နဝေရယ် တိမ်တောင်ရယ် မိုးမှောင်ရယ် ….အဲဒီ သတင်းသမားတွေရယ်

nigimi77January 17, 20121min23820

ဖတ်မိတဲ့ အကြောင်းအရာ တစ်ခုပါ ။

သာမာန် စာဖတ်သူ တစ်ယောက် အမြင်နဲ ့ပြောရရင် နဝေတိမ်တောင် လို ့ခေါ်မလား ။
……………..

“…..ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန် ့ ကောက်ကျစ်မှု အထ္တုပ္ပတိ ရုပ်ရှင်ရိုက်တော့မည်လော…..”

……………..

Link ကတော့ http://www.thithtoolwin.com/2012/01/blog-post_8246.html ပါပဲ ။

……………..

လုပ်ပါ….အတိုက်အခံတွေနဲ ့ ကိုင်တွယ်သူတွေ အကြောင်းရေးရင် ဘာရေးရေး နိုင်ငံရေး လို ့ နာမည် အတပ် လှ တော့…။

……………..

ဦး​ခင်ညွန့်​နှင့်​ ကိုဇာဂနာ ​တွေ့​ဆုံ…..

သရုပ်​ဆောင် ဒါရိုက်တာ ကိုသူရ ​ခေါ် ဇာဂနာနဲ့​ မကြာခင်က ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်လာတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ဦး​ခင်ညွန့်​တို့​ ​တွေ့​ဆုံကြတာဟာ

ကိုယ်​ရေး​ကိုယ်တာ ​တွေ့​ဆုံမှုမျိုး​ ဖြစ်ပြီး​ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူး​ရေး​ ကိစ္စနဲ့​ မပတ်သက်ဘူး​လို့​ ကာယကံရှင် ကိုသူရက ​ပြောပါတယ်။

……………..

ဟုတ်ပါပြီ……….

ဒီနေရာမှာ ” ဝန်ကြီးချုပ်ဟောင်း ” လို ့သုံနှုံးခဲ့တယ် ။

…………….

“ကျ​နော် ​ထောင်ကလွတ်လာတုန်း​က ကျ​နော်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီး​ခင်ညွန့်​ကိုလည်း​ လွှတ်​ပေး​သင့်​ပါတယ်လို့​ သမ္မတကို ​တောင်း​ဆိုခဲ့​တယ်။

…………….

ဟော…..ဗိုလ်ချုပ်ကြီး ခင်ညွန် ့ ….တဲ့…..

ကျွန်တော်ကိုယ်တိုင်က….တဲ့……………

တကယ်ကြီးပဲလား ကိုသူရရယ်…………..

…………….

မေးချင်တာလေးတွေ ရှိပါတယ် ။

၁ ။ ဦးခင်ညွန် ့ ဆိုရင် ကလေး နဲ ့ ခွေးက လွဲလို ့ မသိသူ မရှိတာမို ့လို ့

၂ ။ ဘာကြောင့် ” ယခင် ဝန်ကြီးချုပ် နှင့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန် ့ ” မပြောတာလဲ ။

အနည်းဆုံးတော့ 1900 ဘယ်လောက် …ဒါမှ မဟုတ် …. ၂၀၀ဝ နဲ ့ ဘယ်လောက်က ကြီးစိုးခဲ့တဲ့

စစ်တပ်ထောက်လှမ်းရေး ခေါင်းဆောင် ဆိုတာမျိုး ။

ဒီ နိူင်ငံမှာ သမိုင်း အမှန် ကို မင်းကြီးကြိုက်လုပ်ခဲ့လို ့ ဘာတွေမှားယွင်းဆဲ ရှိနေလဲ ဆိုတာကို မြင်နိုင်ရင်ပေါ့ ။

တိုင်းပြည်တခုလုံး အမှောင်အတိပြီးတဲ့ ခေတ်မှာ အာဏာစက်ပြင်းထန်ခဲ့တဲ့ သူတွေက သူတို ့အချင်းချင်း အာဏာလု ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နောက် အခုအချိန်မှာ

အုတ်ရောကျောက်ရော ဆန် ့ကျင်ဘက်သားလို အနေအထား ဖြစ်စေမယ် ဆိုရင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့တဲ့ လူတွေက ဘယ်လိုနေမလဲပဲ ။

တော်ပြီပေါ့ဗျာ…..မိန်းမရှုပ်လို ့ ပြုတ်ခဲ့ပြီး ငယ်သားပေါင်းမှ အားလုံး ရ ယောက်ပဲရှိတဲ့ အမြှောက်တပ်က ဗိုလ်မှုးတစ်ယောက်ကို အခုထိ ” ဗိုလ်မှုး မောင်အဝှာ ” လို ့

လေးစားသမှု ပြုနေတဲ့ ခေတ်က…..။

ပြောမည့်သာပြောရတယ် ……. ပခုံးမှာ အပွင့် နဲ ့ ကျောက်စလစ် Sub-con စီးပွားရေး လုပ်ငန်းရှင် ဗိုလ် ငစစ် တွေလဲ ရိုက်သတ် မကုန်တဲ့ ခေတ်ဆိုတော့လည်း….။

၃ ။ ပြီးခဲ့တာတွေလဲ ပြီးပြီပေါ့နော ….. ပြီးခဲ့တာတွေပြီးပြီဆိုပြီး စရိုက်အရ ထားလိုက်တယ် ဆိုတာကို လက်ခံသော်လည်းပဲ

“အဲဒါကိုလည်း​ သူ့​အ​နေနဲ့​ appreciate လုပ်တဲ့​သ​ဘောနဲ့​ ကျ​နော့်​ကို ​တွေ့​ချင်ပါတယ်ဆိုပြီး​ အ​ကြောင်း​ကြား​လာတဲ့​အတွက် သွား​တာဖြစ်ပါတယ်။ ”

ကတော့ နည်းနည်း…….တစ်စုံတစ်ရာက ပေါ်လွင်လွန်းနေသလားလို ့…..။

…………………………….

