တွေ ့မြင်ရဖို ့ခက်ခဲတဲ ့မြန်မာငွေစက္ကူတွေမို

ယနေ ့ခေတ်လူငယ်တွေ တွေ ့မြင်နိုင် ခဲလို ့ တစုတည်းယှဉ်တွဲ တင်ပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

အနီးကပ်ကြည် ့ရုှုမိတဲ ့အခါ

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ ့ငွေတကျပ်တန်ကို အရောင်နှစ်မျိုး(အစိမ်းနဲ ့လိမ္မော်နီ)၊

 ငါးကျပ်တန်ကို အရောင်နှစ်မျိူး(အစိမ်းနဲ ့အပြာ)

တစ်ဆယ်တန်၊တစ်ဆယ် ့ငါးကျပ်တန် ၊နှစ်ဆယ် ့ငါးကျပ်တန်၊ သုံးဆယ် ့ငါးကျပ်တန်၊

လေးဆယ် ့ငါးကျပ်တန်၊ ငါးဆယ်တန် ၊ခုနှစ်ဆယ် ့ငါးကျပ်တန်ငွေ စက္ကူများ အပြင်

ထူးထူးခြားခြားတခုတည်းသော  ဆရာစံရုပ် ပုံနဲု ့ (၉၀)ကျပ်တန်ကို တွေ ့မြင်ခဲ ့ရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ထူးခြားတာ တခု ကတော ့ ဗိုလ်ချုပ်ပုံ  နှင် ့တွဲပြီး ဒေါင်းရုပ် ပုံ ပါတဲ ့(၁၀၀)ကျပ်တန်ပါဘဲ။

နောက်ပိုင်းမှာတော ့

ယနေ ့သုံးစွဲနေတဲ ့ မြန်မာငွေစက္ကူတွေကို

(၅၀၀၀)ကျပ်တန်ကို  ထူးထူး ခြားခြား တခုတည်း ဆင်ရုပ်၊

(၁၀၀၀)ကျပ်တန ်၊(၅၀၀)ကျပ်တန်၊(၂၀၀)ကျပ်တန်၊(၁၀၀)ကျပ်တန်၊

(၅၀)ကျပ်တန်၊(၂၀)ကျပ်တန်၊(၁၀)ကျပ်တန်၊(၅)ကျပ်တန်၊(၁)ကျပ်တန်တွေကို

ခြင်္သေ ့ ရုပ်တွေနဲ ့ပြောင်းလဲသုံးစွဲလာပုံ တွေကို နှိုင်းယှဉ်တွေ ့မြင် ခဲ ့ရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒါကလည်း ထူးခြားမှု တခု ပါဘဲ။

ရှားပါးလှတဲ ့မြန်မာငွေစက္ကူတေွကို သေသေချာချာလေ ့လာ အပြီး

ကျွန်မစိတ်ထဲ မှာရုတ်တရက် ပေါ်လာတဲ ့အတွေ းက

ယနေ ့ခေတ် မြန်မာငွေစက္ကူတွေကို ဗိုလ်ချု ပ်ပုံ ကို ပြန်လည်သုံးစွဲရင်ကောင်းမှာဘဲလို ့

ပြင်းပြင်းပြပြ ဆန္နပြု မိပါတော ့တယ်။

 

 

 

20 comments

  • windtalker

    January 17, 2012 at 9:59 pm

    မန်တလာသူလေး ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေဗျာ

  • bigbird

    January 17, 2012 at 10:16 pm

    ကျနော်လဲမြင်ချင်ပါတယ်…ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ပိုက်ဆံတွေကကျက်သရေရှိလွန်းလှပါတယ်။

  • koyinmaung

    January 18, 2012 at 7:48 am

    မနှေးအမြန်ဖြစ်လာမယ်လို့ထင်ပါတယ်…..
    ကျနော်တို့လဲမျှော်လင့်လျှက်ပါ…..

