ကိုယ့်မေ့နေတဲ့ ကိုယ့်အကြောင်းများ

naywoon niJanuary 18, 20121min1409

ကိုယ့်မေ့နေတဲ့ ကိုယ့်အကြောင်းများ
လူတွေလား……..
အို……….အားလုံးပါပဲ……..
ဆိုရိုးစကားတွေတွင်တွင်ကျယ်ကျယ်သုံးပြီး
ဇာတ်လမ်းတွေဆင်……. ဇာတ်ကွက်တွေချ
ဝတ္ထုတွေ ရေးနေလိုက်ကြတာ
လူတစ်ယောက်ချင်းစီမှာ ဝတ္ထုတစ်ပုဒ်အနဲဆုံးရှိတယ်……….။
လူတွေလား……..
အို……….အားလုံးပါပဲ……..
ကာရံတွေညှိ နဘေတွေထပ်ပြီး
ပုံသေနည်းတွေ နည်းပညာအသစ်တွေနဲ့
စကားလုံးတွေစီပြီး
ကဗျာတွေရေးဖွဲ့နေကြ
လူတစ်ယောက်ချင်းစီမှာ ကဗျာတစ်ပုဒ်အနဲဆုံးရှိတယ်….။
လူတွေလား……..
အို……….အားလုံးပါပဲ……..
ဖလင်မသုံး ကင်မရာမပါပဲ
ကြည့်မှန်တစ်ချပ်နဲ့တင်
အိုက်တင်တွေပေး ဒိုင်ယာလော့ဒ်တွေပြောပြောပြီး
ဆက်တင်အမျိုးမျိုးဆောက်ရင်း
ရုပ်ရှင်တွေရိုက်နေကြ
လူတစ်ယောက်ချင်းစီမှာ ရုပ်ရှင်တစ်ကားတော့ ရှိကြ
အဲဒါအနဲဆုံးပါပဲ….။
အဲဒိလိုတွေရှိနေပါရဲ့နဲ့
ကိုယ့်ဝတ္ထုထက်သူများဝတ္ထုကို ပိုစိတ်ဝင်စားနေကြ
ကိုယ့်ကဗျာထက်သူများရေးတဲ့ကဗျာ ပိုသဘောကျနေကြ
ကိုယ်တိုင်ပါဝင်တဲ့ရုပ်ရှင်ထက် သူများတွေရဲ့ရုပ်ရှင်တွေကိုပဲ အကယ်ဒမီတွေပေးလိုက်ကြ
ကိုယ့်ဝတ္ထုကိုယ်မေ့
ကိုယ့်ကဗျာကိုယ်သတိမရ
ကိုယ့်ရုပ်ရှင်ကိုယ်စိတ်မဝင်စားတော့ပဲ
ညညဆိုရင် ကိုရီးယားဇာတ်လမ်းတွေ ပဲ ထိုင်ကြည့်နေကြတော့တာပေါ့…………။

နေဝန်းနီ

9 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 11:58 am

    ဘိုနေ
    အပေါ်က အကောင်းရေးလာပြီး
    အောက်ဆုံးရောက်မှ ထ.ဖောက်တယ်..
    လူကျိုး..ဇွတ်

  • ကိုယ့်ဝတ္ထုထက်သူများဝတ္ထုကို ပိုစိတ်ဝင်စားနေကြ
    ကိုယ့်ကဗျာထက်သူများရေးတဲ့ကဗျာ ပိုသဘောကျနေကြ
    ကိုယ်တိုင်ပါဝင်တဲ့ရုပ်ရှင်ထက် သူများတွေရဲ့ရုပ်ရှင်တွေကိုပဲ အကယ်ဒမီတွေပေးလိုက်ကြ