ဦး​ခင်ညွန့်​ နဲ့​ သွား​ရောက်​တွေ့​ဆုံရာမှာ ဇာဂနာနဲ့​အတူ ဇင်ဝိုင်း​၊​ မင်း​ထင်ကိုကိုကြီး​နဲ့​ ကြည်ဖြူသျှင်တို့​ ပါဝင်ခဲ့​ကြပြီး​ သူတို့​ကလည်း​ ကိုယ်​ရေး​ကိုယ်တာ သ​ဘောမျိုး​

လိုက်လံ​တွေ့​ဆုံခဲ့​ကြတာပါ။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလ ၁၃ ရက် ​သောကြာ​နေ့​က ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်လာတဲ့​ ဦး​ခင်ညွန့်​ဟာ အကျယ်ချုပ်က လွတ်​မြောက်ခါစမှာပဲ

ပြည်တွင်း​ပြည်ပ မီဒီယာ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ အခုလို အနုပညာရှင်​တွေနဲ့​ မ​နေ့​က ​တွေ့​ဆုံခဲ့​တာပါ။

ဒီဗွီဘီ

…………..

၄ ။ အမြင်အရ ပြောမယ်ဆိုရင် သတင်းရေးသမားရဲ ့ အဂတိ ကြောင့် လိုရာစွဲ ခေါင်းကြီး ဖြစ်နေသလားလို ့ပါ …. စဉ်းစားမိတာကို ပြောတာ ။

အားလုံးချုံကြည့်ရင်တော့ ” ကြွက်ခေါင်း နဲ ့ ဆင်ကိုယ် ” လိုပါပဲ ………။

…………….

20 comments

  • thit min

    January 18, 2012 at 3:19 am

    ပိုနေမြဲ ကျားနေမြဲ သီးသီးသန့်သန့်ဘဲဖြစ်စေချင်တယ်။
    သူ-ပါလာရင် ညီမဲ့သူတွေ ပျက်မှာစိုးတယ်။
    ဖြစ်နိုင်ရင် ဘေးကတောင်လာမကြည့်စေချင်ဘူး။
    အထဲဝင် က-ဘို့ဆိုတာတော့ ဆောရီးဘဲပေါ့။
    အာဃာတတော့ရှိ/မရှိမျိုးမျိုးဖြစ်နိုင်ပေမဲ့ လက်ခံနိုင်စရာလဲမရှိဘူး ဆိုတာလူတော်တော်များများမှာ
    အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ တူညိကြပါလိမ့်မယ်။
    အေးအေးဆေးဆေးဘဲ နေတော့မယ် ဆိုတဲ့စကားကိုဝမ်းသာ “ယုံကြည်” ချင်တယ်။

  • kai

    January 18, 2012 at 4:28 am

    လူထုကို ဝန်ချတောင်းပန်တာ အရင်ဆုံးလုပ်သင့်တာမှာ.. သူက.. မလုပ်သေးတာတော့ အံ့ဩမိတယ်..။
    မြန်မာ့သမိုင်း ရိုင်းကျန်ရစ်မှာပေါ့..။
    သူဝန်ချတောင်းပန်လာရင်တော့ ခွင့်လွှတ်ချင်သူတွေ.. ခွင့်လွှတ်ပေးလို့ရတာပေါ့..။
    မေ့လို့ကတော့ ဘယ်သူမှ ရမယ်မထင်…။

    ကမ္ဘာမှာ အစိုးရအဖွဲ့တွေ.. ဝန်ကြိးချုပ်တွေ.. ဟောင်းတွေမှမဟုတ်.. အသစ်တွေတောင်… မိဘလူထုကိုဝန်ချတောင်းပန်တာ လုပ်လေ့ရှိပါတယ်..။
    မွန်မြတ်တဲ့အလုပ်ပါ..။

    ကိုဇာဂနာက.. ဦးခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ လက်စွမ်းပြတာအခံရဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့တာပဲ…။
    ဒါတောင်.. . ဦးခင်ညွှန့်က လူသိရှင်ကြားမတောင်းပန်ပဲ.. ခွင့်လွှတ်တယ်တဲ့လား…။

    ဆိုတော့..
    ဦးခင်ညွှန့်ပြန်လာမှာ သေချာပါတယ်..။
    ဦးအောင်ကြီးလို.. စီးပွားရေးအခွင့်ထူးတွေ တပုံတပင်နဲ့.. မြန်မာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်လာမလား..။
    သား/သမီးတွေက.. မြန်မာ့နိုင်ငံရေးထဲ.. ဝင်ပါပြီး နောက်ကွယ်ခေါင်းကိုင်ကြီးဖြစ်လာမလား..။
    တခြားနိုင်ငံအခြေချ ဇတ်မြုတ်လိုက်မလား..
    လား…။ 👿

    • koyinmaung

      January 18, 2012 at 8:02 am

      ဟုတ်ပါတယ်…
      ဦးခင်ညွန့်ကိုနိုင်ငံရေးထဲမှာမမြင်ချင်ပါဘူး……….
      ကိုသစ်မင်းပြောတာ ကိုခိုင်ပြောတာတွေ
      ထောက်ခံပါတယ်…….