  • Thel Nu Aye

    January 18, 2012 at 9:25 am

    ဟုတ်တယ်။ မန်းတလေးနန်းရှေ့ရေနီမြောင်းနားကရှမ်းထမင်းဆိုင်မှာလဲဒီလိုပိုက်ဆံတွေကပ် ထားတာတွေ့ဖူးတယ်။ အဲဒီတုန်းကလဲဓါတ်ပုံရိုက်ယူလာခဲ့သေးတယ်။ တကယ်ကျက်သရေရှိတဲ့ပိုက်ဆံတွေပါ။ ပြန်သုံးခွင့်ရရင်ကောင်းမယ်နော်။

    • Shwe Tike Soe

      January 18, 2012 at 9:43 am

      ဟုတ်လား မသဲနုအေး မြင်ဘူးဘူး ထမင်းလိုက်ကျွေးရင်းနဲ.လိုက်ပြပါလား ဟိဟိ….
      ထမင်းစားချင်လို.တော့ဟုတ်ပါဘူး ပိုက်ဆံလေးတွေမြင်ချင်လို.ပါ.. ဟဲဟဲဟဲ

      • Thel Nu Aye

        January 18, 2012 at 2:35 pm

        ဟုတ်ကဲ့။ မန်းလေးရောက်ရင်ထမင်းလိုက်ကျွေးပါမယ်။ ဒါပေမဲ့နောင်နှစ်မှလာနိုင်တော့မှာဆိုတော့ကြာနေမှာစိုးလို့အခုပဲကိုယ့်ဟာကိုယ်အရင်သွားစား ရင်ကြည့်လိုက်တော့နော်။ းD

        • water-melon

          January 18, 2012 at 2:42 pm

          မသဲနုအေး ပြောတဲ့ဆိုင်က နန်းရှေ့က ဝင်းစံပယ်ဆိုင်လား
          ဟုတ်တယ်ဟုတ်

        • Thel Nu Aye

          January 18, 2012 at 3:19 pm

          ဖရဲရေအောက်မှာမရှိလို့အပေါ်တက်ဖြေလိုက်တယ်။ ဝင်းစံပါယ်ဆိုင်မှန်ပါတယ်။ ကျွန်မလဲအစ်ကိုကခေါ်သွားကျွေးလို့ရောက်ဖူးတာ။

  • စိန်ပေါက်ပေါက်

    January 18, 2012 at 10:30 am

    ကျနော်လဲ…
    အသစ်ထပ်ထုတ်မဲ့ ငွေကျပ်တန်တွေကို ဗိုလ်ချုပ်ပုံနဲ ့ မြင်ချင်တယ်ဗျာ

  • windtalker

    January 18, 2012 at 11:11 am

    ဘာလဲဟ ၊ ဗိုလ်ချုပ်ပုံ နဲ ့ပိုက်ဆံ မြင်ချင်တဲ့ အကြောင်း ကို ရေးတဲ့ ၊ မန် ့တဲ့ဟာ ကို
    ဘယ် ကိုယ်မေငါချစ် က အနီလာပြသွားတာလဲ ။

    • စိန်ပေါက်ပေါက်

      January 18, 2012 at 11:40 am

      သဂျီးရေ
      ဒီမှာ ငပေ ချဲနေဒယ်.
      ကိုမေငါချစ်တဲ့.

      • naywoonni

        January 18, 2012 at 12:23 pm

        ဟုတ်တယ်စိန်ပေါက်ရေ့………. အဲဒိမောင်ပေကို အနီကတ်ပြပြီးထုတ်……….. ဟီးဟီး

    • Anzartone

      January 18, 2012 at 3:42 pm

      ရွှီ ….
      ကိုပေ ထိနေတဲ့ ယာယီ အနီကတ် ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းလိုက်တယ်။
      တစ်လောက ဘောလုံး ဒိုင်လူကြီးတစ်ဦး အကြံပြုထားတဲ့ ယာယီ အနီကတ် ပြစ်ဒဏ်ကို ကျွန်တော် စမ်းသုံးလိုက်တာပါ …….. 😀