    ဟုတ်တယ်နော် ကိုနေဝန်းနီရေ။ကျေးဇူးပါဗျ

  • windtalker

    January 18, 2012 at 1:53 pm

    ကိုရီးယား ကားဘဲ ကြည့်တာ ကောင်းပါတယ်
    နို ့..
    ဟို ကလေးမြို ့က လဘက်ရည်ဆိုင်တွေလို
    ဆင်းရဲသားကားတွေ ကြည့်နေရင်
    မခက်ကုန်လော…

  • manawphyulay

    January 18, 2012 at 4:23 pm

    တူများက မြန်မာရုပ်ရှင်မင်းသမီး လုပ်ဝူး။
    ကိုရီးယားမင်းသမီးပဲလုပ်တော့မယ်…. 😛

  • htet way

    January 18, 2012 at 5:32 pm

    ကိုယ့်ဝတ္ထုကိုယ်မေ့
    ကိုယ့်ကဗျာကိုယ်သတိမရ
    ကိုယ့်ရုပ်ရှင်ကိုယ်စိတ်မဝင်စားတော့ဘဲ
    ညညဆိုရင် ကိုရီးယားဇာတ်လမ်းတွေ ပဲ ထိုင်ကြည့်နေကြတော့တာပေါ့…………။
    လူဆိုတဲ့ စရိုက်ကို ပြသနေတဲ့ ဆရာနေဝန်းနီခင်ဗျား။ကျွန်တော်တို့ ခင်ဗျားတို့မှာ ဂန္တဝင် အလွမ်းဇာတ်ကိုယ်စီရှိနေကြပါတယ်။ တခန်းမရပ် သေးသ၍တော့ …….။
    ကျွန်တော်တို့ရဲ့ ကဗျာ၊ကျွန်တော်တို့ရဲ ဝတ္ထု၊ကျွန်တော်တို့ရဲ သီချင်းတွေ…။
    ဒါပေမယ့် ကြွေကွဲစရာ တခြားဘဝ၊ လွမ်းလောက်တဲ့ တခြား ဇာတ်၊သနားစရာ အကောင်းဆုံး
    နောက်ဆုံးနုတ်ဆက်ခြင်းတွေ….စာနာစိတ်တွေနဲ့ ဘဝကို ခရီးဆက်နေရကြပါတယ်။
    ကိုယ့်ရင်ကို ထိုးမဲ့ ဓါးထက် တပါးသူကို ထိုးမဲ့ လှံကို စိတ်ဝင်စားနေကြပါတယ် ဆရာရေ..။

  • naywoonni

    January 18, 2012 at 6:46 pm

    ကိုယ့်ရင်ကို ထိုးမဲ့ ဓါးထက် တပါးသူကို ထိုးမဲ့ လှံကို စိတ်ဝင်စားနေကြပါတယ်……………
    သိပ်ကောင်းတဲ့စကားလုံးပဲ…။ ဒါပေမဲ့ ကိုယ့်ရင်ကိုထိုးမဲ့ ဓါးကို ရှောင်နိုင်ဖို့ အရင်ကြိုးစားသင့်တယ်ထင်တယ်နော့……….။

  • MaMa

    January 18, 2012 at 10:01 pm

    ခုမှပဲ လှတောသားနဲ့ ချီပါသား တွေ့တော့တယ်။ 😆

  • ရွှေဘိုသား

    January 18, 2012 at 11:31 pm

    ကျနော်က ကိုယ့်အကြောင်းတွေတော့ မမေ့ဘူးဗျ မေ့တာက ဘယ်သူ့ကိုအကြွေးပေးစရာရှိလည်း မမှတ်မိတော့ဘူး

  • Sandakuu

    January 19, 2012 at 9:39 am

    အမှန်ပါပဲရှင်။ ကျွန်မတို့တွေအားလုံးက ကိုယ့်ဘဝထက် သူများဘဝကိုပဲ ပိုအားကျတတ်တာလည်း သဘာဝလိုကို ဖြစ်နေတာပါပဲနော်။

Leave a Reply