      • ဂျက်ကီချီးပေ

        January 18, 2012 at 9:32 am

        သဂျီးလက်ဦးသွားတယ်ဗျာ
        ကျုပ်က ဒီအကြောင်းဘယ်သူရေးမလဲစောင့်နေတာ
        ရေးမယ့်ရေးတော့လဲ ကျုပ်ချီးပါနေတုန်း သဂျီးလက်သရမ်းသွားသဂိုး 😀
        အာဃာတ ဆိုတာက တစ်ဖက်ဘဲ
        သဘောတရားက တစ်ဖက်ဘဲ
        ဆိုခြင်တာက
        တရားသဘောနဲ့ သဘောတရားကို ရောထွေးစေလို့တော့မရဘူး
        စစ်ထောက်လှမ်းရေးတွေ
        ဒီနေရာမှာ ကျုပ် တစ်ခုလောက်ခင်ဗျားတို့ကို မိန့်ခွန်းပြောခြင်တယ်
        ယောင်သွားဒယ် ထောက်လှမ်းရေးအကြောင်းပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ်တောင်
        ဘလိုင်းကြီး စောက်ခွက် မာမိသွားတယ်
        အဲ့သည် စစ်ထောက်လှမ်းရေးတွေ အာဏာကြီးဆိုးစဉ် အချိန်ကဆို
        ခင်ဗျားတို့ကောင်းကောင်းသိကိုသိရမယ် ( must )
        တပ်ကြပ်ကြီးတစ်ကောင်ဟာ သက်ဆိုင်ရာနယ်ရဲ့ ရဲစခန်းမှူးထက်ကို
        အာဏာ လုပ်ပိုင်ခွင့်ရှိတယ်
        ဘာမှ မဟုတ်တဲ့ ဂိတ်ပေါက်စောင့်တဲ့ ကောင်ကတောင်
        ဟောက်စားခြောက်စားလုပ်တယ်
        ဆိုတော့ကာ
        ခုပြောနေတဲ့ မင်းသားရူးခင်ညွှန့် ကျုပ်အဖေလောက်တော့ ရှိတာပေါ့နော
        ဒီလူ အာဏာရှိစဉ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြောစရာတောင်မလိုဘူး
        ဒီတော့ သူဘာတွေလုပ်ခဲ့သလဲဆိုတာကို ဝန်မခံဘဲနဲ့
        ငါမသိဘူးငါမူးနေတယ် လီးလိုမှိုလိုလုပ်ပြီး
        လာရောတာကို ခင်ဗျားတို့က ဘာဖင်ယားနေကြတာလဲ
        ကျုပ်က အာဃာတ ကိုူပြောနေတာ မဟုတ်ဘူး
        ဘယ်မှာလဲမသိဘူး လူတစ်ယောက် မှတ်ချက်လေး ကျုပ်သိပ်သဘောကျတာ
        ခင်ညွှန့်က ဒီအချိန်မှာ ပေါ့ သူ့လက်ထဲသေနတ်တစ်လက်ရရင်
        သူ့ခေါင်းပေါ် ချီးပါချတဲ့ ခိုတွေကို အရင်ပြစ်မယ်လို့ဆိုသဗျ
        တွေးခေါ်ဘို့ပါ သူကတော့ နောက်ပြီးပြောတာပေါ့နော ( စကားနောက်တရားပါ )
        အားမတန်လို့မာန်လျှော့တာမဟုတ်ဘူး
        ဂွင်ချက်နေတာ
        ကြက်ခိုးဘဲခိုးပြီး ရွာမှာနေမရလို့ နိုင်ငံရေးလုပ်တဲ့ကောင်တွေလဲ
        ရှိတာဘဲ
        ဆိုခြင်တာက ဒီနေ့ထိ သူ့ရဲ့ အတိတ်လုပ်ရပ်တွေဟာ မှန်ခဲ့တယ်
        သန်းရွှေက သူ့ကို ဘတ်လိုက်တယ် ဒီလိုဆိုပြီး
        NLD နဲ့ ဝင်ရောတာလား
        ဒါဆိုရင်တော့လွဲနေပြီ
        သူဝန်ခံတာ လုပ်ကိုလုပ်ရတော့မယ်
        တစ်ခုလည်း သတိပေးလိုက်ပါဦးမယ်နော
        စစ်ဘောင်ကြီးနဲ့ဗျို့ စစ်ဘောင်းဘီကြီးနဲ့
        သူ့မှာ ဘောင်ဘီဆိုလို့ စစ်ဘောင်းဘီဘဲရှိတော့
        ရှိတာလေးနဲ့ လှအောင်ဝတ်တယ်လို့လည်း
        ကျံကျံဖန်ဖန်
        အကျံဖန်လုပ်ပြီးပြောလိုက်ဘာဒယ် 😀