      • mandalarthu

        January 18, 2012 at 8:52 pm

        ရက်စက်ပါပေ ့ကိုအံစာတုံးရယ်…ကိုပေ ့ကို ယာယီအနီကတ်ပြစ်ဒဏ်ိကို်
        ဘာလို ့ကျွန်မပို ့စ်မှာမှ စမ်းသုံးလိုက်ရတာတုန်း။အားလုံးက ချစ်ချစ်ခင်ခင်ရှိနေကြတဲ ့မန်း ရွာသူရွာသားတွေဘဲမဟုတ်လား။
        ဘာဘဲပြောပြော ပြန်ရုတ်သိမ်းပေးလို ့ကျေးဇူးပါနော်။
        မနွယ်ေ၇…..ကျေးဇူးပါနော်။
        မသဲနုအေးေ၇…အခု ရှေးဟောင်းငွေစက္ကူတွေက ဝင်းစံပယ်ကမဟုတ်ပါဘူး။ဆေးရုံကြီး မြောက်ဘက်နားက ဘုရားနဲ ့မျက်နှာချင်းဆိုင် ဆိုင်ကပါ။
        ဝင်းစံပယ်မှာရှိမှန်း ၄ ၊၅ခါစားဖူးပေမယ် ့သတိမထားမိဘူး။ကျေးဇူးပါနော်။

  • kyeemite

    January 18, 2012 at 11:31 am

    သူများတိုင်းပြည်တွေသွားလို့ မြန်မာငွေစက္ကူ သိမ်းထားဘို့ အမှတ်တရတောင်းရင်..
    ရှက်ဘို့ကောင်းတယ်ဗျာ..အသစ်ထပ်ထုတ်မဲ့ ငွေကျပ်တန်တွေကို ဗိုလ်ချုပ်ပုံနဲ ့ မြင်ချင်တယ်ဗျာ..
    ရှာရှာဖွေဖွေ တင်ပြပေးတဲ့ mandalarthu ကိုကျေးဇူးပါ..

  • water-melon

    January 18, 2012 at 1:41 pm

    အမလေး ဖတ်တဲ့သူတွေလား ရွာထဲကလား ဟေ့
    ရဲရဲတောက်နေတာဘဲ
    ဘယ်လောက် စိတ်ဓာတ်က အောက်တန်းကျနေလဲ
    ပြောချင်ပါဘူး ဟယ်
    ဟဲ့ကောင်စုတ် နာ့ကွန့်မန့် အနီမမြင်ချင်ဘူးနော်

    • mandalarthu

      January 18, 2012 at 9:04 pm

      စိတ်မဆိုးပါနဲ ့ကို ပေနဲ ့ကိုဖရဲသီးရေ …အားလုံးက အားပေးကြတာပါ။အနီပြပြ အစိမ်းပြပြ အားပေးတာပါဘဲ။
      ပို ့စ်တင်သူမှာစာဖတ်သူတွေအပေါ် မှန်ကန်တဲ ့စိတ်စေတနာကောင်းရှိဖို ့ဘဲ အရေးကြီးတာပါ။
      ဒါက ကျွန်မခံယူချက်ပါ။ကိုယ်တင်တဲ ့အချက်အလက်နဲ ့သဘောထားတွေမှားနေရင်တော ့ကိုယ်ပြင်ရမှာပေါ ့နော်။
      ကိုကျီးမိုက်၊ကိုရွှေတိုက်စိုး၊ကိုစိန်ပေါက်၊ကိုရင်မောင်၊ကိုbigbird၊ကိုအတိသဉ္ဇာ နာဂရ ချစ်သူ၊ကိုပေနဲ ့
      ့မသဲနုအေးတို ့ေ၇….ကျွန်မတို ့ရဲ ့တူညီသော ့ဆန္နတွေ
      အမြန်ဆုံးပြည ့်ဝလိမ် ့မယ်လို ့မျှော်လင် ့ပါတယ်။ကျေးဇူးပါနော်။

  • နွယ်ပင်

    January 18, 2012 at 3:30 pm

    ပိုစ့်တစ်ခုလုံး အနီရောင်တွေလွှမ်းနေပါလား
    ရသလောက် ပြန်စိမ်းသွားပါတယ်ဗျို့ ….

Leave a Reply