မင်္ဂလာပါ ခင်ဗျာ ။
ကျွန်တော် ရေးတင်သမျှ ဆက်တိုက်လွဲချော်နေခဲ့ပါတယ်။ အသေးစိတ် ရှာဖွေ တွက်ချက်ပြီး ရေးတာကလဲ အမှား ဖြစ်နေတာတွေ ကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ လို့ ပြောပါရစေ ။ သည်ကနေ့ ည ပွဲစဉ်များထဲမှာ ၊ ရီးရဲမက်ဒရစ် နဲ့ ဘာစီလိုနာ တို့ ရဲ့ တွေ့ ဆုံမှု နဲ့ အတူ ပွဲကောင်းများ ပါနေပါတယ် ။
သည်ကနေ့ ညအတွက် အကောင်းဆုံးအသင်းက ဘာလဲ လို့ ကျွန်တော့် ကိုမေးရင် “ အေစီမီလန် ” လို့ ဘဲ ဖြေပါရစေ ။
ပွဲစဉ်များနဲ့ အချိန်များကတော့
အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်
၁:၄၅ ဝရက်ဟမ် – ဘရိုက်တန် ( ပထမကျော့ ၁-၁ )
၂:၃၀ ဝုဗ် – ဘာမင်ဂမ် ( ပထမကျော့ ၀-၀ )
ကိုပါအီတာလီယာဖလား
၂:၃၀ အေစီမီလန် – နိုဗာရာ
စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမကျော့
၁:၃၀ ဘီဘာအို – မာယော့ကာ
၃:၃၀ ရီးရဲမက်ဒရစ် – ဘာစီလိုနာ
++++++++++++++++++++++++++++++++++++++++++++++++++++++
အေစီမီလန် – နိုဗာရာ
အေစီမီလန် အသင်းဟာ စီးရီးအေ ၁၈ ပွဲကန်အပြီးမှာ ၁၁ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၃၇ ပေးဂိုး ၁၇ ၊ ၃၇ မှတ် ၊ အဆင့် (၂) စီးရီးအေ ဂိုးသွင်းအများဆုံး
နိုဗာရာ အသင်းဟာ စီးရီးအေ ၁၈ ပွဲကန်အပြီး ၂ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၁၀ ပွဲရှုံး ၊ ရဂိုး ၁၈ ပေးဂိုး ၃၅ ၊ ၁၂ မှတ် ၊ အဆင့် (၂၀) စီးရီးအေ ပေးဂိုးအများဆုံး
အေစီမီလန် သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၅.၁.၂၀၁၂ အေစီမီလန် ၀-၁ နိုဗာရာ
၈.၁.၂၀၁၂ အက်တလန်တာ ၀-၂ အေစီမီလန်
၂၀.၁၂.၂၀၁၁ ကယ်ဂလီယာရီ ၀-၂ အေစီမီလန်
၁၇.၁၂.၂၀၁၁ အေစီမီလန် ၂-၀ စီနာ
၁၁.၁၂.၂၀၁၁ ဘိုလော့နာ ၂-၂ အေစီမီလန်
နိုဗာရာ သည်ပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၅.၁.၂၀၁၂ စီဆီနာ ၃-၁ နိုဗာရာ
၈.၁.၂၀၁၂ နိုဗာရာ ၀-၃ ဖီအိုရင်တီးနား
၂၁.၁၂.၂၀၁၁ နိုဗာရာ ၂-၂ ပါလာမို
၁၈.၁၂.၂၀၁၁ ဂျူဗင်တပ် ၂-၀ နိုဗာရာ
၁၁.၁၂.၂၀၁၁ နိုဗာရာ ၁-၁ နာပိုလီ
ပြီးခဲ့တဲ့ နှစ် ကိုပါအီတာလီယာဖလားပွဲစဉ် အေစီမီလန် အိမ်ကွင်းမှာ တွေ့ ဆုံခဲ့တုန်းက အေစီမီလန် က ၂-၁ နဲ့ နိုင်ခဲ့ပါတယ် ။
အေစီမီလန် ရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Abbiati
နောက် Abate, Thiago Silva, Nesta, Zambrotta
လယ် Nocerino, Van Bommel, Seedorf
လယ် Boateng
ရှေ့ Pato, Ibrahimovic
နိုဗာရာ ရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Ujkani
နောက် Morganella, Paci, Lodi, Gemiti
လယ် Marianini, Porcari, Rigoni
လယ် Mazzarini
ရှေ့ Caracciolo, Meggiorini
ဈေးအနေအထားအရ အေစီမီလန် ကို အားပေးမယ်ဆိုရင် နှစ်ဂိုးလိုအပ်ပါတယ် ။
စီးရီးအေ ရဲ့ တိုက်စစ်အကောင်းဆုံး အေစီမီလန် အနေနဲ့ စီးရီးအေ ရဲ့ ခံစစ်အညံ့ဆုံး နိုဗာရာ ကို ဂိုးသေချာပေါက် သွင်းမှာပါ ။
နောက်ပြီး ပြီးခဲ့တဲ့ ပွဲမှာ အင်တာမီလန် ကို အိမ်ကွင်းမှာ ရှုံးထားတဲ့အတွက် ၊ ဒီပွဲမှာ အေစီမီလန် ရဲ့ ပေါက်ကွဲအား ကို သေချာပေါက် မြင်တွေ့ ရမှာပါ ။
နိုဗာရာ အတွက် အားနာပေမယ့် ၊ သည်ပွဲမှာတော့ အေစီမီလန် သေချာပေါက် ဂိုးမိုးရွာ မှာ လို့ ခန့် မှန်းလိုက်ပါတယ် ခင်ဗျာ ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
******* ဖိုက်တာအားလုံး အောင်မြင်နိုင်ပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..