  • htoosan

    January 18, 2012 at 10:14 am

    အာဃာတ တွေခဏဖယ် ။ သူလုပ်ခဲ့တာတွေ ခဏဖယ်ပြီး တည့်တည့် ကြည့်ရင် ဦးခင်ညွန့်မှာလည်း သူ့ ပရိတ်သတ် တော်တော်များများရှိနေတယ် ဆိုတာတော့ မမြင်ချင်ယောင်ဆောင်လို့တော့မရဘူး။ သူ့မှာ အခြားသူများထက်စာရင် အတွေ့အကြုံတွေ ရှိတယ်လို့ ယူဆပြီးလက်ခံကြိုဆိုချင်သူများရှိနေပါတယ်။
    စစ်ထောက်လှမ်းရေးဆိုတာကတော့ သူ့ အကြီးမားဆုံး သမိုင်း အမဲစက်ပေါ့။
    ဝန်ချတောင်းပန် တာကတော့ လုပ်ခဲ့မယ်ဆိုရင် သူ ကစတင်သူ အဖြစ် မှတ်တမ်းတင်ခံရမှာပါ။ မြန်မာပြည်မှာ ဒီအကျင့်မရှိဘူးလေ။
    ဝန်ခံတာ ၊ တောင်းပန်တာ၊ တာဝန်ခံပြီး နှုတ်ထွက်တယ် ဆိုတာတွေ ဖြစ်အောင် တော်တော် ကြိုးစားကြရဦးမယ်ထင်ပါတယ် ။
    ကျွန်တော်တော့ မသိခဲ့ဘူးပေါ့နော်။ ဂျပန်တွေကော မြန်မာတွေကို တောင်းပန်ဘူူးပါသလား။

  • kyeemite

    January 18, 2012 at 10:45 am

    ကျွန်တော်လဲ နိုင်ငံရေးမှာဝင်ရောက်ပါတ်သက်မှာကိုတော့စိုးရိမ်ပါတယ်…
    စစ်ဗိုလ်ဆိုတာ သေတဲ့အထိအဲဒီရာထူးကိုမစွန့်ချင်တတ်ကြဘူးဗျ…
    အငြိမ်းစားယူပီးသားတောင်..ဦးလေးလို့ခေါ်ရင်မကြိုက်ချင်ဘူး..ရာထူးဟောင်းလေးအတိုင်းခေါ်မှ..
    တွေ့သမျှလူလဲ သူတို့နဲ့ တန်းမတူဘူးလို့ထင်နေတတ်ကြတာ…
    အေးအေးသာမြေးထိန်းနေပါ ကိုခင်ညွန့် ရယ်လို့ဘဲပြောချင်တယ်…တော်လောက်ပါပီ..
    Ko thit min,သဂျီး နဲ့ ဂျက်ကီချီးပေတို့ နဲ့ တသဘောထဲရှိကြောင်းပါ…
    တင်ပြလာတဲ့ နိဂိမိ၇ရ ကိုလည်း သင့်ခရုပါ..

  • maungmoenyo

    January 18, 2012 at 10:57 am

    “သူမပါမှ၊ ငါပါမှ” ဇာတ်လမ်းကစပြီဆိုပါတော့။
    ဗိုလ်ခင်ညွန့် ဟာအရင်မြို့တော်ဝန်ဒုဗိုလ်မှူးကြီးကိုလေး ရဲ့တပ်ရင်းမှာတပ်ခွဲမှူးဘဝတုံးကပေါ့။ ညားခါစ မယားဒေါက်တာခင်ဝင်းရွှေနောက်မလိုက်ရတော့ စိတ်ပျက်လို့ တပ်ကတောင်ထွက်ဖို့အကြံပေါက်ချိန်၊ သူ့တပ်ရင်းမှူး ဗိုလ်ကိုလေး ကမော်လမြိုင်က ရတခ တိုင်းမှူး ဗို်လ်မှူးကြီးတင့်ဆွေ (နောင်ဗိုလ်မှုးချုပ်) ဆီ ခေါ်သွားပြီး ဒိကောင်လေးသုံးကြည့်ပါလားဆိုရာကနေ ရတခ မှာ စစ်ဦးစီး(ဒု) ဖြစ်ခဲ့ပါတယ်။ နောင်ဗိုလ်တင့်ဆွေကို ဗိုလ်နေဝင်းကရန်ကုန်ခေါ်ပြီး စစ်ထောက်လှမ်းရေးတာဝန်ပေးတော့ သူလဲပါလာပါတယ်။ ဗိုလ်နေဝင်းအားကိုးလောက်ရတဲ့ မျက်မှန်ကြီးတင်ဦး ကို ရာထူးကဖယ်ရှားပြီးချိန် ဘယ်သူ့တာဝန်ပေးရမလဲဆိုပြီးအကြံအိုက်ချိန် သူက “ကကထောက်” မှာ ဦးစီး(ပ) ဘဲရှိသေးတာပေမဲ့ လုပ်ရည်ကိုင်ရေလေးကြည့် ပြီးသူကောင်းမြှောက်ရာက (၈၈) အာဏာသိမ်းတော့ နဝတ အတွင်းရေးမှူး(၁) ဖြစ်လာတာဘဲ။ ဒါကြောင့်သူ့ကိုဒိနေရာရောက်အောင်မြေတောင်မြှောက်ပေးခဲ့တဲ့ ဗိုလ်ကိုလေး (ယာဉ်/စက် ကော်ပိုရေးရှင်း မန်မးနေးဂျင်းဒါရိုက်တာရာထူးကနေ မြို့တော်ဝန်ရာထူးပေးခဲ့ပြီး၊ အဲ့ဒီရာထူးကိုလဲ ကက်ဘိနက်နဲ့တန်းတူထားတဲ့အဆင့်မြှင့်ခဲ့ပါတယ်။ သူ့ဒုတိယဆရာဖြစ်တဲ့ ဗိုလ်ချုပ်တင့်ဆွေကိုလဲ ပွဲနေပွဲထိုင်အခန်းအနားတွေမှာ သတင်းစာမျက်နှာဖုံးမှာနေရာပေးခဲ့ပါတယ်။
    DSA နဲ့ OTS အားပြိုင်မှုတနေ့တခြားကြီးထွားလာတာကတကြောင်း၊ အနောက်နဲ့ ပြင်ပလောကကြားမှာ သဘောထားဆက်ဆံရေး ပျော့ပြောင်းပြီး အမှန်ကိုအမှန်အတိုင်းမြင်တတ်သူအဖြစ် သဘောထားတင်းမာပြီး ခေါင်းမာတဲ့ စစ်ဗိုလ်ချုပ်တွေအကြား တွေ့မြင်ရတဲ့အတွက် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲမှာ သူ့ကိုမျှော်လင့်စရာ အားကိုးစရာပုဂ္ဂိုလ်တစ်ဦးအနေနဲ့မြင်ကြပါတယ်။
    သူခုလွတ်အလာမှာပြောသွားတဲ့ စကားတခုရှိပါတယ်။ နိုင်ငံထူထောင်ရေး (ဝါ) နိုင်ငံအဖက်ဖက်က နောက်ကျကျန်နေတာတွေအတွက်ထွက်ပေါက်တခုဘဲရှိပါတယ်။ ခေတ်ပညာတတ်လူငယ်တွေ ကိုနေရာပေးရပါမယ်။ ဒီစကားသူ့ရင်ထဲကထွက်လာတဲ့စကားတကယ်အမှန်ဖြစ်ခဲ့ရင်၊ သူလုပ်ခဲ့သမျှတွေ အားလုံးကို သင်ပုန်းချေလို့ လေးစားမိတယ်လို့မှတ်ချက်ပြုချင်ပါတယ်။ သူ့ရင်ထဲကစကားတွေတကယ်ဖြစ်ခဲ့ရင်ပေါ့လေ…။
    တောင်းပန်တာကတော့ လူကြီးတယောက်အနေ နဲ့လူထုကိုကြေနပ်လောက်အောင် စကားလုံးလှလှတန်ဆာဆင်ပြီးပြောပြနိုင်စရာနည်းတွေ ရှီပါတယ်။ ဒါပေမဲ့ မောင်မိုးညို ဆိုနေကျ သီချင်းလေးဆိုခွင့်ပြုပါဗျာ…။ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေး”အာဃာတ” အကြီးမားဆုံး သတ္တဝါတမျိုးဘဲ ဆိုတာကိုလေ…။

  • naywoonni

    January 18, 2012 at 11:44 am

    မပြောတတ်တော့ဘူး………..အူးးးးးးးး မပြောအပ်တော့ဘူး …………..ဒီတစ်ညမှာမြင်ရခဲ့တဲ့ xxxxxxxxxxxx—

  • လင်းဝေ

    January 18, 2012 at 12:24 pm

    အာဃာတ မရှိပါဘူး။ သို့သော်လည်း မဆိုင်တာ ကို ပေါ်တင်ကြီး ဘက်မပြောင်းလာနဲ့။
    နောက်ပြီး ဝန်ချ တောင်းပန်တာမျိုးက လုပ်ကိုလုပ်သင့်တာပါ။ ဝန်ချတောင်းပန်မှု မရှိရင် ထိုက်သင့်သလို ပြစ်တင်ရှုံ့ချမှုကလည်း လုပ်ပေးရမှာပဲ။ မဟုတ်ရင် လူတိုင်းလုပ်ချင်ရာလုပ်ပြီး မြောင်းထဲမှာ နိမ့်လာတော့ သွားဖြီးကလေးနဲ့ အဟီး လုပ်နေကြမှာပေါ့။
    နောက်တစ်ခုက အတွေ့အကြုံလို့ပြောနေကြတယ်။ သေချာစဉ်းစားပါ။ အရည်အချင်းမရှိသော သူ၏ အတွေ့အကြုံများကား သုံးစားမရ။ ခံယူချက် စိတ်ဓါတ်ပျက်ယွင်းနေသော သူများ၏ အတွေ့အကြုံသည် အာဏာနှင့်ယှဉ်သော ကိစ္စများတွင် အလွန်ကြောက်စရာ ကောင်းသော မသုံးသင့်သော အရာဖြစ်သည်။
    အရည်အချင်းကိုတော့ မဇ္ဇိမတီဗွီမှာသာ ကြည့်ပါ။ သူလွတ်လာတော့ ရိုက်ထားတာ။ မြန်မာလိုပြော တာတော့ အဖြီးကောင်း အလွှတ်ကောင်းပဲ။ အင်္ဂလိပ်လို တစ်ခွန်းမေးလိုက်တာ ဘာပြန်ပြောရမယ်မှန်းမသိဘူး။ မျက်နှာက အင်္ဂလိပ်သံကြားတာနဲ့ တွန့်တက်ပြီး တောသားဘိုလိုပြော ပုံတန်းပေါက်သွားတာ။ ဘာသာစကားမကျွမ်းကျင်တာ အပြစ်မဟုတ်ပေမယ့် သူလို ဟိုးအထက်အဆင့်ထိလုပ်ခဲ့ဘူးသူကတော့ ဒီလောက်လေးတော့ ကိုင်တွယ်ပြီး အိန္ဒြေမပျက်ဖြစ်ရမှာပေါ့။ အခုတော့ တကယ့် အရူးအခြောက်ငပေါ က ဟန်တစ်လုံးနဲ့ တိုင်းပြည်မှာ လုပ်စားသွားတာ။ အကုန်အင်တွေချည်းပဲ။ သူနာမည်ကြီးချင်လို့ သူဟီးရိုးဖြစ်ချင်လို့ လုပ်ခဲ့တာတွေကို လူတွေက အထင်ကြီးနေခဲ့ကြတယ်။ အံ့ရော။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာ ဒါမျိုး။

    • inz@ghi

      January 18, 2012 at 1:09 pm

      ဟုတ်တယ် ဆြာလင်းဝေ ရေ..
      ကျနော်လည်း အဲ့မူဗီကြည့်ဖြစ်တယ်ဗျ…

      ဘိုလိုမေးတဲ့အခါ အသံတိမ်ဝင်သွားတာ..
      ရှက်ကိုးရှက်ကန်း ပြန်ဖြေတာ သတိထားမိပါရဲ့…

      မေးတာက ၂ခါလား ၃ခါလားပဲဗျာ….
      ဘောက်မဲ့ကြောင့် အပျိုဖျန်းကလေး ဘရည်းစားစကားပြောခံထိသလို ..
      ဖြစ်ဖြစ်သွားသည် ကျနော်ဉာဏ်မမီတော့ပါ …

      ခင်တဲ့
      ဂီ

  • kokothandar

    January 18, 2012 at 12:24 pm

    ဇာဂနာနဲ့မင်းထင်ကိုကိုကြီး စုံထောက်ဟောင်းကြီးကိုဘယ်နှယ်လဲ ရွှေကြီးအပေါ်ထားတဲ့
    စိတ်တွေအရင်အတိုင်းဘဲလားလို့ သွားမေးကြတာလား ဒါမှမဟုတ်
    အောင်ပွဲအကြည့်နဲ့သွားကြည့်ကြတာလား
    နွားသေကိုကြိုးတုတ်ရိုက်မဟဲ့ဆိုတဲ့အတွေးတွေနဲ့လား
    ကိုယ်ချင်းစာစိတ်နဲ့သွားတွေ့ကြတာလား
    နိူင်ငံရေးလုပ်ရင်လက်တွဲဖေါ်လုပ်ဖို့လား……..လားပေါင်းမျာစွာ.. အင်း.. . တစ်ကယ့် လားတွေဖြစ်ရင်
    လားသူဌေးပေါ့ နိူင်ငံရေးသမားတွေရဲ့ဘဝတွေကို ယုတ်ညံ့တဲ့စိတ် အပြည့်အဝနဲ့ မပျက် ပျက်အောင်
    ဖျက်ဖို့ကြိုးစားခဲ့သူဆိုတာ မမေ့သင့်ကြပါ နားလည်ခွင့်လွှတ်ခြင်းဟာအမြဲအသုံးကျတာတော့ မဟုတ်ပါ
    မျောက်မှန်ရင် ဂျွှမ်ထိုးမမေ့ဘူးတဲ့ ပျော့ပျော့လေးနဲ့နံတာကြောင်ချီးတဲ့ ဒါကြောင့် မျောက်မျောက်ကြောင်
    ကိုလက်ရှောင်ထားရင် အကောင်းဆုံး ထင်ပါရဲ့ ကျားတို့ မိကျောင်းတို့ ဥပုတ်စောင့် လို့မရဘူးနော်
    ဇာဂနာနဲ့ကိုကိုကြီးရေ. လာတွေရမှာကသူ ဘာကြောင့် ဒီလိုအနှစ်သာရ မရှိတာတွေ လုပ်ြ့ပီးအချိန်ဖြုန်းကြ
    တာလဲ.အံ့ပါ …….. အံ့ပါ့ စတန်ထွင်တာဆိုရင်တော့ နားရင်းအုပ်ချင်စရာဖြစ်ပြီနော်
    နိူင်ငံရေးသမားကောင်းတွေဟာ ပြည်သူ လက်မခံနိူင်တာမျိုးနဲ့မလှုပ်ရှားနဲ့ ငါ့ယုံကြည်ချက်နဲ့ငါလုပ်တာ
    ဘာဖြစ်လဲလို့လဲ မတွေးလေနဲ့ကိုယ့်လူတို့

  • ကောင်းမြတ်သူ

    January 18, 2012 at 12:40 pm

    လူတစ်ယောက်မှာ ထမင်းစားဖို့ ညာလက်ဘဲလိုသလား….
    အီးအီးကုန်းဖို့ဘယ်လက်ရောမလိုအပ်ဘူးလား….
    ဘယ်ဘက်လက်ကိုဖြုတ်ထားမလဲ…. လို့ကျွန်တော် တွေးမိတယ်။ အခုအချိန်က လေးတဲ့အရာတစ်ခုကို ကောက်ကိုင်ရမဲ့အချိန်ဆိုတော့ နှစ်လက်စလုံးလိုတယ်လို့ ဆန္ဒပြုရင်း……..အကြံပြု Comment များကို စောင့်စားနေပါတယ်….(အနီ၊ အစိမ်းမလိုချင်ပါ) comment များသာလိုချင်ပါတယ်………

  • yaungchikha

    January 18, 2012 at 1:06 pm

    ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ပဲ မိသားစုနဲ့အေးအေးဆေးဆေး နေထိုင်သွားတာကိုပဲ မြင်ချင်ပါတယ်….

  • Thel Nu Aye

    January 18, 2012 at 6:02 pm

    သူလဲသူ့အကြောင်းနဲ့သူထိုက်သင့်သလိုပြစ်ဒဏ်ခံပြီးပြီးမို့ နိုင်ငံရေးထဲမပါရင်အေးအေးဆေးဆေးနေထိုင်သွားစေချင်ပါတယ်။ သူ့အပြစ်သူကျန်သေးတယ်ယူဆပြီးအမေစုတို့ကိုကူညီမယ်ဆိုလဲကြိုဆိုကြရအောင်ပါ။ ကူညီရုံပဲကူညီခိုင်းတာပါ။ ပူးပေါင်းပါဝင်ခိုင်းတာမဟုတ်ပါဘူး။ ပူးပေါင်းပါဝင်ရင်းနေရာယူဖို့ကြိုးစားမယ်ဆိုရင်တော့ကန့်ကွက်ရပါလိမ့်မယ်။ ဒါပေမဲ့ဒီလောက်ထိလဲလုပ်လာလိမ့်မယ်မထင်ပါဘူး။

  • htet way

    January 18, 2012 at 6:36 pm

    ဒီဆောင်းပါးကို တော်တော်ကြိုက်တယ်ဗျာ
    သူကြီးပြောတာကိုလည်း ထောက်ခံတယ်
    ဂျက်ကီချီးပေကို ဒီတခါထောက်ခံလိုက်ပြီ

  • kokothandar

    January 19, 2012 at 11:04 am

    ကိုခင်ညွှန့် ရွှေတိဂုံစေတီကြီးထီးတော်သစ်တင်ခဲ့စဉ်က မင်းဖြစ်ရပါလို၏ လို့ရေးခဲ့တယ် သူထောင်ကျသွား
    တော့ ထီးတော်မွန်းမံရေးအဖွဲ့က တွေ့လို့ ကျောက်စက်နဲ့တိုက်ဖျက်ခဲ့ရတယ် ဒီအထိရည်မှန်ချက် ကြီးမားလွန်း
    သူပါ သူ့ကြောင့်ဘဝပါ ပျက် ထောင်ချခံခဲ့ရတဲ့ နိူင်ငံရေးသမားတွေ ထောင်ထဲ ကျန်နေသေးချိန်မှာ ရဲဘော်
    ရဲဘက်တွေကို ဒုက္ခပေးခဲ့တဲ့ အာဏာသားကိုသွားတွေ့ကြတဲ့ဇာဂနာ။မင်းထင်ကိုကိုကြီး ဇင်ဝိုင်းနဲ့ကြည်ဖြူသျှင်
    တို့ရဲ့ ထွင်လုံးက အော့နှစ်လုံးနာချင်စရာပါဘဲဗျာ ယောက်ဖကို ကြက်ဥကျွေး။သူခိုးကိုဓါးရိုးကမ်း။အသားထဲက
    လောက်ထွက်။အမေကျော်ဒွေးတော်လွန်း။ပထွေးကိုဖအေခေါ်။စကောလောက်မှဇောက်မနက်။ဖွတ်ထွက်မှ
    တောင်ဘို့မှန်းသိတော့တယ် သောက်ရူး(၄)ယောက်တို့ရေ
    ကြာကြာတွေးလေ ရွံစရာကောင်းလေပါလား ဇဂနာတို့ရေ ဒီပို့စ်ကို ဖတ်လိုက်ရတော့ မင်းတို့ကိုစာနာခဲ့
    ထောက်ခံခဲ့တဲ့ ကိုယ့်ကိုကိုယ်ဘဲ အပြစ်မြင်ရပြီပေါ့

    • thit min

      January 19, 2012 at 11:59 am

      တခြားသူဆိုရင်တော့ ကျနော်ပြောမယ်မဟုတ်ပါဘူး။
      ကိုကိုသန်ဒါကတော့ ကျနော်ဆွေးနွေးလို့ရနိုင်တဲ့ ခင်မင်တဲ့မိတ်ဆွေလို့သဘောပေါက်လို့
      ရှင်းပြခြင်ပါတယ်ဗျာ။
      ခုဆို လမ်းကြောင်းတွေကများလာပြီလေ။
      လက်ရှိအစိုးရ၊ အမေစုတို့ကိုဇာဂနာတို့အားလုံးအဖွဲ့၊ခု ဦးခင်ညွန့်တို့လိုအနေအထား၊ သုံးမျိုးတွေ့ရတယ်။
      အဲဒီတော့ ပေါင်းစည်းရေးဆိုတာလဲ ရှိသလို၊ အဟန့်အတားသတိထားရေးဆိုတာလည်းရှိမယ်နော။
      ဦးခင်ညွန့်က သူ့ကွန်ယက်ကိုသူပြန်ထောင်လာ(နိုင်)တယ်။သူ့ကြည့်ရတာစိတ်မကုန်သေးဘူး။
      အဲဒါ ဒီအတိုင်းထားလို့မရဘူး၊သူ့ကို သိနေ၊ကြည့်နေနိုင်မှ တော်ကာကြမယ်။လက်ရှိအနေအထားကို
      “သူ” ဘယ်လို “ပလေး” မယ်ဆိုတာ သိနေဖို့လိုတယ်။
      ဘာလို့လဲဆိုတော့ သူ့ ကိုဒီအချိန်မှာလွှတ်ပေးလိုက်တာ တော်တော် စဉ်းစားဘို့လိုမယ်။
      ချိန်ခွင်လျှာညှိတာမျိုးလို့တွေးမယ်ဆိုတွေးနိုင်တယ်။
      ဘာဘဲဖြစ်ဖြစ် ခုလို ကပ်ထားဖို့လိုတယ်လို့ စဉ်းစားလို့ ကိုဇာဂနာတို့သွားတာဖြစ်နိုင်တယ်။။
      စောင့်ကြည့်ဖို့ကတော့ လိုတယ်။ သူ က နေမှာမှ မဟုတ်တာ။
      ဒီမိုကရေစီ ဆိုရင် သူလဲ လုပ်ခွင့်ရှိတာမဟုတ်လား။
      အဲဒီလိုဖြစ်နိုင်ပါတယ်။ ကိုကိုသန်ဒါက ရိုးသားစွာအဖြောင့်တွေးပြီး ကိုဇာဂနာကိုတင်းနေလို့ပြောပြတာပါ။
      ကိုသူရနဲ့ကိုဋ္ဌေး(ဇင်ဝိုင်း)တို့က အရေးအခင်းကာလမှာ ပထမဆုံးအဖမ်းခံရ အထုခံခဲ့ရသူတွေပါ။
      သူတို့ဘယ်လောက်ဘဲ ခွင့်လွှတ်တယ်အော်အော်၊ မေ့မှာမှမဟုတ်တာနော်။ ဒီလောက်အသိတရား
      မဲ့မယ်လို့မထင်ပါဘူး။ကိုဇာဂနာတို့ “ပေးဆပ်ခဲ့ရတာ” မမေ့ပါနဲခင်ဗျာ။
      လေးစားစွာ

      • thit min

        January 19, 2012 at 12:09 pm

        ကိုဇာဂနာက သူ့ကိုဦးဆောင် ထုခဲ့တဲ့ ဗိုလ်မှူးစန်းပွင့် ကို သူပြန် “ကောင်း”ပြတာ၊
        အနုနည်းနဲ့ လက်စားချေတာပေါ့ဗျာ။
        (ထောင်ထဲမှာကိုဇာဂနာ ကျွေးတဲ့ဟင်းကိုစားရ၊ ထောင်ကလွှတ်စဉ်ဗိုလ်မှူးစန်းပွင့်မိန်းမကိုအကူအညီ
        လိုတာသွားပေးတယ်)
        ဗိုလ်မှူးစန်းပွင့် ကို “မရှက်ဘူးလား” လို့ စကားအနေနဲ့ မပြောဘဲ “လုပ်ပြ” သွားတာ။
        လူစိတ် ဆိုတာ ဒါဗျ လို့ “ပြ” ပေးတာ။ အဲဒီလိုလေးတွေ ကိုဇာလုပ်လေ့ရှိတယ်။နဲနဲလေး ကွေးပြီး
        စဉ်းစားဖို့လိုမယ်နော်။ကျနော်ရဲ့အမြင်လေးပါ။

  • kokothandar

    January 19, 2012 at 11:13 am

    အနီအစိမ်း အပေါင်း အနှုတ် ဘာတွေလဲမသိလို့ သင်ပေးကြပါအုံး

  • kokothandar

    January 19, 2012 at 11:45 am

    ကောင်းမြတ်သူရေ ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မတဲ့ လူ့ကိုယ်ခန္တာမှာသဘာဝက အစုံ
    ပေးပေမဲ့ မကောင်းရင် ဖြတ်ထုတ်ရတဲ့ အပိုင်းတွေအများကြီးလေ ကိုခင်ညွှန့်ဟာအာဏာရှင် ဆဒန်ဟူစိန်ကို
    ဖမ်းမိစဉ်က မပြစ်ကြပါနဲ့ကျွှန်တော် ဆဒန်ဟူစိန် ပါ ပြောနေသလိုပါဘဲ နောက်ဆုံးတော့ ဥပဒေအရ
    ကြိုးဆွဲကျ သတ်ခံခဲ့ရတယ်လေ

Leave a Reply